ZawGyiျဖင့္ဖတ္ရန္

 

ကေနဒါႏိုင္ငံ Manitoban ဘာသာေရးအသိုင္းအဝန္းမွ ဆင္းသက္ေပါက္ဖြားလာတဲ့ Lauren အမည္ရ အမ်ိဳးသမီးဟာ မိသားစုဝင္ေတြ၊ ဘာသာေရးဆရာေတြ၊ သူငယ္ခ်င္းေတြ ကန႔္ကြက္ေနသည့္ၾကားမွာ သုတ္ပိုးအလႉရွင္ အမ်ိဳးသားတစ္ဦးရဲ႕ လႉဒါန္းမႈကို လက္ခံခဲ့ၿပီး၊ ကိုယ္ဝန္ေဆာင္ဘဝကို ရယူခဲ့ပါတယ္။

Lauren ဟာ လာမည့္ဇြန္လမွာ ပထမဆုံးသူမရဲ႕ ကေလးငယ္ေလးကို ေမြးဖြားမွာျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက Hypopituitarism ေရာဂါကို ခံစားခဲ့ရေပမယ့္ ကေလးငယ္ကိုေတာ့ လူစဥ္မီမီနဲ႔ ေကာင္းစြာ ေမြးဖြားႏိုင္မယ္လို႔ ယူဆေနပါတယ္။ လက္ရွိအခ်ိန္မွာ Lauren ဟာ အသက္(၂၉)ႏွစ္ ရွိေနပါၿပီ။

သူမတို႔အသိုင္းအဝိုင္းဟာ ဘာသာေရးအားျဖင့္ တင္းၾကပ္တဲ့အသိုင္းအဝိုင္း ျဖစ္ၿပီး၊ မိဘေတြ၊ သူငယ္ခ်င္းေတြက ဝိုင္းဝန္းျပစ္တင္ခဲ့ၾကေပမယ့္ ဒီလို ေျပာဆိုမႈေတြက ကေလးလိုခ်င္တဲ့ သူမကို တားဆီးႏိုင္ျခင္း မရွိခဲ့ပါဘူး။ မၾကာမီမွာ သုတ္ပိုးလႉရွင္ ေပၚေပါက္လာၿပီးေနာက္ Lauren ရဲ႕ ရည္မွန္းခ်က္ေတြ ျပည့္ေျမာက္သြားပါတယ္။

သူမဟာ အပ်ိဳမိခင္ဘဝကို တမ္းတမက္ေမာသူလို႔ Lauren က ဆိုပါတယ္။ အခုလို ကေလးတစ္ေယာက္ကို ကိုယ္ဝန္လြယ္ႏိုင္ခဲ့တဲ့ အခ်ိန္ထိ သူမရဲ႕ အပ်ိဳစင္ဘဝကို ထိန္းသိမ္းႏိုင္ခဲ့ျခင္းကလည္း သူမအတြက္ေတာ့ အလြန္ဝမ္းေျမာက္ ဂုဏ္ယူစရာျဖစ္ေၾကာင္း Lauren က ဆိုပါတယ္။

ဒီလိုလုပ္ေဆာင္ျခင္းဟာ မိန္းကေလးတစ္ေယာက္အတြက္ အသိဉာဏ္မဲ့လြန္းရာ က်ေၾကာင္း အားလုံးက ဝိုင္းေျပာေတာ့ သူမအေနနဲ႔လည္း တစ္ျခားေယာက္်ားေတြနဲ႔ မၾကာခဏ Date ၾကည့္ခဲေ့ပမယ့္ ရင္ခုန္မႈမရွိခဲ့ေၾကာင္း၊ အခုလို ကိုယ္ဝန္ေဆာင္ႏိုင္ခဲ့ျခင္းက တစ္ျခား ဘာျပႆနာမွ မရွိႏိုင္ေဘမယ့္ သူမ ငယ္ငယ္က ခံစားခဲ့ရတဲ့ ဟိုမုန္းဆိုင္ရာ ေရာဂါတစ္ခုျဖစ္တဲ့ Hypopituitarism ေၾကာင့္ အခက္အခဲတစ္ခ်ိဳ႕ ရင္ဆိုင္ရႏိုင္တယ္လို႔ ဆိုပါတယ္။

ပစ္က်ဴထရီဂလင္းေတြက ဟိုမုန္းနဲ႔ ဓာတုဓာတ္ေပါင္းေတြကို ထုတ္လႊတ္ေပးရာမွာ ေသြးတြင္းကို ဝင္ေရာက္ပ်ံ႕ႏွံ႔သြားၿပီး၊ တစ္ျခားဂလင္းေတြရဲ႕ စြမ္းေဆာင္ရည္ကို ထိန္းခ်ဳပ္ေပးပါတယ္။

ဒါေပမယ့္ Hypopituitarism ေရာဂါရွိေနသူကေတာ့ ဒီလို ပစ္က်ဴထရီဂလင္းကေန လိုအပ္တဲ့ ဟိုမုန္းေတြ မထုတ္လုပ္ႏိုင္သူမ်ားျဖစ္ၿပီး၊ အလြယ္တကူ ေမာပန္းလြယ္ျခင္း၊ အားအင္ ကုန္ခမ္းလြယ္ျခင္း၊ ႂကြက္သားအားနည္းျခင္း၊ အမ်ိဳးသမီးဆိုရင္ လစဥ္ဓမၼတာ မမွန္ျခင္း၊ ခႏၶကိုယ္မွာ အေမြးအမွ်င္ က်ဲပါးျခင္း၊ မ်ိဳးသေႏၶမေအာင္ျခင္း၊ လိင္စိတ္ေလွ်ာ့နည္းျခင္း စတဲ့လကၡဏာေတြ ျဖစ္ေစပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)

 

Unicodeဖြင့်ဖတ်ရန်

 

အမျိုးသားသုတ်ပိုးကို အလှူခံပြီးနောက် ကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့ အပျိုမလေး

 

ကနေဒါနိုင်ငံ Manitoban ဘာသာရေးအသိုင်းအဝန်းမှ ဆင်းသက်ပေါက်ဖွားလာတဲ့ Lauren အမည်ရ အမျိုးသမီးဟာ မိသားစုဝင်တွေ၊ ဘာသာရေးဆရာတွေ၊ သူငယ်ချင်းတွေ ကန့်ကွက်နေသည့်ကြားမှာ သုတ်ပိုးအလှူရှင် အမျိုးသားတစ်ဦးရဲ့ လှူဒါန်းမှုကို လက်ခံခဲ့ပြီး၊ ကိုယ်ဝန်ဆောင်ဘဝကို ရယူခဲ့ပါတယ်။

Lauren ဟာ လာမည့်ဇွန်လမှာ ပထမဆုံးသူမရဲ့ ကလေးငယ်လေးကို မွေးဖွားမှာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက Hypopituitarism ရောဂါကို ခံစားခဲ့ရပေမယ့် ကလေးငယ်ကိုတော့ လူစဉ်မီမီနဲ့ ကောင်းစွာ မွေးဖွားနိုင်မယ်လို့ ယူဆနေပါတယ်။ လက်ရှိအချိန်မှာ Lauren ဟာ အသက်(၂၉)နှစ် ရှိနေပါပြီ။

သူမတို့အသိုင်းအဝိုင်းဟာ ဘာသာရေးအားဖြင့် တင်းကြပ်တဲ့အသိုင်းအဝိုင်း ဖြစ်ပြီး၊ မိဘတွေ၊ သူငယ်ချင်းတွေက ဝိုင်းဝန်းပြစ်တင်ခဲ့ကြပေမယ့် ဒီလို ပြောဆိုမှုတွေက ကလေးလိုချင်တဲ့ သူမကို တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ မကြာမီမှာ သုတ်ပိုးလှူရှင် ပေါ်ပေါက်လာပြီးနောက် Lauren ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်သွားပါတယ်။

သူမဟာ အပျိုမိခင်ဘဝကို တမ်းတမက်မောသူလို့ Lauren က ဆိုပါတယ်။ အခုလို ကလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်နိုင်ခဲ့တဲ့ အချိန်ထိ သူမရဲ့ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကလည်း သူမအတွက်တော့ အလွန်ဝမ်းမြောက် ဂုဏ်ယူစရာဖြစ်ကြောင်း Lauren က ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ မိန်းကလေးတစ်ယောက်အတွက် အသိဉာဏ်မဲ့လွန်းရာ ကျကြောင်း အားလုံးက ဝိုင်းပြောတော့ သူမအနေနဲ့လည်း တစ်ခြားယောက်ျားတွေနဲ့ မကြာခဏ Date ကြည့်ခဲေ့ပမယ့် ရင်ခုန်မှုမရှိခဲ့ကြောင်း၊ အခုလို ကိုယ်ဝန်ဆောင်နိုင်ခဲ့ခြင်းက တစ်ခြား ဘာပြဿနာမှ မရှိနိုင်ဘေမယ့် သူမ ငယ်ငယ်က ခံစားခဲ့ရတဲ့ ဟိုမုန်းဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ Hypopituitarism ကြောင့် အခက်အခဲတစ်ချို့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ပစ်ကျူထရီဂလင်းတွေက ဟိုမုန်းနဲ့ ဓာတုဓာတ်ပေါင်းတွေကို ထုတ်လွှတ်ပေးရာမှာ သွေးတွင်းကို ဝင်ရောက်ပျံ့နှံ့သွားပြီး၊ တစ်ခြားဂလင်းတွေရဲ့ စွမ်းဆောင်ရည်ကို ထိန်းချုပ်ပေးပါတယ်။

ဒါပေမယ့် Hypopituitarism ရောဂါရှိနေသူကတော့ ဒီလို ပစ်ကျူထရီဂလင်းကနေ လိုအပ်တဲ့ ဟိုမုန်းတွေ မထုတ်လုပ်နိုင်သူများဖြစ်ပြီး၊ အလွယ်တကူ မောပန်းလွယ်ခြင်း၊ အားအင် ကုန်ခမ်းလွယ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အမျိုးသမီးဆိုရင် လစဉ်ဓမ္မတာ မမှန်ခြင်း၊ ခန္ဓကိုယ်မှာ အမွေးအမျှင် ကျဲပါးခြင်း၊ မျိုးသန္ဓေမအောင်ခြင်း၊ လိင်စိတ်လျှော့နည်းခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေပါတယ်။

Credit:နတ်စည်တော် (Shwemom)