prince-william-kate-middleton-taj-mahal-t-
ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသား ၀ီလီယံ နဲ့ ကြင်ယာတော်ကိတ်တို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်က သူတို့ရဲ့လက်ထပ်ပွဲမှာ Buckingham နန်းတော်ရဲ့ လသာဆောင် ကို ထွက်ပြီး လူတွေရဲ့ရှေ့မှောက်မှာ တစ်ယောက်နဲ့တစ်ယောက် တဏှာမပါတဲ့ စင်ကြယ်တဲ့ အနမ်းနဲ့နမ်းခဲ့ကြပါတယ်။ဒါပေမယ့် သူတို့နှစ်ယောက် အပြင်ထွ က်ကြတိုင်း လူတွေရှေ့မှာ တစ်ယောက်နဲ့တစ်ယောက်လက်ချင်းတွဲတာ၊ ကို င်တာတွေ မရှိတာကိုတော့ သတိထားကြည့်ရင် သိနိုင်ပါတယ်။လူတွေရှေ့မှာ လက်ချင်းမချိတ်ကြ၊မကိုင်ကြတာဟာ အကြောင်းအရင်းရှိပါတယ်။

GB အသင်းရဲ့ Olympic အောင်ပွဲမှာတော့ သူတို့နှစ်ဦးတစ်ဦးကို တစ်ဦး ပျော် ရွှင်စွာ ဖက်နေကြတဲ့ ပုံထွက်ပေါ်ခဲ့ဖူးပါတယ်။ဒါပေမယ့် ဒါဟာ ကြုံတောင့်ကြုံခြဲ ဖစ်ပြီး တစ်ဦးနဲ့တစ်ဦး လူရှေ့သူရှေ့မှာ လက်ကိုင်နေကြတာ၊လက်တွဲနေကြတဲ့ ဆိုတာမျိုးဟာ မရှိသလောက် ရှားပါးပါတယ်။တော်ဝင်မိသားစုဝင်ဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ အနေအထိုင်ပိရိနေတာလားလို့ မေးစရာရှိပါတယ်။တော်ဝင် မျိုးနွယ်ဂုဏ်ကြောင့်လားဆိုရင်တော့ အဖြေက yes ရော၊ no ရော နှစ်မျိုးလုံးပါ။duchess-catherine-prince-william-today-160428-12-combo_6b0bc092abb03c28ed7d278e800ba21e.today-inline-large

လူတွေရှေ့မှာ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းမကိုင်ရ၊မတွဲရဘူးလို့ တ ရားဝင်စည်းကမ်းထုတ်ထားတာမျိုးတော့ ဗြိတိန်တော်ဝင်မိသားစုမှာ မရှိပါဘူး။ အမေရိကန်နယူးယော့ခ်မှာရှိတဲ့ Beaumont Etiquette ဆိုတဲ့ လောက ၀တ်ထုံးတမ်းနဲ့ယဉ်ကျေးရည်မွန်မှုကို သင်ကြားပေးနေတဲ့ ကျောင်းကို ထူေ ထာင် သူMyka Meier ကပြောရာမှာ “ဒီလိုမျိုးမလုပ်ရဘူးလို့ ကန့်သတ်ထားတဲ့ စည်း ကမ်းချက်မျိုးတော့ တော်ဝင်မိသားစုကျင့်ဝတ် လုပ်ထုံးလုပ်နည်းတွေမှာ မရှိပါဘူး။ ဒါပေမယ့် ဒီစုံတွဲဟာ PDA (public displays of affection)ဆိုတာကို လိုက်နာတာဖြစ်လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။တော်ဝင်ခရီးစဉ်တွေကို သွားမယ် ဆိုရင် ဥပမာ- အိန္ဒိယကိုသွားရောက်လည်ပတ်တာမျိုးမှာဆို ရင်လည်း နှစ်ေ ယာက်လုံးက သူတို့ကိုယ်သူတို့ ဇနီးမောင်နှံဆိုတာမျိုးထက် ဗြိတိန်တော် ၀င်မျိုးနွယ်ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့သွားကြတာဖြစ်ပါတယ်။

Britains-Prince-William-Duke-of-Cambri

PDA (public displays of affection)ဆိုတာကတော့ အလွယ်ပြောရရင် လူရှေ့သူရှေ့၊အများပြည်သူပိုင်နေရာတွေမှာ ကိုယ်အမူအယာကို စောင့် ထိန်းတာမျိုးပါ။ပြည်သူပိုင်နေရာတွေ ဥပမာ-လမ်းမပေါ်၊အများသူငှာအနားယူ အပမ်းဖြေတဲ့ နေရာမျိုးမှာ ချစ်စိတ်၊တဏှာစိတ်ပါတဲ့ ထိတွေ့မှုပုံစံမျိုးကို လုံးဝ အပေးအယူမလုပ်တာမျိုးပါ။

nintchdbpict000274706789
Ref;thesun
Credit: Shwemom