အင်တာနက်

တစ်ခါတစ်လေကျရင် ဘာမဟုတ်တာလေးတွေနဲ့ အင်တာနက် ပေါ်မှာ နာမည်ကျော်သွားတတ်တာတွေ ရှိတတ်ပါတယ်။ အခုလည်း ဟာသညဏ်ကောင်းသူတစ်ယောက်ရဲ့ သမရိုးကျဓါတ်ပုံလေးနှစ်ပုံဟာ အင်တာနက်ပေါ်ကလူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Manuel Garcia ဆိုသူဟာ လွန်ခဲ့တဲ့တစ်ပတ် အင်္ဂါနေ့လောက်က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဓါတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ ဓါတ်ပုံက သာမာန်ဓါတ်ပုံလေးတစ်ပုံဖြစ်ပေမယ့် တစ်စတစ်စနဲ့ လူကြည့်များသွားခဲ့ရာကနေ ဖေ့စ်ဘုတ်ပေါ်မှာ လုံးဝနာမည်ကြီးသွားပါတယ်။

ဒီဓါတ်ပုံထဲမှာ Manuel Garcia က အဆောက်အဦးတစ်ခုရဲ့ အရှေ့တည့်တည့်မှာ မတ်တတ်ရပ်ပြီး ဓါတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံကို သေချာကြည့်လိုက်ရင် Manuel Garcia ရဲ့ ခေါင်းပေါ်မှာ အဆောက်အဦးကြီးရဲ့ ဆိုင်းဘုတ်တစ်ခု ပုံမှန်မဟုတ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အဆောက်အဦးမှာ ကပ်ထားတဲ့ “Pharmacy Drive-thru” ဆိုင်းဘုတ်မှ ရှေ့ဆုံးစာလုံး P က ပြုတ်ကျလုနီးနီး ဖြစ်နေပြီး ဒါကို Manuel က ” ကျွန်တော့်ခေါင်းပေါ်ကို ဒီစာလုံးပြုတ်ကျဖို့ စောင့်နေတယ်။ ပြုတ်ကျလို့ကတော့ Walmart ( အဆောက်အဦးရဲ့နာမည် ) ကို တရားစွဲမယ်ဗျာ ” လို့ ဟာသနှောကာ ဖော်ပြသွားခဲ့လို့ ကြည့်ရှုသူတိုင်းကို သဘောကျသွားခဲ့ပါတယ်။

Manuel က သူရဲ့အရွှန်းဖောက်လိုစိတ်ကို အတောမသတ်နိုင်ပဲ Walmart ရှေ့ကို နောက်တစ်ခေါက်ထပ်သွားပြီး ဓါတ်ပုံရိုက်ကူးခဲ့ကာ သူရဲ့ဖေ့စ်ဘုတ်ပေါ်မှာ ထပ်တင်ခဲ့ပါတယ်။ ဒီပုံမှာလည်း ” ခေါင်းပေါ်ကို စာလုံးကြီးပြုတ်ကျ လာနိုင်မလားဆိုတာသိရအောင် ဒုတိယတစ်ခေါက် ရောက်လာပြန်ပါပြီ ” လို့ ရေးသားထားတာကြောင့် ဖေ့စ်ဘုတ်ပေါ်က လူတွေကို ပိုပြီးဆွဲဆောင်သွားနိုင်ခဲ့ပြန်ပါတယ်။

Manuel ရဲ့ ဟာသညဏ်က ဖေ့စ်ဘုတ်ပေါ်က လူတွေကိုသာ ပျော်ရွှင်သွားစေရုံမကပဲ Walmart က တာဝန်ရှိသူတွေကိုလည်း သူတို့အဆောက်အဦးရဲ့ ဆိုင်းဘုတ်ချို့ယွင်းနေမှုကို သတိပေးသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Walmart ရဲ့ တာဝန်ရှိသူများက Manuel ကို အထူးကျေးဇူးတင်လျက်ရှိပြီး သူရဲ့မျက်စိလျင်မှုနဲ့ ကင်မရာရိုက်ကူးမှုက လုံးဝကိုလေးစားစရာကောင်းတယ်လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

Credit: knowledge.thithtoolwin.com
Source : UPI