ZawGyiျဖင့္ဖတ္ရန္

 

ေနရာေဒသတိုင္းနဲ႔ျပည္နယ္အသီးသီးက တပ္ရင္းတပ္ဖြဲ႕ေတြ တန္ဖိုးနည္းထမင္းေတြ ေရာင္းၾကသည္။ ပိုက္ဆံတစ္ေထာင္ေလာက္ကို မည္သို႔မွ ဂ႐ုမစိုက္သည့္လူမ်ားကေတာ့ အပို အလုပ္ေတြလို႔ ေဝဖန္ၾကသည္။

ထိုေဝဖန္မႈမ်ားရဲ႕ ေနာက္ကြယ္တြင္ေတာ့..

လက္ရွိျပင္ပတြင္ ၂၀၀ က်ပ္ေဈးေပါက္ၿပီး တပ္တြင္းမွာ ၁၀၀ က်ပ္နဲ႔ ေရာင္းသည့္ ခ်ဥ္ေပါင္႐ြက္တစ္စီးက အရည္ေသာက္ ဟင္းတစ္ခြက္ ျဖစ္သြားသည္။

တပ္ရင္းစိုက္ခင္းနဲ႔ အိမ္တိုင္းမွာ စိုက္ထားတာေၾကာင့္ တပ္တြင္းမွာ စားေလာက္ယုံမက ပိုလွ်ံေနတဲ့ အသီးအ႐ြက္ေတြက အစိမ္းေၾကာ္တစ္ခြက္ ျဖစ္သြား သည္။

ေယာက်္ားက ေရွ႕တန္းသြား၊ မိန္းမက အလုပ္အား ျဖစ္ေနသည့္ ရဲေမေတြ စုစု႐ုံး႐ုံးျဖင့္ စီးပြားေရး ပညာတစ္ခုကို သင္ၾကားရသည့္ အက်ိဳးအျမတ္တစ္ခု ရလာသည္။

အတူတူပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔ တပ္တြင္း စည္းလုံးညီၫြတ္ေရး တိုးတက္လာသည္။

၅၀၀ တန္ ထမင္းဟင္းတစ္ပြဲဟာ ကေလးႏွစ္ေယာက္ ေက်ာင္းထမင္းခ်ိဳင့္အတြက္ လုံေလာက္သည္မို႔ တစ္လကို တစ္ေသာင္းခြဲ သုံးယုံျဖင့္ ကေလး ၂ ေယာက္ ေန႔လည္စာ ပူစရာ မလိုေတာ့။

ၾကက္တစ္ပိႆာ ၆ ေထာင္က်ပ္ကို ၄၈ တုံးရေအာင္တုံးၿပီး ဟင္းတစ္ပြဲကို ၂ တုံးခြဲ ထည့္ေပးထားသည္။

အရင္းေငြ ၃၈၅၀၀ က်ပ္ကို ရင္းၿပီး ခ်က္ျပဳတ္ရာ ၁၁၀၀၀ က်ပ္ အျမတ္ထြ က္သျဖင့္ တပ္ရင္းရဲေမတို႔က တစ္ၿပဳံးၿပဳံး ျဖစ္ေနသည္။

ျဖစ္ႏိုင္လွ်င္ တပ္တြင္းသာမက တိုင္းျပည္တစ္ျပည္လုံးမွာ ဆိုင္ေတြဖြင့္ၿပီး ေန႔တိုင္းေရာင္းခ်င္ေနၾကသည္။

ယခင္က တာဝန္ခံတစ္ေယာက္ သီးျခားေပးထားေသာ္လည္း စိုက္သည္ဆိုယုံမွ် စိုက္သည့္ စိုက္ခင္း တာဝန္ခံ ႀကီးကလည္း အသီးအႏွံမ်ိဳးစုံကို ေစတနာပါပါျဖင့္ စိုက္ပ်ိဳး လာသည္။

ေယာက်္ားမ်ားက ေရွ႕တန္းတြင္ တိုင္းျပည္တာဝန္ထမ္းေဆာင္ေနၾကသည္။

ေနာက္ခ်န္စစ္သည္ႏွင့္ ရဲေမေတြက တပ္တြင္းသက္သာေခ်ာင္ခ်ိေရးကိုသာမက ကိုယ့္တပ္ရင္းနဲ႔ဆက္စပ္ရာ နယ္ေျမထဲက ျပည္သူေတြကို အက်ိဳးျပဳသည့္ တန္ဖိုးနည္း ထမင္းဟင္းေရာင္းခ်ေနသည္။

ကြၽန္ေတာ္အရင္က ကြမ္းယာစားဖို႔ေလာက္ပဲ သုံးခဲ့တဲ့ ပိုက္ဆံ ၂၀၀ က ထမင္းတစ္ပြဲျဖစ္ေနတာသိရလို႔ ကြၽန္ေတာ္ ကြမ္းယာမစားေတာ့ဘူး ဆိုသည့္ စကားကေတာ့ တပ္မေတာ္က ဖန္တီးတဲ့ တန္ဖိုးနည္း ထမင္းတစ္ပြဲရဲ႕ေနာက္ကြယ္က ၾကည္ႏူးစရာ အေကာင္းဆုံး စကားတစ္ခု ျဖစ္လာေတာ့သည္။

Ref Shwewiki

မူရင္းတင္သူအားေလးစားစြာ ခရက္ဒစ္ေပးပါတယ္

KyarNyo အြန္လိုင္းသတင္းစုံမွ ျပန္လည္တင္ျပသည္

UniCodeဖြင့်ဖတ်ရန်

 

သင်လုံးဝမသိသေးတဲ့ တပ်မတော်မှဖန်တီးသော တန်ဖိုးနဲဟင်းတစ်ခွက်ရဲ့နောက်ကွယ်

 

နေရာဒေသတိုင်းနဲ့ပြည်နယ်အသီးသီးက တပ်ရင်းတပ်ဖွဲ့တွေ တန်ဖိုးနည်းထမင်းတွေ ရောင်းကြသည်။ ပိုက်ဆံတစ်ထောင်လောက်ကို မည်သို့မှ ဂရုမစိုက်သည့်လူများကတော့ အပို အလုပ်တွေလို့ ဝေဖန်ကြသည်။

ထိုဝေဖန်မှုများရဲ့ နောက်ကွယ်တွင်တော့..

လက်ရှိပြင်ပတွင် ၂၀၀ ကျပ်ဈေးပေါက်ပြီး တပ်တွင်းမှာ ၁၀၀ ကျပ်နဲ့ ရောင်းသည့် ချဉ်ပေါင်ရွက်တစ်စီးက အရည်သောက် ဟင်းတစ်ခွက် ဖြစ်သွားသည်။

တပ်ရင်းစိုက်ခင်းနဲ့ အိမ်တိုင်းမှာ စိုက်ထားတာကြောင့် တပ်တွင်းမှာ စားလောက်ယုံမက ပိုလျှံနေတဲ့ အသီးအရွက်တွေက အစိမ်းကြော်တစ်ခွက် ဖြစ်သွား သည်။

ယောကျ်ားက ရှေ့တန်းသွား၊ မိန်းမက အလုပ်အား ဖြစ်နေသည့် ရဲမေတွေ စုစုရုံးရုံးဖြင့် စီးပွားရေး ပညာတစ်ခုကို သင်ကြားရသည့် အကျိုးအမြတ်တစ်ခု ရလာသည်။

အတူတူပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး တိုးတက်လာသည်။

၅၀၀ တန် ထမင်းဟင်းတစ်ပွဲဟာ ကလေးနှစ်ယောက် ကျောင်းထမင်းချိုင့်အတွက် လုံလောက်သည်မို့ တစ်လကို တစ်သောင်းခွဲ သုံးယုံဖြင့် ကလေး ၂ ယောက် နေ့လည်စာ ပူစရာ မလိုတော့။

ကြက်တစ်ပိဿာ ၆ ထောင်ကျပ်ကို ၄၈ တုံးရအောင်တုံးပြီး ဟင်းတစ်ပွဲကို ၂ တုံးခွဲ ထည့်ပေးထားသည်။

အရင်းငွေ ၃၈၅၀၀ ကျပ်ကို ရင်းပြီး ချက်ပြုတ်ရာ ၁၁၀၀၀ ကျပ် အမြတ်ထွ က်သဖြင့် တပ်ရင်းရဲမေတို့က တစ်ပြုံးပြုံး ဖြစ်နေသည်။

ဖြစ်နိုင်လျှင် တပ်တွင်းသာမက တိုင်းပြည်တစ်ပြည်လုံးမှာ ဆိုင်တွေဖွင့်ပြီး နေ့တိုင်းရောင်းချင်နေကြသည်။

ယခင်က တာဝန်ခံတစ်ယောက် သီးခြားပေးထားသော်လည်း စိုက်သည်ဆိုယုံမျှ စိုက်သည့် စိုက်ခင်း တာဝန်ခံ ကြီးကလည်း အသီးအနှံမျိုးစုံကို စေတနာပါပါဖြင့် စိုက်ပျိုး လာသည်။

ယောကျ်ားများက ရှေ့တန်းတွင် တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသည်။

နောက်ချန်စစ်သည်နှင့် ရဲမေတွေက တပ်တွင်းသက်သာချောင်ချိရေးကိုသာမက ကိုယ့်တပ်ရင်းနဲ့ဆက်စပ်ရာ နယ်မြေထဲက ပြည်သူတွေကို အကျိုးပြုသည့် တန်ဖိုးနည်း ထမင်းဟင်းရောင်းချနေသည်။

ကျွန်တော်အရင်က ကွမ်းယာစားဖို့လောက်ပဲ သုံးခဲ့တဲ့ ပိုက်ဆံ ၂၀၀ က ထမင်းတစ်ပွဲဖြစ်နေတာသိရလို့ ကျွန်တော် ကွမ်းယာမစားတော့ဘူး ဆိုသည့် စကားကတော့ တပ်မတော်က ဖန်တီးတဲ့ တန်ဖိုးနည်း ထမင်းတစ်ပွဲရဲ့နောက်ကွယ်က ကြည်နူးစရာ အကောင်းဆုံး စကားတစ်ခု ဖြစ်လာတော့သည်။

Ref Shwewiki

မူရင်းတင်သူအားလေးစားစွာ ခရက်ဒစ်ပေးပါတယ်

KyarNyo အွန်လိုင်းသတင်းစုံမှ ပြန်လည်တင်ပြသည်