Image may contain: 2 people, people smiling, sunglasses

 

ZawGyiဖြင့်ဖတ်ရန်

 





Credit:Momolay


Unicodeဖြင့်ဖတ်ရန်

 

ချစ်သူနဲ့ကြည်နူးနေတဲ့ပုံတွေကို အလင်းပြလိုက်တဲ့ ယွန်း

 

Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ယွန်း ကတော့ ချစ်ရတဲ့ချစ်သူနဲ့ကြည်နူးနေတဲ့ပုံတွေကို ပရိသတ်တွေအတွက် ဝေမျှပေးခဲ့တာပါ။ ဖေဖော်ဝါရီလ ၆ရက်နေ့က သူမရဲ့ဖေ့စ်ဘုတ်မှာ Relationship စတင်ခဲ့တဲ့ယွန်းရဲ့ချစ်သူကောင်လေး ဟိန်းထက်ကလည်း ကြွေလောက်တဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာပါ။

ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းလှတဲ့ ယွန်းတို့ချစ်သူနှစ်ဦးရဲ့ပုံလေးတွေကို မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar Idol Season 2ရဲ့ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း ပြိုင်ပွဲဝင်တွေနဲ့ မောင်နှမအရင်းတွေလိုနေခဲ့တဲ့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ယွန်းကတော့ ချစ်သူကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းသူလေးဆိုတာ သူမရဲ့ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်နော်။

ချစ်သူနဲ့ပျော်နေတဲ့ယွန်းကိုကြည့်ပြီး သူမကိုချစ်ကြတဲ့ပရိသတ်တွေကလည်း ပီတိဖြစ်နေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်စရာကောင်မလေးယွန်းတစ်ယောက် ချစ်ရသူနဲ့ သက်ဆုံးတိုင်လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Credit:Momolay

Image may contain: 2 people, people smiling, people standing, car, outdoor and nature