ZawGyiဖြင့်ဖတ်ရန်

 





Credit:AK

UniCodeဖြင့်ဖတ်ရန်

 

လွန်ခဲ့တဲ့ ၂၂ နှစ်က အတွဲညီခဲ့တဲ့ လွင်မိုးတို့အဖွဲ့

 

၁၉၉၀ ခုနှစ်ကတည်းက ကြွေနေပြီဆိုတဲ့ ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ လွင်မိုးဟာ ဒီကနေ့အထိ တွက်လိုက်မယ်ဆို အနုပညာသက်တမ်း ၂၈ နှစ်ခန့် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခိုင်မာလာနှင်းဆီ ဇာတ်ကားနဲ့ ရုပ်ရှင်ကားကြီးကို စတင်ရိုက်ကူးခဲ့ပြီး ရင်ထဲက ဆောင်းရာသီ (၁၉၉၉)၊ ပန်းတပွင့် ဖန်ဆင်းခြင်း (၂၀၀၁) နှင့် တခါကဧရာဝတီညများ (၂၀၀၇) တို့ဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုများ ရရှိပိုင်ဆိုင်ထားသူပါ။

ဒီကနေ့မှာတော့ လွင်မိုးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ပုံလေးတစ်ပုံတင်ထားတာကိုတွေ့ရပြီး ပုံနဲ့အတူ “၁၉၉၆ ပင်လယ်ရီသံvideo ညာင်တုန်းဇက်ပေါ် လွင်မိုး ကင်းကောင် ကိုမျိုးမင်း ငှက်ပျော်ကြော် ကိုအရိုင်း ၂၂ နှစ်ကြာ ဓာတ်ပုံ ဦးမြတ်ခိုင် ကျေးဇူး” ဆိုပြီး ရေးထားတာပါ။ ၂၂ နှစ်အတွင်းမှာ သူတို့တွေရဲ့ ပြောင်းလဲမှုတွေကတော့ များစွာရှိခဲ့ပါပြီ။ အမှတ်တရအဖြစ် ပရိသတ်များအတွက် မျှဝေပေးလိုက်ရပါတယ်

ဘဝသံသရာတံတားမှာ အမှတ်တရ

Credit:AK