Zawgyi ဖြင့်ဖတ်ရန်

 

အသက် ၃ နှစ်အရွယ်ရှိ ဝိချိတ မှ ကောင်လေး ရဲ့ ဗီဒီယို ပုံရိပ်တွေကတစ်ဆင့် လပေါင်းများစွာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရပြီး သူရဲ့မိခင် ဖြစ်သူနဲ့ မိခင် ဖြစ်သူရဲ့ ချစ်သူ တို့နဲ့ အတူနေထိုင်ရာ အိမ်ထဲက ကွန်ကရစ်ထဲမှာ ၎င်း ကောင်လေး ရဲ့ အလောင်း ကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။






 

Unicode ဖြင့်ဖတ်ရန်

အသက် ၃ နှစ်အရွယ်ရှိ ဝိချိတ မှ ကောင်လေးရဲ့ ဗီဒီယို ပုံရိပ်တွေကတစ်ဆင့် လပေါင်းများစွာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရပြီး သူရဲ့မိခင်ဖြစ််သူနဲ့ မိခင်ဖြစ်သူရဲ့ ချစ်သူတို့နဲ့ အတူနေထိုင်ရာ အိမ်ထဲက ကွန်ကရစ်ထဲမှာ ၎င်းကောင်လေးရဲ့ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

အဆိုပါပုံရိပ်တွေကို ကောင်လေးရဲ့ ဖခင်ဖြစ်သူက တာဝန်ရှိသူတွေကို ကြားဝင်ဆောင်ရွက်ရှာဖွေပေးခဲ့လို့ပေါ်ထွက်လာတာဖြစ်ပြီး ပုံတစ်ပုံမှာတော့ အီဗန်ဘရီဝါ အမည်ရှိကောင်လေးဟာ အဝတ်ဗလာနဲ့ ကွန်ကရစ်ကြမ်းပြင်မှာ လည်ပင်းနဲ့လက်တွေကို ခါးပတ်ကြိုးနဲ့တုတ်ခံထားတာကိုမြင်တွေ့ရမှာပါ။

ကောင်လေးရဲ့မိခင်ဖြစ်သူ မိရန်ဒမီလာ နဲ့ သူမရဲ့ချစ်သူ စတီဗန်ဘိုဒိုင်း တို့ကို လူသတ်မှုနဲ့ဖမ်းဆီးထားပြီး ကလေးသေဆုံးပြီးနောက် ၂ လခန့်အကြာမှ အဆိုပါဓါတ်ပုံတွေကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူ အီဗန်ရဲ့ ဖခင်ဖြစ်သူ ကာလိုဘရီဝါ ကတော့ သူ့သားသေဆုံးမှုနဲ့ပတ်သက်ပြီး ကလေးသူငယ်နဲ့မိသားစုစောင့်ရှောက်ရေးဌာနကိုဆက်သွယ်ခဲ့တာဖြစ်ပြီး ရဲတွေနဲ့ တရားသူကြီးတစ်ယောက်ကတော့ အီဗန်ကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံးကူညီခဲ့ကြပေမယ့် တစ်ချို့ကိစ္စတွေမှာ မအောင်မြင်ခဲ့ကြဘူးလို့ဆိုပါတယ်။

ကာလိုဘရီဝါကတော့ ဘိုဒိုင်းကို အီဗန်အနားမကပ်ဖို့ မေလ ၄ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ၂ ကြိမ်တိုင်တိုင် တားမြစ်ခဲ့တယ်လို့ဆိုပါတယ်။ မိသားစုဝင်တွေကတော့ ကလေးဟာ မေလ ၈ ရက်နေ့နဲ့ ၂၆ ရက်နေ့ကြားမှာ သေဆုံးခဲ့တယ်လို့ယူဆကြပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ မီလာနဲ့ဘိုဒိုင်းတို့နေထိုင်ရာအိမ်ပိုင်ရှင်မှ အိဗန်ရဲ့ အလောင်းကို အဝတ်လျော်ခန်းထဲက ကွန်ကရစ်ပြားထဲကနေတွေ့ရှိခဲ့တာပါ။ ကလေးရဲ့အလောင်းကို လိပ်နင်ဂျာဇာတ်ကောင်ပုံဖော်ထားတဲ့ အိပ်ယာခင်းနဲ့ထုပ်ထားကြောင်းလဲသိရပါတယ်။

Credit>>>Myint Zaw Thein ( Hello Myanmar )