ZawGyiျဖင့္ဖတ္ရန္

 

ျမန္မာႏိုင္ငံအတြင္ ထပ္မံေတြ႕ရွိရ သည့္ အၿမီးနီးပုစြန္မ်ိဳးစိတ္သစ္တစ္မ်ိဳးကို ေဒသအတြင္း ၿငိမ္းခ်မ္းမႈကို ဖန္ တီးေပးႏိုင္ခဲ့သည့္ ၁၅ ရာစုအတြင္းက ထင္ရွားေသာ မြန္ဘုရင္မႀကီးရွင္ေစာပု၏ အမည္ကို ေပးခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံ အေျခစိုက္ ဂလိုဘယ္တိုင္းမ္၏ သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

ပုစြန္မ်ိဳးစိတ္သစ္ကို ရွင္ေစာပု ပုစြန္ဟု အမည္ေပးလိုက္ျခင္းျဖစ္ကာ အဆိုပါပုစြန္အမ်ိဳးအစားသစ္သည္ ရာသီအလိုက္ ျဖစ္ေပၚေနသည့္ ေရကန္ တြင္က်က္စားၿပီး ပက္လက္လွန္ကာ ေရကူးသည့္ပုံစံကို အဆိုပါ ပုစြန္အမ်ိဳးအစားသစ္တြင္ေတြ႕ရေၾကာင္း အဆိုပါသတင္းအတြင္း ထည့္သြင္းေဖာ္ျပထားသည္။

အဆိုပါ မ်ိဳးစိတ္သစ္ကို ျမန္မာႏိုင္ငံရွိ သစ္ေတာသုေတသန အင္စတီ က်ဳ႕ႏွင့္ တ႐ုတ္သိပၸံအကယ္ဒမီမွ အရွ႕ေတာင္အာရွ ဇီဝမ်ိဳးစုံမ်ိဳးကြဲဆိုင္ရာ သုေတသန အင္စတီက်ဳ႕မွ ပညာရွင္မ်ားက ပူးေပါင္းရွာေဖြရာတြင္ ေတြ႕ခဲ့ရျခင္း ျဖစ္ၿပီး အဆိုပါ မ်ိဳးစိတ္သစ္အေၾကာင္းကို journal Zookeys တြင္ ထုတ္ေဖာ္ ေရးသားခဲ့ၾကျခင္းျဖစ္ေၾကာင္း ဂလိုဘယ္တိုင္းမ္တြင္ ေရးသားထားသည္။

ဘုရင္မႀကီး ရွင္ေစာပုသည္ ၁၄၅၄ ခုႏွစ္မွ ၁၄၇၁ ခုႏွစ္ အတြင္း ဟံသာဝတီ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ခဲ့ျခင္း ျဖစ္သည္။ဘုရင္မႀကီး ရွင္ေစာပု အုပ္ခ်ဳပ္စဥ္ကာလ အတြင္း တိုင္းျပည္ကို ၿငိမ္သက္ေအာင္ထိန္း သိမ္းႏိုင္ခဲ့ကာ ၿငိမ္းခ်မ္းေရးႏွင့္ ေကာင္းမြန္ ေသာ ေမွ်ာ္လင့္ခ်က္မ်ားကိုလည္း ျမန္မာ ႏိုင္ငံအတြက္ ေပးႏိုင္ခဲ့ေၾကာင္း ပုစြန္မ်ိဳး စိတ္သစ္အေၾကာင္းကို ပူးတြဲေရးသားခဲ့သူ ပညာရွင္ Chen Xiaoyong က ဆိုသည္။

Credit:Pyi Myannmar

 

UniCodeဖြင့်ဖတ်ရန်

 

မြန်မာပြည်တွင် ထပ်မံတွေ့ရှိရသော ပုစွန်မျိုးစိတ်သစ်ကို မွန်ဘုရင်မကြီး၏ အမည်ပေးထား

 

မြန်မာနိုင်ငံအတွင် ထပ်မံတွေ့ရှိရ သည့် အမြီးနီးပုစွန်မျိုးစိတ်သစ်တစ်မျိုးကို ဒေသအတွင်း ငြိမ်းချမ်းမှုကို ဖန် တီးပေးနိုင်ခဲ့သည့် ၁၅ ရာစုအတွင်းက ထင်ရှားသော မွန်ဘုရင်မကြီးရှင်စောပု၏ အမည်ကို ပေးခဲ့ကြောင်း တရုတ်နိုင်ငံ အခြေစိုက် ဂလိုဘယ်တိုင်းမ်၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပုစွန်မျိုးစိတ်သစ်ကို ရှင်စောပု ပုစွန်ဟု အမည်ပေးလိုက်ခြင်းဖြစ်ကာ အဆိုပါပုစွန်အမျိုးအစားသစ်သည် ရာသီအလိုက် ဖြစ်ပေါ်နေသည့် ရေကန် တွင်ကျက်စားပြီး ပက်လက်လှန်ကာ ရေကူးသည့်ပုံစံကို အဆိုပါ ပုစွန်အမျိုးအစားသစ်တွင်တွေ့ရကြောင်း အဆိုပါသတင်းအတွင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ မျိုးစိတ်သစ်ကို မြန်မာနိုင်ငံရှိ သစ်တောသုတေသန အင်စတီ ကျု့နှင့် တရုတ်သိပ္ပံအကယ်ဒမီမှ အရှ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသန အင်စတီကျု့မှ ပညာရှင်များက ပူးပေါင်းရှာဖွေရာတွင် တွေ့ခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ မျိုးစိတ်သစ်အကြောင်းကို journal Zookeys တွင် ထုတ်ဖော် ရေးသားခဲ့ကြခြင်းဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်တွင် ရေးသားထားသည်။

ဘုရင်မကြီး ရှင်စောပုသည် ၁၄၅၄ ခုနှစ်မှ ၁၄၇၁ ခုနှစ် အတွင်း ဟံသာဝတီ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ဘုရင်မကြီး ရှင်စောပု အုပ်ချုပ်စဉ်ကာလ အတွင်း တိုင်းပြည်ကို ငြိမ်သက်အောင်ထိန်း သိမ်းနိုင်ခဲ့ကာ ငြိမ်းချမ်းရေးနှင့် ကောင်းမွန် သော မျှော်လင့်ချက်များကိုလည်း မြန်မာ နိုင်ငံအတွက် ပေးနိုင်ခဲ့ကြောင်း ပုစွန်မျိုး စိတ်သစ်အကြောင်းကို ပူးတွဲရေးသားခဲ့သူ ပညာရှင် Chen Xiaoyong က ဆိုသည်။

Credit:Pyi Myannmar