ZawGyiဖြင့်ဖတ်ရန်

 




Credit: Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

ခင်ပွန်းဖြစ်သူနဲ့ သားအမိလို့အထင်မှားခံရတာတွေကို မခံချင်လို့ ဝိတ်ချခဲ့တဲ့အမျိုးသမီး

 

တကယ်တော့ ဘယ်လောက်ပဲ ဝနေပါစေ တကယ်ဝိတ်ချချင်ရင် မဖြစ်နိုင် ဘူး ဆိုတာမ ရှိပါဘူး။အဓိကကတော့ တကယ်ကို ဝိတ်ကျချင်တယ်ဆိုတဲ့ စိတ် ဆန္ဒ ပြင်းထန်နေဖို့ပဲ လိုပါတယ်။မခံချင်စိတ်နဲ့ ဝိတ်ချခဲ့တဲ့ မလေးရှား အမျိုးသမီး ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။မနှစ်က အရမ်းကိုဝတုတ်နေတဲ့ အမျိုးသမီး တစ်ဦးအဖြစ်ကနေ ဝိတ်ကျသွားအောင် ကြိုးစားခဲ့တာပါ။မနှစ်ကမှ စပြီး ဝိတ်ချခဲ့ တာပါ။

သူမရဲ့ သူငယ်ချင်း၊မိတ်တွေ၊မိသားစု အသိုင်း အဝိုင်းတွေကနေ သူမရဲ့ body နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် တာကို ခံခဲ့ရပါတယ်။ဒါတွေက သူမ ဝိတ်ချဖို့ အတွက် တွန်းအား ဖြစ်စေခဲ့ ပါတယ်။ဒါကြောင့်လည်း တစ်နှစ်တ ည်းမှာပဲ 106kg ကနေ 64kg အထိ ကျသွားခဲ့တာပါ။

သူမရဲ့ နာမည်ကတော့ Lee ဖြစ်ပြီး လက်ထပ်ထားတဲ့ အသက် (၃၈) နှစ် အရွယ် အမျိုးသမီးပါ။အမျိုးသမီးတစ်ယောက် အဖို့ ငယ်တုန်းမှာ ဝိတ်ချရ တာ ထက် အသက်ကြီးမှ ဝိတ်ချရတာက ဝိတ်ကျ ဖို့ အရမ်းကို ခက်ပါတ ယ်။အဲ့ဒီလို ခက်တဲ့ အရာကိုမှ Lee က ရအောင် လုပ်နိုင်ခဲ့တာပါ။
ခင်ပွန်း ချောချော လေးကို ရထားတဲ့ သူမအဖို့ အပြင်ကို ခင်ပွန်းနဲ့ တွဲထွက်သွားရင် တစိမ်းတွေက လင်မ ယား လို့ ထင်ရမယ့် အစား သားအမိလား လို့ ထင်ခဲ့ကြပါတယ်။”ဒါသား လေး လား” ဆိုတဲ့ စကားဟာ သူမရဲ့ မာနကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ တကယ်တော့ Lee ဟာ ဝိတ်ကျဖို့ ကြိုးစားလာတာ (၁၀) နှစ်ရှိခဲ့ ပါပြီ။”လွ န်ခဲ့တဲ့ ဆယ်နှစ်တည်းက ဝိတ်ချဖို့ ကြိုးစားခဲ့တာပါ။အဆီတွေကျအောင် ပိန်ဆေး တွေသောက်တယ်။ဆေးဖြတ်လိုက်တော့ ပြန်ဝတယ်” လို့ သူမက ဆိုပါ တယ်။
ဒီတစ်ကြိမ်မှာတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် ဝိတ်ချခဲ့တာပါ။“ကျန်းမာရေးနဲ့ ညီညွတ်အောင် diet plan ထားပြီး စားတယ်သောက်တယ်၊ဆန်အစား အုတ်ဂျုံ ကို စားတယ်။လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရတာကို မကြိုက်ဘူး။ ဒါကြောင့် ခပ်ရွရွလေး ပြေးတာလောက်ပဲ လုပ်ဖြစ်တယ်။
သီချင်း နားထောင်ရ င်းနဲ့ ပြေးတယ်” ဆိုပြီး ပြောခဲ့ပါတယ်။သကြားနဲ့ တခြား အဆီများတဲ့ အစားအ စာ၊ချိုတဲ့ အစားအစာတွေကိုတော့ လုံး၀ ရှောင်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက ဆိုရင်ဝလို့ မင်္ဂလာသတို့သမီးဝတ်စုံ ဝတ်ဖို့ကိုတောင် ယုံကြည်မှု မရှိခဲ့တာကြောင့် ဒီအတိုင်း လက်ထပ်ပြီးကြောင်း မှတ်ပုံတင် ပဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။60kg အထိ ဝိတ်ကျမှ သတို့သမီး ဝတ်စုံကို ယုံကြည်မှု ရှိရှိ နဲ့ ဝတ် ပြီး မင်္ဂလာပွဲ wedding dinner ကျင်းပမယ်လို့ သိရပါတယ်။

Credit: Shwemom