ZawGyiဖြင့်ဖတ်ရန်

 








ဖြစ်ပါတယ်။

Credit:Duwun

No automatic alt text available.

Unicodeဖြင့်ဖတ်ရန်

 

လူ ၃၄၀၀ နဲ့ ပုံဖော်ထားတဲ့ မြန်မာပြည်မြေပုံ ဂင်းနစ်စံချိန်တင်

 

လူပေါင်း ၃၄၀၀ ကျော်နဲ့ပြုလုပ်ခဲ့တဲ့ မြေပုံကဂင်းနစ်စံချိန်တင်ခဲ့တာပါ။

လူပေါင်း၃၄၆၆ဦးနဲ့ပုံဖော်ထားတဲ့မြန်မာပြည်မြေပုံကဂင်းနစ်စံချိန်ဝင်သွားတယ်လို့ဒီနေ့ဖေဖော်ဝါရီ၁၄ရက်နေ့မှာguinnessworldrecords ကနေကြေငြာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာမြန်မာ့နိုင်ငံက ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနောက မကွေးမှာ မကွေးဒေသခံတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြန်မာပြည်မြေပုံကို စုပေါင်းပုံဖော်ခဲ့တဲ ရလာဒ်လည်းဖြစ်ပါတယ်။

အဲ့ဒီမြေပုံက စတုရန်းပေ ၂၄၈၀၄ ပေ အကျယ်ရှိပြီးတော့ မြေပုံကို စုပေါင်းပုံဖော်အပြီး နှစ်ရက်အတွင်းမှာ ဂင်းနစ်စံချိန်တင်တယ်လို့ ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။

” တယ်လီနောမြန်မာက မကွေးမှာပြုလုပ် ခဲ့တဲ့ နိုင်ငံတစ်ခုပုံကိုလူတွေနဲ့ ပုံဖော်ထားတဲ့ အကြီးဆုံးမြေပုံမှာ လူပေါင်း ၃၄၆၆ ယောက်ပါဝင်ခဲ့ပါတယ်။pastelcommunicationsကပြုလုပ်ခဲ့ပြီတော့ပါဝင်သူတွေအားလုံးကအပြာရောင်ဝတ်စုံဝတ်ဆင်ပြီးပုံဖော်

ပါဝင်ခဲ့ပါတယ် ” လို့ ဂင်းနစ်စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

ဂင်းနစ်စံချိန်ဝင်ဖူးတဲ့စာရင်းအရပြီးခဲ့တဲ့၂၀၁၆စက်တင်ဘာလမှာဗြိတိန်မှာလူဦးရေ၈၁၁ယောက်နဲ့အာဖရိကတိုက်မြေပုံဖော်ခဲ့တာ

ဖြစ်ပါတယ်။

Credit:Duwun