Image result for Man u

 

ZawGyiျဖင့္ဖတ္ရန္

 

QPR အသင္းကိုေတာ့ မန္ယူပရိသတ္ေတာ္ေတာ္မ်ားမ်ား ေမ့ႏိုင္မယ္မထင္ပါဘူး။

ၿပီးခဲ့တဲ့အပတ္က မန္ယူအသင္းကို ၂ ဂိုးျပတ္ဦးေဆာင္ထားၿပီးမွ ေခ်ပဂိုးေတြနဲ႔အတူ ေနာက္က် ဦးေဆာင္ဂိုး ျပန္ေပးလိုက္ရတဲ့ ခရစၥတယ္ ပဲေလ့စ္ အသင္းဟာ မန္ယူအသင္းကို ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အႏိုင္ရဖူးမယ့္ အခြင့္အေရးေကာင္းတစ္ရပ္ကို လက္လႊတ္ခဲ့ရပါတယ္။

ယင္းျဖစ္စဥ္နဲ႔စပ္လ်ဥ္းၿပီး မန္ယူအသင္းကို ပရီးမီးယားလိဂ္မွာ အႏိုင္မရဖူးတဲ့ အသင္းေတြကို ေလ့လာၾကည့္ရာမွာေတာ့ ၁၁ အထိ ရွိေနတာကို ေတြ႕ျမင္ရပါတယ္။

(၁၁) ဘန္စေလ
—————-

ေတာင္ပိုင္းရႈိင္းယားျပည္နယ္ကို ကိုယ္စားျပဳတည္ေထာင္ထားတဲ့အသင္းျဖစ္ၿပီး ၁၉၉၇-၉၈ ခုႏွစ္ တစ္ႏွစ္တည္းသာ ပရီးမီးယားလိဂ္မွာ ကစားဖူး တဲ့အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။

အဆိုပါ ႏွစ္မွာ မန္ယူအသင္းနဲ႔ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ၿပီး ပထမအေက်ာ့မွာ ၇-၀ နဲ႔လည္းေကာင္း၊ဒုတိယအေက်ာ့မွာ ၂-၀ ဂိုးနဲ႔လည္းေကာင္း မန္ယူ အသင္းက အႏိုင္ရရွိဖူးထားတာ ျဖစ္ပါတယ္။
(၁၀) ဘလက္ပူးလ္
——————-

၂၀၁၀-၁၁ ေဘာလုံးရာသီက ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီး အဆိုပါႏွစ္မွာပဲ အဆင့္ ၁၉ နဲ႔ တန္းျပန္ဆင္းခဲ့ရပါတယ္။မန္ယူနဲ႔ ေတြ႕ဆုံခဲ့ တဲ့ ႏွစ္ႀကိမ္စလုံး ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း မန္ယူအသင္းက အေကာင္းဆုံး ပုံစံေတြနဲ႔ ျပန္လည္ အႏိုင္ယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပထမအေက်ာ့မွာ ၃-၂ ဂိုးနဲ႔ႏိုင္ၿပီး ဒုတိယအေက်ာ့မွာလည္း ၄-၂ ဂိုးနဲ႔ မန္ယူအသင္းက အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။

(၉) ကာဒစ္ဖ္
————-

၂၀၁၃-၁၄ ေဘာလုံးရာသီက ကာဒစ္ဖ္စီးတီးအသင္းကေတာ့ မန္ယူအသင္းကို ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့တဲ့အသင္းပါ။ ပထမအေက်ာ့မွာ မန္ယူအသင္းကို ေနာက္က်ဂိုးနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ေအာင္ကစားထားႏိုင္ခဲ့တဲ့အသင္းလည္း ျဖစ္ပါတယ္။ ဒုတိယအေက်ာ့မွာေတာ့ မန္ယူ အသင္းက ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ေနာက္တစ္ႀကိမ္ေတာ့ ပရီးမီးယားလိဂ္မွာ ျပန္မေတြ႕ျဖစ္ၾကေတာ့ပါဘူး။

(၈) ဆြင္ဒန္ေတာင္း
——————-

၁၉၉၃-၉၄ ခုႏွစ္ ကာလတုန္းက ဆြင္ဒန္ေတာင္းအသင္းက ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ အစမွာပဲ အေျခအေနအရမ္းေကာင္းခဲ့တဲ့ အသင္းပါ။ ႏိုင္ပြဲ ၅ ပြဲနဲ႔အတူ သြင္းဂိုး ၁၀၀ ေက်ာ္ကိုလည္း သြင္းယူႏိုင္ခဲ့တဲ့အသင္းပါ။ဒါေပမယ့္လည္းအဆုံးသတ္မွာေတာ့ တန္းဆင္းခဲ့ရပါတယ္။

မန္ယူနဲ႔ေတြ႕ဆုံခဲ့ရာမွာေတာ့ ပထမအေက်ာ့ အိုးထရက္ဖို႔ဒ္မွာ ၄-၂ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာေတာ့ အေကာင္းဆုံးပုံစံနဲ႔အတူ တစ္ ဖက္ ၂ ဂိုးစီ သေရကစားထားႏိုင္ခဲ့ပါတယ္။

(၇) ဘရတ္ဖို႔ဒ္
—————

ပရီးမီးယားလိဂ္မွာ ၁၉၉၉-၀၀ နဲ႔ ၀၀-၀၁ ခုႏွစ္ေတြမွာ ႏွစ္ႏွစ္ဆက္ ကစားထားခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ယူနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၄ ႀကိမ္စလုံးမွာ ဝမ္းနည္းဖြယ္ သြင္းဂိုးတစ္ဂိုးေတာင္ မရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းအေနနဲ႔ စုစုေပါင္း ၄ ပြဲမွာ သြင္းဂိုး ၁၇ ဂိုးအထိ ရယူႏိုင္ခဲ့ပါတယ္။

(၆) ရီးဒင္း
———–

ရီးဒင္းနဲ႔ပြဲက မန္ယူ ကစားသမားေဟာင္း ဝိန္း႐ြန္နီအတြက္ စံခ်ိန္သစ္တင္တဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ၂၄၉ ဂိုးေျမာက္ဂိုးကို သြင္းယူခဲ့တာ ျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းထားသူလည္း ျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ကေန ႏွစ္ႀကိမ္ေတာင္ တန္းဆင္းဖူးပါတယ္။ ဒါ့အျပင္ အသင္းသမိုင္းတစ္ေလွ်ာက္လည္း မန္ယူကို အႏိုင္မယူဖူးပါဘူး။သူတို႔ရဲ႕ အေကာင္းဆုံး ပြဲစဥ္ကေတာ့ ၂၀၁၂ ခုႏွစ္က မန္ယူကို ၄-၃ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲျဖစ္ၿပီး မန္ယူအတြက္ေတာ့ ခက္ခဲခဲ့ပါတယ္။

စုစုေပါင္း ေတြ႕ဆုံခဲ့တဲ့ ၆ ပြဲမွာ မန္ယူက ၄ ႀကိမ္ႏိုင္ၿပီး ၂ ပြဲသေရက်ထားခဲ့ပါတယ္။

(၅) ဟူးလ္စီးတီး
—————-

ပရီးမီးယားလိဂ္မွာ ၅ ရာသီေလာက္ က်င္လည္ခဲ့ဖူးပါတယ္။သူတို႔ရဲ႕ ေနာက္ဆုံးရာသီကေတာ့ ၂၀၁၆-၁၇ ေဘာလုံးရာသီျဖစ္ၿပီး အဆင့္ ၁၈ နဲ႔ တန္းဆင္းခဲ့ရပါတယ္။ဟူးလ္စီးတီးအတြက္ အဆိုး႐ြားဆုံး ရႈံးပြဲကေတာ့ ၂၀၁၀က အိုးထရက္ဖို႔ဒ္မွာ ၄-၀ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲလည္း ျဖစ္ပါတယ္။

စုစုေပါင္း မန္ယူအသင္းနဲ႔ ၁၀ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ရမွတ္ ၂ မွတ္သာရယူထားႏိုင္ခဲ့ပါတယ္။
(၄) ခ်ာလ္တန္
—————

မန္ယူနဲ႔ ေတြ႕ဆုံခဲ့တဲ့ စုစုေပါင္းမွာ ေပးဂိုး ၄၁ ဂိုး အထိရွိခဲ့ပါတယ္။မန္ယူအသင္းဖက္ကို ၈ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္က ၃ ဂိုးစီ သေရ က်တဲ့ပြဲအပါအဝင္ျဖစ္ပါတယ္။ ေတြ႕ဆုံခဲ့တဲ့ ၁၆ ႀကိမ္မွာ မန္ယူက ၁၄ ႀကိမ္အထိ အႏိုင္ယူခဲ့ၿပီး ၂ႀကိမ္ကသေရက်ထားတာ ျဖစ္ပါတယ္။ မန္ယူ အသင္း ေနာက္ဆုံး အႏိုင္ရထားတာေတာ့ ၂၀၀၇ ခုႏွစ္က ၂-၀ ဂိုးနဲ႔ျဖစ္ၿပီး အဲ့ေနာက္ပိုင္းလည္း ခ်ာလ္တန္ တန္းျပန္တက္မလာေတာ့ပါဘူး။
(၃) ဘာမင္ဂမ္
—————

ႏွစ္သင္းေတြ႕ဆုံရင္ ပြဲၾကမ္းေလ့ရွိၿပီး စုစုေပါင္း အဝါကဒ္ ၃၄ ကဒ္အထိ ရွိထားပါတယ္။ ေတြ႕ဆုံခဲ့သမွ် ၁၄ ႀကိမ္ရွိခဲ့ၿပီးမန္ယူအသင္းကသာ တစ္ ဖက္သတ္ အသာစီးရခဲ့ပါတယ္။ ၁၀ ပြဲႏိုင္ၿပီး ၄ ပြဲသေရက်ကာ ေနာက္ဆုံး အႏိုင္ရထားခဲ့တာကေတာ့ ၂၀၁၁ ခုႏွစ္ ဇန္နဝါရီလက ၅-၀ ဂိုးနဲ႔ အ ႏိုင္ရထားခဲ့တာ ျဖစ္ပါတယ္။

(၂) QPR(Queen Park Rangers)
———————————-

QPR အသင္းကိုေတာ့ မန္ယူပရိသတ္ေတာ္ေတာ္မ်ားမ်ား ေမ့ႏိုင္မယ္မထင္ပါဘူး။ ေနာက္ဆုံးမိနစ္က်မွ မန္စီးတီးအသင္းဖက္ကို အႏိုင္ဂိုးေပး လိုက္ၿပီး မန္ယူကို ပရီးမီးယားလိဂ္ဖလားနဲ႔ လြဲေခ်ာ္ေစခဲ့တဲ့ အသင္းျဖစ္ခဲ့လို႔ပါပဲ။

ယင္းႏွစ္မွာ မန္စီးတီးဟာ ပထမဆုံး ပရီးမီးယားလိဂ္ ဆုဖလားႀကီးကို ကိုင္ေျမာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအသင္းနဲ႔လည္း မန္ယူအသင္း ၁၄ ႀကိမ္အထိ ပရီးမီးယားလိဂ္ ပြဲအစဥ္အျဖစ္ ကစားခဲ့ဖူးၿပီး ၁၂ ႀကိမ္အထိ အႏိုင္ယူထားကာ ၂ ပြဲသာ သေရက်ထားပါတယ္။အဆိုပါ ၁၄ ပြဲမွာ လည္း သြင္းဂိုး စုစုေပါင္း ၃၁ ဂိုးအထိ ရွိခဲ့ပါတယ္။

(၁) ခရစၥတယ္ပဲေလ့စ္
———————-

ဒီအသင္းကေတာ့ အားလုံး အထူး ေျပာစရာမလိုေတာ့ဘူးလို႔ထင္ပါတယ္။ၿပီးခဲ့တဲ့အပတ္ကမွ မန္ယူအသင္း ပူပူေႏြးေႏြးအႏိုင္ယူထားတဲ့ အသင္း လည္း ျဖစ္ပါတယ္။

ဦးေဆာင္ဂိုးႏွစ္ဂိုးရထားၿပီးမွ ေခ်ပဂိုးေတြ ဆက္တိုက္ခြင့္ျပဳခဲ့ရတဲ့အျပင္ အႏိုင္ဂိုးပါ ေပးလိုက္ရတဲ့အထိ နာက်င္ေစခဲ့ပါတယ္။ဒီျဖစ္ရပ္ေၾကာင့္ လည္း အသင္းသမိုင္းတစ္ေလွ်ာက္ မန္ယူကို ပရီးမီးယားလိဂ္မွာ အႏိုင္မယူဖူးေသးတဲ့ မွတ္တမ္းဆိုးကို ဆက္လက္ပိုင္ဆိုင္ထားဆဲ ျဖစ္ပါတယ္။

မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ၁၈ ႀကိမ္ ကစားခဲ့ဖူးၿပီး ၁၅ ပြဲအထိ ရႈံးနိမ့္ဖူးကာ ၃ ပြဲသာ သေရကစားထားႏိုင္တာလည္း ျဖစ္ပါတယ္။

အဆိုပါ ၁၈ ပြဲမွာလည္း မန္ယူအသင္းဖက္ကို သြင္းဂိုး ၇ ဂိုးသာ သြင္းယူထားႏိုင္ၿပီး တိုက္စစ္အားနည္းတဲ့အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။

Source- Sportskeeda

Credit:Duwun Sport

 

UniCodeဖြင့်ဖတ်ရန်

 

ပရီးမီးယားလိဂ်မှာ မန်ယူကို အနိုင်မယူဖူးတဲ့ အသင်း (၁၁)သင်း

 

QPR အသင်းကိုတော့ မန်ယူပရိသတ်တော်တော်များများ မေ့နိုင်မယ်မထင်ပါဘူး။

ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းကို ၂ ဂိုးပြတ်ဦးဆောင်ထားပြီးမှ ချေပဂိုးတွေနဲ့အတူ နောက်ကျ ဦးဆောင်ဂိုး ပြန်ပေးလိုက်ရတဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အနိုင်ရဖူးမယ့် အခွင့်အရေးကောင်းတစ်ရပ်ကို လက်လွှတ်ခဲ့ရပါတယ်။

ယင်းဖြစ်စဉ်နဲ့စပ်လျဉ်းပြီး မန်ယူအသင်းကို ပရီးမီးယားလိဂ်မှာ အနိုင်မရဖူးတဲ့ အသင်းတွေကို လေ့လာကြည့်ရာမှာတော့ ၁၁ အထိ ရှိနေတာကို တွေ့မြင်ရပါတယ်။

(၁၁) ဘန်စလေ
—————-

တောင်ပိုင်းရှိုင်းယားပြည်နယ်ကို ကိုယ်စားပြုတည်ထောင်ထားတဲ့အသင်းဖြစ်ပြီး ၁၉၉၇-၉၈ ခုနှစ် တစ်နှစ်တည်းသာ ပရီးမီးယားလိဂ်မှာ ကစားဖူး တဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

အဆိုပါ နှစ်မှာ မန်ယူအသင်းနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ပထမအကျော့မှာ ၇-၀ နဲ့လည်းကောင်း၊ဒုတိယအကျော့မှာ ၂-၀ ဂိုးနဲ့လည်းကောင်း မန်ယူ အသင်းက အနိုင်ရရှိဖူးထားတာ ဖြစ်ပါတယ်။
(၁၀) ဘလက်ပူးလ်
——————-

၂၀၁၀-၁၁ ဘောလုံးရာသီက ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး အဆိုပါနှစ်မှာပဲ အဆင့် ၁၉ နဲ့ တန်းပြန်ဆင်းခဲ့ရပါတယ်။မန်ယူနဲ့ တွေ့ဆုံခဲ့ တဲ့ နှစ်ကြိမ်စလုံး ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မန်ယူအသင်းက အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လည် အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမအကျော့မှာ ၃-၂ ဂိုးနဲ့နိုင်ပြီး ဒုတိယအကျော့မှာလည်း ၄-၂ ဂိုးနဲ့ မန်ယူအသင်းက အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

(၉) ကာဒစ်ဖ်
————-

၂၀၁၃-၁၄ ဘောလုံးရာသီက ကာဒစ်ဖ်စီးတီးအသင်းကတော့ မန်ယူအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့အသင်းပါ။ ပထမအကျော့မှာ မန်ယူအသင်းကို နောက်ကျဂိုးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျအောင်ကစားထားနိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒုတိယအကျော့မှာတော့ မန်ယူ အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။နောက်တစ်ကြိမ်တော့ ပရီးမီးယားလိဂ်မှာ ပြန်မတွေ့ဖြစ်ကြတော့ပါဘူး။

(၈) ဆွင်ဒန်တောင်း
——————-

၁၉၉၃-၉၄ ခုနှစ် ကာလတုန်းက ဆွင်ဒန်တောင်းအသင်းက ၎င်းတို့ရဲ့ ပရီးမီးယားလိဂ် အစမှာပဲ အခြေအနေအရမ်းကောင်းခဲ့တဲ့ အသင်းပါ။ နိုင်ပွဲ ၅ ပွဲနဲ့အတူ သွင်းဂိုး ၁၀၀ ကျော်ကိုလည်း သွင်းယူနိုင်ခဲ့တဲ့အသင်းပါ။ဒါပေမယ့်လည်းအဆုံးသတ်မှာတော့ တန်းဆင်းခဲ့ရပါတယ်။

မန်ယူနဲ့တွေ့ဆုံခဲ့ရာမှာတော့ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ အကောင်းဆုံးပုံစံနဲ့အတူ တစ် ဖက် ၂ ဂိုးစီ သရေကစားထားနိုင်ခဲ့ပါတယ်။

(၇) ဘရတ်ဖို့ဒ်
—————

ပရီးမီးယားလိဂ်မှာ ၁၉၉၉-၀၀ နဲ့ ၀၀-၀၁ ခုနှစ်တွေမှာ နှစ်နှစ်ဆက် ကစားထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ယူနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ကြိမ်စလုံးမှာ ဝမ်းနည်းဖွယ် သွင်းဂိုးတစ်ဂိုးတောင် မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ စုစုပေါင်း ၄ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။

(၆) ရီးဒင်း
———–

ရီးဒင်းနဲ့ပွဲက မန်ယူ ကစားသမားဟောင်း ဝိန်းရွန်နီအတွက် စံချိန်သစ်တင်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ၂၄၉ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူလည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကနေ နှစ်ကြိမ်တောင် တန်းဆင်းဖူးပါတယ်။ ဒါ့အပြင် အသင်းသမိုင်းတစ်လျှောက်လည်း မန်ယူကို အနိုင်မယူဖူးပါဘူး။သူတို့ရဲ့ အကောင်းဆုံး ပွဲစဉ်ကတော့ ၂၀၁၂ ခုနှစ်က မန်ယူကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပြီး မန်ယူအတွက်တော့ ခက်ခဲခဲ့ပါတယ်။

စုစုပေါင်း တွေ့ဆုံခဲ့တဲ့ ၆ ပွဲမှာ မန်ယူက ၄ ကြိမ်နိုင်ပြီး ၂ ပွဲသရေကျထားခဲ့ပါတယ်။

(၅) ဟူးလ်စီးတီး
—————-

ပရီးမီးယားလိဂ်မှာ ၅ ရာသီလောက် ကျင်လည်ခဲ့ဖူးပါတယ်။သူတို့ရဲ့ နောက်ဆုံးရာသီကတော့ ၂၀၁၆-၁၇ ဘောလုံးရာသီဖြစ်ပြီး အဆင့် ၁၈ နဲ့ တန်းဆင်းခဲ့ရပါတယ်။ဟူးလ်စီးတီးအတွက် အဆိုးရွားဆုံး ရှုံးပွဲကတော့ ၂၀၁၀က အိုးထရက်ဖို့ဒ်မှာ ၄-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။

စုစုပေါင်း မန်ယူအသင်းနဲ့ ၁၀ ကြိမ်တွေ့ဆုံခဲ့ရာမှာ ရမှတ် ၂ မှတ်သာရယူထားနိုင်ခဲ့ပါတယ်။
(၄) ချာလ်တန်
—————

မန်ယူနဲ့ တွေ့ဆုံခဲ့တဲ့ စုစုပေါင်းမှာ ပေးဂိုး ၄၁ ဂိုး အထိရှိခဲ့ပါတယ်။မန်ယူအသင်းဖက်ကို ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က ၃ ဂိုးစီ သရေ ကျတဲ့ပွဲအပါအဝင်ဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့ ၁၆ ကြိမ်မှာ မန်ယူက ၁၄ ကြိမ်အထိ အနိုင်ယူခဲ့ပြီး ၂ကြိမ်ကသရေကျထားတာ ဖြစ်ပါတယ်။ မန်ယူ အသင်း နောက်ဆုံး အနိုင်ရထားတာတော့ ၂၀၀၇ ခုနှစ်က ၂-၀ ဂိုးနဲ့ဖြစ်ပြီး အဲ့နောက်ပိုင်းလည်း ချာလ်တန် တန်းပြန်တက်မလာတော့ပါဘူး။
(၃) ဘာမင်ဂမ်
—————

နှစ်သင်းတွေ့ဆုံရင် ပွဲကြမ်းလေ့ရှိပြီး စုစုပေါင်း အဝါကဒ် ၃၄ ကဒ်အထိ ရှိထားပါတယ်။ တွေ့ဆုံခဲ့သမျှ ၁၄ ကြိမ်ရှိခဲ့ပြီးမန်ယူအသင်းကသာ တစ် ဖက်သတ် အသာစီးရခဲ့ပါတယ်။ ၁၀ ပွဲနိုင်ပြီး ၄ ပွဲသရေကျကာ နောက်ဆုံး အနိုင်ရထားခဲ့တာကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက ၅-၀ ဂိုးနဲ့ အ နိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

(၂) QPR(Queen Park Rangers)
———————————-

QPR အသင်းကိုတော့ မန်ယူပရိသတ်တော်တော်များများ မေ့နိုင်မယ်မထင်ပါဘူး။ နောက်ဆုံးမိနစ်ကျမှ မန်စီးတီးအသင်းဖက်ကို အနိုင်ဂိုးပေး လိုက်ပြီး မန်ယူကို ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်စေခဲ့တဲ့ အသင်းဖြစ်ခဲ့လို့ပါပဲ။

ယင်းနှစ်မှာ မန်စီးတီးဟာ ပထမဆုံး ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအသင်းနဲ့လည်း မန်ယူအသင်း ၁၄ ကြိမ်အထိ ပရီးမီးယားလိဂ် ပွဲအစဉ်အဖြစ် ကစားခဲ့ဖူးပြီး ၁၂ ကြိမ်အထိ အနိုင်ယူထားကာ ၂ ပွဲသာ သရေကျထားပါတယ်။အဆိုပါ ၁၄ ပွဲမှာ လည်း သွင်းဂိုး စုစုပေါင်း ၃၁ ဂိုးအထိ ရှိခဲ့ပါတယ်။

(၁) ခရစ္စတယ်ပဲလေ့စ်
———————-

ဒီအသင်းကတော့ အားလုံး အထူး ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ပြီးခဲ့တဲ့အပတ်ကမှ မန်ယူအသင်း ပူပူနွေးနွေးအနိုင်ယူထားတဲ့ အသင်း လည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးနှစ်ဂိုးရထားပြီးမှ ချေပဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ရတဲ့အပြင် အနိုင်ဂိုးပါ ပေးလိုက်ရတဲ့အထိ နာကျင်စေခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် လည်း အသင်းသမိုင်းတစ်လျှောက် မန်ယူကို ပရီးမီးယားလိဂ်မှာ အနိုင်မယူဖူးသေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ၁၈ ကြိမ် ကစားခဲ့ဖူးပြီး ၁၅ ပွဲအထိ ရှုံးနိမ့်ဖူးကာ ၃ ပွဲသာ သရေကစားထားနိုင်တာလည်း ဖြစ်ပါတယ်။

အဆိုပါ ၁၈ ပွဲမှာလည်း မန်ယူအသင်းဖက်ကို သွင်းဂိုး ၇ ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ်အားနည်းတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Source- Sportskeeda

Credit:Duwun Sport