ZawGyiဖြင့်ဖတ်ရန်

 







Credit:Htoo Daily

 

Unicodeဖြင့်ဖတ်ရန်

 

ဒီလိုမျိုးလဲ အလိမ်ခံရနိုင်တယ်

 

ဈေးဝယ်သူက ငွေလွှဲလိုက်ပါပြီဆိုပြီး ATM စလစ်ပို့ပေးတယ်။ စလစ်ပို့ပေးတာကြည့်တော့လဲ အမှန်ကန်ဘဲဗျ။ card နံပါတ်ကော ငွေ amount ကော အားလုံးကွက်တိ။ ကဒ်ကအလွတ်ဆိုတော့ သူပို့တဲ့ငွေပဲရှိမှာပါလို့တွေးပြီး တပတ်ေ လာက်နေမှ သွားထုတ်တော့ ငွေမထွက်ဘူး။

KBZ bank မှာ complain သွားတတ်တာ ဝန်ထမ်းတွေက ကဒ်နံပါတ်တောင်းပြီးစစ်ပေးတော့မှ အတုကြီးလွှဲထားတာ ဗူးပေါ်သလိုပေါ်တော့တယ်။ သူလွှဲပေးတယ်ဆိုတဲ့ နေ့ကလဲ ကဒ်ထဲကိုငွေတစ်ပြားမှ မရောက်ဖူးတဲ့လေ။

ဒါဆို စလစ်ကဘယ်လိုဖြစ်တာလဲ အမှန်အကန်ထွက်နေပါလားဆိုတော့ ခုခေတ် online shop တွေကိုအဲလိုလိမ်စားေ နကြတာတဲ့။ ပိုက်ဆံကို ဘဏ်ထိလာမလွှဲဘဲ ATM စက်ကနေဘဲသူတို့ကဒ်ကိုထည့် transfer လုပ်သလိုနဲ့ စလစ်အ တုတွေ ထုတ်ပြီး ပုံရိုက်ပြီးပို့ပေးတာပါ။

သူတို့ကဒ်ထဲမှာ ငွေတစ်ပြားမှမရှိဘူး။ ဒါပေမဲ့ လွှဲရမဲ့သူရဲ့ ကဒ်နံပါတ်ကိုရိုက် လွှဲရမဲ့ ငွေ amount ကိုခပ်တည်တည် ထည့်ပြီးစလစ်အတုထုတ်ကြတာပါ။ ဒါမဲ့သူ့ကဒ်ထဲမှာငွေ တစ်ပြားမှမရှိတော့ လုပ်ဆောင်မှု ကမအောင်မြင်ပါ။

error ဖြစ်သွားပါတယ်ဆိုတဲ့ စလစ်အောက်ဆုံးကဟာတော့ ပုံရိုက်တဲ့ထဲ ထည့်မရိုက်ဘဲနဲ့ ဖြတ်ပို့တာပါ။ ပုံထဲက စလစ် အတုကို ကြည့်နိုင်ပါတယ်၊ ကဒ်နံပါတ်နဲ့ ငွေ amount ဘဲတွေ့ပြီး အောင်မြင်တယ်ဆိုတဲ့ စလစ်အောက်ဆုံးနားမှာ successfully honor မပါပါဘူး။ Error message ကိုချန်ပြီး ရိုက်ပို့ပြီး လိမ်တာပါ။

ဒီလိုမခံရဖို့ mobile banking, iBanking လုပ်ထားကြပါ။ ငွေဝင်ရင် ချက်ချင်းစစ်ပါ။

Credit:Htoo Daily