ZawGyiျဖင့္ဖတ္ရန္

 

ေဆာ္ဒီအာေရဗ်တြင္ တည္ေဆာက္ ေနသည့္ဂ်က္ဒါတာဝါႀကီး ႐ုပ္လုံးေပၚ လာၿပီျဖစ္ၿပီး လာမည့္ႏွစ္တြင္ တည္ ေဆာက္ေရးလုပ္ငန္း ၿပီးစီးမည္ျဖစ္ကာ ထိုသို႔ၿပီးစီးလွ်င္ ယင္းသည္ ကမာၻ႔အျမင့္ ဆုံး အေဆာက္အအုံအျဖစ္ ကမာၻ႔စံခ်ိန္တင္မည္ျဖစ္သည္။

ေဆာ္ဒီရွိ ဂ်က္ဒါၿမိဳ႕ တြင္ တည္ေဆာက္ေနသည့္ အထက္ပါ မိုးေမွ်ာ္တိုက္ႀကီးသည္ အျမင့္ေပ ၃ ၂၈၀ ရွိမည္ျဖစ္သည္။ ယင္းကို ၂၀၁၄ ခုႏွစ္ ႏွစ္ ဆန္းပိုင္းတြင္ စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး လက္ရွိတြင္ အျမင့္ေပ ၈၇၀ အထိ ၿပီးစီးသြားၿပီျဖစ္သည္။ အထပ္ေပါင္း ၁၇၀ ပါဝင္မည့္ အထက္ပါ အေဆာက္အအုံႀကီး သည္ ကမာၻ႔အျမင့္ဆုံးဟု လက္ရွိစံခ်ိန္ တင္ထားသည့္ Burj Khalifa ဆိုေသာ ဒူဘိုင္းတာဝါ ႀကီးထက္ ပိုျမင့္သြားမည္ျဖစ္သည္။

ယင္းတြင္ ဟိုတယ္တစ္ခု၊ အဆင့္ ျမင့္တိုက္ခန္းမ်ားႏွင့္ ႐ုံးခန္းမ်ားအျပင္ ရႈ ခင္းၾကည့္စင္ႀကီးပါ ပါဝင္မည္ျဖစ္သည္။ ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ ရရွိထား သည့္ ကိန္းဂဏန္းမ်ားအရ အင္ဂ်င္နီယာ မ်ားသည္ အထပ္ေပါင္း ၆၆ ထပ္တည္ ေဆာက္ၿပီးသြားၿပီျဖစ္သည္။ သို႔ေသာ္ ျပ တင္းေပါက္မ်ား မတပ္ဆင္ရေသးသျဖင့္ အေဆာက္အအုံႀကီးမွာ ကြန္ကရစ္တိုင္ မ်ား၊ ေဘာင္မ်ားသာ ရွိဦးမည္ျဖစ္သည္။

ယင္းကို ၂၀၁၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ စ တင္တည္ေဆာက္ခဲ့ေသာ္လည္း ေႏွာင့္ေႏွး မႈမ်ားႏွင့္ ေငြေၾကးမလုံေလာက္မႈမ်ား အ ႀကိမ္ႀကိမ္ျဖစ္ေပၚခဲ့သည္။ သို႔ေသာ္ ယခု အခါ အဆိုပါတာဝါႀကီး လမ္းမွန္ေပၚေရာက္ သြားပုံေပၚကာ လာမည့္ႏွစ္တြင္အမွန္တကယ္ၿပီးစီးမည့္ပုံေပၚေနၿပီျဖစ္သည္။

Credit- ခ်ယ္ရီ ( pyimyanmar )

 

UniCodeဖြင့်ဖတ်ရန်

 

ကမ္ဘာ့အမြင့်ဆုံးဖြစ်လာမည့် အဆောက်အအုံကြီး ရုပ်လုံးပေါ်လာ

 

ဆော်ဒီအာရေဗျတွင် တည်ဆောက် နေသည့်ဂျက်ဒါတာဝါကြီး ရုပ်လုံးပေါ် လာပြီဖြစ်ပြီး လာမည့်နှစ်တွင် တည် ဆောက်ရေးလုပ်ငန်း ပြီးစီးမည်ဖြစ်ကာ ထိုသို့ပြီးစီးလျှင် ယင်းသည် ကမ္ဘာ့အမြင့် ဆုံး အဆောက်အအုံအဖြစ် ကမ္ဘာ့စံချိန်တင်မည်ဖြစ်သည်။

ဆော်ဒီရှိ ဂျက်ဒါမြို့ တွင် တည်ဆောက်နေသည့် အထက်ပါ မိုးမျှော်တိုက်ကြီးသည် အမြင့်ပေ ၃ ၂၈၀ ရှိမည်ဖြစ်သည်။ ယင်းကို ၂၀၁၄ ခုနှစ် နှစ် ဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမြင့်ပေ ၈၇၀ အထိ ပြီးစီးသွားပြီဖြစ်သည်။ အထပ်ပေါင်း ၁၇၀ ပါဝင်မည့် အထက်ပါ အဆောက်အအုံကြီး သည် ကမ္ဘာ့အမြင့်ဆုံးဟု လက်ရှိစံချိန် တင်ထားသည့် Burj Khalifa ဆိုသော ဒူဘိုင်းတာဝါ ကြီးထက် ပိုမြင့်သွားမည်ဖြစ်သည်။

ယင်းတွင် ဟိုတယ်တစ်ခု၊ အဆင့် မြင့်တိုက်ခန်းများနှင့် ရုံးခန်းများအပြင် ရှု ခင်းကြည့်စင်ကြီးပါ ပါဝင်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရရှိထား သည့် ကိန်းဂဏန်းများအရ အင်ဂျင်နီယာ များသည် အထပ်ပေါင်း ၆၆ ထပ်တည် ဆောက်ပြီးသွားပြီဖြစ်သည်။ သို့သော် ပြ တင်းပေါက်များ မတပ်ဆင်ရသေးသဖြင့် အဆောက်အအုံကြီးမှာ ကွန်ကရစ်တိုင် များ၊ ဘောင်များသာ ရှိဦးမည်ဖြစ်သည်။

ယင်းကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စ တင်တည်ဆောက်ခဲ့သော်လည်း နှောင့်နှေး မှုများနှင့် ငွေကြေးမလုံလောက်မှုများ အ ကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ သို့သော် ယခု အခါ အဆိုပါတာဝါကြီး လမ်းမှန်ပေါ်ရောက် သွားပုံပေါ်ကာ လာမည့်နှစ်တွင်အမှန်တကယ်ပြီးစီးမည့်ပုံပေါ်နေပြီဖြစ်သည်။

Credit- ချယ်ရီ ( pyimyanmar )