Image result

 

ZawGyiျဖင့္ဖတ္ရန္

 

National Verification Card (NVC) ကတ္ကိုင္ေဆာင္ထားသူ ဘဂၤါလီမ်ားကို လြတ္လပ္စြာသြားလာခြင့္ျပဳျခင္းႏွင့္ပတ္သက္၍ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ဦးသန္းေဌးအား ဧၿပီ ၂၃ ရက္ နံနက္ ၉ နာရီတြင္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီဌာနခ်ဳပ္(ရန္ကုန္)၌ မဇၥ်ိမသတင္းဌာနက လာေရာက္ ေတြ႕ဆံုေမးျမန္းခဲ့မႈမ်ားကိုေဖာ္ျပလိုက္ပါသည္။

ေမး။ ရခိုင္က NVC (National Verification Card) ကတ္ကိုင္ထားတဲ့ လူမ်ဳိးျခားေတြကို ကြၽန္ ေတာ္တို႔ ျမန္မာႏိုင္ငံအတြင္းမွာ လြတ္ လြတ္လပ္လပ္သြားဖို႔ကို ခြင့္ျပဳလုိက္တဲ့ အေပၚ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ဘယ္လို စိုးရိမ္ပူပန္မႈရွိသလဲ။

ေျဖ။ ဒီ NVC ကတ္ကိုင္ထားတဲ့ ဘဂၤါလီေတြေပါ့ေနာ္။ သူတို႔ ကို ႏိုင္ငံအတြင္းမွာ လြတ္လြတ္လပ္လပ္ သြားခြင့္ျပဳလုိက္တဲ့ေျပာဆိုခ်က္နဲ႔ ပတ္ သက္ၿပီးေတာ့ သတင္းစာေတြမွာ ကြၽန္ ေတာ္တို႔ ရွာတယ္။ သတင္းစာေတြမွာ ရွာၾကည့္တဲ့အခါက်ေတာ့ သတင္းစာမွာ ေတာ့ အဲဒီအတိုင္း လြတ္လြတ္လပ္လပ္ သြားလာခြင့္ျပဳလိုက္သည္လို႔ေတာ့ ေရး ထားတာမေတြ႕ဘူး။ ဘယ္မွာ သြားေတြ႕ လဲဆိုေတာ့ မီဒီယာေတြမွာပါ၊ တကယ္ ဒီအခ်ိန္တုန္းကေျပာတဲ့ အခ်ိန္တုန္းက ႐ိုက္ကူးထားတဲ့ဟာေတြေပၚမွာပါ၊ ဒါ ေၾကာင့္မို႔လို႔ သတင္းစာထုတ္တဲ့ အခ်ိန္ မွာေတာ့ ဒါကို နည္းနည္းျပန္ၿပီးေတာ့ ဘရိတ္အုပ္လိုက္တယ္လို႔ ကြၽန္ေတာ္က ထင္တယ္။ အစိုးရပိုင္သတင္းစာမ်ားမွာ ပါတာကိုေတာ့ ကြၽန္ေတာ္ မရည္ညႊန္းလို ဘူး။ မီဒီယာမ်ားအေပၚမွာ အသံဖိုင္နဲ႔ တကြတက္လာတဲ့ဟာေတြအေပၚမွာေတာ့ ခုနက လြတ္လြတ္လပ္လပ္သြားခြင့္ျပဳ မယ္လို႔ ကြၽန္ေတာ္ေတြ႕တယ္။ ေတြ႕ေတာ့ ဒီမွာ ကြၽန္ေတာ္တို႔တင္ မဟုတ္ဘူး။ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ႏိုင္ငံသားေတြက ေတာ့ စိုးရိမ္ပူပန္မႈေတြ ရွိၾကတယ္။ ရွိတဲ့ အတြက္လည္း ဟုိမွာ ဒီမွာ ေနရာအႏွံ႔မွာ ကန္႔ကြက္တာေတြ သေဘာမတူေၾကာင္း ေျပာတာေတြ ကြၽန္ေတာ္တို႔ ေတြ႕တာပဲ။ ႏိုင္ငံေရးပါတီေတြထဲမွာလည္း ကြၽန္ေတာ္ တို႔လည္း ထို႔အတူပါပဲ။ ကြၽန္ေတာ္တို႔ လည္းေျပာမွာပါပဲ။ အခုလည္း ခင္ဗ်ား တို႔ေမးေတာ့ ကြၽန္ေတာ္ေျပာရမွာပဲ။ စိုး ရိမ္ပူပန္မႈ အမ်ားႀကီးရွိပါတယ္။ အမ်ား ႀကီးရွိတာေပါ့ဆိုတာက ေမာင္ျဖဴ ေမာင္နီ ဘယ္ႏိုင္ငံသားမွန္းမသိတဲ့ လူဆိုးလူ ေကာင္းမွန္းမသိတဲ့ လူတစ္ေယာက္ကို ဒီစာရြက္တစ္ရြက္ကိုင္ၿပီးေတာ့ တစ္ႏိုင္ငံ လုံးကို သြားလိုရာသြားဖို႔ကေတာ့ ဘယ္ ႏိုင္ငံမွာမွ ခြင့္ျပဳထားတာမရွိဘူး။ ေနာက္ တစ္ခါ NVC NVC လို႔ လူေတြ လြယ္ လြယ္ကူကူနဲ႔ ေျပာေနၾကတဲ့ ဒီ NVC ဆိုတာ ဘာလဲဆိုတာလည္းသိဖို႔လိုတယ္။ National Verification ႏိုင္ငံသားျဖစ္ ဖို႔ စိစစ္ဖို႔ ခံယူရမယ့္ပုဂၢိဳလ္ သူ႕အတြက္ သက္ေသခံကတ္ျပား အဂၤလိပ္လိုVerify ဆိုတာက တစ္စုံတစ္ရာ ဟုတ္ မဟုတ္ အတည္ျပဳဖို႔ စိစစ္ျခင္းလို႔ အဓိပၸာယ္ရ တယ္။ စစ္ေတာင္ မစိစစ္ရေသးဘူး။ ေမာင္ျဖဴသည္ ဟုတ္လား။ ဟာမက္ သည္ စသည္အားျဖင့္ ႏိုင္ငံသား မစိစစ္ ရေသးတဲ့ ပုဂၢိဳလ္။ သူဟာ အစစ္ခံမယ့္ ပုဂၢိဳလ္။ ဒီအတြက္ပဲ ေျပာတာရွိပါတယ္။ သူဟာ ဘယ္သူနဲ႔ ဆက္သြယ္ထားလဲ။ ဘယ္မွာေမြးတာလဲ။ ဘယ္သူမွ မသိဘူး။ ေနာက္တစ္ခါ ဒီမွာ ေရးထားတာလည္း အင္မတန္ရွင္းတယ္။ ဒီကတ္ကိုင္ေဆာင္ ထား႐ုံမွ်ျဖင့္ ႏိုင္ငံသားျဖစ္ေၾကာင္း သက္ ေသခံ အလ်ဥ္းမျဖစ္ေစရဘူးလို႔၊ ဒါက မွတ္ပုံတင္မဟုတ္ဘူး။ ႏိုင္ငံသားကတ္ လည္း မဟုတ္ဘူး။ အဂၤလိပ္လိုလည္း ရွင္းရွင္းလင္းလင္း ေရးထားတယ္။Holding this identity card does not testify that “the card holder is Myanmar Citizen’’ ရွင္းရွင္းေလး ပဲ။ အဂၤလိပ္လိုလည္း ဒါကိုင္ထားတဲ့ အတြက္ ျမန္မာႏိုင္ငံသား မဟုတ္ဘူး။ ျမန္မာလိုလည္းပဲ ဒါကိုင္ထားတဲ့အတြက္ ျမန္မာႏိုင္ငံသား ျဖစ္တယ္လို႔ မမွတ္ယူရ ဘူး။ သက္ေသခံ မဟုတ္ဘူး။ ေျပာထား ၿပီးသားျဖစ္တဲ့အတြက္ အဲဒီကတ္ကိုင္ တဲ့လူမွန္သမွ်က ႏိုင္ငံသားမဟုတ္ဘူး။ ႏိုင္ငံသားမဟုတ္တဲ့အတြက္ ႏိုင္ငံသား အခြင့္အေရး ေပးစရာမလိုဘူး။ ေနာက္ ဆက္တြဲ ေျပာထားတာက ဒါသတင္းစာ ရွင္းလင္းပြဲမွာ ေျပာတယ္လို႔ ဆိုပါတယ္။ ဒီလို သြားခြင့္ေပးျခင္းဟာ ကိုဖီအာနန္ အၾကံျပဳခ်က္ကို လိုက္နာေဆာင္ရြက္ျခင္း ဒီမွာ အခ်ဳပ္အျခာအာဏာသြားျပန္ၿပီ။ ကြၽန္ေတာ္တို႔ေတြမွာ ကိုယ့္ျပည္တြင္းက အေျခအေနကို လ်စ္လ်ဴရႈၿပီးေတာ့ သူမ်ား ခိုင္းတိုင္း လိုက္လုပ္ေနေတာ့မွာလား။ အစိုးရတစ္ရပ္ ႏိုင္ငံေတာ္ကို တာဝန္ယူ ထားတဲ့ ပုဂၢဳိလ္ေတြက လူတကာလာၿပီး ေတာ့ စာရြက္ေပၚမွာ ေရးသြား႐ုံမွ်ျဖင့္ ခါးေထာက္ၿပီးေတာ့ ညႊန္ၾကားသြား႐ုံမွ် ျဖင့္ ကြၽန္ေတာ္တို႔က လိုက္လုပ္ေတာ့မွာ လား။ ဒီေလာက္ထိေအာင္ စုိးရိမ္စရာ ျဖစ္ပါတယ္။ ဒါက ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ ကို စိုးရိမ္စရာ လက္ေတြ႕မွာ ဒီလိုအုပ္စု ေတြ ျပည္တြင္းကို ေရာက္ခ်င္ရာေရာက္ တစ္ဖက္ကလည္းပဲ ဒါေတြကိုစစ္လို႔ ေဆးလို႔ရတဲ့ ဥပေဒေတြကို ႀကိဳတင္ဖ်က္ ထားတာပဲျဖစ္မယ္။ ဒီစကားကိုပဲ ေျပာ ခ်င္တယ္။ ႀကိဳတင္ဖ်က္ထားၿပီးသား ျဖစ္တယ္။ ဒီအတြက္ တစ္ႏိုင္ငံလုံး အေနာက္တံခါးတင္ မဟုတ္ေတာ့ဘူး။ တစ္ႏိုင္ငံလုံးမွာ အႏၲရာယ္ေတာ္ေတာ္ ႀကီးသြားၿပီလို႔ ေျပာခ်င္ပါတယ္။ အင္မ တန္ စိတ္ပူစရာေကာင္းတဲ့ အေျခအေန ပါ။

ေမး။ စိုးရိမ္စရာ အင္မတန္ေကာင္း တာထက္ တျခားတစ္ဖက္မွာ ဘယ္လိုေကာင္းကြက္မ်ား ရွိေသးလဲ။ ဥပမာအားျဖင့္ သူတို႔လက္ရွိအစိုးရအေန နဲ႔ ဘယ္လိုအက်ဳိးကို ေမွ်ာ္လင့္ၿပီးေတာ့မွ ဒါကို ဒီလိုမ်ဳိးအေျပာင္းအလဲကို လုပ္ လိုက္ပါသလဲလို႔ ဥကၠ႒အေနနဲ႔ မွတ္ခ်က္ ေပးလိုပါသလဲ။

ေျဖ။ ေကာင္းကြက္လို႔ ေျပာရင္ ေတာ့ တည့္တည့္ေျပာရရင္ ေတာ့ ေကာင္းကြက္သိပ္မျမင္ဘူး။ ဒါေပမဲ့ ခုနက အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိတဲ့ လူေတြက ေျပာေနတာကေတာ့ ႏိုင္ငံ တကာ ဖိအားေတြ ေလ်ာ့ေအာင္လို႔ ဒါ ေၾကာင့္မို႔လို႔ ကိုဖီအာနန္ အၾကံျပဳခ်က္ ကို လိုက္လုပ္တယ္။ လိုက္လုပ္လို႔ရွိရင္ ေလ်ာ့သြားတာမ်ဳိးမဟုတ္ဘူး။ ကြၽန္ေတာ္ တို႔ရဲ႕ အေတြ႕အၾကံဳအရ ႏိုင္ငံတကာ ဖိအားဆိုတာ ဒီတစ္ခုေလ်ာ့သြားရင္ ေနာက္တစ္ခုထပ္တက္။ အဲဒါအေတြ႕ အၾကံဳပဲ။ ဒီဟာေလးလုပ္လိုက္႐ုံနဲ႔ ဒီ အခ်ိန္မွာ ေလ်ာ့သြားမယ္ မထင္ပါနဲ႔ ေနာက္တစ္မ်ဳိး လာပါလိမ့္မယ္။ ေနာက္ တစ္မ်ဳိးလာမယ့္ အခ်ိန္မွာ ဒီတစ္ခုက ေလွ်ာ့ေပးလိုက္ၿပီ။ အဲဒါေတြ ေလွ်ာ့ေပး ရင္း ေလွ်ာ့ေပးရင္းနဲ႔ တျဖည္းျဖည္း ဘာ မွ ကုန္းေကာက္စရာ မက်န္တဲ့ဘဝကို ေရာက္သြားလိမ့္မယ္။ ေကာင္းကြက္လို႔ ၾကံဖန္ေျပာရင္ေတာ့ ဒီလိုလုပ္ျခင္းအား ျဖင့္ ႏိုင္ငံတကာ ဖိအားေတြ ေလ်ာ့သြား မယ္လို႔ ေျပာလို႔ရပါတယ္။ ဒီတစ္ခ်က္ ေလ်ာ့ႏိုင္တယ္။ တျခားဘက္က လွည့္ၿပီး ေတာ့ ဖိအားေပးပါလိမ့္မယ္။ ေပးလည္း ေပးေနတယ္။ ဒါကို ႏိုင္ငံေတာ္တာဝန္ ယူတဲ့ ပုဂၢဳိလ္သိေစခ်င္တယ္။

Credit:U Than Htay

 

UniCodeဖြင့်ဖတ်ရန်

 

အနောက်တံခါးတင်မဟုတ်တော့ဘဲတစ်နိုင်ငံလုံးအန္တရာယ်ကြီးသွားပြီဟု ဦးသန်းဌေးပြောကြား

 

National Verification Card (NVC) ကတ်ကိုင်ဆောင်ထားသူ ဘင်္ဂါလီများကို လွတ်လပ်စွာသွားလာခွင့်ပြုခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးအား ဧပြီ ၂၃ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)၌ မဇ္ဈိမသတင်းဌာနက လာရောက် တွေ့ဆုံမေးမြန်းခဲ့မှုများကိုဖော်ပြလိုက်ပါသည်။

မေး။ ရခိုင်က NVC (National Verification Card) ကတ်ကိုင်ထားတဲ့ လူမျိုးခြားတွေကို ကျွန် တော်တို့ မြန်မာနိုင်ငံအတွင်းမှာ လွတ် လွတ်လပ်လပ်သွားဖို့ကို ခွင့်ပြုလိုက်တဲ့ အပေါ် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်လို စိုးရိမ်ပူပန်မှုရှိသလဲ။

ဖြေ။ ဒီ NVC ကတ်ကိုင်ထားတဲ့ ဘင်္ဂါလီတွေပေါ့နော်။ သူတို့ ကို နိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် သွားခွင့်ပြုလိုက်တဲ့ပြောဆိုချက်နဲ့ ပတ် သက်ပြီးတော့ သတင်းစာတွေမှာ ကျွန် တော်တို့ ရှာတယ်။ သတင်းစာတွေမှာ ရှာကြည့်တဲ့အခါကျတော့ သတင်းစာမှာ တော့ အဲဒီအတိုင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုလိုက်သည်လို့တော့ ရေး ထားတာမတွေ့ဘူး။ ဘယ်မှာ သွားတွေ့ လဲဆိုတော့ မီဒီယာတွေမှာပါ၊ တကယ် ဒီအချိန်တုန်းကပြောတဲ့ အချိန်တုန်းက ရိုက်ကူးထားတဲ့ဟာတွေပေါ်မှာပါ၊ ဒါ ကြောင့်မို့လို့ သတင်းစာထုတ်တဲ့ အချိန် မှာတော့ ဒါကို နည်းနည်းပြန်ပြီးတော့ ဘရိတ်အုပ်လိုက်တယ်လို့ ကျွန်တော်က ထင်တယ်။ အစိုးရပိုင်သတင်းစာများမှာ ပါတာကိုတော့ ကျွန်တော် မရည်ညွှန်းလို ဘူး။ မီဒီယာများအပေါ်မှာ အသံဖိုင်နဲ့ တကွတက်လာတဲ့ဟာတွေအပေါ်မှာတော့ ခုနက လွတ်လွတ်လပ်လပ်သွားခွင့်ပြု မယ်လို့ ကျွန်တော်တွေ့တယ်။ တွေ့တော့ ဒီမှာ ကျွန်တော်တို့တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေက တော့ စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ ရှိတဲ့ အတွက်လည်း ဟိုမှာ ဒီမှာ နေရာအနှံ့မှာ ကန့်ကွက်တာတွေ သဘောမတူကြောင်း ပြောတာတွေ ကျွန်တော်တို့ တွေ့တာပဲ။ နိုင်ငံရေးပါတီတွေထဲမှာလည်း ကျွန်တော် တို့လည်း ထို့အတူပါပဲ။ ကျွန်တော်တို့ လည်းပြောမှာပါပဲ။ အခုလည်း ခင်ဗျား တို့မေးတော့ ကျွန်တော်ပြောရမှာပဲ။ စိုး ရိမ်ပူပန်မှု အများကြီးရှိပါတယ်။ အများ ကြီးရှိတာပေါ့ဆိုတာက မောင်ဖြူ မောင်နီ ဘယ်နိုင်ငံသားမှန်းမသိတဲ့ လူဆိုးလူ ကောင်းမှန်းမသိတဲ့ လူတစ်ယောက်ကို ဒီစာရွက်တစ်ရွက်ကိုင်ပြီးတော့ တစ်နိုင်ငံ လုံးကို သွားလိုရာသွားဖို့ကတော့ ဘယ် နိုင်ငံမှာမှ ခွင့်ပြုထားတာမရှိဘူး။ နောက် တစ်ခါ NVC NVC လို့ လူတွေ လွယ် လွယ်ကူကူနဲ့ ပြောနေကြတဲ့ ဒီ NVC ဆိုတာ ဘာလဲဆိုတာလည်းသိဖို့လိုတယ်။ National Verification နိုင်ငံသားဖြစ် ဖို့ စိစစ်ဖို့ ခံယူရမယ့်ပုဂ္ဂိုလ် သူ့အတွက် သက်သေခံကတ်ပြား အင်္ဂလိပ်လိုVerify ဆိုတာက တစ်စုံတစ်ရာ ဟုတ် မဟုတ် အတည်ပြုဖို့ စိစစ်ခြင်းလို့ အဓိပ္ပာယ်ရ တယ်။ စစ်တောင် မစိစစ်ရသေးဘူး။ မောင်ဖြူသည် ဟုတ်လား။ ဟာမက် သည် စသည်အားဖြင့် နိုင်ငံသား မစိစစ် ရသေးတဲ့ ပုဂ္ဂိုလ်။ သူဟာ အစစ်ခံမယ့် ပုဂ္ဂိုလ်။ ဒီအတွက်ပဲ ပြောတာရှိပါတယ်။ သူဟာ ဘယ်သူနဲ့ ဆက်သွယ်ထားလဲ။ ဘယ်မှာမွေးတာလဲ။ ဘယ်သူမှ မသိဘူး။ နောက်တစ်ခါ ဒီမှာ ရေးထားတာလည်း အင်မတန်ရှင်းတယ်။ ဒီကတ်ကိုင်ဆောင် ထားရုံမျှဖြင့် နိုင်ငံသားဖြစ်ကြောင်း သက် သေခံ အလျဉ်းမဖြစ်စေရဘူးလို့၊ ဒါက မှတ်ပုံတင်မဟုတ်ဘူး။ နိုင်ငံသားကတ် လည်း မဟုတ်ဘူး။ အင်္ဂလိပ်လိုလည်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။Holding this identity card does not testify that “the card holder is Myanmar Citizen’’ ရှင်းရှင်းလေး ပဲ။ အင်္ဂလိပ်လိုလည်း ဒါကိုင်ထားတဲ့ အတွက် မြန်မာနိုင်ငံသား မဟုတ်ဘူး။ မြန်မာလိုလည်းပဲ ဒါကိုင်ထားတဲ့အတွက် မြန်မာနိုင်ငံသား ဖြစ်တယ်လို့ မမှတ်ယူရ ဘူး။ သက်သေခံ မဟုတ်ဘူး။ ပြောထား ပြီးသားဖြစ်တဲ့အတွက် အဲဒီကတ်ကိုင် တဲ့လူမှန်သမျှက နိုင်ငံသားမဟုတ်ဘူး။ နိုင်ငံသားမဟုတ်တဲ့အတွက် နိုင်ငံသား အခွင့်အရေး ပေးစရာမလိုဘူး။ နောက် ဆက်တွဲ ပြောထားတာက ဒါသတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်လို့ ဆိုပါတယ်။ ဒီလို သွားခွင့်ပေးခြင်းဟာ ကိုဖီအာနန် အကြံပြုချက်ကို လိုက်နာဆောင်ရွက်ခြင်း ဒီမှာ အချုပ်အခြာအာဏာသွားပြန်ပြီ။ ကျွန်တော်တို့တွေမှာ ကိုယ့်ပြည်တွင်းက အခြေအနေကို လျစ်လျူရှုပြီးတော့ သူများ ခိုင်းတိုင်း လိုက်လုပ်နေတော့မှာလား။ အစိုးရတစ်ရပ် နိုင်ငံတော်ကို တာဝန်ယူ ထားတဲ့ ပုဂ္ဂိုလ်တွေက လူတကာလာပြီး တော့ စာရွက်ပေါ်မှာ ရေးသွားရုံမျှဖြင့် ခါးထောက်ပြီးတော့ ညွှန်ကြားသွားရုံမျှ ဖြင့် ကျွန်တော်တို့က လိုက်လုပ်တော့မှာ လား။ ဒီလောက်ထိအောင် စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါက နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကို စိုးရိမ်စရာ လက်တွေ့မှာ ဒီလိုအုပ်စု တွေ ပြည်တွင်းကို ရောက်ချင်ရာရောက် တစ်ဖက်ကလည်းပဲ ဒါတွေကိုစစ်လို့ ဆေးလို့ရတဲ့ ဥပဒေတွေကို ကြိုတင်ဖျက် ထားတာပဲဖြစ်မယ်။ ဒီစကားကိုပဲ ပြော ချင်တယ်။ ကြိုတင်ဖျက်ထားပြီးသား ဖြစ်တယ်။ ဒီအတွက် တစ်နိုင်ငံလုံး အနောက်တံခါးတင် မဟုတ်တော့ဘူး။ တစ်နိုင်ငံလုံးမှာ အန္တရာယ်တော်တော် ကြီးသွားပြီလို့ ပြောချင်ပါတယ်။ အင်မ တန် စိတ်ပူစရာကောင်းတဲ့ အခြေအနေ ပါ။

မေး။ စိုးရိမ်စရာ အင်မတန်ကောင်း တာထက် တခြားတစ်ဖက်မှာ ဘယ်လိုကောင်းကွက်များ ရှိသေးလဲ။ ဥပမာအားဖြင့် သူတို့လက်ရှိအစိုးရအနေ နဲ့ ဘယ်လိုအကျိုးကို မျှော်လင့်ပြီးတော့မှ ဒါကို ဒီလိုမျိုးအပြောင်းအလဲကို လုပ် လိုက်ပါသလဲလို့ ဥက္ကဋ္ဌအနေနဲ့ မှတ်ချက် ပေးလိုပါသလဲ။

ဖြေ။ ကောင်းကွက်လို့ ပြောရင် တော့ တည့်တည့်ပြောရရင် တော့ ကောင်းကွက်သိပ်မမြင်ဘူး။ ဒါပေမဲ့ ခုနက အုပ်ချုပ်ရေးပိုင်း တာဝန်ရှိတဲ့ လူတွေက ပြောနေတာကတော့ နိုင်ငံ တကာ ဖိအားတွေ လျော့အောင်လို့ ဒါ ကြောင့်မို့လို့ ကိုဖီအာနန် အကြံပြုချက် ကို လိုက်လုပ်တယ်။ လိုက်လုပ်လို့ရှိရင် လျော့သွားတာမျိုးမဟုတ်ဘူး။ ကျွန်တော် တို့ရဲ့ အတွေ့အကြုံအရ နိုင်ငံတကာ ဖိအားဆိုတာ ဒီတစ်ခုလျော့သွားရင် နောက်တစ်ခုထပ်တက်။ အဲဒါအတွေ့ အကြုံပဲ။ ဒီဟာလေးလုပ်လိုက်ရုံနဲ့ ဒီ အချိန်မှာ လျော့သွားမယ် မထင်ပါနဲ့ နောက်တစ်မျိုး လာပါလိမ့်မယ်။ နောက် တစ်မျိုးလာမယ့် အချိန်မှာ ဒီတစ်ခုက လျှော့ပေးလိုက်ပြီ။ အဲဒါတွေ လျှော့ပေး ရင်း လျှော့ပေးရင်းနဲ့ တဖြည်းဖြည်း ဘာ မှ ကုန်းကောက်စရာ မကျန်တဲ့ဘဝကို ရောက်သွားလိမ့်မယ်။ ကောင်းကွက်လို့ ကြံဖန်ပြောရင်တော့ ဒီလိုလုပ်ခြင်းအား ဖြင့် နိုင်ငံတကာ ဖိအားတွေ လျော့သွား မယ်လို့ ပြောလို့ရပါတယ်။ ဒီတစ်ချက် လျော့နိုင်တယ်။ တခြားဘက်က လှည့်ပြီး တော့ ဖိအားပေးပါလိမ့်မယ်။ ပေးလည်း ပေးနေတယ်။ ဒါကို နိုင်ငံတော်တာဝန် ယူတဲ့ ပုဂ္ဂိုလ်သိစေချင်တယ်။

Credit:U Than Htay