depressed1

လူတစ်ယောက် ကိုယ့်ဆီ မလာချင်ဘူးလား အတင်း မခေါ် ပါနဲ့ …လူတစ်ယောက် ကိုယ်မေးတာတွေမဖြေချင် ဘူးလား အတင်း မမေးပါနဲ့ …

လူတစ်ယောက် ကိုယ့် အပေါ်စိတ်မဝင်စားတော့ ဘူးလား အတင်း လုပ် မယူပါနဲ့ …

လူတစ်ယောက် ကိုယ့်ကို ဘာမှမပေးချင်တော့ ဘူးလား အတင်းတောင်း မယူပါနဲ့ …

လူတစ်ယောက် ကိုယ့်ဆီ ကရှောင်ခွာ ပြေးချင်နေ ပြီလားအတင်း မဆွဲထား ပါနဲ့ …

ကိုယ့်ဆီ မှာ စိတ်မရှိ တော့လို့သူ လုပ်မပေးနိုင်တော့တဲ့ကိစ္စတွေ အတွက်ကိုယ့်ဘက် က အတင်းကာရောလိုက်လုပ်နေရတာတွေ ဟာကိုယ့်အတွက်လဲ ပင်ပန်းသလိုစိတ်မပါဘဲ လိုက်လုပ်ပေးနေရသူသူ့အတွက် လဲဝန်ထုပ်ဝန်ပိုး ဖြစ်နေတတ်ပါတယ် …

ကိုယ့်ရဲ့ စိတ်ပင်ပန်းမှု နဲ့သူ့ဘက် က ဝန်ထုပ်ဝန်ပိုး ဆိုတာနှစ်ခု ကို ခံရလာတာ များလာ လေလေတယောက် နဲ့ တယောက် …
လူချင်း နီး နေတာတောင်စိတ်ချင်းက ဝေးသထက် ဝေးသွားကြတော့မှာသေချာ ပါတယ် …

ဒါမျိုးတွေ အတင်းလိုက် မလုပ်ရအောင်ထိန်းချုပ်ရတာ ဘဝ မှာအခက်ခဲဆုံး အလုပ်တွေပါ

အဲဒီ အခက်ခဲဆုံး အလုပ်တွေ ကို လုပ်ရင်းကျော်ဖြတ်ရတဲ့ အချိန်တွေဟာစိတ်တွေ မွမ်းကြပ် ပူလောင်လှတယ်ဆိုတာလဲ လက်ခံရပါမယ်

ဒါပေမဲ့အဲဒီ အချိန်တချိန် ကို အံကြိတ် ကျော်ဖြတ်လို့သူ လာချင်တဲ့အချိန်ရှိလာပြီ ဆိုပါစို့လက်ကမ်း ကြိုဦးမလားမကြိုဘဲနေနိုင်ပြီလား ဆိုတဲ့အဖြေ ကိုအဲဒီ ခါးသီးခဲ့တဲ့ အချိန်တွေကကိုယ့်ကို အဆုံးအဖြတ် ပေးပါလိမ့်မယ်

သူ ဖြေချင်တဲ့ အချိန်မှာအရင်လို ကိုယ် သိချင်သေးလား ဆိုတာ ကိုပူလောင်ခဲ့ရတဲ့ ကိုယ့် ရဲ့ ခံစားချက်တွေကအဖြေပေး ပါလိမ့်မယ်

သူ စိတ်ဝင်စား လာတာကိုကြည်နူး နိုင်ဦးမလား ဆိုတာကိုနာကျင်ခဲ့ရတဲ့ ဝေဒနာ တွေ က အဖြေပေးပါလိမ့်မယ်
သူ ပေးချင် လာတာတွေကိုလက်ခံ နိုင်ဖိုခါးသီးစွာ ကျော်ဖြတ်ခဲ့ ရတဲ့ ..ကိုယ့်အချိန် တွေက အဖြေပေးပါလိမ့်မယ်

သူ ရှောင်ခွာ မပြေးချင်တော့ဘူး ဆိုရင်တောင်ကိုယ် ထိခိုက် ခဲ့ရသမျှစိတ်ဒဏ်ရာ တွေ ကကိုယ် ဘယ်လို ဆုံးဖြတ်သင့်တယ် ဆိုတာကိုအဖြေ ပေးပါ လိမ့်မယ်

အဲလို အချိန်တစ်ခု ကိုခါးသီးပူလောင် နာကျင်စွာ ကျော်ဖြတ်ပြီး တာတောင်ကိုယ့်နားမှာ သူ မနေချင်တော့ဘူး လို့
ဖြစ်နေသေး ရင်တောင်ကိုယ် ဟာ ခံနိုင်ရည် အင်အားများ နဲ့ပြည့်ဝသူ တစ်ယောက် ဖြစ်လာ ပါလိမ့်မယ်

အချိန်တန်ရင် အရာရာ ဟာနေသားတကျ ပြန်ဖြစ် သွားမှာပါ ဆိုပေမယ့်အဲဒီ အချိန်တန် ဖို့အတွကချစ်ရတဲ့သူ ဘက် က ပေးဆပ် ရတာမဟုတ်ပါလား

လောကကြီးထဲဘယ်လိုဒဏ်ရာမျိုးအတွက် မဆိုအကောင်းဆုံး သမားတော် ဟာ” အချိန် ” ပါ ပဲအကောင်းဆုံး ကုထုံးဟာဘယ်လိုအ၇ာတွေ ကြုံလာ ကြုံလာကိုယ့်ကိုကိုယ် ခံနိုင်ရည် ရှိအောင်ပြုစု ပျိုးထောင်ခြင်း ပါပဲ

စိတ်ဓာတ်ကျတိုင်းဖတ် :*

crd:မူရင်းဆရာအားလေးစားလျှက်