ZawGyiဖြင့်ဖတ်ရန်

 









Source : Daily Mail

 

Unicodeဖြင့်ဖတ်ရန်

 

တစ်သက်လုံး ပေါင်းရဖို့ မင်္ဂလာပွဲကျင်းပပြီး လက်ထက်တဲ့ အချိန်မှ တစ်သက်လုံး ဘယ်တော့မှ မတွေ့ရတော့တဲ့ အဖြစ်ကို ရောက်သွားတဲ့ မင်္ဂလာစုံတွဲလေး

 

Stuart Moonrat အသက် ၂၇ နဲ့ Georgina Le Prevost ၂၅ လိုခေါ်တဲ့ အရမ်းချစ်စရာစရာ ကောင်းလှတဲ့ စုံတွဲလေးဟာ အရမ်းပျော်စရာကောင်းမယ့် မင်္ဂလာ ဧည့်ခံ ပွဲလေးကနေ အရမ်း ကြေကွဲဝမ်းနည်း ရတဲ့ ပွဲလေး အသွင် ကို ကူး ပြောင်း သွားခဲ့ ပါတယ်။

သူတို့နှစ်ဦးက အရမ်းကိုချစ်ကြတဲ့ စုံတွဲလေးပါ တစ်သက်လုံးမခွဲနိုင်အောင် အရမ်းချစ်ကြလို့ အတူနေဖို့ မင်္ဂလာဧည့်ခံပွဲ လုပ်မှဘဲ တစ်သက်လုံး ပြန်မတွေ့နိုင်တော့မယ့် အဖြစ်ဆိုးကြီးနဲ့ ကြံတွေ့ခဲ့ရပါတယ်။ မင်္ဂလာ ဧည့်ခံပွဲအတွက် အားလုံး ပြင်ဆင်ပြီး သတို့သား ဝတ်စုံလေးဝတ် သတို့သမီး ဝတ်စုံလေးဝတ်ပြီး နှစ်ဦးသား ဧည့်ခံပွဲ ခန်းမထဲကို သွားတဲ့ လမ်းမှာမှ သူတို့စီးလားတဲ့ ကားက ဧည့်မနားကို ရောက်ခါနီးမှာ ကျောက်ဆောင် တစ်ခုနဲ့ တိုက်မိပြီး နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။

အဲ့ဒီ အဖြစ်အပျက်လေးကတော့ Guernsey ရဲ့ Channel ကျွန်းပေါ်မှာ တည်ရှိနေတဲ့ Perelle ဆိုတဲ့ ကမ်းခြေရွာလေးမှာ သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။ သူတို့အတွက် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အချိန်လေးပါဘဲ အရမ်းကို ပျော်စရာ ကောင်းတဲ့ မင်္ဂလာပွဲလေးကို စွန့်ခွာပြီး နှစ်ဦးသား ကောင်းကင်ဘုံမှာ ကြယ်လေး အဖြစ်နဲ့ဘဲ ရှိနေရတော့တယ်။

သူတို့နှစ်ဦးကို ကောင်းချီးပေးဖို့ ရောက်လာတဲ့ ဧည့်သည်တွေတောင် ခန်းမထဲကို ပျော်ရွှင်စွာနဲ့ ဝင်လာမဲ့ သူတို့ စုံတွဲလေးကို မျှော်လင့်နေတဲ့အချိန်မှာ ရုတ်တရက် သေးဆုံးသွားတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာ တော့ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ကြပါတယ်။

READ အကြွေး ပြန်မဆပ်သူတွေ ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲမှာ များနေရင် ငွေချေးခွင့် ဆုံးရှုံးမည်
Facebook စာမျက်နှာတွေမှာလည်း အမျိုးသမီး တစ်ဦးက “Georgie ရေ နင် က သိပ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးပါ” “ငါတို့က အရမ်းရင်းနှီးတဲ့ သူတွေဆိုတာကို ဘယ်တော့ မှာ မမေ့ပါနဲ့” ဆိုတဲ့ post တင်ထား တာကို လည်း ဝမ်းနည်းဖွယ် တွေ့မြင်ရပါတယ်။

တခြား post တွေဆို “ မင်းတို့နှစ်ယောက်ဟာ ကောင်းကင်ဘုံ ကို ရောက်သွားတဲ့ ကြယ်လေးတွေပါ၊ အဝေးကြီးကို ခေါ်သွားရက်တယ်ကွာ၊ ငါတို့အရမ်းခင်ခဲ့ကြတယ်ဆိုတာကိုလည်း ဘယ်တော့မှ မမေ့ပါနဲ့ကွာ” သူတို့နှစ်ဦးရဲ့ နာရေးအခန်းအနားမှာလည်း အားလုံးဟာ လုံးဝမယုံနိုင်အောင်ဖြစ်ပြီး နှမြေတသတဲ့ စိတ်တွေကို ပန်းစည်းလေးအသွင်နဲ့ကိုင်ဆောင်ပြီး မိသားစုတွေ သူငယ်ချင်းတွေ အားလုံး ငိုကြွေးခဲ့ရပါတယ်။

တာဝန်ရှိတဲ့လူတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ရှိအုန်းမှာပါလို့ ပြောသွားပါတယ်။ ကျွန်တော်တို့ဆိုရင်လည်း နောင်အခါ သောကြာနေ့မှာ မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေကို မြင်တိုင်း သူတို့ နှစ်ယောက်ကို အမြဲတမ်း သတိရနေမှာပါ။

Credit:NilarOo (Lwin Pyin)

Source : Daily Mail