Image may contain: 7 people, people smiling

 

ZawGyiျဖင့္ဖတ္ရန္

 

ျမန္မာႏိုင္ငံ၏ အခ်မ္းသာဆုံးပုဂၢိဳလ္ ၁၀ ဦး အျဖစ္ indapaper com ထုတ္ျပန္ခ်က္သည္ မွန္ကန္ သည့္အခ်က္အလက္မ်ားမဟုတ္ေၾကာင္း ထိုစာရင္း တြင္ပါဝင္ေသာ ေဇကမာၻကုမၸဏီအုပ္စုဥကၠ႒ ဦးခင္ေ႐ႊ က ေျပာသည္။
အဆိုပါထုတ္ျပန္ခ်က္၌ ျမန္မာႏိုင္ငံ၏ အခ်မ္းသာ ဆုံးပုဂၢိဳလ္အျဖစ္ ဦးေတဇကို ေ႐ြးခ်ယ္ထားၿပီး ဦးခင္ေ႐ႊကို ကိုးဦးေျမာက္ အခ်မ္း သာဆုံး ပုဂၢိဳလ္အျဖစ္ ေ႐ြးခ်ယ္ထားသည္။

‘‘ဒီအခ်က္အလက္က မမွန္ ႏိုင္ဘူး။ အဓိကက ေအာင္သက္ မန္းပါေနတယ္။ သူက ရွယ္ယာ ပိုင္ရွင္ေတြ ဒီေလာက္မခ်မ္းသာ ႏိုင္ဘူး။ ေနာက္ၿပီး ဆရာေက်ာင္း (ဦးေအာင္ကိုဝင္း)မပါဘူး။ ဆရာ ေက်ာင္းခ်မ္းသာတာက ဘယ္သူ မွ မမီႏိုင္ဘူး’’ဟု ဦးခင္ေ႐ႊက သုံး သပ္ေျပာၾကားသည္။

အဆိုပါစာရင္းတြင္ ဦးေတဇသည္ ပိုင္ဆိုင္မႈကန္ေဒၚလာ ၆ ဒသမ ၈ ဘီလီယံျဖင့္ ပထမ၊ ဦးထြန္းျမင့္ႏိုင္သည္ ကန္ေဒၚလာ ၅ ဒသမ ၅ ဘီလီယံျဖင့္ ဒုတိယ၊ ကြယ္လြန္သူ ဦးေအာင္ေသာင္း၏ သားမ်ားျဖစ္သည့္ ဦးျပည္ေအာင္ႏွင့္ ဦးေနေအာင္တို႔ႏွစ္ဦးသည္ ကန္ေဒၚလာ ငါးဘီလီယံျဖင့္ တတိယ၊ မက္စ္ျမန္မာႏွင့္ ဧရာ ဝတီဘဏ္ကို တည္ေထာင္သူ ဦးေဇာ္ေဇာ္က ကန္ေဒၚလာ ငါး ဘီလီယံျဖင့္ စတုတၳ၊ ထို႔ေနာက္ ဦးေ႐ႊမန္းသား ဦးေအာင္သက္ မန္းက ကန္ေဒၚလာ ၄ ဒသမ ၂ ဘီလီယံ၊ ေရနံသူေဌး ဦးမိုက္ ကယ္မိုးျမင့္က ကန္ေဒၚလာ ၃ ဒသမ ၇ ဘီလီယံ၊ ပတၱျမားနဂါးပိုင္ရွင္ ဦးေနဝင္းထြန္းက ကန္ေဒၚလာ သုံးဘီလီယံ၊ ယုဇန ဦးေဌးျမင့္က ကန္ေဒၚလာ ၂ ဒသမ၅ ဘီလီယံ၊ ေဇကမာၻဦးခင္ေ႐ႊက ကန္ေဒၚလာ ၂ ဒသမ ၃ ဘီလီယံ ႏွင့္ ဦးအိုက္ထြန္းက ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံတို႔ျဖင့္ အစဥ္ လိုက္ရွိေနေၾကာင္း ေဖာ္ျပထား သည္။

အဆိုပါစာရင္းတြင္ ကေမာၻ ဇဘဏ္ပိုင္ရွင္ ဦးေအာင္ကိုဝင္း မပါဝင္ျခင္း၊ CB ဘဏ္ပိုင္ရွင္ ဦးခင္ေမာင္ေအး၊ ဧဒင္ကုမၸဏီ အုပ္စုဥကၠ႒ ဦးခ်စ္ခိုင္၊ FMI ဥကၠ႒ဦးသိမ္းေဝတို႔ မပါဝင္ျခင္းက မမွန္ကန္သည့္ သတင္းအခ်က္အ လက္ျဖစ္ေၾကာင္း စီးပြားေရးလုပ္ ငန္းရွင္တစ္ဦးက ေျပာသည္။

‘‘သူတို႔ ဘယ္ကရတဲ့အခ်က္ အလက္ဆိုတာ သိခ်င္တယ္။ ဒါ ေတြ စာရင္းေဟာင္းေတြ ျဖစ္ႏိုင္ တယ္။ အခုက ေျပာင္းလဲကုန္ၿပီ။ ဒါေတြက အမွန္မဟုတ္ဘူး’’ဟု ၎က ဆက္ေျပာသည္။
ဦးေအာင္ကိုဝင္း ပိုင္ဆိုင္ သည့္ ကမာၻဇဘဏ္သည္ ျမန္မာ့ ႏိုင္ငံတြင္ အမ်ားဆုံးအခြန္ထမ္းသူ အျဖစ္ ေျခာက္ႏွစ္ဆက္တိုက္ဦး ေဆာင္ခဲ့သည္။

အဆိုပါ indapaper com သည္ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻအႏွံ႔ရွိ ႏိုင္ငံမ်ားအတြက္ အ ခ်မ္းသာဆုံးပုဂၢိဳလ္မ်ားကို ထုတ္ ျပန္ေလ့ရွိသည္။ သို႔ေသာ္ ၎တို႔ ထုတ္ျပန္သည့္ အခ်က္အလက္ မ်ားကို ႏိုင္ငံတကာက မည္သည့္ သတင္းဌာနမွ ကိုးကား၍ ေဖာ္ျပ ျခင္းမရွိေပ။
၎တို႔ ဝက္ဘ္ဆိုက္ကို ၂၀၁၇ တြင္ စတင္တည္ေထာင္ၿပီး မည္သည့္ႏိုင္ငံ၌ အေျခစိုက္ ေၾကာင္းႏွင့္ ၎တို႔ဝက္ဘ္ဆိုက္အ ေၾကာင္း ေဖာ္ျပထားျခင္းမရွိေပ။စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ား၏ခ်မ္းသာႂကြယ္ဝမႈ မ်ားကို ကမာၻေက်ာ္ Fobes ကဲ့သို႔ သတင္းဌာနမ်ားက ပုံမွန္ေဖာ္ျပ ေလ့ရွိၿပီး အဆိုပါထုတ္ျပန္မႈကို မီဒီယာအသီးသီးက ကိုးကားေဖာ္ ျပေလ့ရွိသည္။

Credit to 7Day News Journal

Unicodeဖြင့်ဖတ်ရန်

 

indapaper က ထုတ်ပြန်သည့် မြန်မာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း မမှန်ကန်ဟု ဇေကမ္ဘာဦးခင်ရွှေပြော

 

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦး အဖြစ် indapaper com ထုတ်ပြန်ချက်သည် မှန်ကန် သည့်အချက်အလက်များမဟုတ်ကြောင်း ထိုစာရင်း တွင်ပါဝင်သော ဇေကမ္ဘာကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။
အဆိုပါထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ၏ အချမ်းသာ ဆုံးပုဂ္ဂိုလ်အဖြစ် ဦးတေဇကို ရွေးချယ်ထားပြီး ဦးခင်ရွှေကို ကိုးဦးမြောက် အချမ်း သာဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ထားသည်။

‘‘ဒီအချက်အလက်က မမှန် နိုင်ဘူး။ အဓိကက အောင်သက် မန်းပါနေတယ်။ သူက ရှယ်ယာ ပိုင်ရှင်တွေ ဒီလောက်မချမ်းသာ နိုင်ဘူး။ နောက်ပြီး ဆရာကျောင်း (ဦးအောင်ကိုဝင်း)မပါဘူး။ ဆရာ ကျောင်းချမ်းသာတာက ဘယ်သူ မှ မမီနိုင်ဘူး’’ဟု ဦးခင်ရွှေက သုံး သပ်ပြောကြားသည်။

အဆိုပါစာရင်းတွင် ဦးတေဇသည် ပိုင်ဆိုင်မှုကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံဖြင့် ပထမ၊ ဦးထွန်းမြင့်နိုင်သည် ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြင့် ဒုတိယ၊ ကွယ်လွန်သူ ဦးအောင်သောင်း၏ သားများဖြစ်သည့် ဦးပြည်အောင်နှင့် ဦးနေအောင်တို့နှစ်ဦးသည် ကန်ဒေါ်လာ ငါးဘီလီယံဖြင့် တတိယ၊ မက်စ်မြန်မာနှင့် ဧရာ ဝတီဘဏ်ကို တည်ထောင်သူ ဦးဇော်ဇော်က ကန်ဒေါ်လာ ငါး ဘီလီယံဖြင့် စတုတ္ထ၊ ထို့နောက် ဦးရွှေမန်းသား ဦးအောင်သက် မန်းက ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ၊ ရေနံသူဌေး ဦးမိုက် ကယ်မိုးမြင့်က ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ၊ ပတ္တမြားနဂါးပိုင်ရှင် ဦးနေဝင်းထွန်းက ကန်ဒေါ်လာ သုံးဘီလီယံ၊ ယုဇန ဦးဌေးမြင့်က ကန်ဒေါ်လာ ၂ ဒသမ၅ ဘီလီယံ၊ ဇေကမ္ဘာဦးခင်ရွှေက ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ နှင့် ဦးအိုက်ထွန်းက ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတို့ဖြင့် အစဉ် လိုက်ရှိနေကြောင်း ဖော်ပြထား သည်။

အဆိုပါစာရင်းတွင် ကမ္ဘော ဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း မပါဝင်ခြင်း၊ CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေး၊ ဧဒင်ကုမ္ပဏီ အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်၊ FMI ဥက္ကဋ္ဌဦးသိမ်းဝေတို့ မပါဝင်ခြင်းက မမှန်ကန်သည့် သတင်းအချက်အ လက်ဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

‘‘သူတို့ ဘယ်ကရတဲ့အချက် အလက်ဆိုတာ သိချင်တယ်။ ဒါ တွေ စာရင်းဟောင်းတွေ ဖြစ်နိုင် တယ်။ အခုက ပြောင်းလဲကုန်ပြီ။ ဒါတွေက အမှန်မဟုတ်ဘူး’’ဟု ၎င်းက ဆက်ပြောသည်။
ဦးအောင်ကိုဝင်း ပိုင်ဆိုင် သည့် ကမ္ဘာဇဘဏ်သည် မြန်မာ့ နိုင်ငံတွင် အများဆုံးအခွန်ထမ်းသူ အဖြစ် ခြောက်နှစ်ဆက်တိုက်ဦး ဆောင်ခဲ့သည်။

အဆိုပါ indapaper com သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ရှိ နိုင်ငံများအတွက် အ ချမ်းသာဆုံးပုဂ္ဂိုလ်များကို ထုတ် ပြန်လေ့ရှိသည်။ သို့သော် ၎င်းတို့ ထုတ်ပြန်သည့် အချက်အလက် များကို နိုင်ငံတကာက မည်သည့် သတင်းဌာနမှ ကိုးကား၍ ဖော်ပြ ခြင်းမရှိပေ။
၎င်းတို့ ဝက်ဘ်ဆိုက်ကို ၂၀၁၇ တွင် စတင်တည်ထောင်ပြီး မည်သည့်နိုင်ငံ၌ အခြေစိုက် ကြောင်းနှင့် ၎င်းတို့ဝက်ဘ်ဆိုက်အ ကြောင်း ဖော်ပြထားခြင်းမရှိပေ။စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၏ချမ်းသာကြွယ်ဝမှု များကို ကမ္ဘာကျော် Fobes ကဲ့သို့ သတင်းဌာနများက ပုံမှန်ဖော်ပြ လေ့ရှိပြီး အဆိုပါထုတ်ပြန်မှုကို မီဒီယာအသီးသီးက ကိုးကားဖော် ပြလေ့ရှိသည်။

Credit to 7Day News Journal