ZawGyiဖြင့်ဖတ်ရန်

 








 

Unicodeဖြင့်ဖတ်ရန်

 

ကလေးကို ယူလို့မရနိုင်တဲ့အခါ အဖိုးတန်ပစ္စည်းတွေ ရှိပါရက်နဲ့ ကလေးနို့မှုန့်တွေနို့ဗူးတွေသာ ယူထွက်သွားတဲ့ ကလေးသူခိုး

 

ကလေးရှိတဲ့မေမေတို့ သတိထားနိုင်ကြစေဖို့ ဒီပိုစ့်လေးကိုရေးတင်ပေးလိုက်တာပါ။

ကျွန်မတို့မိတ်ဆွေရဲ့ ၅လအရွယ်တူမလေးကို လွန်ခဲ့တဲ့တပတ်က အိမ်ထဲဝင်လာပြီးခိုးဖို့ကြံစည်တာပါ။

အဲ့ဒိနေ့မနက်၆နာရီလောက်မှာ ကလေး အမေခရီးသွားဖို့အဖေက လေဆိပ်လိုက်ပို့ချိန် ကလေးရဲ့အဒေါ်ဝမ်းကွဲက သံပန်းတံခါးပြန်ပိတ်ဖို့မေ့ပြီးပြန်အိပ်ပျော်သွားတုန်း သူခိုးကဝင်လာတာကို CCTV က အကုန်ပြန်မြင်ရပါတယ် သူ့ရည်ရွယ်ချက်က ကလေးကိုပဲခိုးဖို့ပါ ကံကောင်းချင်တော့ ကလေးက အိမ်အကူကလေးမလေးနဲ့ နပ်စ်ကြားမှာ အိပ်ပျော်နေတာ ခြင်ထောင်ကလဲသေချာဖိထားတော့ ယူဖို့မလွယ်ဖူး သူ့လက်ထဲမှာလဲ နှင်းဆီတပွင့်ကိုင်လာတယ် ။

အဲ့နှင်းဆီကမေ့ဆေးတွေဘာတွေ ဆွတ်လာတဲ့ပုံပဲ ။ဘယ်လိုမှ အခွင့်မသာတာနဲ့ ပြန်ထွက်သွားတာ အလွယ်တကူယူလို့ရတဲ့ ဧည့်ခန်းထဲက ဘာအဖိုး တန်ပစ္စည်းမှယူမသွားပဲ ကလေးနို့မှုန့်တွေနို့ဗူးတွေထည့်ထားတဲ့ ခြင်းပဲယူသွားတယ်။

အခုတော့ ရဲတိုင်ထားလို့ အဲ့မိန်းမကို ရဲကလိုက်ရှာနေပြီ တခြားရပ်ကွက်တွေမှာလဲ အဲ့မိန်းမရဲ့ပုံကို vinyl ထုတ်ပြီးလိုက်ချိတ်မယ်လို့သိရတယ်…အခုထိတော့မမိသေးပါဖူး…
လှိုင်မြို့နယ် ၁ရပ်ကွက် မှာဖြစ်တာပါ။

ကလေးရှိသူတိုင်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ။

Credit:Htat Htat SoeThein