ZawGyiျဖင့္ဖတ္ရန္

 

လူေတာ္ေတာ္မ်ားမ်ား အမ်ားသံုးေလယာဥ္ေပၚမွာေတာ့ စီးနင္းလိုက္ပါဖူးၾကပါတယ္။ ေလဆိပ္ကို နာရီနဲ႔ခ်ီျပီး ၾကိဳေရာက္ေနရမယ္။ အၾကာၾကီးေစာင့္ျပီးမွ လူ၀င္မွဳၾကီးၾကပ္ေရးကိုျဖတ္ေက်ာ္ျပီး ေလယာဥ္ေပၚတက္ရတာပါ။ အခန္႔မသင့္ရင္ ကိုယ့္ရဲ႕ ခရီးေဆာင္အိတ္လည္း ေပ်ာက္သြားနိုင္ပါေသးတယ္။

ေလယာဥ္ေပၚေရာက္ျပီဆိုရင္လည္း သက္ေတာင့္သက္သာမရွိလွတဲ့ထိုင္ခံုမွာထိုင္ရျပီး ေဘးမွာလည္း ခရီးစဥ္တစ္ေလွ်ာက္လံုး စိတ္အေႏွာင့္အယွက္ျဖစ္စရာ ခရီးသည္နဲ႔တြဲထိုင္ရမွာပါ။ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲလို႔။

ေငြေၾကးခ်မ္းသာတဲ့သူေတြအတြက္ကေတာ့ အထက္ပါအေၾကာင္းျပခ်က္ေတြဟာ ကိုယ္ပိုင္ဂ်က္ေလယာဥ္၀ယ္သင့္တဲ့ အေၾကာင္းျပခ်က္ေကာင္းေတြပါပဲ။ လ်င္ျမန္မွဳဟာ လြန္စြာအေရးပါေနတဲ့ေခတ္ၾကီးထဲမွာ ကုိုယ္ပိုင္ဂ်က္ေလယာဥ္တစ္စင္းပိုင္ဆိုင္ထားတာလည္း ေကာင္းမြန္တဲ့ ရင္းနွီးျမွဳပ္နွံမွဳတစ္ရပ္ပဲေလ။ ေလယာဥ္တစ္စင္းလံုးကို ကိုယ္တစ္ေယာက္ထဲပိုင္ျပီး ကုိယ့္အၾကိဳက္အားလံုးတည္ေဆာက္ထားတယ္ဆိုတာ စိတ္ကူးၾကည့္ရံုနဲ႔တင္ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတာပါ။ အခုေဖာ္ျပမယ့္ ပုဂၢိဳလ္ေတြကေတာ့ ကုိယ္ပိုင္ဂ်က္ေလယာဥ္ေတြကို အဆင့္ျမင့္ျမင့္ပိုင္ဆုိင္ထားၾကတာေပါ့။

၁၀. Boeing 737 – ေစ်းနွဳန္း – ေဒၚလာ သန္း ၈၀

 

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ ယူအက္စ္က စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ပိုင္ဆိုင္တဲ့ ဒီ ဘိုအင္း ၇၃၇ ဟာ လြန္ခဲ့တဲ့ နွစ္အနည္းငယ္က အာရွ စီးပြားေရးနဲ႔ ေလယာဥ္ပ်ံသန္းေရးဆိုင္ရာျပပြဲမွာ စတင္မိတ္ဆက္ခဲ့တာပါ။ ေလယာဥ္ရဲ႕ ၾကမ္းခင္းေစ်းက ေဒၚလာ ၅၇ သန္းသာရွိခဲ့ေပမယ့္ ပိုျပီး ဆန္းသစ္ေစဖို႔အတြက္ အတြင္းပိုင္းျပဳျပင္မွဳေတြကို အဆင့္ျမွင့္တင္လိုက္တဲ့အခါမွာ ေဒၚလာ သန္း ၈၀ အထိတစ္ဟုန္ထိုးျမင့္တက္သြားခဲ့တာပါ။ ဒီေလာက္ေစ်းၾကီးေပးလိုက္ရတဲ့အတြက္ ဘာေတြျပန္ရသလဲဆိုေတာ့-

ဒီေလယာဥ္ဟာ လူ၁၉ေယာက္အထိဆန္႔ျပီး လူ ၈ေယာက္ကေတာ့ အိပ္စက္ျပီး သက္ေတာင့္သက္သာလိုက္ပါနိုင္မယ့္ အိပ္ရာအစံုအလင္ပါပါတယ္။ နွစ္ေယာက္အိပ္ ေမြ႔ယာအၾကီးစားၾကီးအျပင္ ပစၥည္းကိရိယာအျပည့္အစံုနဲ႔ မီးဖိုေခ်ာင္၊ က်ယ္၀န္းတဲ့ ေရခ်ိဳးခန္း၊ အစည္းအေ၀းခန္းမအျပင္ အင္တာနက္ခ်ိတ္ဆက္အသံုးျပဳနိုင္မွဳနဲ႔ ျဂိဳဟ္တုစေလာင္းကေန ခ်ိတ္ဆက္အသံုးျပဳနိုင္တဲ့ လိုင္းေတြအားလံုးလည္း ပါ၀င္ပါတယ္။

၉.Airbus A319 Corportate Jet – ေစ်းနွုန္း $ ၈၀.၇ သန္း

Airbus ကုမၸဏီဟာ ေခတ္မီဆန္းသစ္တဲ့ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြကို ထုတ္လုပ္ရာမွာ နာမည္ၾကီးပါတယ္။ Airbus A319 ကေတာ့ သူတို႔ထုတ္လုပ္တဲ့အထဲမွာ ဒုတိယေစ်းအၾကီးဆံုးဂ်က္ေလယာဥ္ျဖစ္ပါတယ္။ ျပင္ဆင္ျပီးသား ၾကမ္းခင္းေစ်းက ေဒၚလာ ၈၀.၇ သန္းက်သင့္ျပီး ေနာက္ထပ္သန္းေပါင္းမ်ားစြာ ထပ္မံတပ္ဆင္စရာ ပစၥည္းေတြရွိေနပါေသးတယ္။

ပံုမွန္အတိုင္းျပင္ဆင္ထားတဲ့ ေလယာဥ္တစ္စင္းမွာ လူ၈ေယာက္လိုက္ပါစီးနင္းနိုင္ျပီး မိမိစိတ္ၾကိဳက္ျပင္ဆင္မွဳေတြကိုလည္း ျပဳလုပ္နိုင္ပါတယ္။

၈. ေဒၚနယ္ထရမ့္ပိုင္ဆိုင္တဲ့ Boeing 757- ေစ်းနွုန္း- ေဒၚလာ သန္း၁၀၀

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ သူ႔ရဲ႕ပိုင္ဆိုင္မွဳေတြနဲ႔ပတ္သက္ျပီး မေကာင္းသတင္းနဲ႔ ေက်ာ္ၾကားသူပါ။ ဒီေအာင္ျမင္တဲ့ ဘီလီယံနာသူေဌးၾကီးဟာ Microsoft ကိုစတင္တည္ေထာင္ခဲ့တဲ့ ေပါလ္ အဲလန္ဆီကေနတစ္ဆင့္ ၀ယ္ယူခဲ့တာပါ။ ျပန္လည္ျပင္ဆင္မြမ္းမံမွဳအေပၚေငြေၾကးအေျမာက္အမ်ားအသံုးျပဳခဲ့တာေၾကာင့္ သူ႔ရဲ႕ကိုယ္ပိုင္စတိုင္နဲ႔ သက္ေတာင့္သက္သာပိုရွိတဲ့ ဂ်က္ေလယာဥ္တစ္စင္းျဖစ္လာခဲ့ပါတယ္

ထရမ့္ရဲ႕ကိုယ္ပိုင္စတိုင္ထဲမွာ ေရႊကြပ္ထားတဲ့ စားပြဲ၊ထိုင္ခံုခါးပတ္အျပင္ ေရႊကြပ္ထားတဲ့ ေဘစင္နဲ႔ ေရခ်ိဳးခန္းသံုးပစၥည္းေတြပါ ပါ၀င္ပါတယ္ အျခားဇိမ္ခံဂ်က္ေလယာဥ္ေတြမွာလည္း ပါ၀င္လာျပီျဖစ္တဲ့ နွစ္ေယာက္အိပ္ အိပ္ရာၾကီးအျပင္ ထရမ့္က ဗီဒီယိုၾကည့္ရွဳဖို႔အတြက္ အခန္းကိုလည္း ၅၂ လက္မ တီဗီၾကီးထည့္သြငး္ျပီး အိမ္တြင္းရုပ္ရွင္ရံုပံုစံျဖစ္ေအာင္ တည္ေဆာက္ထားပါတယ္။

၇. တိုင္လာ ပယ္ရီပိုင္ဆိုင္တဲ့ Gulfstream III – ေစ်းနွုန္း- ေဒၚလာ ၁၂၅သန္း

အေမရိကန္ ပရိုဂ်ဴဆာ၊ ရုပ္ရွင္သရုပ္ေဆာင္၊ ဒါရိုက္တာျဖစ္တဲ့ တိုင္လာပယ္ရီဟာ သူ႔ေလယာဥ္ကို သူ႔စိတ္ၾကိဳက္ျပင္ဆင္ထားခဲ့တာပါ။ သူ႔ရဲ႕ေလယာဥ္ကို ပ်ံသန္းေနတဲ့ ရုပ္ရွင္ရံုလို႔အမည္ေပးခဲ့ျပီး ၾကီးမားတဲ့မ်က္နွာျပင္ေတြပါတဲ့ ရုပ္ရွင္ျပစက္ေတြ၊ ၾကီးမားတဲ့ စာၾကည့္တိုက္နဲ႔ ေလယာဥ္ပ်ံသန္းေနစဥ္ ေပ်ာ္ရႊင္မွဳေပးနိုင္တဲ့ အရာအားလံုးပါ၀င္ပါတယ္။

ေလယာဥ္ေပၚမွာလိုခ်င္တဲ့ အေနအထားရဖိုု႔အတြက္ သာမန္ျပတင္းေပါက္မွန္ေတြအစား အီလက္ထေရာနစ္စနစ္နဲ႔ အလင္းအေမွာင္ထိန္းခ်ဳပ္လို႔ရတဲ့ အထူးျပဳလုပ္ထားတဲ့မွန္ေတြကို တပ္ဆင္ထားတာပါ။  ဒီေလယာဥ္ရဲ႕ၾကမ္းခင္းေစ်းက ေဒၚလာ ၆၅သန္းသာ က်သင့္တာမို႔လို႔ ဘယ္ေလာက္ထိေအာင္ ျပဳျပင္မြမ္္းမံထားလဲဆိုတာကို တြက္ဆၾကည့္လို႔ရပါတယ္။ အတြင္းပိုင္းမွာ တပ္ဆင္ထားတဲ့အရာေတြေၾကာင့္ ကမၻာ့ေစ်းအၾကီးဆံုး ကိုယ္ပိုင္ဂ်က္ေလယာဥ္စာရင္း၀င္ျဖစ္လာရတာ ျဖစ္ပါတယ္။

၆. Joseph Lau ရဲ႕ ေဒၚလာ ၁၅၃သန္းတန္ Boeing 747-81 VIP ဂ်က္ေလယာဥ္

 

ဒီေလယာဥ္ရဲ႕မ်ားျပားလွတဲ့ ေစ်းနွဳန္းအျပင္ သူ႔ရဲ႕အသြင္အျပင္ေၾကာင့္ပါ တစ္ကမၻာလံုးက လူခ်မ္းသာေတြကို လွဳပ္ခတ္ေစခဲ့တာပါ။ ျပင္ဆင္ျပီးသား ေလယာဥ္တစ္စင္းကို ေဒၚလာ ၁၅၃ သန္းက်သင့္ျပီး ဒီေလာက္ထိအကုန္အက်ခံနိုင္သူေတြကေတာ့ ဒီေစ်းနဲ႔တင္ရပ္တန္႔မသြားဘဲ ေကာင္းကင္မွာပ်ံသန္းေနတဲ့ ရတနာတစ္ပါးျဖစ္တဲ့အထိကို ထပ္ျပီးမြမ္းမံၾကဦးမွာပါ။

ဒီလူခ်မ္းသာေတြထဲမွာမွ ေဟာင္ေကာင္စီးပြားေရးလုပ္ငန္းရွင္ ဂ်ိဳးဇက္ေလာင္က ဒီေလယာဥ္ကို၀ယ္ယူဖို႔ ဆံုးျဖတ္ခဲ့တာပါ။

Dreamliner လို႔အမည္ေပးထားတဲ့ ဒီေလယာဥ္မွာ အတြင္းပိုင္းျပင္ဆင္မွဳအမ်ားစုဟာ လက္နဲ႔ျပဳလုပ္ထားတာျဖစ္ျပီး အေပၚထပ္ကိုတက္ဖို႔အတြက္ ေၾကာင္လိမ္ေလွကားပါ ပါ၀င္ပါတယ္တဲ့။ ဒီစာရင္းထဲမွာ ပါ၀င္တဲ့ ေလယာဥ္ေတြထဲက အလွဆံုးေလယာဥ္ထဲမွာ ပါ၀င္ပါတယ္။

၅. ရိုမန္ အာဗရာမိုဗစ္ခ်္ပိုင္ဆိုင္တဲ့ Boeing 767- 33A/ ER- ေစ်းနွဳန္း ေဒၚလာ သန္း ၁၂၀-၁၇၀

ရိုမန္ အာဗရာမိုဗစ္ခ်္ဆိုတာ ကမၻာ့ေစ်းအၾကီးဆံုးစာရင္း၀င္အရာေတြနဲ႔ ပတ္သက္ျပီး သူစိမ္းမဟုတ္ပါဘူး။ ကမၻာ့ေစ်းအၾကီးဆံုး ရြက္ေလွစာရင္းထဲမွာ ဒုတိယခ်ိတ္ျပီးတဲ့သူက အခုဆိုရင္ ဒီေလယာဥ္စာရင္းထဲမွာလည္း နံပါတ္ငါးျဖစ္လာျပန္ပါျပီ။  ေပတစ္ေသာင္းအျမင့္ ေကာင္းကင္ထဲမွာ အလုပ္လုပ္ရတာေလာက္ ဘယ္အရာကပိုျပီး ဇိမ္ခံရာက်ပါဦးမလဲ။

ကိုယ္ပိုင္ဂ်က္ေလယာဥ္ကို အိမ္နဲ႔အတတ္နိုင္ဆံုးတူေအာင္လုပ္ဖို႔ဆိုတာ သူ႔ရည္မွန္းခ်က္ပါ။ ရိုမန္ရဲ႕အိမ္နဲ႔တူေအာင္ ဆိုတာကလည္း သင္ေတြးထားတာထက္ အမ်ားၾကီးပိုပါတယ္။ ဒီေလယာဥ္မွာ လူအေယာက္ ၃၀ဆန္႔တဲ့ ထမင္းစားခန္းပါ၀င္ျပီး ပစၥည္းအကုန္အျပည့္အစံုထားရွိပါတယ္။ ၾကီးမားတဲ့ အိပ္ခန္းၾကီးလည္း ပါရွိပါတယ္။ လူ အေယာက္ ၃၀၀ ဆန္႔တဲ့ ဒီေလယာဥ္ၾကီးကို တစ္ဦးတည္းသံုးဖို႔အတြက္ နဲ႔ သူ႔ရဲ႕ ကိုယ္ပိုင္ေဘာလံုးအသင္းျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းကို တစ္ေနရာကေန တစ္ေနရာေခၚေဆာင္သြားဖို႔အတြက္သာ အသံုးျပဳပါတယ္။

၄. မင္းသား Al- Waleed bin Talal ပိုင္ဆိုင္တဲ့ Boeing 747-400 – ေစ်းနွဳန္း- ေဒၚလာ သန္း ၂၂၀

ေဆာ္ဒီအာေရဗ်ရဲ႕ မင္းသားတစ္ပါးျဖစ္တဲ့ Al-Waleed bin Talal ဟာ သူ႔ရဲ႕ အင္မတန္ေစ်းၾကီးလွတဲ့ အသံုးအေဆာင္ပစၥည္းေတြေၾကာင့္ အလြန္နာမည္ေက်ာ္ၾကားေနသူပါ။ ဒီေလာက္အထိ ဇိမ္္ခံပစၥည္းေတြအေပၚအသံုးအျဖဳန္းၾကီးတဲ့သူဟာ ဒီစာရင္းမွာ ဘာလို႔ နံပါတ္ ၄ အဆင့္ပဲခ်ိတ္သလဲဆိုေတာ့ ဒါဟာ သူ႔ရဲ႕ ေစ်းေပါတဲ့ေလယာဥ္ျဖစ္ေနလို႔ပါတဲ့ဗ်ာ ။

သူ႔မွာ ဒီထက္ပိုျပီးေစ်းၾကီးတဲ့ တစ္စင္းရွိျပီး အဲဒါကေတာ့ ဒီစာရင္းရဲ႕ နံပါတ္ ၂ မွာ ပါ၀င္ပါတယ္။ ဒီေလယာဥ္ဟာ အစက လူအေယာက္ ၄၀၀ ဆန္႔ခဲ့တာျဖစ္ျပီး မင္းသားကေတာ့ အတြင္းပိုင္းျပင္ဆင္မွဳေတြအားလံုးကို ဖယ္ထုတ္ပစ္ျပီး အားလံုးအသစ္ျပန္တည္ေဆာက္ခဲ့တာပါ။ ဒီအဆမတန္ေစ်းၾကီးလွတဲ့ ေလယာဥ္ကို မင္းသားကေတာ့ ေပါ့ေပါ့ပါးပါး ခရီးသြားခ်င္တဲ့အခါ သံုးတာပါတဲ့။

၃. ဘရူနိုင္းက စူလတန္ေစာ္ဘြားပိုင္ဆိုင္တဲ့ ေဒၚလာ ၂၃၃သန္းတန္ Boeing 747-430

နာမည္ေက်ာ္ စူလတန္ဘုရင္ၾကီးကေတာ့ ကမၻာ့အခ်မ္းသာဆံုးစာရင္း၀င္ေတြထဲက တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ ဒီေလာက္အထိခ်မ္းသာတဲ့သူဟာ ေဒၚလာ သန္း ၁၀၀ တန္ေလာက္ပဲရွိတဲ့ ေလယာဥ္ထဲမွာ ခရီးမသြားနိုင္တဲ့အတြက္ ေနာက္ထပ္ သန္း ၁၃၀ေလာက္ထပ္စိုက္ထည့္ျပီး ကမၻာ့ေစ်းအၾကီးဆံုးနဲ႔ ဇိမ္အက်ဆံုး တတိယျဖစ္တဲ့ ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖစ္ေအာင္ ျပင္ဆင္ခဲ့ပါတယ္။

ဒီေလာက္ပိုက္ဆံေတြအမ်ားၾကီးကုန္ေအာင္ ဘယ္လိုျပင္ဆင္သလဲဆိုေတာ့ အရာအားလံုးကို ေရႊကြပ္ပစ္လိုက္တာပါ။ ဧည့္ခန္း၊ အိပ္ခန္းနဲ႔ ေရခ်ိဳးခန္းမွာရွိတဲ့ ပစၥည္းေတြအားလံုးကို ေရႊနဲ႔ ေက်ာက္မ်က္ရတနာေတြ စီျခယ္ထားျပီး ရတနာေသတၱာထဲေရာက္ေနသလို ခံစားရေစမွာပါ။ စူလတန္ဘုရင္ၾကီးက ေဘစင္ေတြကို ေရႊအစစ္သက္သက္နဲ႔ပဲလုပ္ခ်င္တယ္လို႔ ေျပာခဲ့ျပီး သူေျပာတဲ့အတိုင္းလည္း တကယ္ျဖစ္လာခဲ့ပါတယ္။

၂. Alisher Usmanov ပိုင္ဆိုင္တဲ့ ေဒၚလာ သန္း ၃၅၀-၄၅၀ တန္ Airbus A340-300

ရုရွားမွာ အခ်မ္းသာဆံုး သူေဌးၾကီးျဖစ္တဲ့ ဘီလီယံနာ အဲလစ္ရွာ ပိုင္ဆိုင္တဲ့ ကုိယ္ပိုင္ဂ်က္ေလယာဥ္ဟာ ကမၻာ့ဒုတိယေစ်းအၾကီးဆံုး ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖစ္လာခဲ့ပါတယ္။ အဲလစ္ရွာရဲ႕ အေဖျဖစ္သူ ဘြာရ္ခန္ကို အစြဲျပဳျပီး နာမည္ေပးထားတဲ့ ဒီေလယာဥ္ဟာ ရုရွားမွာ အၾကီးဆံုးကိုယ္ပိုင္ေလယာဥ္ျဖစ္လာခဲ့ပါတယ္။

ရုရွားသမၼတ ပူတင္ရဲ႕ Ilyushin II-96 ေတာင္ပိုျပီး ၾကီးမားပါေသးတယ္။ သူ႔ရဲ႕ ၾကမ္းခင္းေစ်း ေဒၚလာ ၂၃၈သန္း သက္သက္နဲ႔တင္ ဒုတိယေစ်းအၾကီးဆံုးျဖစ္ဖို႔လံုေလာက္ေနပါျပီ။ ဒါေပမယ့္ အဲလစ္ရွာက ေနာက္ဆံုးေပၚနည္းပညာေတြနဲ႔ လံုျခံဳေရးစနစ္ေတြကို အသံုးျပဳျပီး ေနာက္ထပ္ ေဒၚလာ သန္း ၁၅၀- ၂၀၀ ေလာက္ထပ္ကုန္က်ေအာင္ လုပ္ခဲ့တာပါ။ သူ႔ရဲ႕အရြယ္အစားနဲ႔တင္ အေရွ႕က ဂ်က္ေလယာဥ္ေတြကို ဂုဏ္ငယ္သြားေအာင္ လုပ္ေဆာင္နိုင္တာပါ။

၁. မင္းသား Al-Waleed ပိုင္ဆိုင္တဲ့ Airbus- A380- Custom – ေစ်းနွုန္း – ေဒၚလာ သန္း ၅၀၀

Airbus A380 က ကမၻာ့ေစ်းအၾကီးဆံုး ကိုယ္ပိုင္ဂ်က္ေလယာဥ္ပါ။ ရိုးရိုးေမာ္ဒယ္တစ္ခုကိုေတာင္ သန္း၅၀၀ တံဆိပ္ကပ္ထားတဲ့ ဒီေလယာဥ္ဟာ ဇိမ္ခံပစၥည္းေတြနဲ႔ ပတ္သက္ရင္ ေစ်းနွုန္းက အကန္႔အသတ္မရွိနိုင္ဘူးဆိုတာကို ျပသလိုက္တာပါ။ နံပါတ္ေလးမွာေဖာ္ျပခဲ့တဲ့ သူ႔ရဲ႕ေစ်းေပါေပါေလယာဥ္ထက္ ေစ်းနွစ္ဆမကပိုမ်ားျပီး အမ်ားၾကီးလည္းပိုၾကီးပါတယ္။

ကမၻာ့အခ်မ္းသာဆံုးနံပါတ္ ၅စာရင္း၀င္ေဟာင္း၊ အခုလက္ရွိလည္း နံပါတ္ ၅၀စာရင္း၀င္ေနေသးတဲ့ ေဆာ္ဒီအာေရဗ် မင္းသားဟာ ဇိမ္ခံပစၥည္းေတြနဲ႔ ပတ္သက္လာရင္ သူမတူေအာင္ကို သံုးျဖဳန္းတတ္သူပါ။ Airbus ကုမၸဏီက သူ႔အတြက္သီးသန္႔ ေလယာဥ္အခြံကို တည္ေဆာက္ေပးခဲ့ျပီး ေဒၚလာသန္း ၃၅၀ေတာင္းခံခဲ့ပါတယ္။ အဲဒီေလယာဥ္အထဲမွာမွ သူ႔စိတ္ၾကိဳက္ထပ္ျပီး ျပင္ဆင္ခဲ့တာပါ။

ေကာင္းကင္ေပၚက နိုင္ငံေတာ္ လို႔အမည္ေပးထားတဲ့ ဒီကိုယ္ပိုင္ဂ်က္ေလယာဥ္ဟာ အရာအားလံုးကို ေရႊခ်ထားတဲ့အျပင္ ေရႊသားစစ္စစ္နဲ႔ ျပဳလုပ္ထားတဲ့ ပလႅင္တစ္ခုလည္း အလယ္မွာပါ၀င္ပါေသးတယ္။ ကပြဲခန္းမ၊ ေရခ်ိဳးခန္း၊ ရိုးစ္ရြိဳက္ကားရပ္ဖို႔ ဂိုေဒါင္၊ အလိုအေလ်ာက္လွည့္လို႔ရတဲ့ အီလက္ထေရာနစ္ဖ်ာေတြပါတဲ့ ဘုရားဆုေတာင္းခန္း စတာေတြပါ၀င္ပါတယ္။ ဒီဂ်က္ေလယာဥ္ကေတာ့ လူခ်မ္းသာေတြရဲ႕ ခရီးသြားလာျခင္းအတြက္ ေစ်းအၾကီးဆံုးအရာအျဖစ္ရပ္တည္ေနပါတယ္။

Writer – Myat Thinzar HtetCredit:Daily Hot News

 

UniCodeဖြင့်ဖတ်ရန်

 

ကမ္ဘာ့ဈေးအကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ် ( ၁၀ ) စင်းb

 

လူတော်တော်များများ အများသုံးလေယာဉ်ပေါ်မှာတော့ စီးနင်းလိုက်ပါဖူးကြပါတယ်။ လေဆိပ်ကို နာရီနဲ့ချီပြီး ကြိုရောက်နေရမယ်။ အကြာကြီးစောင့်ပြီးမှ လူဝင်မှုကြီးကြပ်ရေးကိုဖြတ်ကျော်ပြီး လေယာဉ်ပေါ်တက်ရတာပါ။ အခန့်မသင့်ရင် ကိုယ့်ရဲ့ ခရီးဆောင်အိတ်လည်း ပျောက်သွားနိုင်ပါသေးတယ်။

လေယာဉ်ပေါ်ရောက်ပြီဆိုရင်လည်း သက်တောင့်သက်သာမရှိလှတဲ့ထိုင်ခုံမှာထိုင်ရပြီး ဘေးမှာလည်း ခရီးစဉ်တစ်လျှောက်လုံး စိတ်အနှောင့်အယှက်ဖြစ်စရာ ခရီးသည်နဲ့တွဲထိုင်ရမှာပါ။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲလို့။

ငွေကြေးချမ်းသာတဲ့သူတွေအတွက်ကတော့ အထက်ပါအကြောင်းပြချက်တွေဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေပါပဲ။ လျင်မြန်မှုဟာ လွန်စွာအရေးပါနေတဲ့ခေတ်ကြီးထဲမှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းပိုင်ဆိုင်ထားတာလည်း ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ပဲလေ။ လေယာဉ်တစ်စင်းလုံးကို ကိုယ်တစ်ယောက်ထဲပိုင်ပြီး ကိုယ့်အကြိုက်အားလုံးတည်ဆောက်ထားတယ်ဆိုတာ စိတ်ကူးကြည့်ရုံနဲ့တင် တော်တော်ပျော်ဖို့ကောင်းတာပါ။ အခုဖော်ပြမယ့် ပုဂ္ဂိုလ်တွေကတော့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို အဆင့်မြင့်မြင့်ပိုင်ဆိုင်ထားကြတာပေါ့။

၁၀. Boeing 737 – ဈေးနှုန်း – ဒေါ်လာ သန်း ၈၀

အမည်ဖော်ပြထားခြင်းမရှိတဲ့ ယူအက်စ်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်ဆိုင်တဲ့ ဒီ ဘိုအင်း ၇၃၇ ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အာရှ စီးပွားရေးနဲ့ လေယာဉ်ပျံသန်းရေးဆိုင်ရာပြပွဲမှာ စတင်မိတ်ဆက်ခဲ့တာပါ။ လေယာဉ်ရဲ့ ကြမ်းခင်းဈေးက ဒေါ်လာ ၅၇ သန်းသာရှိခဲ့ပေမယ့် ပိုပြီး ဆန်းသစ်စေဖို့အတွက် အတွင်းပိုင်းပြုပြင်မှုတွေကို အဆင့်မြှင့်တင်လိုက်တဲ့အခါမှာ ဒေါ်လာ သန်း ၈၀ အထိတစ်ဟုန်ထိုးမြင့်တက်သွားခဲ့တာပါ။ ဒီလောက်ဈေးကြီးပေးလိုက်ရတဲ့အတွက် ဘာတွေပြန်ရသလဲဆိုတော့-

ဒီလေယာဉ်ဟာ လူ၁၉ယောက်အထိဆန့်ပြီး လူ ၈ယောက်ကတော့ အိပ်စက်ပြီး သက်တောင့်သက်သာလိုက်ပါနိုင်မယ့် အိပ်ရာအစုံအလင်ပါပါတယ်။ နှစ်ယောက်အိပ် မွေ့ယာအကြီးစားကြီးအပြင် ပစ္စည်းကိရိယာအပြည့်အစုံနဲ့ မီးဖိုချောင်၊ ကျယ်ဝန်းတဲ့ ရေချိုးခန်း၊ အစည်းအဝေးခန်းမအပြင် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မှုနဲ့ ဂြိုဟ်တုစလောင်းကနေ ချိတ်ဆက်အသုံးပြုနိုင်တဲ့ လိုင်းတွေအားလုံးလည်း ပါဝင်ပါတယ်။

၉.Airbus A319 Corportate Jet – ဈေးနှုန်း $ ၈၀.၇ သန်း

Airbus ကုမ္ပဏီဟာ ခေတ်မီဆန်းသစ်တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို ထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။ Airbus A319 ကတော့ သူတို့ထုတ်လုပ်တဲ့အထဲမှာ ဒုတိယဈေးအကြီးဆုံးဂျက်လေယာဉ်ဖြစ်ပါတယ်။ ပြင်ဆင်ပြီးသား ကြမ်းခင်းဈေးက ဒေါ်လာ ၈၀.၇ သန်းကျသင့်ပြီး နောက်ထပ်သန်းပေါင်းများစွာ ထပ်မံတပ်ဆင်စရာ ပစ္စည်းတွေရှိနေပါသေးတယ်။

ပုံမှန်အတိုင်းပြင်ဆင်ထားတဲ့ လေယာဉ်တစ်စင်းမှာ လူ၈ယောက်လိုက်ပါစီးနင်းနိုင်ပြီး မိမိစိတ်ကြိုက်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

၈. ဒေါ်နယ်ထရမ့်ပိုင်ဆိုင်တဲ့ Boeing 757- ဈေးနှုန်း- ဒေါ်လာ သန်း၁၀၀

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး မကောင်းသတင်းနဲ့ ကျော်ကြားသူပါ။ ဒီအောင်မြင်တဲ့ ဘီလီယံနာသူဌေးကြီးဟာ Microsoft ကိုစတင်တည်ထောင်ခဲ့တဲ့ ပေါလ် အဲလန်ဆီကနေတစ်ဆင့် ဝယ်ယူခဲ့တာပါ။ ပြန်လည်ပြင်ဆင်မွမ်းမံမှုအပေါ်ငွေကြေးအမြောက်အများအသုံးပြုခဲ့တာကြောင့် သူ့ရဲ့ကိုယ်ပိုင်စတိုင်နဲ့ သက်တောင့်သက်သာပိုရှိတဲ့ ဂျက်လေယာဉ်တစ်စင်းဖြစ်လာခဲ့ပါတယ်

ထရမ့်ရဲ့ကိုယ်ပိုင်စတိုင်ထဲမှာ ရွှေကွပ်ထားတဲ့ စားပွဲ၊ထိုင်ခုံခါးပတ်အပြင် ရွှေကွပ်ထားတဲ့ ဘေစင်နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေပါ ပါဝင်ပါတယ် အခြားဇိမ်ခံဂျက်လေယာဉ်တွေမှာလည်း ပါဝင်လာပြီဖြစ်တဲ့ နှစ်ယောက်အိပ် အိပ်ရာကြီးအပြင် ထရမ့်က ဗီဒီယိုကြည့်ရှုဖို့အတွက် အခန်းကိုလည်း ၅၂ လက်မ တီဗီကြီးထည့်သွင်းပြီး အိမ်တွင်းရုပ်ရှင်ရုံပုံစံဖြစ်အောင် တည်ဆောက်ထားပါတယ်။

၇. တိုင်လာ ပယ်ရီပိုင်ဆိုင်တဲ့ Gulfstream III – ဈေးနှုန်း- ဒေါ်လာ ၁၂၅သန်း

အမေရိကန် ပရိုဂျူဆာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာဖြစ်တဲ့ တိုင်လာပယ်ရီဟာ သူ့လေယာဉ်ကို သူ့စိတ်ကြိုက်ပြင်ဆင်ထားခဲ့တာပါ။ သူ့ရဲ့လေယာဉ်ကို ပျံသန်းနေတဲ့ ရုပ်ရှင်ရုံလို့အမည်ပေးခဲ့ပြီး ကြီးမားတဲ့မျက်နှာပြင်တွေပါတဲ့ ရုပ်ရှင်ပြစက်တွေ၊ ကြီးမားတဲ့ စာကြည့်တိုက်နဲ့ လေယာဉ်ပျံသန်းနေစဉ် ပျော်ရွှင်မှုပေးနိုင်တဲ့ အရာအားလုံးပါဝင်ပါတယ်။

လေယာဉ်ပေါ်မှာလိုချင်တဲ့ အနေအထားရဖိုု့အတွက် သာမန်ပြတင်းပေါက်မှန်တွေအစား အီလက်ထရောနစ်စနစ်နဲ့ အလင်းအမှောင်ထိန်းချုပ်လို့ရတဲ့ အထူးပြုလုပ်ထားတဲ့မှန်တွေကို တပ်ဆင်ထားတာပါ။ ဒီလေယာဉ်ရဲ့ကြမ်းခင်းဈေးက ဒေါ်လာ ၆၅သန်းသာ ကျသင့်တာမို့လို့ ဘယ်လောက်ထိအောင် ပြုပြင်မွမ်းမံထားလဲဆိုတာကို တွက်ဆကြည့်လို့ရပါတယ်။ အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့အရာတွေကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်စာရင်းဝင်ဖြစ်လာရတာ ဖြစ်ပါတယ်။

၆. Joseph Lau ရဲ့ ဒေါ်လာ ၁၅၃သန်းတန် Boeing 747-81 VIP ဂျက်လေယာဉ်

ဒီလေယာဉ်ရဲ့များပြားလှတဲ့ ဈေးနှုန်းအပြင် သူ့ရဲ့အသွင်အပြင်ကြောင့်ပါ တစ်ကမ္ဘာလုံးက လူချမ်းသာတွေကို လှုပ်ခတ်စေခဲ့တာပါ။ ပြင်ဆင်ပြီးသား လေယာဉ်တစ်စင်းကို ဒေါ်လာ ၁၅၃ သန်းကျသင့်ပြီး ဒီလောက်ထိအကုန်အကျခံနိုင်သူတွေကတော့ ဒီဈေးနဲ့တင်ရပ်တန့်မသွားဘဲ ကောင်းကင်မှာပျံသန်းနေတဲ့ ရတနာတစ်ပါးဖြစ်တဲ့အထိကို ထပ်ပြီးမွမ်းမံကြဦးမှာပါ။

ဒီလူချမ်းသာတွေထဲမှာမှ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဂျိုးဇက်လောင်က ဒီလေယာဉ်ကိုဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

Dreamliner လို့အမည်ပေးထားတဲ့ ဒီလေယာဉ်မှာ အတွင်းပိုင်းပြင်ဆင်မှုအများစုဟာ လက်နဲ့ပြုလုပ်ထားတာဖြစ်ပြီး အပေါ်ထပ်ကိုတက်ဖို့အတွက် ကြောင်လိမ်လှေကားပါ ပါဝင်ပါတယ်တဲ့။ ဒီစာရင်းထဲမှာ ပါဝင်တဲ့ လေယာဉ်တွေထဲက အလှဆုံးလေယာဉ်ထဲမှာ ပါဝင်ပါတယ်။

၅. ရိုမန် အာဗရာမိုဗစ်ချ်ပိုင်ဆိုင်တဲ့ Boeing 767- 33A/ ER- ဈေးနှုန်း ဒေါ်လာ သန်း ၁၂၀-၁၇၀

ရိုမန် အာဗရာမိုဗစ်ချ်ဆိုတာ ကမ္ဘာ့ဈေးအကြီးဆုံးစာရင်းဝင်အရာတွေနဲ့ ပတ်သက်ပြီး သူစိမ်းမဟုတ်ပါဘူး။ ကမ္ဘာ့ဈေးအကြီးဆုံး ရွက်လှေစာရင်းထဲမှာ ဒုတိယချိတ်ပြီးတဲ့သူက အခုဆိုရင် ဒီလေယာဉ်စာရင်းထဲမှာလည်း နံပါတ်ငါးဖြစ်လာပြန်ပါပြီ။ ပေတစ်သောင်းအမြင့် ကောင်းကင်ထဲမှာ အလုပ်လုပ်ရတာလောက် ဘယ်အရာကပိုပြီး ဇိမ်ခံရာကျပါဦးမလဲ။

ကိုယ်ပိုင်ဂျက်လေယာဉ်ကို အိမ်နဲ့အတတ်နိုင်ဆုံးတူအောင်လုပ်ဖို့ဆိုတာ သူ့ရည်မှန်းချက်ပါ။ ရိုမန်ရဲ့အိမ်နဲ့တူအောင် ဆိုတာကလည်း သင်တွေးထားတာထက် အများကြီးပိုပါတယ်။ ဒီလေယာဉ်မှာ လူအယောက် ၃၀ဆန့်တဲ့ ထမင်းစားခန်းပါဝင်ပြီး ပစ္စည်းအကုန်အပြည့်အစုံထားရှိပါတယ်။ ကြီးမားတဲ့ အိပ်ခန်းကြီးလည်း ပါရှိပါတယ်။ လူ အယောက် ၃၀၀ ဆန့်တဲ့ ဒီလေယာဉ်ကြီးကို တစ်ဦးတည်းသုံးဖို့အတွက် နဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကို တစ်နေရာကနေ တစ်နေရာခေါ်ဆောင်သွားဖို့အတွက်သာ အသုံးပြုပါတယ်။

၄. မင်းသား Al- Waleed bin Talal ပိုင်ဆိုင်တဲ့ Boeing 747-400 – ဈေးနှုန်း- ဒေါ်လာ သန်း ၂၂၀

ဆော်ဒီအာရေဗျရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ Al-Waleed bin Talal ဟာ သူ့ရဲ့ အင်မတန်ဈေးကြီးလှတဲ့ အသုံးအဆောင်ပစ္စည်းတွေကြောင့် အလွန်နာမည်ကျော်ကြားနေသူပါ။ ဒီလောက်အထိ ဇိမ်ခံပစ္စည်းတွေအပေါ်အသုံးအဖြုန်းကြီးတဲ့သူဟာ ဒီစာရင်းမှာ ဘာလို့ နံပါတ် ၄ အဆင့်ပဲချိတ်သလဲဆိုတော့ ဒါဟာ သူ့ရဲ့ ဈေးပေါတဲ့လေယာဉ်ဖြစ်နေလို့ပါတဲ့ဗျာ ။

သူ့မှာ ဒီထက်ပိုပြီးဈေးကြီးတဲ့ တစ်စင်းရှိပြီး အဲဒါကတော့ ဒီစာရင်းရဲ့ နံပါတ် ၂ မှာ ပါဝင်ပါတယ်။ ဒီလေယာဉ်ဟာ အစက လူအယောက် ၄၀၀ ဆန့်ခဲ့တာဖြစ်ပြီး မင်းသားကတော့ အတွင်းပိုင်းပြင်ဆင်မှုတွေအားလုံးကို ဖယ်ထုတ်ပစ်ပြီး အားလုံးအသစ်ပြန်တည်ဆောက်ခဲ့တာပါ။ ဒီအဆမတန်ဈေးကြီးလှတဲ့ လေယာဉ်ကို မင်းသားကတော့ ပေါ့ပေါ့ပါးပါး ခရီးသွားချင်တဲ့အခါ သုံးတာပါတဲ့။

၃. ဘရူနိုင်းက စူလတန်စော်ဘွားပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၃၃သန်းတန် Boeing 747-430

နာမည်ကျော် စူလတန်ဘုရင်ကြီးကတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒီလောက်အထိချမ်းသာတဲ့သူဟာ ဒေါ်လာ သန်း ၁၀၀ တန်လောက်ပဲရှိတဲ့ လေယာဉ်ထဲမှာ ခရီးမသွားနိုင်တဲ့အတွက် နောက်ထပ် သန်း ၁၃၀လောက်ထပ်စိုက်ထည့်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ ဇိမ်အကျဆုံး တတိယဖြစ်တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။

ဒီလောက်ပိုက်ဆံတွေအများကြီးကုန်အောင် ဘယ်လိုပြင်ဆင်သလဲဆိုတော့ အရာအားလုံးကို ရွှေကွပ်ပစ်လိုက်တာပါ။ ဧည့်ခန်း၊ အိပ်ခန်းနဲ့ ရေချိုးခန်းမှာရှိတဲ့ ပစ္စည်းတွေအားလုံးကို ရွှေနဲ့ ကျောက်မျက်ရတနာတွေ စီခြယ်ထားပြီး ရတနာသေတ္တာထဲရောက်နေသလို ခံစားရစေမှာပါ။ စူလတန်ဘုရင်ကြီးက ဘေစင်တွေကို ရွှေအစစ်သက်သက်နဲ့ပဲလုပ်ချင်တယ်လို့ ပြောခဲ့ပြီး သူပြောတဲ့အတိုင်းလည်း တကယ်ဖြစ်လာခဲ့ပါတယ်။

၂. Alisher Usmanov ပိုင်ဆိုင်တဲ့ ဒေါ်လာ သန်း ၃၅၀-၄၅၀ တန် Airbus A340-300

ရုရှားမှာ အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ ဘီလီယံနာ အဲလစ်ရှာ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ဖြစ်လာခဲ့ပါတယ်။ အဲလစ်ရှာရဲ့ အဖေဖြစ်သူ ဘွာရ်ခန်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဒီလေယာဉ်ဟာ ရုရှားမှာ အကြီးဆုံးကိုယ်ပိုင်လေယာဉ်ဖြစ်လာခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ရဲ့ Ilyushin II-96 တောင်ပိုပြီး ကြီးမားပါသေးတယ်။ သူ့ရဲ့ ကြမ်းခင်းဈေး ဒေါ်လာ ၂၃၈သန်း သက်သက်နဲ့တင် ဒုတိယဈေးအကြီးဆုံးဖြစ်ဖို့လုံလောက်နေပါပြီ။ ဒါပေမယ့် အဲလစ်ရှာက နောက်ဆုံးပေါ်နည်းပညာတွေနဲ့ လုံခြုံရေးစနစ်တွေကို အသုံးပြုပြီး နောက်ထပ် ဒေါ်လာ သန်း ၁၅၀- ၂၀၀ လောက်ထပ်ကုန်ကျအောင် လုပ်ခဲ့တာပါ။ သူ့ရဲ့အရွယ်အစားနဲ့တင် အရှေ့က ဂျက်လေယာဉ်တွေကို ဂုဏ်ငယ်သွားအောင် လုပ်ဆောင်နိုင်တာပါ။

၁. မင်းသား Al-Waleed ပိုင်ဆိုင်တဲ့ Airbus- A380- Custom – ဈေးနှုန်း – ဒေါ်လာ သန်း ၅၀၀

Airbus A380 က ကမ္ဘာ့ဈေးအကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ပါ။ ရိုးရိုးမော်ဒယ်တစ်ခုကိုတောင် သန်း၅၀၀ တံဆိပ်ကပ်ထားတဲ့ ဒီလေယာဉ်ဟာ ဇိမ်ခံပစ္စည်းတွေနဲ့ ပတ်သက်ရင် ဈေးနှုန်းက အကန့်အသတ်မရှိနိုင်ဘူးဆိုတာကို ပြသလိုက်တာပါ။ နံပါတ်လေးမှာဖော်ပြခဲ့တဲ့ သူ့ရဲ့ဈေးပေါပေါလေယာဉ်ထက် ဈေးနှစ်ဆမကပိုများပြီး အများကြီးလည်းပိုကြီးပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနံပါတ် ၅စာရင်းဝင်ဟောင်း၊ အခုလက်ရှိလည်း နံပါတ် ၅၀စာရင်းဝင်နေသေးတဲ့ ဆော်ဒီအာရေဗျ မင်းသားဟာ ဇိမ်ခံပစ္စည်းတွေနဲ့ ပတ်သက်လာရင် သူမတူအောင်ကို သုံးဖြုန်းတတ်သူပါ။ Airbus ကုမ္ပဏီက သူ့အတွက်သီးသန့် လေယာဉ်အခွံကို တည်ဆောက်ပေးခဲ့ပြီး ဒေါ်လာသန်း ၃၅၀တောင်းခံခဲ့ပါတယ်။ အဲဒီလေယာဉ်အထဲမှာမှ သူ့စိတ်ကြိုက်ထပ်ပြီး ပြင်ဆင်ခဲ့တာပါ။

ကောင်းကင်ပေါ်က နိုင်ငံတော် လို့အမည်ပေးထားတဲ့ ဒီကိုယ်ပိုင်ဂျက်လေယာဉ်ဟာ အရာအားလုံးကို ရွှေချထားတဲ့အပြင် ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပလ္လင်တစ်ခုလည်း အလယ်မှာပါဝင်ပါသေးတယ်။ ကပွဲခန်းမ၊ ရေချိုးခန်း၊ ရိုးစ်ရွိုက်ကားရပ်ဖို့ ဂိုဒေါင်၊ အလိုအလျောက်လှည့်လို့ရတဲ့ အီလက်ထရောနစ်ဖျာတွေပါတဲ့ ဘုရားဆုတောင်းခန်း စတာတွေပါဝင်ပါတယ်။ ဒီဂျက်လေယာဉ်ကတော့ လူချမ်းသာတွေရဲ့ ခရီးသွားလာခြင်းအတွက် ဈေးအကြီးဆုံးအရာအဖြစ်ရပ်တည်နေပါတယ်။

Writer – Myat Thinzar Htet

Credit:Daily Hot News