ZawGyiဖြင့်ဖတ်ရန်

 






Credit:DVB

 

UniCodeဖြင့်ဖတ်ရန်

 

ပရိသတ်များ၏ ဆန္ဒပြမှုက အသင်းမှထွက်ခွာရန် အဓိကကျဟု အာစင်ဝင်းဂါး ပြော

 

ပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေက အသင်းကနေထွက်ခွာဖို့ အဓိကကျခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

အာစင်ဝင်းဂါးဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲဖို့ တရားဝင် ကြေညာထားတာပါ။

ဒီဆုံးဖြတ်ချက်ဟာ ပရိသတ်တွေက မိမိကို ထွက်ခွာဖို့ ဆန္ဒပြခဲ့ကြတာနဲ့ သက်ဆိုင်မှုရှိပြီး ပရိသတ်တွေအနေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ပုံရိပ်တခု မပြသနိုင်ခဲ့တာဟာ မိမိကို နာကျင်စေတယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

ဒါပေမယ့် ပရိသတ်တွေအာလုံး မိမိရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မပျော်ရွှင်ခဲ့တာကိုလည်း နားလည်လက်ခံတယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

အာင်နယ်အသင်းက အင်္ဂလန်မှာတင်မဟုတ်ဘဲ တကမ္ဘာလုံးကလူတွေရဲ့ လေးစားမှုနဲ့ ထိုက်တန်တဲ့ပုံရိပ်ရှိတဲ့အသင်း ဖြစ်တယ်လို့လည်း ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

Credit:DVB