ZawGyiဖြင့်ဖတ်ရန်
ကဲ ပြောပြမယ်
Su Myat
Unicodeဖြင့်ဖတ်ရန်
ကဲ ပြောပြမယ်
ကျမရဲ့ Sony TV ၄၆ လက်မ ပါဝါမလာတော့လို့ Sony service center မှာသွားပြင်ပါတယ်။
သူတို့ပြောတာ က အစ်မရဲ့ TV ဟာ ဘာပျက်တာလဲဆိုတာ သိရဖို့ (၇ ရက်)စောင့်ရပါမယ် စစ်ဆေးပေးပါမယ် နောက်ပြီးရင် ကျသင့်ငွေကို ပြောပါမယ် ( မပြင်ချင်ရင် စမ်းသပ်စစ်ဆေးခ ၅၂၅၀ သွင်းပြီးပြန်ထုတ် နိုင်ပါတယ်)တဲ့ ။
Ok ကောင်းပြီလေ သဘောတူလို့ ကျမ (၇ ရက်)သူတို့ဆီ ထားပေးပါတယ် ။ စမ်းသပ်ပြီးတော့ ဖုန်းဆက်လာတယ် အစ်မTV ကရှေ့က မှန်ပြား ကြီး ပျက်တာတဲ့ ပြင်မယ်ဆိုရင် TV တန်ဖိုးရဲ့ 80% ကုန်ကျမှာ မို့ မပြင်နဲ့တော့တဲ့ ။ အသစ်ဝယ်လိုက်ပါတဲ့ ။
အလို အစတည်းက အပြင် ဆိုင်မှာ ပြင်လို့ရမှန်း သိပေမယ့် Original ပစ္စည်းပဲထည့်ချင်လို့ သူတို့ဆီ အပ်ခဲ့တာပဲ။ သူတို့ပြောမှ ကိုယ့်ပစ္စည်းကို ပစ်လိုက်ရတော့မလိုလို။ အဲ့တာနဲ့ စမ်းသပ်ခ ၅၂၅၀ ပေးပြီး TV ကိုပြန် ယူ ၃၄ လမ်းက ခင်ဇော်နဲ့ညီများ TV ပြင်ဆိုင် မှာ ပြကြည့်တော့ ၄၅ မိနစ် ထိုင်စောင့်ပါတဲ့ ။ပစ္စည်းလဲပေး လိုက်တာ ချက်ချင်းကောင်းသွားပါရောလား။
ဒီလိုပဲ ၅၂၅၀ နဲ့ စားနေတာ ဘယ်နှစ်လုံးရှိပြီလဲ?
စမ်းသပ်စစ်ဆေး တယ်ဆိုလဲ မှန်အောင် စစ်ဆေးပေးလေ မှန်ပြား ပျက်တယ်လို့ စစ်ဆေးပေးတယ်တဲ့။
သူများပစ္စည်းကို လွှင့်ပစ် ရလောက်အောင်တော့ ၅၂၅၀ ယူပြီး မစစ်ဆေး ပေးကြပါနဲ့။
ယုံလို့ လာအပ်တာ ယုံကြည်မှုကို ၅၂၅၀ ( အလုံးပေါင်းမြောက်များစွာ) နဲ့လဲယူနေတာ။ နယ်ကပို့ပြီး ပြင်တဲ့အလုံးတွေ တောင်တွေ့ခဲ့ရတယ်Service Center မှာ။ ဘယ်လိုတွေ လုပ်ပေးနေပါလိမ့်?သူတို့ဆီ လာပြတာ၅ ပြား ၁၀ ပြားတန် မဟုတ်ဘူးလေနော် ။ Sony. Bravia 46 ဘယ်လောက်တန်လဲ သူတို့သိပါတယ်။
ဒါကို အသစ်ဝယ်လိုက်လို့ပြောထွက်တယ်နော်။၃၄ လမ်းမှာ ရ သောင်းနဲ့ ပြင်ခဲ့တာ အခု Ok ပဲ။
၅၂၅၀ ကတော့ အလိမ်ခံ လိုက်ရတယ်( စမ်းသပ်စစ်ဆေးခ တဲ့ကွယ်) အားလုံးသိအောင် ပြောပြတာပါ။
တရားစွဲချင်လဲ လာစွဲချေ ကိုယ့်ပစ္စည်း ကိုယ့်ဘာသာ သယ်ပို့ မစစ်ပေးဘဲ ၅၂၅၀ သွင်းပြီး ပြန်ယူခဲ့ရတာ ။နင်တို့စစ်ဆေးသလို TV မှန်ပြားသာ ပျက်တယ်ဆိ်ုရင် ဟိုကလဲ ရသောင်းနဲ့ မပြင်ပေးဘူးလေနော် ။
Su Myat
Credit – စွယ်စုံ – မောင်ဘဂျမ်း