ZawGyiဖြင့်ဖတ်ရန်

 

*******************************

သက်တော် ၃၁နှစ်အရွယ်

သက်သေခံလျက်ရှိပါတယ်…..


ဖွုံ့ဖြိုးတိုးတက်ရေးများ အထူးဆောင်ရွက်ခြင်း…

ပြုလုပ်နေရပါတယ်…

အရှင် တိက္ခသာရ အား


မေတ္တာဖြင့်
crd-ခင်ယုနွယ်

Unicodeဖြင့်ဖတ်ရန်

 

” သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ် “သက်တော် ၃၁နှစ်အရွယ် ရဟန်းပျို တစ်ပါးရဲ့ အံ့မခန်းလုပ်ရပ်တွေပါ….

 

” သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ် ”

*******************************

သက်တော် ၃၁နှစ်အရွယ်
ရဟန်းပျို တစ်ပါးရဲ့ အံ့မခန်းလုပ်ရပ်တွေပါ….
သီတဂူဆရာတော်ဘုရားကြီးရဲ့
သားတပည့်စစ်စစ် ပီသလှကြောင်းကို

၁၂ ဧက ကျယ်ဝန်းလှသည့် ကျောင်းဝင်းကြီးအလယ်မှာ
သုံးထပ်ဆောင် ဘွဲ့နှင်းသဘင် ……
ဘယ်ဘက်မှာ နှစ်ထပ်ဆောင် Lecture Hall များ……
ညာဘက်ရှိ နှစ်ထပ် ရဟန်းသံဃာအဆောင်များ……
ဘွဲ့နှင်းသဘင်နောက် အလယ်တည့်တည့်၌
တစ်ထပ် ကထိကဆရာတော် အဆောင်များ….
သုံးထပ် ဧည့်ဆောင်ကြီး….
နှစ်ထပ် ဆွမ်းစားဆောင်ကြီး ….
စာကြည့်တိုက်နှင့် ကျောင်းအုပ်ဆရာတော် အဆောင်…
သီတဂူဆရာတော်ဘုရားကြီးအဆောင်များက
သက်သေခံလျက်ရှိပါတယ်…..

ဓမ္မာစရိယဘွဲ့ရရှိပြီး
သီရိလင်္ကာမှာ M.A ဘွဲ့ ဆွတ်ခူးပြီးနောက်
မြန်မာပြည်ပြန်ရောက်ချိန်ကစလို့
တိုတောင်းလှတဲ့ ကာလအတွင်းမှာ
ခုလိုဖြစ်အောင် ဆရာတော်
ဘယ်လောက်ကြိုးစားခဲ့ပြီလဲ…..

မြန်မာပြည် တနံတလျား များပြားလွန်းတဲ့
တရားပွဲများ… စာသင် စာချ တရားပြအပြင်
ပရဟိတ နှင့် ယဉ်ကျေးလိမ်မာ…..
ဖွံ့ုဖြိုးတိုးတက်ရေးများ အထူးဆောင်ရွက်ခြင်း…
( စာသင်ဆောင် စာကြည့်တိုက် ဆေးရုံ ဆေးပေးခန်း
ဆေးဝါးဓာတ်စာ စာရေးကိရိယာ အဝတ်အစားများ )
တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူ များအား
ကျောင်းထားပေးခြင်း တို့လည်း ဆောင်ရွက်ရတာကြောင့်

အနည်းငယ်မျှသော အိပ်ချိန် အနားယူချိန်သာရှိပြီး
စာအုပ် စာပေများ ကားပေါ်တင်ကာ
သွားရင်းလာရင်းပဲ ဖတ် မှတ် ရှုပွားလေ့ကျင့်တာကို
ပြုလုပ်နေရပါတယ်…
တိုင်းသူပြည်သားများ အသိတိုးပွားဖို့်
ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲဖို့
ဘက်စုံကနေ တက်ကုန်နှင်နေတာဖြင့်
ကြည်ညိုမဆုံးနိုင်အောင်ပါ…..

သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ်
တည်ထောင်သူ ကျောင်းအုပ်ဆရာတော်
အရှင် တိက္ခသာရ အား
ခြေတော်စုံ ခိုလှုံ၍ ဦးခိုက်လျက်ပါဘုရား လို့
လျှောက်ထားရင်း ဤ ပို့စ်ကိုရေးလိုက်ပါတယ်ဘုရား..

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ပါဘုရား

မေတ္တာဖြင့်
crd-ခင်ယုနွယ်