ZawGyiျဖင့္ဖတ္ရန္

 

မေတြ႕တာၾကာၿပီျဖစ္တဲ့ ကိုေျပႀကီးေခၚ အကယ္ဒမီေျပတီဦးကို ဒါ႐ိုက္တာညိဳမင္းလြင္ ဇနီးစႏၵာလြင္ရဲ႕UK Pre School ေက်ာင္းဆင္းပြဲမွာ ေတြ႕ဆုံခိုက္ . . . ျမင္ရတဲ့သူတိုင္းကို ေအးျမတဲ့ အၿပဳံးေလးေတြနဲ႔
ေအးခ်မ္းေစတဲ့ ႀကီးႀကီး ေဒၚတီတီ (ေျပတီဦးေမေမ)အေၾကာင္း စကားလက္ ဆုံက်မိတဲ့အခါ . . . ကိုေျပႀကီးေမေမကေျဖဖူးတယ္။

သူ႔ဘဝမွာ သူ႔သားေလးျဖစ္တဲ့ ကိုေျပႀကီး က အၿမဲတမ္း ပထမေတြ ယူေဆာင္ေပးခဲ့တယ္တဲ့။
သမီးေလး တစ္ေယာက္ပဲ ရွိၿပီး သားအျဖစ္ပထမဆုံး ေတာ္ခြင့္ရခဲ့တယ္။ အႏုပညာေအာင္ျမင္မႈဆိုတဲ့ အရာကိုလည္း သားကပဲေဆာင္က်ဥ္းေပး ခဲ့ တယ္။
ၿပီးေတာ့ ဒီအ႐ြယ္မွာ လိုခ်င္ေနတဲ့ ေျမးေလးေတြ ကိုလည္း သားကပဲ အရင္ဆုံးေမြးေပးခဲ့တယ္တဲ့ . . .

အစ္ကို႔ဘဝမွာလည္း အစ္ကိုပိုင္ဆိုင္ခဲ့ရသမွ် အရာအားလုံးကလည္း အေမ့ေၾကာင့္ပါပဲ။
ဟိုးငယ္ငယ္ကတည္းက သားေ လးနားမွာ အနီးကပ္ေနၿပီး ျပဳစုပ်ိဳးေထာင္ေပးခဲ့တယ္။
သားရဲ႕ ေတြးေတာပုံ၊ စဥ္းစားပုံ၊ သည္းခံတတ္ဖို႔၊ ဇြဲရွိဖို႔၊ မျဖစ္ျဖစ္ေ အာင္လုပ္တတ္တဲ့စိတ္ရွိဖို႔၊ ဂတိတည္ဖို႔၊

အခ်ိန္ကိုေလးစားဖို႔၊ ကိုယ္ေျပာတဲ့ စကားတစ္ခြန္းကို တာဝန္ယူဖို႔ ကိုယ္ခ်င္း စာ တတ္ဖို႔၊
ကိုယ္ကိုယ္တိုင္ မႀကိဳက္တဲ့အရာကိုသူမ်ားကို မလုပ္မိေစဖို႔စသျဖင့္ အရာအားလုံးေတြကို တတြတ္တြတ္နဲ႔နားေမ ထာင္ခ်င္ေတာ့ေလာက္ေအာင္ ေျပာခဲ့တယ္။
ခ်ဳံ႔ေျပာရရင္ေတာ့ အစ္ကိုပိုင္ဆိုင္ ေနတာေတြအားလုံးက ေမေမ့ေၾကာင့္ပါ။

ဒါကေတာ့ အတိုခ်ဳံ႔ၿပီးေျပာလိုက္တာပါ။ အစ္ကို႔အေနနဲ႔လည္း အေမ့ကို အၿမဲတမ္းဦးစားေပးတယ္။
စိတ္ခ်မ္းသာ ေအာင္ထားတယ္။ အေမဘာလုပ္ခ်င္လဲ။
အစစအရာရာ ျပည့္စုံစိတ္ခ်မ္း သာေနေအာင္၊ သူစိတ္သြားတိုင္း ကိုယ္ပါေအာင္ စဥ္းစားၿပီး အကုန္လုပ္ေပးပါတယ္။

သားနဲ႔အေမရဲ႕ ထူးျခားမႈေတြက . . .
အေမကေလ ဘယ္ေတာ့မွအစ္ကို႔ကို အျပစ္ မေျပာခဲ့ဖူးဘူး။ အၿမဲတမ္း ၁၀၀% ယုံၾကည္မႈ ရွိေပးခဲ့တယ္။
ဒါဟာ ကမာၻေ လာကႀကီးတစ္ခုလုံးမွာ အေမ့တစ္ေယာက္ထဲဆီမွာပဲ ရွိတဲ့အရာပါ။ တစ္ခါဆို တစ္ခါမွ အျပစ္ မေျပာခဲ့ဘူး။

ၾကမ္းတမ္းေ သာစကားနဲ႔ မဆုံးမ၊ မေျပာဆိုဖူးဘူး။ အၿမဲတမ္းႏူးညံ့စြာ၊ ခ်ိဳသာစြာ နားဝင္ေအာင္ပဲေျပာတတ္တယ္။
သူဆုံးမတဲ့စကားထဲမွာ လည္းပါတယ္။ ႏႈတ္ခ်ိဳလွ်ိဳတစ္ပါးတဲ့။ ၾကမ္း ၾကမ္းတမ္း တမ္းေျပာလည္း ဒီစကားပဲ။
ခ်ိဳခ်ိဳသာ သာေျပာလည္း ဒီစကားပဲ။ ဒါေၾကာင့္ အၿမဲတမ္းခ်ိဳသာစြာေျပာဆို ရမယ္တဲ့။ အစစအရာရာေပါ့။

တန္ ဖိုးမျဖတ္ႏိုင္တဲ့ အရာအေတာ္မ်ားမ်ား အေမ့ဆီကေနရခဲ့ပါတယ္။ ကိုေျပႀကီးေမေမကိုၾကည့္ရတာ တအားေအးခ်မ္းလွ ပါတယ္။
ေ႐ြး ခ်ယ္ခြင့္မရွိတဲ့ မိဘမွာဒီလိုမိဘမ်ိဳး ေတာ္ခြင့္ရတဲ့အတြက္ . . .
အေမကအစ္ကိုတို႔ဆီက ဘာတစ္ခုမွကို လိုခ်င္ တပ္မက္မႈမရွိတာ အစ္ကို႔ ကိုလည္းတစ္ခါမွ မကန႔္ကြက္ ဖူးဘူး။

အရမ္းေ အာင္ျမင္ေနတဲ့အခ်ိန္ “အေမ သားမိန္းမယူမယ္ဆိုေတာ့ “ယူ၊ ငါ့သားစိတ္ခ်မ္းသာ ရင္ၿပီးေရာ”တဲ့။
သူမ်ား အေမေတြဆို ႏွေျမာတာတို႔ ဘာတို႔ ရွိႏိုင္တယ္ေလ။ ကိုယ့္သားဆိုေတာ့ အေမ ကေတာ့
အရာအားလုံးကိုေက်ာ္ၿပီး သား စိတ္ခ်မ္းသာ ရင္ၿပီးေရာတဲ့။ အစ္ကို႔အေမက အဲဒီလိုအေမပါ။

ကိုေျပႀကီးရဲ႕ ညီမေလးေဒါက္တာေငြတီဦးနဲ႔ေတာ့ ေမာင္ႏွမေတြအၿမဲ တတြဲတြဲ ေတြ႕ေပမယ့္ အစ္မႀကီး ေဆြတီဦးကိုေတာ့ သိပ္မေတြ႕ရဘူးေနာ္ . . .
အစ္မက စင္ကာပူမွာေနေတာ့ သိပ္မဆုံျဖစ္ၾကဘူးေပါ့။ ညီမေလးကေတာ့ ဒီမွာပဲဆိုေတာ့ အၿမဲေတြ႕ျဖစ္တယ္။
သူက ေယာက္်ားေခ်ာေခ်ာရထားတာေလ ( ရယ္လ်က္) ကိုေျပတီဦးဇနီး မအူဝဲ(အိျႏၵာေက်ာ္ဇင္)နဲ႔

ပတ္သက္ ၿပီးေတာ့လည္း ႀကီးႀကီးက ေျပာဖူးပါတယ္။ သားရဲ႕ဇနီးက ႀကီးႀကီးရဲ႕သမီးပါပဲ။
ငါ့ကို အေမလို ခ်စ္ရင္ေကာင္းမွာပဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ထက္ ႀကီးႀကီးကပဲ အရင္ဆုံးသမီးအရင္းလိုခ်စ္လိုက္တယ္။
ေမတၱာဆိုတာ ေရာင္ျပန္ ဟပ္တယ္ေလတဲ့ . . .

ဟုတ္တယ္။ အေမက အူဝဲအေပၚမွာလည္း သမီး အရင္းအတိုင္းပဲ။ သမီးႏွစ္ေယာက္နဲ႔ တန္းတူပဲခ်စ္တာပါ။
အူဝဲလည္း ေယာကၡမရတာ ကံေကာင္းသလို အေမ လည္းေခြၽးမရကံေကာင္းခဲ့ပါတယ္။
အေမနဲ႔သားပတ္သက္ၿပီး ဝမ္းနည္းစရာျဖစ္ျဖစ္၊ ဝမ္းသာစရာျဖစ္ျဖစ္ မေမ့ႏိုင္တဲ့ အမွတ္တရမ်ားရွိခဲ့ရင္ . . .

ရွိတာေပါ့။ အစ္ကိုအသက္ ၁၇၊ ၁၈ ေလာက္က အစ္ကို႔အတြက္ အေမေတာ္ေတာ္ႀကီး စိတ္ဆင္းရဲ ခဲ့ရဖူးတယ္။
အစ္ကို စက္မႈတကၠသိုလ္ စတက္ကာစ ကေပါ့။ ေက်ာင္းမွာ အေရးအခင္းျဖစ္ေတာ့ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးအေနနဲ႔ လႈပ္ရွားဖူးခဲ့တယ္။

တိုက္တိုက္ဆိုင္ ဆိုင္ တန္ေဆာင္မုန္းလျပည့္ေန႔ႀကီးမွာ ေထာက္လွမ္းေရး ကေန အိမ္ကိုလာ ဖမ္း ပါေလေရာ။ သိတဲ့အတိုင္းပဲေလ။
အဲ့ဒီအခ်ိန္က ေထာက္လွမ္းေရးကေန လာဖမ္းခဲ့ရင္ ဘယ္ကိုေခၚလို႔ေခၚသြားမွန္းမသိ၊ ဘယ္ေရာက္လို႔
ေရာက္မွန္းမသိနဲ႔ စုပ္စျမဳပ္စကို ျဖစ္သြားတာေလ။ မိသားစုက ဘယ္လိုက္လို႔လိုက္ရမယ္မွန္းမသိ။
အဆက္အသြယ္ေတြမရနဲ႔ ေပ်ာက္ျခင္းမ လွ ေပ်ာက္သြားတတ္ၾကတာေလ။ လမ္းထဲမွာကိုရွိတာ။

ေကာင္မေလးတစ္ေယာက္ဆို အဖမ္းခံရၿပီးကတည္းက မိသား စုနဲ႔ အဆက္အသြယ္ကိုမရွိေတာ့တာ။
အဲဒါေၾကာင့္ ေထာက္လွမ္းေရးကဖမ္းၿပီဆို အရမ္းကို တုန္လႈပ္ၾကရတဲ့အခ်ိန္ေပါ့။ အဲ့ဒီအခ်ိန္မွာ အဖမ္းခံ ရတာေလ။

ကို ယ္လည္းသြားၿပီဆိုၿပီး မ်က္ႏွာသုတ္ပုဝါ တို႔ သြားပြတ္တံတို႔ အက်ႌအပိုတို႔ ထည့္ခိုင္းေနၿပီ။
အဲဒီအခ်ိန္ အေမေလ အရမ္း ကိုခ်စ္ဖို႔ေကာင္းတာ။ ၿပဳံးၿပီးေတာ့ေလ။
သားေလးအတြက္ ေမေမလိုတာေတြ ထည့္ေပးလိုက္မယ္ေနာ္။ ဒါက သြားပြတ္တံ၊
ဒါက မ်က္ႏွာသုတ္ပုဝါဆိုၿပီး အိတ္ေက လးနဲ႔ထည့္ေပးၿပီး စကားေလးတစ္ခြန္းပဲေျပာရွာတယ္။

“သားကို ေမေမ ယုံၾကည္တယ္သား။ ေမေမ့ဆီ သားျပန္ကိုေရာက္ လာ ေစရမယ္။ ေမေမယုံတယ္ေနာ္။
အေမတို႔အတြက္ ဘာမွစိတ္မပူနဲ႔။ ေအးေအးေဆးေဆးသြားေနာ္”တဲ့ အဖမ္းခံရတဲ့ သူေတြဆိုတာ ကိုယ္ေတြထက္ကို က်န္ခဲ့မယ့္မိသားစုကိုပဲ ပူတာေလ။

ဘယ္လိုေတြျဖစ္ၿပီး က်န္ခဲ့ၾကမလဲ။ ဘယ္ေလာက္ထိ ျဖစ္ၾကမလဲဆိုတာ ပဲပူတာ။
ဒီလိုခံစားရမယ္ဆိုတာ အေမကသိေ တာ့ သားကိုၿပဳံးၿပဳံးေလးေျပာၿပီး ထည့္ေပးလိုက္ရွာတယ္။
အစ္ကို႔ကိုလာဖမ္းတဲ့ကား ထြက္သြားၿပီဆိုေတာ့မွ အေမပစ္လဲ က်ၿပီး သတိေမ့သြားရွာတယ္။
သားမသြားခင္ အထိ စိတ္ကို တင္းၿပီး သားျဖစ္သူကိုအားေပးရွာတယ္။

ေနာက္ဆံမတင္းေအာင္ လႊတ္ေပးလိုက္ရွာတယ္။ အစ္ကိုအဖမ္းခံထားရတဲ့ ႏွစ္လေက်ာ္အခ်ိန္မွာေတာ့ အိမ္မွာငရဲပါပဲ။
အစ္ကိုျပန္ ထြက္လာမွသိရတာပါ။ ေန႔တိုင္းမ်က္ရ ည္နဲ႔မ်က္ခြက္နဲ႔ အ႐ူးမီးဝိုင္းျဖစ္ေနရွာတယ္ တဲ့။ တစ္အိမ္သားလုံးရဲ႕ ပူပင္ေသာကပဲေပါ့။

ေထာင္ႏွစ္လက်သြားတယ္ဆိုေတာ့ အေတြ႕အႀကဳံ ရသြားတယ္ေပါ့ . . .
ဟား . .ဟား။ ဒီအေတြ႕အႀကဳံက ဘဝမွာဘယ္လိုမွ တန္ဖိုးျဖတ္လို႔ မရဘူးေလ။
ပိုက္ဆံေပးၿပီးဝယ္လို႔ လည္းမရဘူး။ အစ္ကိုထြက္လာေတာ့ အေဖက အဲဒီေခတ္ကေနာ္ ပိုက္ဆံငါးေသာင္းဆုခ် တယ္(ဟားဟား)။
(အဲ ဒီလို ဖေအဆုခ် မွန္းလည္း သိေရာ ခဏခဏလူစားလဲၿပီး လုပ္စားေရာမဟုတ္ လား။

ဟား . .ဟား လို႔ သူငယ္ခ်င္းျဖစ္တဲ့ ဒါ႐ိုက္တာညိဳမ င္းလြင္ က လွမ္းစ ပါတယ္။)
ေအး မင္းစိတ္နဲ႔ႏႈိင္း ၾကားလား(ညိဳ မင္းလြင္ကိုျပန္လွည့္ေျပာရင္း) ကိုယ္မွန္တယ္ထင္လို႔

ကိုယ္လုပ္ခဲ့တဲ့ အေၾကာင္းအ ရာတစ္ခုအတြက္ အေမစိတ္ဆင္းရဲခဲ့ရတာေလးကေတာ့ အမွတ္တရပါပဲ ညီမေလးရယ္။
စိတ္ဆင္းရဲခဲ့ၾကေပမယ့္ အေဖ က ငါ့သားလုပ္ရပ္အတြက္ ဂုဏ္ယူတယ္ဆိုၿပီး ဆုခ်ခဲ့တာ လည္း အမွတ္တရပါပဲ။
(ဒါပဲေလ။ အိမ္မွာေနရင္ ဟိုဟာလိုက္ ေလ်ာ္ ဒီဟာလိုက္ေလ်ာ္ဆို ဒီထက္ ပိုကုန္မွာမို႔လို႔ေလ။ ဒါ႐ိုက္တာညိဳမင္းလြင္က လွမ္းေနာက္ေနပါေသးတယ္)
ေဖေဖေမေမနဲ႔ပတ္သက္ၿပီး အမွတ္တရေျပာေပးပါဦး . . .

ညီမေလး ခုနေျပာသလိုပါပဲ။ ဘဝမွာ မိဘဆိုတာ ေ႐ြးခ်ယ္ခြင့္မရွိပါဘူး။
ဒီေ႐ြးခ်ယ္ခြင့္မရွိတဲ့ ဘဝမ်ိဳးမွာမွ ဒီလိုအေဖမ်ိဳး ဒီလိုအေမမ်ိဳးရဲ႕ သားသမီးျဖစ္ရတာ အစ္ကိုဘဝရဲ႕အႀကီးမားဆုံး ဆုလာဘ္ပါပဲ။
ဒီလိုအေဖမ်ိဳး၊ အေမမ်ိဳးရဲ႕ သားျဖစ္ခြ င့္ရတာကိုလည္း အၿမဲဂုဏ္ယူေနပါတယ္။
(စင္ေပၚကေန ေဖာင္ေဒးရွင္းဥကၠ႒အျဖစ္ အမွာစကားေျပာၾကားေပးဖို႔ ဖိတ္ေခၚေနတာေၾကာင့္ အင္တာဗ်ဴးကို ဒီမွာပဲအဆုံးသတ္ျဖစ္ခဲ့ပါတယ္)

Source : https://www.facebook.com/oasisjournalmyanmar

Credit: ဂ်ဴလိုင္မိုး(အိုေအစစ္ဂ်ာနယ္)ွ

 

UniCodeဖြင့်ဖတ်ရန်

 

ကျွန်တော် ထောင်ကျနေတဲ့ အချိန်က အဖေနဲ့အမေအတွက် ငရဲပါပဲ.. ဆိုတဲ့.. ပြေတီဦး

 

မတွေ့တာကြာပြီဖြစ်တဲ့ ကိုပြေကြီးခေါ် အကယ်ဒမီပြေတီဦးကို ဒါရိုက်တာညိုမင်းလွင် ဇနီးစန္ဒာလွင်ရဲ့UK Pre School ကျောင်းဆင်းပွဲမှာ တွေ့ဆုံခိုက် . . . မြင်ရတဲ့သူတိုင်းကို အေးမြတဲ့ အပြုံးလေးတွေနဲ့
အေးချမ်းစေတဲ့ ကြီးကြီး ဒေါ်တီတီ (ပြေတီဦးမေမေ)အကြောင်း စကားလက် ဆုံကျမိတဲ့အခါ . . . ကိုပြေကြီးမေမေကဖြေဖူးတယ်။

သူ့ဘဝမှာ သူ့သားလေးဖြစ်တဲ့ ကိုပြေကြီး က အမြဲတမ်း ပထမတွေ ယူဆောင်ပေးခဲ့တယ်တဲ့။
သမီးလေး တစ်ယောက်ပဲ ရှိပြီး သားအဖြစ်ပထမဆုံး တော်ခွင့်ရခဲ့တယ်။ အနုပညာအောင်မြင်မှုဆိုတဲ့ အရာကိုလည်း သားကပဲဆောင်ကျဉ်းပေး ခဲ့ တယ်။
ပြီးတော့ ဒီအရွယ်မှာ လိုချင်နေတဲ့ မြေးလေးတွေ ကိုလည်း သားကပဲ အရင်ဆုံးမွေးပေးခဲ့တယ်တဲ့ . . .

အစ်ကို့ဘဝမှာလည်း အစ်ကိုပိုင်ဆိုင်ခဲ့ရသမျှ အရာအားလုံးကလည်း အမေ့ကြောင့်ပါပဲ။
ဟိုးငယ်ငယ်ကတည်းက သားေ လးနားမှာ အနီးကပ်နေပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။
သားရဲ့ တွေးတောပုံ၊ စဉ်းစားပုံ၊ သည်းခံတတ်ဖို့၊ ဇွဲရှိဖို့၊ မဖြစ်ဖြစ်ေ အာင်လုပ်တတ်တဲ့စိတ်ရှိဖို့၊ ဂတိတည်ဖို့၊

အချိန်ကိုလေးစားဖို့၊ ကိုယ်ပြောတဲ့ စကားတစ်ခွန်းကို တာဝန်ယူဖို့ ကိုယ်ချင်း စာ တတ်ဖို့၊
ကိုယ်ကိုယ်တိုင် မကြိုက်တဲ့အရာကိုသူများကို မလုပ်မိစေဖို့စသဖြင့် အရာအားလုံးတွေကို တတွတ်တွတ်နဲ့နားမေ ထာင်ချင်တော့လောက်အောင် ပြောခဲ့တယ်။
ချုံ့ပြောရရင်တော့ အစ်ကိုပိုင်ဆိုင် နေတာတွေအားလုံးက မေမေ့ကြောင့်ပါ။

ဒါကတော့ အတိုချုံ့ပြီးပြောလိုက်တာပါ။ အစ်ကို့အနေနဲ့လည်း အမေ့ကို အမြဲတမ်းဦးစားပေးတယ်။
စိတ်ချမ်းသာ အောင်ထားတယ်။ အမေဘာလုပ်ချင်လဲ။
အစစအရာရာ ပြည့်စုံစိတ်ချမ်း သာနေအောင်၊ သူစိတ်သွားတိုင်း ကိုယ်ပါအောင် စဉ်းစားပြီး အကုန်လုပ်ပေးပါတယ်။

သားနဲ့အမေရဲ့ ထူးခြားမှုတွေက . . .
အမေကလေ ဘယ်တော့မှအစ်ကို့ကို အပြစ် မပြောခဲ့ဖူးဘူး။ အမြဲတမ်း ၁၀၀% ယုံကြည်မှု ရှိပေးခဲ့တယ်။
ဒါဟာ ကမ္ဘာေ လာကကြီးတစ်ခုလုံးမှာ အမေ့တစ်ယောက်ထဲဆီမှာပဲ ရှိတဲ့အရာပါ။ တစ်ခါဆို တစ်ခါမှ အပြစ် မပြောခဲ့ဘူး။

ကြမ်းတမ်းေ သာစကားနဲ့ မဆုံးမ၊ မပြောဆိုဖူးဘူး။ အမြဲတမ်းနူးညံ့စွာ၊ ချိုသာစွာ နားဝင်အောင်ပဲပြောတတ်တယ်။
သူဆုံးမတဲ့စကားထဲမှာ လည်းပါတယ်။ နှုတ်ချိုလျှိုတစ်ပါးတဲ့။ ကြမ်း ကြမ်းတမ်း တမ်းပြောလည်း ဒီစကားပဲ။
ချိုချိုသာ သာပြောလည်း ဒီစကားပဲ။ ဒါကြောင့် အမြဲတမ်းချိုသာစွာပြောဆို ရမယ်တဲ့။ အစစအရာရာပေါ့။

တန် ဖိုးမဖြတ်နိုင်တဲ့ အရာအတော်များများ အမေ့ဆီကနေရခဲ့ပါတယ်။ ကိုပြေကြီးမေမေကိုကြည့်ရတာ တအားအေးချမ်းလှ ပါတယ်။
ရွေး ချယ်ခွင့်မရှိတဲ့ မိဘမှာဒီလိုမိဘမျိုး တော်ခွင့်ရတဲ့အတွက် . . .
အမေကအစ်ကိုတို့ဆီက ဘာတစ်ခုမှကို လိုချင် တပ်မက်မှုမရှိတာ အစ်ကို့ ကိုလည်းတစ်ခါမှ မကန့်ကွက် ဖူးဘူး။

အရမ်းေ အာင်မြင်နေတဲ့အချိန် “အမေ သားမိန်းမယူမယ်ဆိုတော့ “ယူ၊ ငါ့သားစိတ်ချမ်းသာ ရင်ပြီးရော”တဲ့။
သူများ အမေတွေဆို နှမြောတာတို့ ဘာတို့ ရှိနိုင်တယ်လေ။ ကိုယ့်သားဆိုတော့ အမေ ကတော့
အရာအားလုံးကိုကျော်ပြီး သား စိတ်ချမ်းသာ ရင်ပြီးရောတဲ့။ အစ်ကို့အမေက အဲဒီလိုအမေပါ။

ကိုပြေကြီးရဲ့ ညီမလေးဒေါက်တာငွေတီဦးနဲ့တော့ မောင်နှမတွေအမြဲ တတွဲတွဲ တွေ့ပေမယ့် အစ်မကြီး ဆွေတီဦးကိုတော့ သိပ်မတွေ့ရဘူးနော် . . .
အစ်မက စင်ကာပူမှာနေတော့ သိပ်မဆုံဖြစ်ကြဘူးပေါ့။ ညီမလေးကတော့ ဒီမှာပဲဆိုတော့ အမြဲတွေ့ဖြစ်တယ်။
သူက ယောက်ျားချောချောရထားတာလေ ( ရယ်လျက်) ကိုပြေတီဦးဇနီး မအူဝဲ(အိန္ဒြာကျော်ဇင်)နဲ့

ပတ်သက် ပြီးတော့လည်း ကြီးကြီးက ပြောဖူးပါတယ်။ သားရဲ့ဇနီးက ကြီးကြီးရဲ့သမီးပါပဲ။
ငါ့ကို အမေလို ချစ်ရင်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက် ထက် ကြီးကြီးကပဲ အရင်ဆုံးသမီးအရင်းလိုချစ်လိုက်တယ်။
မေတ္တာဆိုတာ ရောင်ပြန် ဟပ်တယ်လေတဲ့ . . .

ဟုတ်တယ်။ အမေက အူဝဲအပေါ်မှာလည်း သမီး အရင်းအတိုင်းပဲ။ သမီးနှစ်ယောက်နဲ့ တန်းတူပဲချစ်တာပါ။
အူဝဲလည်း ယောက္ခမရတာ ကံကောင်းသလို အမေ လည်းချွေးမရကံကောင်းခဲ့ပါတယ်။
အမေနဲ့သားပတ်သက်ပြီး ဝမ်းနည်းစရာဖြစ်ဖြစ်၊ ဝမ်းသာစရာဖြစ်ဖြစ် မမေ့နိုင်တဲ့ အမှတ်တရများရှိခဲ့ရင် . . .

ရှိတာပေါ့။ အစ်ကိုအသက် ၁၇၊ ၁၈ လောက်က အစ်ကို့အတွက် အမေတော်တော်ကြီး စိတ်ဆင်းရဲ ခဲ့ရဖူးတယ်။
အစ်ကို စက်မှုတက္ကသိုလ် စတက်ကာစ ကပေါ့။ ကျောင်းမှာ အရေးအခင်းဖြစ်တော့ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ လှုပ်ရှားဖူးခဲ့တယ်။

တိုက်တိုက်ဆိုင် ဆိုင် တန်ဆောင်မုန်းလပြည့်နေ့ကြီးမှာ ထောက်လှမ်းရေး ကနေ အိမ်ကိုလာ ဖမ်း ပါလေရော။ သိတဲ့အတိုင်းပဲလေ။
အဲ့ဒီအချိန်က ထောက်လှမ်းရေးကနေ လာဖမ်းခဲ့ရင် ဘယ်ကိုခေါ်လို့ခေါ်သွားမှန်းမသိ၊ ဘယ်ရောက်လို့
ရောက်မှန်းမသိနဲ့ စုပ်စမြုပ်စကို ဖြစ်သွားတာလေ။ မိသားစုက ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိ။
အဆက်အသွယ်တွေမရနဲ့ ပျောက်ခြင်းမ လှ ပျောက်သွားတတ်ကြတာလေ။ လမ်းထဲမှာကိုရှိတာ။

ကောင်မလေးတစ်ယောက်ဆို အဖမ်းခံရပြီးကတည်းက မိသား စုနဲ့ အဆက်အသွယ်ကိုမရှိတော့တာ။
အဲဒါကြောင့် ထောက်လှမ်းရေးကဖမ်းပြီဆို အရမ်းကို တုန်လှုပ်ကြရတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာ အဖမ်းခံ ရတာလေ။

ကို ယ်လည်းသွားပြီဆိုပြီး မျက်နှာသုတ်ပုဝါ တို့ သွားပွတ်တံတို့ အကျႌအပိုတို့ ထည့်ခိုင်းနေပြီ။
အဲဒီအချိန် အမေလေ အရမ်း ကိုချစ်ဖို့ကောင်းတာ။ ပြုံးပြီးတော့လေ။
သားလေးအတွက် မေမေလိုတာတွေ ထည့်ပေးလိုက်မယ်နော်။ ဒါက သွားပွတ်တံ၊
ဒါက မျက်နှာသုတ်ပုဝါဆိုပြီး အိတ်ကေ လးနဲ့ထည့်ပေးပြီး စကားလေးတစ်ခွန်းပဲပြောရှာတယ်။

“သားကို မေမေ ယုံကြည်တယ်သား။ မေမေ့ဆီ သားပြန်ကိုရောက် လာ စေရမယ်။ မေမေယုံတယ်နော်။
အမေတို့အတွက် ဘာမှစိတ်မပူနဲ့။ အေးအေးဆေးဆေးသွားနော်”တဲ့ အဖမ်းခံရတဲ့ သူတွေဆိုတာ ကိုယ်တွေထက်ကို ကျန်ခဲ့မယ့်မိသားစုကိုပဲ ပူတာလေ။

ဘယ်လိုတွေဖြစ်ပြီး ကျန်ခဲ့ကြမလဲ။ ဘယ်လောက်ထိ ဖြစ်ကြမလဲဆိုတာ ပဲပူတာ။
ဒီလိုခံစားရမယ်ဆိုတာ အမေကသိေ တာ့ သားကိုပြုံးပြုံးလေးပြောပြီး ထည့်ပေးလိုက်ရှာတယ်။
အစ်ကို့ကိုလာဖမ်းတဲ့ကား ထွက်သွားပြီဆိုတော့မှ အမေပစ်လဲ ကျပြီး သတိမေ့သွားရှာတယ်။
သားမသွားခင် အထိ စိတ်ကို တင်းပြီး သားဖြစ်သူကိုအားပေးရှာတယ်။

နောက်ဆံမတင်းအောင် လွှတ်ပေးလိုက်ရှာတယ်။ အစ်ကိုအဖမ်းခံထားရတဲ့ နှစ်လကျော်အချိန်မှာတော့ အိမ်မှာငရဲပါပဲ။
အစ်ကိုပြန် ထွက်လာမှသိရတာပါ။ နေ့တိုင်းမျက်ရ ည်နဲ့မျက်ခွက်နဲ့ အရူးမီးဝိုင်းဖြစ်နေရှာတယ် တဲ့။ တစ်အိမ်သားလုံးရဲ့ ပူပင်သောကပဲပေါ့။

ထောင်နှစ်လကျသွားတယ်ဆိုတော့ အတွေ့အကြုံ ရသွားတယ်ပေါ့ . . .
ဟား . .ဟား။ ဒီအတွေ့အကြုံက ဘဝမှာဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရဘူးလေ။
ပိုက်ဆံပေးပြီးဝယ်လို့ လည်းမရဘူး။ အစ်ကိုထွက်လာတော့ အဖေက အဲဒီခေတ်ကနော် ပိုက်ဆံငါးသောင်းဆုချ တယ်(ဟားဟား)။
(အဲ ဒီလို ဖအေဆုချ မှန်းလည်း သိရော ခဏခဏလူစားလဲပြီး လုပ်စားရောမဟုတ် လား။

ဟား . .ဟား လို့ သူငယ်ချင်းဖြစ်တဲ့ ဒါရိုက်တာညိုမ င်းလွင် က လှမ်းစ ပါတယ်။)
အေး မင်းစိတ်နဲ့နှိုင်း ကြားလား(ညို မင်းလွင်ကိုပြန်လှည့်ပြောရင်း) ကိုယ်မှန်တယ်ထင်လို့

ကိုယ်လုပ်ခဲ့တဲ့ အကြောင်းအ ရာတစ်ခုအတွက် အမေစိတ်ဆင်းရဲခဲ့ရတာလေးကတော့ အမှတ်တရပါပဲ ညီမလေးရယ်။
စိတ်ဆင်းရဲခဲ့ကြပေမယ့် အဖေ က ငါ့သားလုပ်ရပ်အတွက် ဂုဏ်ယူတယ်ဆိုပြီး ဆုချခဲ့တာ လည်း အမှတ်တရပါပဲ။
(ဒါပဲလေ။ အိမ်မှာနေရင် ဟိုဟာလိုက် လျော် ဒီဟာလိုက်လျော်ဆို ဒီထက် ပိုကုန်မှာမို့လို့လေ။ ဒါရိုက်တာညိုမင်းလွင်က လှမ်းနောက်နေပါသေးတယ်)
ဖေဖေမေမေနဲ့ပတ်သက်ပြီး အမှတ်တရပြောပေးပါဦး . . .

ညီမလေး ခုနပြောသလိုပါပဲ။ ဘဝမှာ မိဘဆိုတာ ရွေးချယ်ခွင့်မရှိပါဘူး။
ဒီရွေးချယ်ခွင့်မရှိတဲ့ ဘဝမျိုးမှာမှ ဒီလိုအဖေမျိုး ဒီလိုအမေမျိုးရဲ့ သားသမီးဖြစ်ရတာ အစ်ကိုဘဝရဲ့အကြီးမားဆုံး ဆုလာဘ်ပါပဲ။
ဒီလိုအဖေမျိုး၊ အမေမျိုးရဲ့ သားဖြစ်ခွ င့်ရတာကိုလည်း အမြဲဂုဏ်ယူနေပါတယ်။
(စင်ပေါ်ကနေ ဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ် အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်နေတာကြောင့် အင်တာဗျူးကို ဒီမှာပဲအဆုံးသတ်ဖြစ်ခဲ့ပါတယ်)

Source : https://www.facebook.com/oasisjournalmyanmar

Credit: ဂျူလိုင်မိုး(အိုအေစစ်ဂျာနယ်)ှ