ZawGyiျဖင့္ဖတ္ရန္

 

(၂၄)ႏွစ္အရြယ္ Lamarr Chambers ဆိုသူဟာ မူးယစ္ေဆးဝါးေတြကို ျမိဳခ်ျပီး ဖြက္ထားေၾကာင္း သံသယ႐ိွမႈနဲ႔ ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္ ရဲေတြက သူ႔ဝမ္းဗိုက္တြင္းမွာ မူးယစ္ေဆးဝါးေတြကို တကယ္ဖြက္ထားျခင္းရိွ/မရိွ ေဆးစစ္ဖို႔ ေစာင့္ေနခဲ့တဲ့အတြက္ အခ်ဳပ္ခန္းထဲက Chambers ဟာ အိမ္သာသြားဖို႔ ျငင္းဆန္ခဲ့ပါတယ္။
Chambers ကို အိမ္သာသြားတဲ့အထိ အခ်ဳပ္ခန္းထဲမွာ ဆက္လက္ထိန္းသိမ္းထားဖို႔ ခံု႐ံုးတင္သြင္းမႈ (၇)ႀကိမ္ ျပဳလုပ္ခဲ့တာေတာင္ ေအအဆင့္သတ္မွတ္ခ်က္ရိွ မူးယစ္ေဆးဝါးကို ပိုင္ဆိုင္ထားမႈနဲ႔ တရားဝင္စဲြခ်က္တင္လို႔ မရခဲ့ပါဘူး။ တရားခံက (၄၇)ရက္ၾကာတဲ့အထိ လံုးဝအိမ္သာ မသြားခဲ့လို႔ပါ။

Chambers မတုိင္ခင္အထိ အက်ဥ္းသားေတြ အိမ္သာမသြားဘဲ ေနခဲ့ဖူးတဲ့ အျမင့္ဆံုးၾကာခ်ိန္စံခ်ိန္ကေတာ့ (၂၃)ရက္ၾကာျဖစ္ခဲ့ပါတယ္။ Chambers ကေတာ့ ယူေကႏုိင္ငံတြင္းက ထူးဆန္းတဲ့ စံခ်ိန္တစ္မ်ိဳးကို ခ်ိဳးလိုက္ႏုိင္တာပါပဲ။

ရဲေတြက Chambers ကို မူးယစ္ေဆးဝါးဖြက္ထားတယ္လို႔ တကယ္ယူဆကာ ဖမ္းဆီးခဲ့ၾကတာျဖစ္ျပီး တရားခံ အိမ္သာသြားတာ ေစာင့္ၾကည့္ရတဲ့အေၾကာင္းကို PooWatch ဆိုတဲ့ စကားလံုးနဲ႔ေတာင္ စာေတြတင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ရက္ေတြၾကာလာတာနဲ႔အမွ် တရားခံက သူတို႔ထက္ ပိုေခါင္းမာႏုိင္တယ္ဆိုတာ ရဲေတြနားလည္သြားၾကပါတယ္။

အိမ္သာလံုးဝမသြားတဲ့အတြက္ ဝမ္းဗိုက္ထဲမွာ ေဆးဖြက္ထားျခင္းရိွ မရိွဆုိတာလည္း ေဆးစစ္ျပီး သက္ေသရွာလို မရေတာ့တဲ့အတြက္ ေနာက္ဆံုးမွာ Lamarr Chambers ကို ျပန္လႊတ္ေပးခဲ့ၾကရပါေတာ့တယ္။

Credit:White (Shwemom)

Ref: UNILAD, Mirror UK

UniCodeဖြင့်ဖတ်ရန်

 

(၄၇)ရက်ကြာ အိမ်သာမသွားလို့ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့တဲ့ တရားခံ

 

(၂၄)နှစ်အရွယ် Lamarr Chambers ဆိုသူဟာ မူးယစ်ဆေးဝါးတွေကို မြိုချပြီး ဖွက်ထားကြောင်း သံသယရှိမှုနဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ဝမ်းဗိုက်တွင်းမှာ မူးယစ်ဆေးဝါးတွေကို တကယ်ဖွက်ထားခြင်းရှိ/မရှိ ဆေးစစ်ဖို့ စောင့်နေခဲ့တဲ့အတွက် အချုပ်ခန်းထဲက Chambers ဟာ အိမ်သာသွားဖို့ ငြင်းဆန်ခဲ့ပါတယ်။
Chambers ကို အိမ်သာသွားတဲ့အထိ အချုပ်ခန်းထဲမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ခုံရုံးတင်သွင်းမှု (၇)ကြိမ် ပြုလုပ်ခဲ့တာတောင် အေအဆင့်သတ်မှတ်ချက်ရှိ မူးယစ်ဆေးဝါးကို ပိုင်ဆိုင်ထားမှုနဲ့ တရားဝင်စွဲချက်တင်လို့ မရခဲ့ပါဘူး။ တရားခံက (၄၇)ရက်ကြာတဲ့အထိ လုံးဝအိမ်သာ မသွားခဲ့လို့ပါ။

Chambers မတိုင်ခင်အထိ အကျဉ်းသားတွေ အိမ်သာမသွားဘဲ နေခဲ့ဖူးတဲ့ အမြင့်ဆုံးကြာချိန်စံချိန်ကတော့ (၂၃)ရက်ကြာဖြစ်ခဲ့ပါတယ်။ Chambers ကတော့ ယူကေနိုင်ငံတွင်းက ထူးဆန်းတဲ့ စံချိန်တစ်မျိုးကို ချိုးလိုက်နိုင်တာပါပဲ။

ရဲတွေက Chambers ကို မူးယစ်ဆေးဝါးဖွက်ထားတယ်လို့ တကယ်ယူဆကာ ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး တရားခံ အိမ်သာသွားတာ စောင့်ကြည့်ရတဲ့အကြောင်းကို PooWatch ဆိုတဲ့ စကားလုံးနဲ့တောင် စာတွေတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရက်တွေကြာလာတာနဲ့အမျှ တရားခံက သူတို့ထက် ပိုခေါင်းမာနိုင်တယ်ဆိုတာ ရဲတွေနားလည်သွားကြပါတယ်။

အိမ်သာလုံးဝမသွားတဲ့အတွက် ဝမ်းဗိုက်ထဲမှာ ဆေးဖွက်ထားခြင်းရှိ မရှိဆိုတာလည်း ဆေးစစ်ပြီး သက်သေရှာလို မရတော့တဲ့အတွက် နောက်ဆုံးမှာ Lamarr Chambers ကို ပြန်လွှတ်ပေးခဲ့ကြရပါတော့တယ်။

Credit:White (Shwemom)

Ref: UNILAD, Mirror UK