ZawGyiျဖင့္ဖတ္ရန္

 

ေ႐ႊသားအတိျဖင့္ ခ်ဳပ္လုပ္ထားသည့္ ရွပ္အက်ႌကို ဝတ္ဆင္ရင္း ကမာၻသိ သတင္းလူသားတစ္ဦး ျဖစ္ခဲ့ဖူးသည့္ အိႏၵိယ ႏိုင္ငံသားသည္ လူတစ္စု၏ တိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားၿပီ ျဖစ္သည္။

ဒတ္တာဖူးဂ္သည္ ၂၀၁၃ ခုႏွစ္က ၃ ကီလိုဂရမ္ အေလးခ်ိန္ရွိ ေ႐ႊသားအတိၿပီးေသာ ရွပ္အက်ႌကို ေဒၚလာ ၂၅၀၀၀၀ ျဖင့္ မွာယူ ဝတ္ဆင္ျပခဲ့ရာ ယင္းကိစၥသည္ ကမာၻသိ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ဖူးသည္။ အေနာက္ဘက္ ပူေနးေဒသတြင္ ေနထိုင္သည့္ ေခ်းေငြလုပ္ငန္းရွင္သည္ အိႏၵိယတြင္ ေ႐ႊလူသားဟု နာမည္ႀကီးသည္။

၎ေသဆုံးမႈႏွင့္ ပတ္သက္၍ လူေလးဦးကို ဖမ္းဆီးထိန္းသိမ္းထားၿပီး စစ္ေဆးေနေၾကာင္း ပူေနးရဲတပ္ဖြဲ႕က ဆိုသည္။ ရဲမ်ားက ေငြေရးေၾကးေရး အရႈပ္အေထြး ကိစၥတစ္ခုႏွင့္ ဆက္ႏႊယ္၍ လူသတ္မႈ ျဖစ္ပြားရျခင္းဟု ယူဆလ်က္ ရွိသည္။

အသက္ ၄၈ ႏွစ္ရွိ ဖူးဂ္ကို ဇူလိုင္ ၁၄ ရက္ ညပိုင္းက လူ ၁၂ ဦးခန႔္က ဝိုင္းဝန္းတိုက္ခိုက္ ရန္ျပဳခဲ့ေၾကာင္း ရဲမ်ားက ေျပာၾကားခဲ့သည္။ ယင္းတို႔အနက္ တစ္ဦးက ဖူးဂ္ႏွင့္ ၎၏ အသက္ ၂၂ ႏွစ္အ႐ြယ္ သားျဖစ္သူကို ေမြးေန႔ပြဲ တစ္ခုသို႔ ေသြးေဆာင္ ဖိတ္ၾကားကာ ေက်ာက္တုံးမ်ား၊ ခြၽန္ထက္ေသာ လက္နက္ပစၥည္းမ်ားျဖင့္ ဝိုင္းဝန္း တိုက္ခိုက္ခဲ့ၾကျခင္း ျဖစ္သည္။

ဖူးဂ္၏ သားျဖစ္သူကို လူသတ္သမားမ်ားက ခ်မ္းသာေပးခဲ့ၿပီး ၎သည္ ဖခင္၏ ေသဆုံးမႈကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ရေၾကာင္း ရဲမ်ားက ဆိုသည္။ “ေလာေလာဆယ္ ကြၽန္ေတာ္တို႔ စစ္ေဆးေနတာက ဖူးဂ္အေနနဲ႔ သူအသတ္ခံရတဲ့ ေနရာကို ဘယ္လိုဘယ္ပုံ ေရာက္သြားသလဲ ဆိုတာကို တိတိက်က် ေဖာ္ထုတ္ဖို႔ ျဖစ္ပါတယ္”ဟု ဒီဂီရဲဌာနမွ စုံေထာက္အရာရွိ နက္ဗ္နက္သတ္ ဂိုဂါရီက ေျပာၾကားခဲ့သည္။

ဖူးဂ္သည္ ေ႐ႊကို အလြန္မက္ေမာသူျဖစ္ၿပီး ၎၏ တစ္ကိုယ္လုံးတြင္ ေ႐ႊထည္မ်ားကို ထူထပ္မ်ားျပားစြာ ဝတ္ဆင္ထားေလ့ ရွိသည္။ ၎တြင္ ေ႐ႊလက္ေကာက္၊ ေ႐ႊဆြဲႀကိဳး၊ ေ႐ႊလက္စြပ္ အစရွိသည့္ ေ႐ႊထည္ပစၥည္း လက္ဝတ္ရတနာမ်ားစြာ ပိုင္ဆိုင္ထားသည္။

ေ႐ႊကို လြန္လြန္ကြၽံကြၽံ စြဲလမ္းသည့္ အေလ့အထႏွင့္ ပတ္သက္ၿပီး ၎က “လူေတြက ကြၽန္ေတာ့္ကို ေမးၾကတယ္။ ေ႐ႊေတြဘာလို႔ အဲဒီေလာက္ ဝတ္တာလဲ ဆိုၿပီးေတာ့ေလ။ ဒါက ကြၽန္ေတာ့္ အိပ္မက္ပါပဲ။ လူတိုင္းမွာ ကြဲျပားတဲ့ ဆႏၵေတြ ရွိၾကပါတယ္။ တခ်ိဳ႕ အထက္တန္းလႊာေတြက Audi၊ ဒါမွမဟုတ္ Mercedes ကားအေကာင္းစားေတြ ပိုင္ခ်င္ၾကတယ္။ ကြၽန္ေတာ္ကေတာ့ ေ႐ႊေတြမ်ားမ်ား လိုခ်င္တယ္။ ဒါပဲ ကြာသြားတာပါ”ဟု BBCသို႔ ေျပာၾကားခဲ့ဖူးသည္။

crd-7day daily

Unicodeဖြင့်ဖတ်ရန်

 

ရွှေသားအတိ အကျႌကြောင့် ကမ္ဘာသိ ကျော်ကြားခဲ့ဖူးသည့် အိန္ဒိယသား အသတ်ခံရ

 

ရွှေသားအတိဖြင့် ချုပ်လုပ်ထားသည့် ရှပ်အကျႌကို ဝတ်ဆင်ရင်း ကမ္ဘာသိ သတင်းလူသားတစ်ဦး ဖြစ်ခဲ့ဖူးသည့် အိန္ဒိယ နိုင်ငံသားသည် လူတစ်စု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီ ဖြစ်သည်။

ဒတ်တာဖူးဂ်သည် ၂၀၁၃ ခုနှစ်က ၃ ကီလိုဂရမ် အလေးချိန်ရှိ ရွှေသားအတိပြီးသော ရှပ်အကျႌကို ဒေါ်လာ ၂၅၀၀၀၀ ဖြင့် မှာယူ ဝတ်ဆင်ပြခဲ့ရာ ယင်းကိစ္စသည် ကမ္ဘာသိ သတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်။ အနောက်ဘက် ပူနေးဒေသတွင် နေထိုင်သည့် ချေးငွေလုပ်ငန်းရှင်သည် အိန္ဒိယတွင် ရွှေလူသားဟု နာမည်ကြီးသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း ပူနေးရဲတပ်ဖွဲ့က ဆိုသည်။ ရဲများက ငွေရေးကြေးရေး အရှုပ်အထွေး ကိစ္စတစ်ခုနှင့် ဆက်နွှယ်၍ လူသတ်မှု ဖြစ်ပွားရခြင်းဟု ယူဆလျက် ရှိသည်။

အသက် ၄၈ နှစ်ရှိ ဖူးဂ်ကို ဇူလိုင် ၁၄ ရက် ညပိုင်းက လူ ၁၂ ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက် ရန်ပြုခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်။ ယင်းတို့အနက် တစ်ဦးက ဖူးဂ်နှင့် ၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူကို မွေးနေ့ပွဲ တစ်ခုသို့ သွေးဆောင် ဖိတ်ကြားကာ ကျောက်တုံးများ၊ ချွန်ထက်သော လက်နက်ပစ္စည်းများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဖူးဂ်၏ သားဖြစ်သူကို လူသတ်သမားများက ချမ်းသာပေးခဲ့ပြီး ၎င်းသည် ဖခင်၏ သေဆုံးမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရကြောင်း ရဲများက ဆိုသည်။ “လောလောဆယ် ကျွန်တော်တို့ စစ်ဆေးနေတာက ဖူးဂ်အနေနဲ့ သူအသတ်ခံရတဲ့ နေရာကို ဘယ်လိုဘယ်ပုံ ရောက်သွားသလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ဖို့ ဖြစ်ပါတယ်”ဟု ဒီဂီရဲဌာနမှ စုံထောက်အရာရှိ နက်ဗ်နက်သတ် ဂိုဂါရီက ပြောကြားခဲ့သည်။

ဖူးဂ်သည် ရွှေကို အလွန်မက်မောသူဖြစ်ပြီး ၎င်း၏ တစ်ကိုယ်လုံးတွင် ရွှေထည်များကို ထူထပ်များပြားစွာ ဝတ်ဆင်ထားလေ့ ရှိသည်။ ၎င်းတွင် ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ် အစရှိသည့် ရွှေထည်ပစ္စည်း လက်ဝတ်ရတနာများစွာ ပိုင်ဆိုင်ထားသည်။

ရွှေကို လွန်လွန်ကျွံကျွံ စွဲလမ်းသည့် အလေ့အထနှင့် ပတ်သက်ပြီး ၎င်းက “လူတွေက ကျွန်တော့်ကို မေးကြတယ်။ ရွှေတွေဘာလို့ အဲဒီလောက် ဝတ်တာလဲ ဆိုပြီးတော့လေ။ ဒါက ကျွန်တော့် အိပ်မက်ပါပဲ။ လူတိုင်းမှာ ကွဲပြားတဲ့ ဆန္ဒတွေ ရှိကြပါတယ်။ တချို့ အထက်တန်းလွှာတွေက Audi၊ ဒါမှမဟုတ် Mercedes ကားအကောင်းစားတွေ ပိုင်ချင်ကြတယ်။ ကျွန်တော်ကတော့ ရွှေတွေများများ လိုချင်တယ်။ ဒါပဲ ကွာသွားတာပါ”ဟု BBCသို့ ပြောကြားခဲ့ဖူးသည်။

crd-7day daily