ZawGyiျဖင့္ဖတ္ရန္

 

ထိုင္းႏိုင္ငံ၊ အယုဒၶယေရွးေဟာင္းၿမိဳ႕ေတာ္မွ ဗုဒၶဆင္းတုေတာ္ေပါင္ေပၚ တက္ထိုင္ၿပီး ႐ိုက္ထားခဲ့တဲ့ အမ်ိဳးသမီးတဦးရဲ႕ ဓာတ္ပုံဟာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။

အဆိုပါ အမ်ိဳးသမီးဟာ အာရွႏိုင္ငံတႏိုင္ငံမွ ျဖစ္ပုံရၿပီး သူဟာ ဝက္ထ္႐ိုင္ ခ်ိဳင္မြန္ ေကာ္လ္ေဒသမွ ဆင္းတုေတာ္အႀကီးေပၚမွာ ခုလိုရွိေနခဲ့တာလို႔ သည္ေနးရွင္းသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ဒီဓာတ္ပုံကို ေနာ့ဖြန္ခြၽန္မ္ပီ႐ြန္အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူတဦးက အြန္လိုင္း ေပၚ တင္ခဲ့ခ်ိန္မွာ ေဝဖန္မႈေတြ ျမင့္တက္လာခဲ့တာပါ။

ဒီပုံကိုေတာ့ သူ႐ိုက္ခဲ့တာမဟုတ္ေၾကာင္းနဲ႔ တျခားတေယာက္က သူ႔ကို ေပးခဲ့ တာလို႔လည္း ေဖာ္ျပထားကာ သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ခုလို မေလးမစား ျပဳမႈမႈအတြက္ အေရးယူေပးႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေရးခဲ့ပါတယ္။

ဓာတ္ပုံ႐ိုက္ကူးခဲ့သူဟာ အဆိုပါ အမ်ိဳးသမီးရဲ႕အထက္ ဘုရားေပၚမွာ ရွိေနခဲ့တာ ျဖစ္ၿပီး ခုလိုအေျခအေနကို မွတ္တမ္းတင္ထားႏိုင္ခဲ့တာပါ။

အဆိုပါ အမ်ိဳးသမီးဟာ သူငယ္ခ်င္းတဦးနဲ႔ လာေရာက္ခဲ့တာျဖစ္ကာ ဓာတ္ပုံဆရာက သူတို႔ဆီ ဆင္းလာခဲ့ခ်ိန္မွာေတာ့ မရွိၾကေတာ့ပဲ ေပ်ာက္သြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဝက္ထ္႐ိုင္ ခ်ိဳင္မြန္ ေကာ္လ္ဘုရားမွ ဘုန္းႀကီးတပါးျဖစ္တဲ့ ဖရာခ္႐ူဆီရိခ်ိဳင္ မြန္ ေကာ္လ္ကေတာ့ ဘာသာ၊ သာသနာကို ေလးစားလိုက္နာေစဖို႔ သတိေပးခ်က္ဆိုင္း ဘုတ္ေတြနဲ႔ ျပင္းျပင္းထန္ထန္ တားျမစ္သင့္တယ္လို႔ ေျပာလိုက္ပါတယ္။

Credit:DVB

 

UniCodeဖြင့်ဖတ်ရန်

 

ဗုဒ္ဓဆင်းတုပေါ် တက်ထိုင်ခဲ့သည့် အမျိုးသမီးဓာတ်ပုံ ဝေဖန်မှုမြင့်တက်နေ

 

ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှေးဟောင်းမြို့တော်မှ ဗုဒ္ဓဆင်းတုတော်ပေါင်ပေါ် တက်ထိုင်ပြီး ရိုက်ထားခဲ့တဲ့ အမျိုးသမီးတဦးရဲ့ ဓာတ်ပုံဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အဆိုပါ အမျိုးသမီးဟာ အာရှနိုင်ငံတနိုင်ငံမှ ဖြစ်ပုံရပြီး သူဟာ ဝက်ထ်ရိုင် ချိုင်မွန် ကော်လ်ဒေသမှ ဆင်းတုတော်အကြီးပေါ်မှာ ခုလိုရှိနေခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီဓာတ်ပုံကို နော့ဖွန်ချွန်မ်ပီရွန်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက အွန်လိုင်း ပေါ် တင်ခဲ့ချိန်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။

ဒီပုံကိုတော့ သူရိုက်ခဲ့တာမဟုတ်ကြောင်းနဲ့ တခြားတယောက်က သူ့ကို ပေးခဲ့ တာလို့လည်း ဖော်ပြထားကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ခုလို မလေးမစား ပြုမှုမှုအတွက် အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ရေးခဲ့ပါတယ်။

ဓာတ်ပုံရိုက်ကူးခဲ့သူဟာ အဆိုပါ အမျိုးသမီးရဲ့အထက် ဘုရားပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပြီး ခုလိုအခြေအနေကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။

အဆိုပါ အမျိုးသမီးဟာ သူငယ်ချင်းတဦးနဲ့ လာရောက်ခဲ့တာဖြစ်ကာ ဓာတ်ပုံဆရာက သူတို့ဆီ ဆင်းလာခဲ့ချိန်မှာတော့ မရှိကြတော့ပဲ ပျောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝက်ထ်ရိုင် ချိုင်မွန် ကော်လ်ဘုရားမှ ဘုန်းကြီးတပါးဖြစ်တဲ့ ဖရာခ်ရူဆီရိချိုင် မွန် ကော်လ်ကတော့ ဘာသာ၊ သာသနာကို လေးစားလိုက်နာစေဖို့ သတိပေးချက်ဆိုင်း ဘုတ်တွေနဲ့ ပြင်းပြင်းထန်ထန် တားမြစ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

Credit:DVB