ZawGyiဖြင့်ဖတ်ရန်
Day no.1-
Day no.2-
Day no.3-
Day no.4-
Day no.5-
Day no.6-
Day 7-
Credit – cantwait2say
UniCodeဖြင့်ဖတ်ရန်
တပတ်အတွင်း 15 ပေါင်ဆီကျသွားအောင် ချွေးမထွက်ပဲအလွယ်ကူဆုံးဝိတ်ချနည်း
လူတော်တော်များများက ခန္ဓာကိုယ် လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို သိပ်မလုပ်ချင်ကြပါဘူး။ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။အစားလဲ မလျော့ပါဘူး။တခုလိုချင် တခုတော့ အဆုံးရှုံးခံရပါတယ်။ဒီတော့ အစားကို အခုဖော်ပြမယ့် နည်းအတိုင်းစားလိုက်ရုံနဲ့ သင်ဟာ တပတ်အတွင်း 15 ပေါင်လောက် ဝိတ်ကျသွားတာမြင်ရပါလိမ့်မယ်။
skip breakfast
နံနက်စာ Breakfast ကို မစားပဲ နေကြည့်ပါ။အသင့်တော်ဆုံးကတော့ သစ်သီးဖျော်ရည်တစ်ခွက်လောက် သောက်လိုက်ရင် လုံလောက်ပါတယ်။ဖျော်ရည်သောက်တဲ့အခါ သကြားကို ရှောင်ရမှာဖြစ်ပါတယ်။
ညစာ စားခဲ့မယ်ဆိုရင်တောင် ည 8 နာရီနောက်ပိုင်းမှာ စားသောက်မှုကို လုံးဝမလုပ်သင့်တော့ပါဘူး။နောက်ပိုင်းအချိန်မှာ သစ်သီးဝလံလေး အာသာပြေစားပြီး အိပ်လိုက်ဖို့ပါပဲ။
Day no.1-
ပထမနေ့မှာတော့ သင်ဟာ တနေ့လုံး အသီးအနှံလောက်သာ စားကြည့်ပါ။ထမင်းကို စိတ်နဲ့တောင်မပစ်မှားပါနဲ့၊သူများတွေ စားတာလည်း အားမကျပါနဲ့။ပန်းသီး၊သစ်တော်သီးနဲ့ နာနတ်သီးတွေသာ များများစားပါ။
Day no.2-
ဒုတိယ ရက်မှာတော့ သင် အစားကို မနက် နေ့လယ် ည ပြန်စားနိုင်ပါပြီ။ဒါပေမယ့် သက်သက်လွတ်စားရမှာဖြစ်ပြီး ဆီပါတဲ့ အရာတိုင်းကို ရှောင်ရမှာဖြစ်ပါတယ်။အရမ်းဆာလာရင် အာလူးကို မီးဖုတ်ပြီး စားနိုင်ပါတယ်။
Day no.3-
ဒီ တတိယရက်မှာတော့ သက်သက်လွတ်ရော အသီးအနှံရော စားပေးသင့်ပါတယ်။သင် သက်သက်လွတ် နေ့လည်စာစားပြီးရင် အချိုတည်းဖို့ သစ်သီးဝလံတွေ ကြိုတင်ဝယ်ယူထားသင့်ပြီး စားသုံးပေးသင့်ပါတယ်။
Day no.4-
လေးရက်မြောက်မှာတော့ သင်ဟာ ငှက်ပျောသီးနဲ့ နွားနို့ကိုပဲ သုံးဆောင်ရမှာဖြစ်ပါတယ်။တရက်လုံးစာ ငှက်ပျောသီး ဆယ်လုံးနဲ့ နွားနို့ခွက်ကြီး သုံးခွက် သောက်ပေးရမှာဖြစ်ပါတယ်။ကျန်တာ ဘာမှ မစားရပါဘူး။
Day no.5-
ငါးရက်မြောက်မှာတော့ သင်ဟာ အသားအနည်းငယ်နဲ့ ငါးအနည်းငယ်ကို ခရမ်းချဉ်သီး အစိမ်း 8 လုံးလောက်နဲ့ တွဲဖက်စားသင့်ပါတယ်။အသားရော ငါးရော ပါတယ်ဆိုရုံသာဖြစ်ပြီး ခရမ်းချဉ်သီးများများထည့်စားသင့်ပါတယ်
Day no.6-
ခြောက်ရက်မှာတော့ လတ်ဆတ်တဲ့ အနီရောင်အသားနဲ့ အစိမ်းရောင် အသီးအနှံတွေကို တွဲဖက်စားသုံးရမှာဖြစ်ပါတယ်။
Day 7-
ခုနှစ်ရက်မြောက်မှာတော့ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြီး စားသုံးနိုင်တာဖြစ်ပြီး အချိုပွဲအသီးအနှံတွေပါ စားသုံးနိုင်ပြီဖြစ်ပါတယ်။ဒါဟာ တပတ်စာ အလွယ်ဆုံးနဲ့ အမြန်ဆုံး ဝိတ်ကျနည်းဖြစ်ပြီး သင့်ကျန်းမာရေးပါ တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။
Credit – cantwait2say