ZawGyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
သိန်း ၁ဝဝ ကျော်ကုန်မှာဖြစ်ပေမယ့် ၃၅ သိန်းနဲ့ ကျေးအေးပေးလိုက်တဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ကတော့ မကြာသေးခင်က ဖြစ်ထားတဲ့ ကားအက်စီးဒင့်မှာ သူမရဲ့ကား ရစကာမရှိအောင် ဘော်ဒီတစ်ခုလုံး ရှေ့နောက် ပျက်စီးခဲ့တဲ့အတွက် သိန်း ၁ဝဝ ကျော် ကုန်နိုင်ပေမယ့် ၃၅ သိန်းနဲ့ပဲ ကျေအေးပေးလိုက်ပြီလို့ သိရပါတယ်။ ခင်နှင်းဝေရဲ့ကားကို နောက်က သဲကားက တိုက်ခဲ့မိတာ ဖြစ်ပါတယ်။ ကားပိုင်ရှင်က လှည့်မကြည့်တဲ့အတွက် ဒရိုင်ဘာမိသားစုက ၃၅ သိန်းပဲ တက်နိုင်တာကြောင့် ၃၅ သိန်းနဲ့ပဲ ကျေအေးလိုက်တယ်လို့ ဆိုပါတယ်။
ခိုင်နှင်းဝေတဲ့ အိမ်နဲ့နီးတဲ့ ဧရာဝဏ်လမ်းပေါ်မှာ ခုလိုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အက်စီးဒင့်က ထိတ်လန့်ဖွယ်ကောင်းခဲ့သော်လည်း ခိုင်နှှု်းဝေနဲ့အတူ ပါလာသူများ ဘာမှ ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။ ခိုင်နှင်းဝေက ပရဟိတတွေ ကြိုးစားလုပ်ဆောင်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။
သဲကားဆိုတော့ ပိုင်ရှင်ဘက်က သိမ်မလျော်နိုင်ဘူးပေါ့နော်။ ကားမောင်းတဲ့လူဘက်ကလည်း မိန်းမနဲ့ ကလေးနဲ့ပေါ့နော် သူတို့မှာလည်း ဘာမှမရှိဘူးဆိုပြီးတော့ အစ်မတို့ကို ပြောတာပေါ့နော်။ အစ်မကလည်း သူမကို မတရားကြီးလည်း လျော်ကြေးမတောင်းချင်ပါဘူး ဆိုပြီး အင်တာဗျူးတစ်ခုမှာ ခိုင်နှင်းဝေက ဖြေဆိုထားပါတယ်။
Credit:Original Uploader