ZawGyiျဖင့္ဖတ္ရန္

 

ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲ က်င္းပရန္ ရက္နီးကပ္လာသည္ႏွင့္အမွ် မည္သည့္အႏုပညာရွင္က အကယ္ဒမီ ဆြတ္ခူးမည္လဲဆိုသည္ကို ပရိသတ္မ်ားက စိတ္ဝင္စားေနသည္။ လတ္တေလာ အကယ္ဒမီ တစ္ႀကိဳစာရင္း မင္းသားမ်ားတြင္ ေနတိုး၊ ေျပတီဦး၊ မင္းသမီးမ်ားတြင္ ေမသန္းႏု၊ အိျႏၵာေက်ာ္ဇင္တို႔က ေရပန္းအစားဆုံးျဖစ္သည္။

႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ ‘ထာဝရ အေမ’ ၊ ‘သရာေစာထိ’ စသည့္ ဇာတ္ကားမ်ားဆုရႏိုင္ သည္ဟု ေရပန္းစားေနသလို လူငယ္သ႐ုပ္ေဆာင္မ်ားႏွင့္ ပုံေဖာ္ထားသည့္ ‘ည’ ဇာတ္ကားက လည္း အတတ္ပညာဆိုင္ရာဆု ရရွိႏိုင္သည္ဟု ခန႔္မွန္းထားသည္။ ထို႔အျပင္ ႐ုပ္ရွင္ထူးခြၽန္ဆု စိစစ္ အကဲျဖတ္ေရး အဖြဲ႕က ယခုႏွစ္ တြင္ သတ္မွတ္ထားသည့္ ဆုအေရ အတြက္ အားလုံးအတြက္ ခ်ီးျမႇင့္ မည္ဟု ဆုံးျဖတ္ထားေသာေၾကာင့္ ႐ုပ္ရွင္ေလာကသား အားလုံးအ တြက္ ေပ်ာ္႐ႊင္ရမည့္ ႏွစ္တစ္ႏွစ္ ျဖစ္လာမည္ဟု ေမွ်ာ္လင့္ႏိုင္ သည္။ ထို႔ေၾကာင့္ ယခုႏွစ္အကယ္ ဒမီတစ္ႀကိဳ႐ုပ္ရွင္မ်ားႏွင့္ ပတ္ သက္သည့္ အေၾကာင္းအရာမ်ား ကို စုစည္းေဖာ္ျပလိုက္ပါသည္။

ေနတိုး
ေနတိုးကို ‘တာေတႀကီး’ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ ေဆာင္ဆု ရရွိမည္ဟု ပရိသတ္မ်ားအပါအဝင္ အႏုပညာအသိုင္းအ ဝိုင္းက ခန႔္မွန္းထားသည္။ ‘တာ ေတႀကီး’ ဇာတ္ကားတြင္ မိန္းမ လ်ာ မမတာအျဖစ္ ပီျပင္သည့္ သ႐ုပ္ေဆာင္မႈမ်ားႏွင့္ သရဲဝင္ပူး သည့္ ဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္မႈမ်ားကို ပရိသတ္မ်ားက ႐ုံတင္ခ်ိန္ကတည္းက ခ်ီးက်ဴးခဲ့သလို ထူးခြၽန္ဆုရရွိႏိုင္သည္ဟု ခန႔္မွန္းေပးထားသည္။

‘တာေတႀကီး’ ႐ုပ္ရွင္သည္ ေကာ္ပီကားျဖစ္ေသာေၾကင့္ ထူးခြၽန္ဆုမေပးဟု ေျပာၾကားမႈအခ်ိဳ႕ ရွိေသာ္လည္း ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးဇင္ဝိုင္းက ယခုႏွစ္အကယ္ဒမီကို ယခင္စည္းမ်ဥ္းျဖင့္ ေပးမည္ျဖစ္ေသာေၾကာင့္ ယင္းေျပာၾကားမႈသည္ မဟုတ္မွန္ေၾကာင္း ျပန္ လည္ေျဖၾကားသည္။

ထူးျခားမႈတစ္ခုအေနျဖင့္ ယခင္ကေနတိုးရရွိခဲ့သည့္ အကယ္ဒမီမ်ားသည္လည္း ‘တာေတႀကီး’ ကဲ့သို႔ပင္ဇာတ္႐ုပ္အမ်ိဳးမ်ိဳး သ႐ုပ္ေဆာင္ရသည့္ ဇာတ္ကားမ်ားျဖစ္သည္။

ပထမဆုံး အကယ္ဒမီရရွိသည့္ ‘မိုးညအိပ္မက္ျမဴ’ ႐ုပ္ရွင္ကားတြင္ ေနတိုးက စိတ္ေရာဂါသည္တစ္ဦးအျဖစ္ ဇာတ္႐ုပ္အမ်ိဳးမ်ိဳး သ႐ုပ္ေဆာင္ခဲ့ၿပီး ဒုတိယေျမာက္ အကယ္ဒမီရရွိသည့္ ‘နကၡတ္မွားတဲ့ တိုက္ပြဲ’ ႐ုပ္ရွင္တြင္လည္း အေဖႏွင့္သားစ႐ိုက္ႏွစ္မ်ိဳးသ႐ုပ္ေဆာင္ခဲ့သည္။

ထို႔အတူ ‘တာေတႀကီး’ ဇာတ္ကားတြင္လည္းဇာတ္႐ုပ္ တစ္မ်ိဳးထက္ပိုသည့္ သ႐ုပ္ေဆာင္မႈမ်ားေၾကာင့္ ေနတိုး အတြက္ တတိယအကယ္ဒမီျဖစ္ လာ၊ မလာကို ေစာင့္ၾကည့္ရမည္ ျဖစ္သည္။ အကယ္ဒမီႏွင့္ပတ္ သက္၍ ေနတိုးက ‘‘ပရိသတ္ေတြ ကေတာ့ ဒီကားအေပၚမွာ အရမ္း ေမွ်ာ္လင့္တယ္။ အက္တင္နဲ႔ပတ္ သက္ၿပီး ကြၽန္ေတာ့္ဆီမွာ တစ္ခါမွ မျမင္ဖူးေတာ့ အကယ္ဒမီေတာ့ မွန္းၾကတယ္။ အကယ္ဒမီနဲ႔ပတ္ သက္ၿပီးေတာ့ ကြၽန္ေတာ့္အေနနဲ႔ တစ္ဦးတစ္ေယာက္ရဲ႕ ဆႏၵဘာမွ မရွိပါဘူး။ အားလုံးက အမ်ားဆႏၵ အတိုင္းပဲ ျဖစ္ေစခ်င္ပါတယ္’’ ဟု ေျပာသည္။

ေျပတီဦး
ဒါ႐ိုက္တာဝိုင္းႏွင့္ ႐ိုက္ကူးခဲ့ သည့္ ဇာတ္ကားမ်ားျဖင့္ အကယ္ ဒမီအက်ိဳးေပးသည့္ ေျပတီဦးကို ယခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအ တြက္ ‘ရင္ဘတ္ထဲကဓား’ ႏွင့္ ‘ေနဝင္အိပ္တန္းတက္’ ဇာတ္ကား မ်ားျဖင့္ အကယ္ဒမီရရွိႏိုင္သည္ ဟု ခန႔္မွန္းထားသည္။ ‘ရင္ ဘတ္ထဲက ဓား’ ႐ုပ္ရွင္ဇာတ္ကား တြင္ အိမ္ေထာင့္တာဝန္ မေက် ပြန္သည့္ ခင္ပြန္းသည္တစ္ဦး၊ အေမႏွင့္အစ္မ၏ စကားမ်ား ေၾကာင့္ ဇနီးကို ကန႔္လန႔္တိုက္သူ တစ္ဦးအျဖစ္ ဂ်စ္ကန္ကန္ဇာတ္ ႐ုပ္ျဖင့္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ‘ေနဝင္အိပ္တန္းတက္’ ဇာတ္ကား တြင္ ေရာဂါသည္ဇနီးအေပၚ သစၥာေစာင့္သိသူ၊ ဂုဏ္သိကၡာကိုတန္ဖိုး ထားသည့္ ဆရာဝန္အျဖစ္ တည္ တည္ ၿငိမ္ၿငိမ္သ႐ုပ္ေဆာင္ထား သည္။ ယင္းဇာတ္ကားႏွစ္ကားစ လုံးတြင္ ေျပတီဦးကို ယခင္ျမင္ဖူး ေနက် ေျပတီဦးႏွင့္ ကြဲထြက္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့သည္ဟု ပရိ သတ္အမ်ားစုက မွတ္ခ်က္ျပဳခဲ့ သည္။ ေျပတီဦးသည္ ၎၏ပထမ ဆုံး အကယ္ဒမီ ‘အာဒံရယ္ ဧဝရယ္ ဒႆရယ္’ ႐ုပ္ရွင္ဇာတ္ ကားက အစျပဳ၍ ‘လက္ပံ’ ၊ ‘နင္ ေစရင္’ ၊ ‘ႏွလုံးသားျဖင့္ ျပဳလုပ္ သည္’ ဇာတ္ကားမ်ားျဖင့္ အကယ္ ဒမီရရွိျခင္းျဖစ္ေသာေၾကာင့္ ယခု ႏွစ္တြင္လည္း ယခင္အစဥ္အလာ အတိုင္း ဒါ႐ိုက္တာဝိုင္း ႐ိုက္ကူး သည့္ ဇာတ္ကားျဖင့္ ပၪၥမေျမာက္ အကယ္ဒမီ ျဖစ္လာမည္လားဆို သည္ကို ေစာင့္ၾကည့္ရမည္ျဖစ္ သည္။

အိျႏၵာေက်ာ္ဇင္
အကယ္ဒမီ တစ္ႀကိဳစာရင္း တြင္ ႏွစ္တိုင္းလိုလို ပါဝင္ေလ့ရွိ ေသာ္လည္း အကယ္ဒမီကံေခခဲ့ သူ အိျႏၵာေက်ာ္ဇင္ကို ‘ရင္ဘတ္ထဲ ကဓား’ ႐ုပ္ရွင္ဇာတ္ကားျဖင့္ အ ကယ္ဒမီရရွိႏိုင္သည္ဟု ပရိသတ္ မ်ားက ခန႔္မွန္းေပးထားသည္။ ‘ရင္ဘတ္ထဲဓား’ ႐ုပ္ရွင္သည္ အိမ္ေထာင္ေရးဒရာမာ ဇာတ္ကား ျဖစ္ေသာ္လည္း ျမန္မာ့႐ုပ္ရွင္ေဈး ကြက္တြင္ ေအာင္ျမင္မႈရရွိၿပီး ဇာတ္ကား ႐ုံတင္ခ်ိန္ကတည္းက ပရိသတ္မ်ားေပးသည့္ အကယ္ ဒမီကို အိျႏၵာေက်ာ္ဇင္ ရရွိခဲ့သည္။ အိမ္ ေထာင္ေရး အဆင္မေျပမႈမ်ား ႀကဳံရသည့္ လရိပ္ေဝးဆိုသည့္ အ မ်ိဳးသမီးတစ္ဦးအျဖစ္ ပရိသတ္ လက္ခံခဲ့သလို အကယ္ဒမီႏွင့္ပတ္ သက္၍ ကံေကာင္းမည့္ႏွစ္ ျဖစ္ လာမည္လားဆိုသည္ကို ေစာင့္ ၾကည့္ရမည္ျဖစ္သည္။ သ႐ုပ္ ေဆာင္ေကာင္းသလို ႐ုပ္ရွင္ ဇာတ္ကားမ်ားစြာ ႐ိုက္ကူးထား သူတစ္ဦးျဖစ္ေသာ္လည္း အိျႏၵာေက်ာ္ဇင္က ၎၏အႏုပညာသက္တမ္းအတြင္း ‘မ်က္ႏွာမ်ားတဲ့ေကာင္းကင္’ ဇာတ္ကားျဖင့္ အကယ္ဒမီတစ္ဆုသာ ရရွိထားသည္။

ယင္းအကယ္ဒမီသည္ လြန္ခဲ့သည့္ ၁၄ ႏွစ္ခန႔္က ျဖစ္သည္။ ထို႔ေၾကာင့္ ၎၏ခင္ပြန္း ေျပတီဦးက အကယ္ဒမီႏွင့္ ေဝးကြာေနသည္မွာ ၾကာၿပီျဖစ္သည့္ ဇနီးကို အကယ္ဒမီရေစခ်င္ေၾကာင္း ေျပာၾကားထားသည္။
အိျႏၵာေက်ာ္ဇင္ကလည္း ‘ရင္ ဘတ္ထဲက ဓား’ ႐ုပ္ရွင္တြင္သ႐ုပ္ ေဆာင္ထားသည့္ ဇာတ္႐ုပ္ကို အားရေသာေၾကာင့္ ပရိသတ္မ်ား ခန႔္မွန္းေပးထားသည့္ အတိုင္း အကယ္ဒမီ လိုခ်င္သည္ဟု ေျပာ ၾကားထားသည္။ ‘‘ပရိသတ္ ေတြ အရမ္းေပးထားေတာ့ ကိုယ့္ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ ယူေပးခ်င္တယ္။ အရမ္းရေစ ခ်င္တယ္။ ကိုယ္ကိုယ္တိုင္လည္း ရခ်င္ပါတယ္။ သ႐ုပ္ေဆာင္ျဖစ္ တဲ့အတြက္၊ ကိုယ္ႀကိဳးစားတဲ့ အတြက္ ႀကိဳးစားထားတာေလး တစ္ခုကိုေတာ့ အရာထင္ခ်င္ပါ တယ္’’ ဟု အိျႏၵာေက်ာ္ဇင္က ေျပာသည္။

ေမသန္းႏု
အသက္အ႐ြယ္အရ အဓိက ဇာတ္ေဆာင္အျဖစ္ ႐ုပ္ရွင္ဇာတ္ ကားမ်ားတြင္ မေတြ႕ရသည္မွာ ႏွစ္အေတာ္ၾကာၿပီျဖစ္ေသာ ေမ သန္းႏုကို ‘ထာဝရအေမ’ ႐ုပ္ရွင္ ဇာတ္ကားျဖင့္ ပရိသတ္မ်ားက အကယ္ဒမီ ခန႔္မွန္းေပးထား သည္။ ‘ထာဝရအေမ’ ဇာတ္ကား သည္ သားသမီးမ်ားကို ခ်စ္သည့္ မိခင္တစ္ဦးအေၾကာင္း အဓိက အသားေပး ပုံေဖာ္ထားျခင္းျဖစ္ ေသာေၾကာင့္ ေမသန္းႏုအတြက္ လုပ္ကြက္ရသည့္ ႐ုပ္ရွင္ျဖစ္ၿပီး အသက္အ႐ြယ္ႏွင့္လည္း လိုက္ ဖက္သည့္ ဇာတ္႐ုပ္ျဖစ္ကာ ေမ သန္းႏုက ၎၏အႏုပညာစြမ္းရည္ မ်ားကို ျပသခြင့္ရခဲ့သည္။ သ႐ုပ္ ေဆာင္မင္းသမီးမ်ားတြင္ အကယ္ ဒမီအမ်ားဆုံး ရရွိထားသည့္ မင္း သမီးတစ္ဦးျဖစ္သည့္ ေမသန္းႏု သည္ ယခုႏွစ္အကယ္ဒမီေပးပြဲ တြင္ ဆုထပ္ရရွိပါက အကယ္ဒ မီေျခာက္ဆုရရွိသည့္ ပထမဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္ျဖစ္လာ မည္ျဖစ္သည္။ ေမသန္းႏုသည္ ‘မူ ပိုင္ခ်စ္သူ’ ၊ ‘ပုဂံမွာ သာတဲ့လ’ ၊ ‘အလင္းေဖ်ာ့ေကာင္းကင္’ ၊ ‘ခ်စ္ ျခင္း၏ အျခားမဲ့၌’ ႏွင့္ ‘ငါသူတစ္ ပါး ေယာက္်ား မိန္းမ’ ႐ုပ္ရွင္ဇာတ္ ကားမ်ားျဖင့္ အမ်ိဳးသမီးဇာတ္ ေဆာင္ဆု ေလးဆုႏွင့္ ဇာတ္ပို႔ဆု တစ္ဆုရရွိထားသည္။

ဟိန္းမင္း
႐ုပ္ရွင္သက္တမ္းႏွစ္ေလး ဆယ္ေက်ာ္အတြင္း ပထမဆုံးအ ႀကိမ္အေနျဖင့္ ဇာတ္ပို႔သ႐ုပ္ ေဆာင္ ဟိန္းမင္းကို ‘အေမွာင္မွာ ႐ြာတဲ့ မိုးတိမ္ (ကြၽန္)’ ဇာတ္ကား ျဖင့္ အကယ္ဒမီရရွိရန္ ခန႔္မွန္းေပး ထားသည္။ ‘အေမွာင္မွာ႐ြာတဲ့ မိုးတိမ္’ ဇာတ္ကားတြင္ ပုဂံေဒသ မွ ေတာင္းရမ္းစားေသာက္ရသူ တစ္ဦးအျဖစ္ ဟိန္းမင္းက သ႐ုပ္ေဆာင္ထားၿပီး လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပရိသတ္မ်ားအပါအဝင္ ႐ုပ္ရွင္ေလာကသားမ်ားကပါ ၎ကို အကယ္ဒမီတစ္ႀကိဳခန႔္မွန္းေပးထားသည္။ ထို႔အျပင္ ယခုႏွစ္ အကယ္ဒမီေပးပြဲတြင္ ဇာတ္ပို႔ဆုအတြက္ ဇာတ္ပို႔ သ႐ုပ္ေဆာင္မ်ားကိုသာ ေ႐ြးခ်ယ္မည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚေနေသာေၾကာင့္ ယင္းကိစၥသာမွန္ကန္ပါက ဟိန္းမင္းအတြက္ ဇာတ္ပို႔ဆုေသခ်ာသည့္ သေဘာပင္ျဖစ္သည္။ မ်ားေသာအားျဖင့္ ဇာတ္ပို႔ဆုမ်ားကို ဇာတ္ပို႔သ႐ုပ္ေဆာင္မ်ားထက္ မင္းသား၊ မင္းသမီးအမ်ားစုကသာ ရရွိေန ေသာေၾကာင့္ ယင္းသတင္းမွန္ ကန္ပါက ဇာတ္ပို႔မ်ားအတြက္ အခြင့္အလမ္းမ်ား ပိုမိုမ်ားျပားလာ မည္ျဖစ္သည္။ အကယ္ဒမီႏွင့္ ပတ္သက္၍ ဟိန္းမင္းက ‘‘ပရိ သတ္ေပးတဲ့ ဆုကေတာ့ရသြား ၿပီ။ ကံတရားကို ေစာင့္ၾကည့္ရမွာ ေပါ့။ ႐ုပ္ရွင္သက္တမ္း ႏွစ္ေလး ဆယ္ေက်ာ္ပါၿပီ။ ဒီလိုတစ္ခါမွ မခံစားဖူးဘူး’’ ဟု ေျပာသည္။

ထူးမြန္
ဇာတ္ပို႔ဆုအတြက္ ခန႔္မွန္း ေပးမႈမ်ား ရွိေသာ္လည္း အၿမဲလြဲ ေခ်ာ္ခဲ့သည့္ ထူးမြန္ကို ပရိသတ္ မ်ားက ‘အေမွာင္မွာ႐ြာတဲ့ မိုးတိမ္ (ကြၽန္)’ ဇာတ္ကားျဖင့္ အကယ္ဒမီ ခန႔္မွန္းေပးထားသည္။ ယင္း ဇာတ္ကားတြင္ ထူးမြန္က ပုဂံေဒ သမွ ေတာင္းရမ္းစားေသာက္ရသူ အနာႀကီးေရာဂါသည္၊ သမီးျဖစ္ သူ ဘဝေကာင္းစားေရးစြန႔္လႊတ္အနစ္နာခံသည့္ မိခင္တစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသည္။

ၿပီးခဲ့သည့္ႏွစ္က ‘အုတ္ ၾကားျမက္ေပါက္’ ဇာတ္ကားျဖင့္ အကယ္ဒမီရရန္ ေရပန္းစားခဲ့ ေသာ္လည္း ႐ုပ္ရွင္ထူးခြၽန္ဆု စိစစ္ အကဲျဖတ္ေရးအဖြဲ႕က သတ္မွတ္ ထားသည့္ ရာခိုင္ႏႈန္းမျပည့္မီ ေသာေၾကာင့္ဆိုကာ အမ်ိဳးသမီး ဇာတ္ပို႔ဆု ေပးအပ္ခဲ့ျခင္းမရွိသ ျဖင့္ အကယ္ဒမီႏွင့္ လြဲေခ်ာ္ခဲ့ရ သည္။ ယခုႏွစ္တြင္ ထူးခြၽန္ဆု ၁၁ ဆုလုံး ေပးအပ္မည္ဆိုေသာ ေၾကာင့္ ထူးမြန္အတြက္ ဇာတ္ပို႔ဆု ေမွ်ာ္လင့္ႏိုင္မည့္ အေျခအေနျဖစ္ သည္။ ပရိသတ္ေပးသည့္ အကယ္ ဒမီရရွိထားသည့္ ထူးမြန္က အ ကယ္ဒမီသည္ နတ္ႀကီးေသာ ေၾကာင့္ မေမွ်ာ္မွန္းရဲေၾကာင္း ေျပာၾကားထားသည္။

စင္ေရာ္ေမာင္ေမာင္
မိခင္တစ္ဦး၏ ေမတၱာကို အဓိက ပုံေဖာ္႐ိုက္ကူးထားသည့္ ‘ထာဝရအေမ’ ဇာတ္ကားျဖင့္ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ကို ပရိသတ္မ်ားက အကယ္ဒမီ ခန႔္ မွန္းေပးထားသည္။ ယင္းဇာတ္ ကားသည္ အသည္းအထူးကု ဆရာဝန္ႀကီး ေဒါက္တာခင္ေမာင္ ဝင္း၏ ‘အေမႏွင့္ ကြၽန္ေတာ္’ စာ အုပ္ကို ႐ိုက္ကူးပုံေဖာ္ထားျခင္း ျဖစ္ၿပီး သားသမီးမ်ားအေပၚတြင္ အနစ္နာခံသည့္ မိခင္တစ္ဦး၏ ေမတၱာတရားကို ေဖာ္က်ဴး႐ိုက္ကူး ထားျခင္းျဖစ္သည္။ မိခင္ကိုခ်စ္ သည့္ သားတစ္ဦးအေနျဖင့္ ယင္းဇာတ္ကားကို ႏွလုံးသားျဖင့္ ႐ိုက္ကူးခဲ့ျခင္းျဖစ္သည္ဟု ဒါ႐ိုက္ တာစင္ေရာ္ေမာင္ေမာင္က ‘ထာ ဝရအေမ’ ႏွင့္ပတ္သက္၍ ေျပာ ၾကားထားသည္။ ယင္းဇာတ္ကား ကို ျမန္မာႏိုင္ငံတြင္သာမက စင္ ကာပူႏိုင္ငံ၌လည္း ႐ုံတင္ျပသ ရာ ေအာင္ျမင္မႈရရွိခဲ့သည္။ ‘‘ပရိ သတ္ၾကားမွာေတာ့ ကြၽန္ေတာ္တို႔ က အထူးေက်နပ္ေလာက္တဲ့ ေအာင္ျမင္မႈ သတ္မွတ္မႈရရွိခဲ့ တယ္။ ဒီကားကို ႐ိုက္ခဲ့တာအ ေၾကာင္းရွိတယ္။ ဒီလိုအေမမ်ိဳး ေတြ၊ ဒီလိုသားေတြ ကမာၻႀကီးမွာ အမ်ားႀကီး ေပၚထြန္းလာဖို႔လို တယ္။ အဲဒီရည္႐ြယ္ခ်က္နဲ႔႐ိုက္ တာ။ ဒီကားႀကီးရွင္သန္ေနသ ေ႐ြ႕ အေမကို ကိုယ္စားျပဳတဲ့၊ အေမကို ေက်းဇူးဆပ္တဲ့သားေတြ ေပၚထြန္းေရးကို ဦးတည္တာ။ ဒီလို ကားမ်ိဳး ဆုရခဲ့ရင္ ကြၽန္ေတာ္တို႔ အတြက္ အတိုင္းထက္အလြန္ပါ’’ ဟု အကယ္ဒမီႏွင့္ပတ္သက္၍ ဒါ ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ေျပာသည္။ ဒါ႐ိုက္တာစင္ေရာ္ ေမာင္ေမာင္သည္ ဒါ႐ိုက္တာဆု ကို ‘တျပည္သူ မေ႐ႊထား’ ၊ ‘လွ်ိဳ႕ ဝွက္ေသာႏွင္း’ ႐ုပ္ရွင္ဇာတ္ကား မ်ားျဖင့္ ရရွိထားသည္။ ၿပီးခဲ့ သည့္ ႏွစ္မ်ားအတြင္း ‘ႀကိဳးၾကာ ေတာင္ပံခတ္သံ’ ၊ ‘ပန္းၾကာဝတ္ မႈံ’ ႐ုပ္ရွင္ဇာတ္ကားမ်ားႏွင့္ အ ကယ္ဒမီရရန္ တစ္ႀကိဳခန႔္မွန္းေပး မႈမ်ား ရွိေသာ္လည္း လြဲေခ်ာ္ခဲ့ ၿပီး ဒါ႐ိုက္တာ စင္ေရာ္ေမာင္ ေမာင္ ပရိသတ္မ်ား ခန႔္မွန္းေပး ထားသည့္ ‘ထာဝရအေမ’ ျဖင့္ ဒါ႐ိုက္တာဆု ထပ္မံရရွိမည္လားဆိုသည္ကို ေစာင့္ၾကည့္ရမည္ျဖစ္သည္။
ဝိုင္း
၂၀၁၇ အတြင္း ပရိသတ္အား ေပးမႈရရွိသည့္ ဇာတ္ကားမ်ားကို ႐ိုက္ကူးထားသည့္ ဒါ႐ိုက္တာ ဝိုင္းကိုလည္း ပရိသတ္မ်ားက ဒါ႐ိုက္တာဆု ရရန္ခန႔္မွန္းေပး ထားသည္။ ‘တာေတႀကီး’ ၊ ‘ရင္ ဘတ္ထဲကဓား’ ၊ ‘ေနဝင္အိပ္တန္း တက္’ ႏွင့္ ‘သရဲမ ဘီလူးမႏွင့္ မိန္းမ ပ်ိဳ’ ဇာတ္ကားမ်ားသည္ ၂၀၁၇ အတြင္း ႐ုံတင္ခဲ့ေသာ ဒါ႐ိုက္တာ ဝိုင္း ႐ိုက္ကူးသည့္ ဇာတ္ကားမ်ား ျဖစ္ၿပီး ပရိသတ္အားေပးမႈရရွိ သလို ႐ုပ္ရွင္ထူးခြၽန္ဆုရႏိုင္သည္ ဟု ပရိသတ္မ်ားက ခန႔္မွန္းေပးခဲ့ သည္။ ယင္းဇာတ္ကားမ်ားတြင္ ‘တာေတႀကီး’ ဇာတ္ကားသည္ ျပည္ပ ႐ုပ္ရွင္ကားတစ္ကားကို မွီျငမ္း႐ိုက္ကူးထားျခင္း ျဖစ္ေသာ ေၾကာင့္ အကယ္ဒမီစည္းမ်ဥ္းအရ ဒါ႐ိုက္တာဆု ရရွိႏိုင္မည္ မဟုတ္ ေပ။ သို႔ေသာ္ ‘ရင္ဘတ္ထဲကဓား’ ၊ ‘ေနဝင္အိပ္တန္းတက္’ ဇာတ္ကား မ်ားသည္ ဇာတ္လမ္း ဇာတ္အိမ္ ခိုင္ခိုင္မာမာျဖင့္ ႐ိုက္ကူးထား သည့္ ဇာတ္ကားမ်ားျဖစ္ေသာ ေၾကာင့္ ဒါ႐ိုက္တာဆု ေမွ်ာ္မွန္း ၍ ရႏိုင္ေသာဇာတ္ကားမ်ားျဖစ္ သည္။ ဒါ႐ိုက္တာဝိုင္း ႐ိုက္ကူး သည့္ ႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ား ကို ပရိသတ္မ်ားက အကယ္ဒမီရရွိ ႏိုင္ေၾကာင္း ခန႔္မွန္းေပးခဲ့သည္။ ထို႔ေၾကာင့္ ‘အာဒံရယ္ ဧဝရယ္ ဒႆရယ္’ ၊ ‘ေစတန္ရဲ႕ကေခ် သည္’ ၊ ‘ကြၽန္မကႏွင္းဆီပါေမာင္’ ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီသုံး ဆုရွင္ ဒါ႐ိုက္တာ ဝိုင္းအတြက္ ဆု တစ္ဆု ထပ္တိုးလာမည္လားဆို သည္ကို ေစာင့္ၾကည့္ရမည္ျဖစ္ သည္။ ၂၀၁၇ အတြက္ ျမန္မာ့႐ုပ္ ရွင္ထူးခြၽန္ဆုေပးပြဲကို မတ္လ ၂၃ ရက္တြင္ မင္းဓမၼလမ္းရွိ Myanmar Event Park ၌ ျပဳလုပ္မည္ ျဖစ္သည္။ အထက္ပါတစ္ႀကိဳရွင္ မ်ားႏွင့္အတူ ပရိသတ္မ်ားက ၎ တို႔အားေပးသည့္ အႏုပညာရွင္ မ်ားကိုလည္း အကယ္ဒမီခန႔္မွန္း ေပးထားသည္။ သို႔ေသာ္ ခန႔္မွန္းထားသူမ်ားႏွင့္ ထူးခြၽန္ဆုရရွိသူမ်ားကြဲလြဲမႈရွိသည္မွာ ျဖစ္႐ိုးျဖစ္စဥ္ကိစၥလို ျဖစ္ေနေသာေၾကာင့္ မည္သည့္အႏုပညာရွင္မ်ား ေအာင္ပြဲခံမည္ကို ေစာင့္ၾကည့္ရဦးမည္ျဖစ္သည္။
Credit:7Day News Journal

 

UniCodeဖြင့်ဖတ်ရန်

 

အကယ်ဒမီ တစ်ကြိုစာရင်းတွင် ပရိသတ်ခန့်မှန်းချက်ဖြင့် ရေပန်းစားနေသော အနုပညာရှင်များ

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မည်သည့်အနုပညာရှင်က အကယ်ဒမီ ဆွတ်ခူးမည်လဲဆိုသည်ကို ပရိသတ်များက စိတ်ဝင်စားနေသည်။ လတ်တလော အကယ်ဒမီ တစ်ကြိုစာရင်း မင်းသားများတွင် နေတိုး၊ ပြေတီဦး၊ မင်းသမီးများတွင် မေသန်းနု၊ အိန္ဒြာကျော်ဇင်တို့က ရေပန်းအစားဆုံးဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများတွင် ‘ထာဝရ အမေ’ ၊ ‘သရာစောထိ’ စသည့် ဇာတ်ကားများဆုရနိုင် သည်ဟု ရေပန်းစားနေသလို လူငယ်သရုပ်ဆောင်များနှင့် ပုံဖော်ထားသည့် ‘ည’ ဇာတ်ကားက လည်း အတတ်ပညာဆိုင်ရာဆု ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ရုပ်ရှင်ထူးချွန်ဆု စိစစ် အကဲဖြတ်ရေး အဖွဲ့က ယခုနှစ် တွင် သတ်မှတ်ထားသည့် ဆုအရေ အတွက် အားလုံးအတွက် ချီးမြှင့် မည်ဟု ဆုံးဖြတ်ထားသောကြောင့် ရုပ်ရှင်လောကသား အားလုံးအ တွက် ပျော်ရွှင်ရမည့် နှစ်တစ်နှစ် ဖြစ်လာမည်ဟု မျှော်လင့်နိုင် သည်။ ထို့ကြောင့် ယခုနှစ်အကယ် ဒမီတစ်ကြိုရုပ်ရှင်များနှင့် ပတ် သက်သည့် အကြောင်းအရာများ ကို စုစည်းဖော်ပြလိုက်ပါသည်။

နေတိုး
နေတိုးကို ‘တာတေကြီး’ ဇာတ်ကားဖြင့် အမျိုးသားဇာတ် ဆောင်ဆု ရရှိမည်ဟု ပရိသတ်များအပါအဝင် အနုပညာအသိုင်းအ ဝိုင်းက ခန့်မှန်းထားသည်။ ‘တာ တေကြီး’ ဇာတ်ကားတွင် မိန်းမ လျာ မမတာအဖြစ် ပီပြင်သည့် သရုပ်ဆောင်မှုများနှင့် သရဲဝင်ပူး သည့် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်မှုများကို ပရိသတ်များက ရုံတင်ချိန်ကတည်းက ချီးကျူးခဲ့သလို ထူးချွန်ဆုရရှိနိုင်သည်ဟု ခန့်မှန်းပေးထားသည်။

‘တာတေကြီး’ ရုပ်ရှင်သည် ကော်ပီကားဖြစ်သောကြေင့် ထူးချွန်ဆုမပေးဟု ပြောကြားမှုအချို့ ရှိသော်လည်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ယခုနှစ်အကယ်ဒမီကို ယခင်စည်းမျဉ်းဖြင့် ပေးမည်ဖြစ်သောကြောင့် ယင်းပြောကြားမှုသည် မဟုတ်မှန်ကြောင်း ပြန် လည်ဖြေကြားသည်။

ထူးခြားမှုတစ်ခုအနေဖြင့် ယခင်ကနေတိုးရရှိခဲ့သည့် အကယ်ဒမီများသည်လည်း ‘တာတေကြီး’ ကဲ့သို့ပင်ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ရသည့် ဇာတ်ကားများဖြစ်သည်။

ပထမဆုံး အကယ်ဒမီရရှိသည့် ‘မိုးညအိပ်မက်မြူ’ ရုပ်ရှင်ကားတွင် နေတိုးက စိတ်ရောဂါသည်တစ်ဦးအဖြစ် ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီရရှိသည့် ‘နက္ခတ်မှားတဲ့ တိုက်ပွဲ’ ရုပ်ရှင်တွင်လည်း အဖေနှင့်သားစရိုက်နှစ်မျိုးသရုပ်ဆောင်ခဲ့သည်။

ထို့အတူ ‘တာတေကြီး’ ဇာတ်ကားတွင်လည်းဇာတ်ရုပ် တစ်မျိုးထက်ပိုသည့် သရုပ်ဆောင်မှုများကြောင့် နေတိုး အတွက် တတိယအကယ်ဒမီဖြစ် လာ၊ မလာကို စောင့်ကြည့်ရမည် ဖြစ်သည်။ အကယ်ဒမီနှင့်ပတ် သက်၍ နေတိုးက ‘‘ပရိသတ်တွေ ကတော့ ဒီကားအပေါ်မှာ အရမ်း မျှော်လင့်တယ်။ အက်တင်နဲ့ပတ် သက်ပြီး ကျွန်တော့်ဆီမှာ တစ်ခါမှ မမြင်ဖူးတော့ အကယ်ဒမီတော့ မှန်းကြတယ်။ အကယ်ဒမီနဲ့ပတ် သက်ပြီးတော့ ကျွန်တော့်အနေနဲ့ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒဘာမှ မရှိပါဘူး။ အားလုံးက အများဆန္ဒ အတိုင်းပဲ ဖြစ်စေချင်ပါတယ်’’ ဟု ပြောသည်။

ပြေတီဦး
ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးခဲ့ သည့် ဇာတ်ကားများဖြင့် အကယ် ဒမီအကျိုးပေးသည့် ပြေတီဦးကို ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအ တွက် ‘ရင်ဘတ်ထဲကဓား’ နှင့် ‘နေဝင်အိပ်တန်းတက်’ ဇာတ်ကား များဖြင့် အကယ်ဒမီရရှိနိုင်သည် ဟု ခန့်မှန်းထားသည်။ ‘ရင် ဘတ်ထဲက ဓား’ ရုပ်ရှင်ဇာတ်ကား တွင် အိမ်ထောင့်တာဝန် မကျေ ပွန်သည့် ခင်ပွန်းသည်တစ်ဦး၊ အမေနှင့်အစ်မ၏ စကားများ ကြောင့် ဇနီးကို ကန့်လန့်တိုက်သူ တစ်ဦးအဖြစ် ဂျစ်ကန်ကန်ဇာတ် ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး ‘နေဝင်အိပ်တန်းတက်’ ဇာတ်ကား တွင် ရောဂါသည်ဇနီးအပေါ် သစ္စာစောင့်သိသူ၊ ဂုဏ်သိက္ခာကိုတန်ဖိုး ထားသည့် ဆရာဝန်အဖြစ် တည် တည် ငြိမ်ငြိမ်သရုပ်ဆောင်ထား သည်။ ယင်းဇာတ်ကားနှစ်ကားစ လုံးတွင် ပြေတီဦးကို ယခင်မြင်ဖူး နေကျ ပြေတီဦးနှင့် ကွဲထွက်အောင်သရုပ်ဆောင်နိုင်ခဲ့သည်ဟု ပရိ သတ်အများစုက မှတ်ချက်ပြုခဲ့ သည်။ ပြေတီဦးသည် ၎င်း၏ပထမ ဆုံး အကယ်ဒမီ ‘အာဒံရယ် ဧဝရယ် ဒဿရယ်’ ရုပ်ရှင်ဇာတ် ကားက အစပြု၍ ‘လက်ပံ’ ၊ ‘နင် စေရင်’ ၊ ‘နှလုံးသားဖြင့် ပြုလုပ် သည်’ ဇာတ်ကားများဖြင့် အကယ် ဒမီရရှိခြင်းဖြစ်သောကြောင့် ယခု နှစ်တွင်လည်း ယခင်အစဉ်အလာ အတိုင်း ဒါရိုက်တာဝိုင်း ရိုက်ကူး သည့် ဇာတ်ကားဖြင့် ပဉ္စမမြောက် အကယ်ဒမီ ဖြစ်လာမည်လားဆို သည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။

အိန္ဒြာကျော်ဇင်
အကယ်ဒမီ တစ်ကြိုစာရင်း တွင် နှစ်တိုင်းလိုလို ပါဝင်လေ့ရှိ သော်လည်း အကယ်ဒမီကံခေခဲ့ သူ အိန္ဒြာကျော်ဇင်ကို ‘ရင်ဘတ်ထဲ ကဓား’ ရုပ်ရှင်ဇာတ်ကားဖြင့် အ ကယ်ဒမီရရှိနိုင်သည်ဟု ပရိသတ် များက ခန့်မှန်းပေးထားသည်။ ‘ရင်ဘတ်ထဲဓား’ ရုပ်ရှင်သည် အိမ်ထောင်ရေးဒရာမာ ဇာတ်ကား ဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်ဈေး ကွက်တွင် အောင်မြင်မှုရရှိပြီး ဇာတ်ကား ရုံတင်ချိန်ကတည်းက ပရိသတ်များပေးသည့် အကယ် ဒမီကို အိန္ဒြာကျော်ဇင် ရရှိခဲ့သည်။ အိမ် ထောင်ရေး အဆင်မပြေမှုများ ကြုံရသည့် လရိပ်ဝေးဆိုသည့် အ မျိုးသမီးတစ်ဦးအဖြစ် ပရိသတ် လက်ခံခဲ့သလို အကယ်ဒမီနှင့်ပတ် သက်၍ ကံကောင်းမည့်နှစ် ဖြစ် လာမည်လားဆိုသည်ကို စောင့် ကြည့်ရမည်ဖြစ်သည်။ သရုပ် ဆောင်ကောင်းသလို ရုပ်ရှင် ဇာတ်ကားများစွာ ရိုက်ကူးထား သူတစ်ဦးဖြစ်သော်လည်း အိန္ဒြာကျော်ဇင်က ၎င်း၏အနုပညာသက်တမ်းအတွင်း ‘မျက်နှာများတဲ့ကောင်းကင်’ ဇာတ်ကားဖြင့် အကယ်ဒမီတစ်ဆုသာ ရရှိထားသည်။

ယင်းအကယ်ဒမီသည် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ခင်ပွန်း ပြေတီဦးက အကယ်ဒမီနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သည့် ဇနီးကို အကယ်ဒမီရစေချင်ကြောင်း ပြောကြားထားသည်။
အိန္ဒြာကျော်ဇင်ကလည်း ‘ရင် ဘတ်ထဲက ဓား’ ရုပ်ရှင်တွင်သရုပ် ဆောင်ထားသည့် ဇာတ်ရုပ်ကို အားရသောကြောင့် ပရိသတ်များ ခန့်မှန်းပေးထားသည့် အတိုင်း အကယ်ဒမီ လိုချင်သည်ဟု ပြော ကြားထားသည်။ ‘‘ပရိသတ် တွေ အရမ်းပေးထားတော့ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေအတွက် ယူပေးချင်တယ်။ အရမ်းရစေ ချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း ရချင်ပါတယ်။ သရုပ်ဆောင်ဖြစ် တဲ့အတွက်၊ ကိုယ်ကြိုးစားတဲ့ အတွက် ကြိုးစားထားတာလေး တစ်ခုကိုတော့ အရာထင်ချင်ပါ တယ်’’ ဟု အိန္ဒြာကျော်ဇင်က ပြောသည်။

မေသန်းနု
အသက်အရွယ်အရ အဓိက ဇာတ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ် ကားများတွင် မတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သော မေ သန်းနုကို ‘ထာဝရအမေ’ ရုပ်ရှင် ဇာတ်ကားဖြင့် ပရိသတ်များက အကယ်ဒမီ ခန့်မှန်းပေးထား သည်။ ‘ထာဝရအမေ’ ဇာတ်ကား သည် သားသမီးများကို ချစ်သည့် မိခင်တစ်ဦးအကြောင်း အဓိက အသားပေး ပုံဖော်ထားခြင်းဖြစ် သောကြောင့် မေသန်းနုအတွက် လုပ်ကွက်ရသည့် ရုပ်ရှင်ဖြစ်ပြီး အသက်အရွယ်နှင့်လည်း လိုက် ဖက်သည့် ဇာတ်ရုပ်ဖြစ်ကာ မေ သန်းနုက ၎င်း၏အနုပညာစွမ်းရည် များကို ပြသခွင့်ရခဲ့သည်။ သရုပ် ဆောင်မင်းသမီးများတွင် အကယ် ဒမီအများဆုံး ရရှိထားသည့် မင်း သမီးတစ်ဦးဖြစ်သည့် မေသန်းနု သည် ယခုနှစ်အကယ်ဒမီပေးပွဲ တွင် ဆုထပ်ရရှိပါက အကယ်ဒ မီခြောက်ဆုရရှိသည့် ပထမဆုံး အမျိုးသမီး သရုပ်ဆောင်ဖြစ်လာ မည်ဖြစ်သည်။ မေသန်းနုသည် ‘မူ ပိုင်ချစ်သူ’ ၊ ‘ပုဂံမှာ သာတဲ့လ’ ၊ ‘အလင်းဖျော့ကောင်းကင်’ ၊ ‘ချစ် ခြင်း၏ အခြားမဲ့၌’ နှင့် ‘ငါသူတစ် ပါး ယောက်ျား မိန်းမ’ ရုပ်ရှင်ဇာတ် ကားများဖြင့် အမျိုးသမီးဇာတ် ဆောင်ဆု လေးဆုနှင့် ဇာတ်ပို့ဆု တစ်ဆုရရှိထားသည်။

ဟိန်းမင်း
ရုပ်ရှင်သက်တမ်းနှစ်လေး ဆယ်ကျော်အတွင်း ပထမဆုံးအ ကြိမ်အနေဖြင့် ဇာတ်ပို့သရုပ် ဆောင် ဟိန်းမင်းကို ‘အမှောင်မှာ ရွာတဲ့ မိုးတိမ် (ကျွန်)’ ဇာတ်ကား ဖြင့် အကယ်ဒမီရရှိရန် ခန့်မှန်းပေး ထားသည်။ ‘အမှောင်မှာရွာတဲ့ မိုးတိမ်’ ဇာတ်ကားတွင် ပုဂံဒေသ မှ တောင်းရမ်းစားသောက်ရသူ တစ်ဦးအဖြစ် ဟိန်းမင်းက သရုပ်ဆောင်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပရိသတ်များအပါအဝင် ရုပ်ရှင်လောကသားများကပါ ၎င်းကို အကယ်ဒမီတစ်ကြိုခန့်မှန်းပေးထားသည်။ ထို့အပြင် ယခုနှစ် အကယ်ဒမီပေးပွဲတွင် ဇာတ်ပို့ဆုအတွက် ဇာတ်ပို့ သရုပ်ဆောင်များကိုသာ ရွေးချယ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ယင်းကိစ္စသာမှန်ကန်ပါက ဟိန်းမင်းအတွက် ဇာတ်ပို့ဆုသေချာသည့် သဘောပင်ဖြစ်သည်။ များသောအားဖြင့် ဇာတ်ပို့ဆုများကို ဇာတ်ပို့သရုပ်ဆောင်များထက် မင်းသား၊ မင်းသမီးအများစုကသာ ရရှိနေ သောကြောင့် ယင်းသတင်းမှန် ကန်ပါက ဇာတ်ပို့များအတွက် အခွင့်အလမ်းများ ပိုမိုများပြားလာ မည်ဖြစ်သည်။ အကယ်ဒမီနှင့် ပတ်သက်၍ ဟိန်းမင်းက ‘‘ပရိ သတ်ပေးတဲ့ ဆုကတော့ရသွား ပြီ။ ကံတရားကို စောင့်ကြည့်ရမှာ ပေါ့။ ရုပ်ရှင်သက်တမ်း နှစ်လေး ဆယ်ကျော်ပါပြီ။ ဒီလိုတစ်ခါမှ မခံစားဖူးဘူး’’ ဟု ပြောသည်။

ထူးမွန်
ဇာတ်ပို့ဆုအတွက် ခန့်မှန်း ပေးမှုများ ရှိသော်လည်း အမြဲလွဲ ချော်ခဲ့သည့် ထူးမွန်ကို ပရိသတ် များက ‘အမှောင်မှာရွာတဲ့ မိုးတိမ် (ကျွန်)’ ဇာတ်ကားဖြင့် အကယ်ဒမီ ခန့်မှန်းပေးထားသည်။ ယင်း ဇာတ်ကားတွင် ထူးမွန်က ပုဂံဒေ သမှ တောင်းရမ်းစားသောက်ရသူ အနာကြီးရောဂါသည်၊ သမီးဖြစ် သူ ဘဝကောင်းစားရေးစွန့်လွှတ်အနစ်နာခံသည့် မိခင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

ပြီးခဲ့သည့်နှစ်က ‘အုတ် ကြားမြက်ပေါက်’ ဇာတ်ကားဖြင့် အကယ်ဒမီရရန် ရေပန်းစားခဲ့ သော်လည်း ရုပ်ရှင်ထူးချွန်ဆု စိစစ် အကဲဖြတ်ရေးအဖွဲ့က သတ်မှတ် ထားသည့် ရာခိုင်နှုန်းမပြည့်မီ သောကြောင့်ဆိုကာ အမျိုးသမီး ဇာတ်ပို့ဆု ပေးအပ်ခဲ့ခြင်းမရှိသ ဖြင့် အကယ်ဒမီနှင့် လွဲချော်ခဲ့ရ သည်။ ယခုနှစ်တွင် ထူးချွန်ဆု ၁၁ ဆုလုံး ပေးအပ်မည်ဆိုသော ကြောင့် ထူးမွန်အတွက် ဇာတ်ပို့ဆု မျှော်လင့်နိုင်မည့် အခြေအနေဖြစ် သည်။ ပရိသတ်ပေးသည့် အကယ် ဒမီရရှိထားသည့် ထူးမွန်က အ ကယ်ဒမီသည် နတ်ကြီးသော ကြောင့် မမျှော်မှန်းရဲကြောင်း ပြောကြားထားသည်။

စင်ရော်မောင်မောင်
မိခင်တစ်ဦး၏ မေတ္တာကို အဓိက ပုံဖော်ရိုက်ကူးထားသည့် ‘ထာဝရအမေ’ ဇာတ်ကားဖြင့် ဒါရိုက်တာ စင်ရော်မောင်မောင်ကို ပရိသတ်များက အကယ်ဒမီ ခန့် မှန်းပေးထားသည်။ ယင်းဇာတ် ကားသည် အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင် ဝင်း၏ ‘အမေနှင့် ကျွန်တော်’ စာ အုပ်ကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ပြီး သားသမီးများအပေါ်တွင် အနစ်နာခံသည့် မိခင်တစ်ဦး၏ မေတ္တာတရားကို ဖော်ကျူးရိုက်ကူး ထားခြင်းဖြစ်သည်။ မိခင်ကိုချစ် သည့် သားတစ်ဦးအနေဖြင့် ယင်းဇာတ်ကားကို နှလုံးသားဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဒါရိုက် တာစင်ရော်မောင်မောင်က ‘ထာ ဝရအမေ’ နှင့်ပတ်သက်၍ ပြော ကြားထားသည်။ ယင်းဇာတ်ကား ကို မြန်မာနိုင်ငံတွင်သာမက စင် ကာပူနိုင်ငံ၌လည်း ရုံတင်ပြသ ရာ အောင်မြင်မှုရရှိခဲ့သည်။ ‘‘ပရိ သတ်ကြားမှာတော့ ကျွန်တော်တို့ က အထူးကျေနပ်လောက်တဲ့ အောင်မြင်မှု သတ်မှတ်မှုရရှိခဲ့ တယ်။ ဒီကားကို ရိုက်ခဲ့တာအ ကြောင်းရှိတယ်။ ဒီလိုအမေမျိုး တွေ၊ ဒီလိုသားတွေ ကမ္ဘာကြီးမှာ အများကြီး ပေါ်ထွန်းလာဖို့လို တယ်။ အဲဒီရည်ရွယ်ချက်နဲ့ရိုက် တာ။ ဒီကားကြီးရှင်သန်နေသ ရွေ့ အမေကို ကိုယ်စားပြုတဲ့၊ အမေကို ကျေးဇူးဆပ်တဲ့သားတွေ ပေါ်ထွန်းရေးကို ဦးတည်တာ။ ဒီလို ကားမျိုး ဆုရခဲ့ရင် ကျွန်တော်တို့ အတွက် အတိုင်းထက်အလွန်ပါ’’ ဟု အကယ်ဒမီနှင့်ပတ်သက်၍ ဒါ ရိုက်တာ စင်ရော်မောင်မောင်က ပြောသည်။ ဒါရိုက်တာစင်ရော် မောင်မောင်သည် ဒါရိုက်တာဆု ကို ‘တပြည်သူ မရွှေထား’ ၊ ‘လျှို့ ဝှက်သောနှင်း’ ရုပ်ရှင်ဇာတ်ကား များဖြင့် ရရှိထားသည်။ ပြီးခဲ့ သည့် နှစ်များအတွင်း ‘ကြိုးကြာ တောင်ပံခတ်သံ’ ၊ ‘ပန်းကြာဝတ် မှုံ’ ရုပ်ရှင်ဇာတ်ကားများနှင့် အ ကယ်ဒမီရရန် တစ်ကြိုခန့်မှန်းပေး မှုများ ရှိသော်လည်း လွဲချော်ခဲ့ ပြီး ဒါရိုက်တာ စင်ရော်မောင် မောင် ပရိသတ်များ ခန့်မှန်းပေး ထားသည့် ‘ထာဝရအမေ’ ဖြင့် ဒါရိုက်တာဆု ထပ်မံရရှိမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဝိုင်း
၂၀၁၇ အတွင်း ပရိသတ်အား ပေးမှုရရှိသည့် ဇာတ်ကားများကို ရိုက်ကူးထားသည့် ဒါရိုက်တာ ဝိုင်းကိုလည်း ပရိသတ်များက ဒါရိုက်တာဆု ရရန်ခန့်မှန်းပေး ထားသည်။ ‘တာတေကြီး’ ၊ ‘ရင် ဘတ်ထဲကဓား’ ၊ ‘နေဝင်အိပ်တန်း တက်’ နှင့် ‘သရဲမ ဘီလူးမနှင့် မိန်းမ ပျို’ ဇာတ်ကားများသည် ၂၀၁၇ အတွင်း ရုံတင်ခဲ့သော ဒါရိုက်တာ ဝိုင်း ရိုက်ကူးသည့် ဇာတ်ကားများ ဖြစ်ပြီး ပရိသတ်အားပေးမှုရရှိ သလို ရုပ်ရှင်ထူးချွန်ဆုရနိုင်သည် ဟု ပရိသတ်များက ခန့်မှန်းပေးခဲ့ သည်။ ယင်းဇာတ်ကားများတွင် ‘တာတေကြီး’ ဇာတ်ကားသည် ပြည်ပ ရုပ်ရှင်ကားတစ်ကားကို မှီငြမ်းရိုက်ကူးထားခြင်း ဖြစ်သော ကြောင့် အကယ်ဒမီစည်းမျဉ်းအရ ဒါရိုက်တာဆု ရရှိနိုင်မည် မဟုတ် ပေ။ သို့သော် ‘ရင်ဘတ်ထဲကဓား’ ၊ ‘နေဝင်အိပ်တန်းတက်’ ဇာတ်ကား များသည် ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်မာမာဖြင့် ရိုက်ကူးထား သည့် ဇာတ်ကားများဖြစ်သော ကြောင့် ဒါရိုက်တာဆု မျှော်မှန်း ၍ ရနိုင်သောဇာတ်ကားများဖြစ် သည်။ ဒါရိုက်တာဝိုင်း ရိုက်ကူး သည့် ရုပ်ရှင်တော်တော်များများ ကို ပရိသတ်များက အကယ်ဒမီရရှိ နိုင်ကြောင်း ခန့်မှန်းပေးခဲ့သည်။ ထို့ကြောင့် ‘အာဒံရယ် ဧဝရယ် ဒဿရယ်’ ၊ ‘စေတန်ရဲ့ကချေ သည်’ ၊ ‘ကျွန်မကနှင်းဆီပါမောင်’ ဇာတ်ကားများဖြင့် အကယ်ဒမီသုံး ဆုရှင် ဒါရိုက်တာ ဝိုင်းအတွက် ဆု တစ်ဆု ထပ်တိုးလာမည်လားဆို သည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။ ၂၀၁၇ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည် ဖြစ်သည်။ အထက်ပါတစ်ကြိုရှင် များနှင့်အတူ ပရိသတ်များက ၎င်း တို့အားပေးသည့် အနုပညာရှင် များကိုလည်း အကယ်ဒမီခန့်မှန်း ပေးထားသည်။ သို့သော် ခန့်မှန်းထားသူများနှင့် ထူးချွန်ဆုရရှိသူများကွဲလွဲမှုရှိသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စလို ဖြစ်နေသောကြောင့် မည်သည့်အနုပညာရှင်များ အောင်ပွဲခံမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
Credit:7Day News Journal