ZawGyiဖြင့်ဖတ်ရန်

 





Credit:Pann Pwint

 

Unicodeဖြင့်ဖတ်ရန်

 

၃ ရက် ဒုလ္လဘဝတ်ပြီး လူပြန်ထွက်သွားတဲ့ အဆိုတော် လွှမ်းပိုင်

 

အဆိုတော်နဲ့ သရုပ်ဆောင် လွှမ်းပိုင်တစ်ယောက်ကတော့ ဒုလ္လဘရဟန်း ၃ ရက်ဝတ်ပြီး ခုတော့ လူပြန်ထွက်သွားပြီ ဖြစ်ပါတယ်။ပရိတ်သတ်အားပေးမှု များစွာရခဲ့တဲ့ လွှမ်းပိုင်က ခုနောက်ပိုင်း သရုပ်ဆောင်လောကဘက်ကိုလည်း ခြေလှည့်လာပါတယ်။

ပေါက်တဲ့သီချင်းသစ်တွေ ထွက်မတော့ပေမယ့်လည်း ပရိတ်သတ်နဲ့ကတော့ အဆက်မပြတ်ပဲရှိနေပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က ဒုလ္လဘရဟန်းဝတ်ခဲ့ပြီး ဒီနေ့ (ဒီဇင်ဘာ ၃ဝ ရက်) မှာတော့ လူပြန်ထွက်လာတာ ဖြစ်ပါတယ်။

လူထွက်လာတဲ့ ပုံတစ်ပုံကိုလည်း သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့ပေမယ့်လည်း ခုနောက်ပိုင်း ပြန်ကျလာတယ်ဆို့ ဆိုရမှာပါ။ လွှမ်းပိုင်က ဖက်ရှင်ဆိုင်လည်းဖွင့်ထားတာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် သင်္ကန်းဝတ်လိုက်တာလို့ ယူဆရပါတယ်။

Photos©San Win Bo,Hlwan Paing

Credit:Pann Pwint