ZawGyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ပရိတ်သတ် ဆုချတဲ့ငွေကို ဘုရားကြီးမှာ ပြန်လှူခဲ့တဲ့ စွမ်းဇာနည်
ဇာတ်မင်းသားနဲ့ သရုပ်ဆောင် စွမ်းဇာနည်တစ်ယာက်ကတော့ ပရိတ်သတ်တွေ ဆုချတဲ့ငွေ ငါးသိန်းကို ဘုရားကြီးမှာ ပြန်လှူခဲ့တယ်လို့ သိရပါတယ်။ အကြီးကျယ်ဆုံး ကျင်းပနေတဲ့ ဒီနှစ် မန္တလေး ဘုရားကြီး ဘုရားပွဲမှာ စွမ်းဇာနည်လည်း ပါဝင်ကပြခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက နောက်ဆုံးပွဲကပြပြီးမှာတော့ မဟာမြတ်မုနိဘုရားမှာ အလှူငွေတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ စွမ်းဇာနည်က ဇာတ်သဘင်လောကမှာ ထိပ်တန်းက အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး ရုံပြည့်ရုံလျှံ အားပေးမှု ရရှိခဲ့ပါတယ်။ အလှူငွေလှူဖြစ်တဲ့အကြောင်းကိုတော့ “ကျွန်တော်ပြန်ပီနော် MDY ပရိတ်သတ်ကြီးပေးတဲ့ချစ်ခြင်းမေတ္တာများနဲ့ ကျွန်တော်ပြန်ပီး အလှှူလေးလုပ်ပေးခဲ့ပါတယ် စွမ်းသဘင် အဖွဲ့သားများအတွက်လဲလှူဖြစ်တယ် ပြန်လာပြီYGN မနက်ဖြန် ပြည် ကိုဒိုးမယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
တစ်နှစ်ပက်လုံး ပွဲရက်ဆက်တဲ့ စွမ်းဇာနည်က သူ့ရဲ့ ဖေ့စ်ဘွက်ပေါ်မှာတော့ ပင်းပန်းတဲ့အကြောင်းလေးတွေ တင်လေ့ရှိသလို အနုပညာကို ချစ်တဲ့အကြောင်းတွေလည်း တင်လေ့ရှိပါတယ်။ မကြာသေးခင်က မိန်းမယူတော့မယ်လို့ ဖေ့စ်ဘွက်ပေါ်မှာ သတင်းထွက်ခဲ့တာတွေကိုလည်း ငြင်းဆိုထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကောင်မလေးနဲ့တော့ ပွင့်ပွင့်လင်းလင်း တွဲပြထားပါတယ်
Credit:hotnewsmyanmar