ZawGyiျဖင့္ဖတ္ရန္

 

တႏိုင္းနဲ႔ ဆြမ္ပရာဘြမ္ဘက္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ကခ်င္ျပည္နယ္မွာ တစ္ေက်ာ့ ျပန္တိုက္ပြဲေတြ အစပ်ိဳးခဲ့တယ္။ ဒီၾကားထဲ KIA ရဲ႕ တပ္စခန္းအခ်ိဳ႕ကို ဖယ္ေပးဖို႔ အစိုးရ တပ္ဘက္က ေျပာတာနဲ႔ ပတ္သက္ၿပီး KIA ဘက္က လက္မခံဘူးေျပာလို႔ တင္းမာတဲ့ အေနအထား ေရာက္ေနပါတယ္။

အဲဒီလို တင္းမာမႈေတြေၾကာင့္ လိုင္ဇာၿမိဳ႕မွာေနရတာ က်ီးလန႔္စာစားေနရတဲ့ ဘဝကို ေရာက္ေနၿပီ။ ေရရွည္အတြက္ အသက္အႏၲရာယ္ အာမခံခ်က္မရွိႏိုင္ေတာ့သလို ခံစားရတယ္။ ဒါေၾကာင့္ လိုင္ဇာကိုစြန႔္ခြာဖို႔ အေၾကာင္းဖန္လာရတယ္။ လိုင္ဇာမွာေနထိုင္တဲ့ ေဒသခံကခ်င္ တစ္ေယာက္အေနနဲ႔ ကခ်င္ျပည္နယ္ၿငိမ္းခ်မ္းမွာကို ေသတဲ့အထိ ျမင္ရေတာ့မွာ မဟုတ္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ KIO နဲ႔ KIA ေခါင္းေဆာင္ေတြက ၿငိမ္းခ်မ္းေရး မလိုလားလို႔ပါပဲ။

အစိုးရတပ္ေတြနဲ႔တိုက္ပြဲျဖစ္ခဲ့တဲ့ ေနရာေဒသေတြမွာေတာ့ KIA ေခါင္းေဆာင္ႀကီးေတြ ကခ်င္ လူထုကို စည္း႐ုံးၿပီးေျပာေျပာေနတဲ့ “အစိုးရနဲ႔ အစိုးရစစ္တပ္က တိုင္းရင္းသားဆို ဖိႏွိပ္တယ္၊ ႏွိမ့္ခ်ဆက္ဆံတယ္၊ ငါတို႔ တိုင္းရင္းသားေတြ ဘာမွအခြင့္ အေရးမရွိဘူး” ဆိုတဲ့ စကားေတြဟာ လက္ေတြ႕ျဖစ္ပ်က္ေနတာေတြနဲ႔ ကြာျခားေနတာကို ေတြ႕လာရပါတယ္။

တိုက္ပြဲေတြျဖစ္ေနတဲ့ အခ်ိန္ တံတားေဖာက္ခြဲတာ၊ မိုင္းေထာင္တာေတြကို KIA အဖြဲ႕က လုပ္ေနတာျဖစ္လို႔ အစိုးရတပ္ေတြက လုံၿခဳံေရးအရ ေသခ်ာစစ္ေဆးတာ၊ ေမးျမန္းတာ၊ အေရးယူတာေတြရွိပါတယ္။ ဒါဟာ တိုင္းရင္း သားဆိုၿပီး ဖိႏွိပ္တာ၊ ႏွိမ့္ခ်ဆက္ဆံတာ မဟုတ္ပါဘူး၊ အဓိကအခ်က္ကေတာ့ နယ္ေျမ ေဒသ မေအးခ်မ္းတဲ့တိုက္ပြဲေတြ၊ ပဋိပကၡေတြျဖစ္ေနတာေၾကာင့္ပါ။ KIA ေခါင္းေဆာင္ႀကီးေတြရဲ႕ မႈိင္းတိုက္စကားေၾကာင့္ ေဒသခံေတြဟာ ယေန႔အခ်ိန္ထိ ပစၥည္းမြဲ၊ ပညာမဲ့ လူတန္းစားဘဝကေန ႐ုန္းမထြက္ႏိုင္ေသးတာျဖစ္ပါတယ္။

တကယ္ေတာ့ လိုင္ဇာၿမိဳ႕နဲ႔ KIO ထိန္းခ်ဳပ္ေဒသ ပတ္ဝန္းက်င္ေတြဟာ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္ အက်ဆုံး ေဒသေတြပါ။ ေဒသခံေတြခမ်ာ စာေကာင္းေကာင္းမသင္ရေတာ့ ဆင္ျခင္ေတြးေတာ ႏိုင္စြမ္းမရွိဘဲ ေခါင္းေဆာင္ႀကီးေတြရဲ႕စကားကို ဘုရားစကားအလားယုံမွတ္ၿပီး KIA ထဲဝင္ စစ္မႈထမ္း၊ ေနာက္ဆုံးေတာ့ ျပည္နယ္အတြက္မဟုတ္ဘဲ ေခါင္းေဆာင္ႀကီးေတြရဲ႕ အာဏာနဲ႔ အက်ိဳး စီပြားကို ကာကြယ္ေပးရင္းေသၾကရပါတယ္။

ျပည္နယ္ကေတာ့ ဒီတိုက္ပြဲေတြရဲ႕အက်ိဳးဆက္ ေၾကာင့္ ဒုံရင္းကဒုံရင္းပါပဲ။ ေခါင္းေဆာင္ႀကီးေတြက ျပည္နယ္အတြက္ဆိုၿပီး စကားေျပာမယ္၊ နားေယာင္မိတဲ့ လူတခ်ိဳ႕က နားေယာင္ၿပီး သူတို႔အတြက္ KIA အဖြဲ႕ထဲဝင္ၿပီး တိုက္မယ္။ ဒီလိုနဲ႔ တစ္ပတ္ၿပီးတစ္ပတ္လည္ၿပီး အက်ိဳးခံစားခြင့္ဘာမွ မရဘဲ တိုက္ပြဲေတြက မၿပီးဆုံးႏိုင္ေတာ့ဘူး။

လိုင္ဇာပတ္ဝန္းက်င္နဲ႔ KIA ထိန္းခ်ဳပ္ေဒသက ျပည္သူေတြဟာ သနားစရာအလြန္ေကာင္း ပါတယ္။ စာသင္ေက်ာင္းေတြလည္း ေကာင္းေကာင္းမရွိ၊ အသိဉာဏ္လည္းမဖြံ႕ၿဖိဳး ဗဟုသုတ လည္းမရွိ၊ ေခါင္းေဆာင္ႀကီးေတြေျပာတဲ့ စကားေတြ၊ မိန႔္ခြန္းေတြကိုပဲ ဘုရားသခင္ရဲ႕စကား အလားအထင္တႀကီးနဲ႔ ယုံၾကည္ေနၾကရရွာတာပါ။

လိုင္ဇာၿမိဳ႕က ေက်ာင္းဆိုတာကလည္း တျခားၿမိဳ႕ႀကီးေတြက ေက်ာင္းေတြလို အသိအျမင္ ဗဟု သုတႂကြယ္ဝေစမယ့္ ပညာရပ္ေတြ မသင္ၾကားေပးဘဲ အဆင့္မမီတဲ့ သင္႐ိုးေတြကိုသာ သင္ရ ပါတယ္။ ေခါင္းေဆာင္ႀကီးေတြရဲ႕ ဥစၥာဓနနဲ႔ အာဏာကို ကာကြယ္ေပးမယ့္ စစ္သည္ေတြ၊ ရဲေမေတြ ျဖစ္လာဖို႔အတြက္သာ နားသြင္းသင္ၾကားေပးေနတဲ့ ပညာေရးစနစ္နဲ႔ေက်ာင္းျဖစ္ပါတယ္။ ေဒသခံ လူငယ္လူ႐ြယ္ေတြသာ တျခားၿမိဳ႕မ်ားက လူငယ္မ်ားနည္းတူ ေက်ာင္းေကာင္းေကာင္း တက္ရမယ္ ဆိုရင္ ဘြဲ႕ရပညာတတ္ဆရာဝန္၊ အင္ဂ်င္နီယာမ်ား ျဖစ္လာႏိုင္ပါတယ္။ အခုေတာ့ လူငယ္ေတြရဲ႕ ဘဝဟာ KIO/KIA ေခါင္းေဆာင္ႀကီးတို႔ရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ေပးေနရတာနဲ႔ သူတို႔ရဲ႕ အနာဂတ္မဲ့လွပါတယ္ဗ်ာ။ ထူးျခားတာကေတာ့ လိုင္ဇာေက်ာင္းမွာ KIO နဲ႔ KIA ေခါင္းေဆာင္ ေတြရဲ႕ သားသမီးေတြကို ေက်ာင္းမထားတာပါပဲ။

ဒါေတြကိုၾကည့္ရင္ ေဒသခံျပည္သူေတြအတြက္ လား၊ သူတို႔ အတြက္လားဆိုတာ အေျဖကရွင္းေနပါၿပီ။ ဒါေၾကာင့္ အစစအရာရာ နိမ့္က်ေနတဲ့ လိုင္ဇာမွာ ဆက္လက္ေနထိုင္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ေက်ာခိုင္းရျခင္းျဖစ္ပါတယ္။

Credit to ဘရန္ေအာင္

 

UniCodeဖြင့်ဖတ်ရန်

 

“လိုင်ဇာ” ကို ကျောခိုင်း လိုက်ပါပြီ

 

တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ တစ်ကျော့ ပြန်တိုက်ပွဲတွေ အစပျိုးခဲ့တယ်။ ဒီကြားထဲ KIA ရဲ့ တပ်စခန်းအချို့ကို ဖယ်ပေးဖို့ အစိုးရ တပ်ဘက်က ပြောတာနဲ့ ပတ်သက်ပြီး KIA ဘက်က လက်မခံဘူးပြောလို့ တင်းမာတဲ့ အနေအထား ရောက်နေပါတယ်။

အဲဒီလို တင်းမာမှုတွေကြောင့် လိုင်ဇာမြို့မှာနေရတာ ကျီးလန့်စာစားနေရတဲ့ ဘဝကို ရောက်နေပြီ။ ရေရှည်အတွက် အသက်အန္တရာယ် အာမခံချက်မရှိနိုင်တော့သလို ခံစားရတယ်။ ဒါကြောင့် လိုင်ဇာကိုစွန့်ခွာဖို့ အကြောင်းဖန်လာရတယ်။ လိုင်ဇာမှာနေထိုင်တဲ့ ဒေသခံကချင် တစ်ယောက်အနေနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းမှာကို သေတဲ့အထိ မြင်ရတော့မှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ KIO နဲ့ KIA ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး မလိုလားလို့ပါပဲ။

အစိုးရတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာတော့ KIA ခေါင်းဆောင်ကြီးတွေ ကချင် လူထုကို စည်းရုံးပြီးပြောပြောနေတဲ့ “အစိုးရနဲ့ အစိုးရစစ်တပ်က တိုင်းရင်းသားဆို ဖိနှိပ်တယ်၊ နှိမ့်ချဆက်ဆံတယ်၊ ငါတို့ တိုင်းရင်းသားတွေ ဘာမှအခွင့် အရေးမရှိဘူး” ဆိုတဲ့ စကားတွေဟာ လက်တွေ့ဖြစ်ပျက်နေတာတွေနဲ့ ကွာခြားနေတာကို တွေ့လာရပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ အချိန် တံတားဖောက်ခွဲတာ၊ မိုင်းထောင်တာတွေကို KIA အဖွဲ့က လုပ်နေတာဖြစ်လို့ အစိုးရတပ်တွေက လုံခြုံရေးအရ သေချာစစ်ဆေးတာ၊ မေးမြန်းတာ၊ အရေးယူတာတွေရှိပါတယ်။ ဒါဟာ တိုင်းရင်း သားဆိုပြီး ဖိနှိပ်တာ၊ နှိမ့်ချဆက်ဆံတာ မဟုတ်ပါဘူး၊ အဓိကအချက်ကတော့ နယ်မြေ ဒေသ မအေးချမ်းတဲ့တိုက်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်နေတာကြောင့်ပါ။ KIA ခေါင်းဆောင်ကြီးတွေရဲ့ မှိုင်းတိုက်စကားကြောင့် ဒေသခံတွေဟာ ယနေ့အချိန်ထိ ပစ္စည်းမွဲ၊ ပညာမဲ့ လူတန်းစားဘဝကနေ ရုန်းမထွက်နိုင်သေးတာဖြစ်ပါတယ်။

တကယ်တော့ လိုင်ဇာမြို့နဲ့ KIO ထိန်းချုပ်ဒေသ ပတ်ဝန်းကျင်တွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက် အကျဆုံး ဒေသတွေပါ။ ဒေသခံတွေခမျာ စာကောင်းကောင်းမသင်ရတော့ ဆင်ခြင်တွေးတော နိုင်စွမ်းမရှိဘဲ ခေါင်းဆောင်ကြီးတွေရဲ့စကားကို ဘုရားစကားအလားယုံမှတ်ပြီး KIA ထဲဝင် စစ်မှုထမ်း၊ နောက်ဆုံးတော့ ပြည်နယ်အတွက်မဟုတ်ဘဲ ခေါင်းဆောင်ကြီးတွေရဲ့ အာဏာနဲ့ အကျိုး စီပွားကို ကာကွယ်ပေးရင်းသေကြရပါတယ်။

ပြည်နယ်ကတော့ ဒီတိုက်ပွဲတွေရဲ့အကျိုးဆက် ကြောင့် ဒုံရင်းကဒုံရင်းပါပဲ။ ခေါင်းဆောင်ကြီးတွေက ပြည်နယ်အတွက်ဆိုပြီး စကားပြောမယ်၊ နားယောင်မိတဲ့ လူတချို့က နားယောင်ပြီး သူတို့အတွက် KIA အဖွဲ့ထဲဝင်ပြီး တိုက်မယ်။ ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ်လည်ပြီး အကျိုးခံစားခွင့်ဘာမှ မရဘဲ တိုက်ပွဲတွေက မပြီးဆုံးနိုင်တော့ဘူး။

လိုင်ဇာပတ်ဝန်းကျင်နဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူတွေဟာ သနားစရာအလွန်ကောင်း ပါတယ်။ စာသင်ကျောင်းတွေလည်း ကောင်းကောင်းမရှိ၊ အသိဉာဏ်လည်းမဖွံ့ဖြိုး ဗဟုသုတ လည်းမရှိ၊ ခေါင်းဆောင်ကြီးတွေပြောတဲ့ စကားတွေ၊ မိန့်ခွန်းတွေကိုပဲ ဘုရားသခင်ရဲ့စကား အလားအထင်တကြီးနဲ့ ယုံကြည်နေကြရရှာတာပါ။

လိုင်ဇာမြို့က ကျောင်းဆိုတာကလည်း တခြားမြို့ကြီးတွေက ကျောင်းတွေလို အသိအမြင် ဗဟု သုတကြွယ်ဝစေမယ့် ပညာရပ်တွေ မသင်ကြားပေးဘဲ အဆင့်မမီတဲ့ သင်ရိုးတွေကိုသာ သင်ရ ပါတယ်။ ခေါင်းဆောင်ကြီးတွေရဲ့ ဥစ္စာဓနနဲ့ အာဏာကို ကာကွယ်ပေးမယ့် စစ်သည်တွေ၊ ရဲမေတွေ ဖြစ်လာဖို့အတွက်သာ နားသွင်းသင်ကြားပေးနေတဲ့ ပညာရေးစနစ်နဲ့ကျောင်းဖြစ်ပါတယ်။ ဒေသခံ လူငယ်လူရွယ်တွေသာ တခြားမြို့များက လူငယ်များနည်းတူ ကျောင်းကောင်းကောင်း တက်ရမယ် ဆိုရင် ဘွဲ့ရပညာတတ်ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာနိုင်ပါတယ်။ အခုတော့ လူငယ်တွေရဲ့ ဘဝဟာ KIO/KIA ခေါင်းဆောင်ကြီးတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတာနဲ့ သူတို့ရဲ့ အနာဂတ်မဲ့လှပါတယ်ဗျာ။ ထူးခြားတာကတော့ လိုင်ဇာကျောင်းမှာ KIO နဲ့ KIA ခေါင်းဆောင် တွေရဲ့ သားသမီးတွေကို ကျောင်းမထားတာပါပဲ။

ဒါတွေကိုကြည့်ရင် ဒေသခံပြည်သူတွေအတွက် လား၊ သူတို့ အတွက်လားဆိုတာ အဖြေကရှင်းနေပါပြီ။ ဒါကြောင့် အစစအရာရာ နိမ့်ကျနေတဲ့ လိုင်ဇာမှာ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တာကြောင့် ကျောခိုင်းရခြင်းဖြစ်ပါတယ်။

Credit to ဘရန်အောင်