လိင်အင်္ဂါ

ကျန်းမာရေးစစ်ဆေးတဲ့ လက်ပတ်တွေကတော့ လူတိုင်းနီးပါးတွေ့ဖူးမြင်ဖူးနေကြပါပြီ။ ဒါပေမယ့် ယောက်ျားလေး လိင်အင်္ဂါ ရွှေပန်းကို စစ်ဆေးပေးနိုင်မယ့် FitBit tracker ကိုတော့ လူတိုင်းမြင်ဖူးမှာ တော့ မဟုတ်သေးပါဘူး။ ပစ္စည်းလေးကတော့ ခပ်ဆန်းဆန်းပါဘဲ။ ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ring လေးဖြစ်ပြီး ရွှေပန်းမှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ရွှေပန်းကျန်းမာရေးအခြေအနေကို ဖုန်းကနေ တစ်ဆင့် တိုင်းတာစစ်ဆေးနိုင်ပါ တယ်။ ဒီ FitBit လေးဟာ စစ်ဆေးပေးရုံတင်မကဘဲ စွမ်းဆောင်ရည်တိုးမြင့်အောင် ပြုလုပ်ပေးနိုင်ပါသေးတယ်။ အဆိုပါ FitBit ကို ရွှေပန်းရဲ့ အရင်းထိစွပ်ထည့်ရမှာ မြှင့်ပြီး ဖုန်းကနေ တစ်ဆင့် လုပ်ဆောင်ချက်တွေကို ခိုင်းနိုင်ပါတယ်။

လိင်ဆက်ဆံတဲ့အခါ ကယ်လိုရီ လောင်ကျွမ်းမှုပမာဏကိုလည်း တွက်ချက်တိုင်းတာပေးတာဖြစ်ပြီး App အတွင်းမှာ Sex Position တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ တုန်ခါပေးတဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ Vibration ပါဝင်တာ ဖြစ်တဲ့အတွက် လိင်အင်္ဂါတစ်လျှောက် သွေးလည်ပတ်မှုကောင်းမွန်အောင် လှုံ့ဆော်ပေးပြီး သင့်ရဲ့ ရွှေပန်းကို သန်စွမ်းစေမှာပါ။ FitBit ကို vibration ဖွင့်ပြီး အသုံးပြုမယ်ဆိုရင် ၂နာရီကြာ အသုံးပြု နိုင်မှာ ဖြစ်ပြီး vibration မဖွင့်ဘဲအသုံးပြုမယ်ဆိုရင် ၇ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသေ ပန်းညိုးဝေဒနာအတွက်လည်း FitBit ရဲ့ vibration ကို ဖွင့်ပြီး အသုံးပြုရုံနဲ့ ပြန်လည် သက်သာလာစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၁၆၉ ကျသင့်မှာ ဖြစ်ပြီး ourLovely.com မှာ အော်ဒါမှာယူနိုင်ပါတယ်။ အောက်ပါ Video မှာ FitBit ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရှုနိုင်ပါတယ်။

Credit: ဆန်းသစ်မြန်မာ
https://www.sunthitmyanmar.com/ourlovely-fitbit-tracker-can-make-you-stronger/