ZawGyiျဖင့္ဖတ္ရန္

 

ဆီးရီးယားက အီရန္တပ္ေတြနဲ႔ အစၥေရးစစ္တပ္ေတြရဲ႕ ထိေတြ႕ပစ္မွတ္မႈေတြနဲ႔အတူ ရန္သူေတာ္ႀကီးႏွစ္ဦးရဲ႕ အေျခအေနဟာ ခုကာလမွာ တင္းမာမႈ ျမင့္တက္ေနပါတယ္။

အီရန္ဟာ စစ္အင္အားက ရန္ဖက္ႏိုင္ငံေတြထက္ ေျပာပေလာက္ေအာင္ မရွိေပမယ့္ အေရွ႕အလယ္ပိုင္းမွာေတာ့ အဓိကစစ္အင္အားႀကီးႏိုင္ငံအျဖစ္ကေန တစ္ထစ္မွ မေလွ်ာ့တဲ့ ႏိုင္ငံပါပဲ။ ေသနဂၤဗ်ဴဟာအားျဖင့္လည္း အခ်ိဳးမညီဘဲ ထိုးစစ္ဗ်ဴနဲ႔ကို ပထမထားထားသလို ေရနံစီးဆင္းမႈ ပိတ္ပစ္မွာကလည္း အီရန္ရဲ႕ ေသနဂၤဗ်ဴဟာ တစ္ရပ္အျဖစ္ ရွိေနပါတယ္။

Global Firepower ဆိုတဲ့ စစ္အင္အားအၫႊန္းကိန္းမွာေတာ့ အေၾကာင္းခ်င္းရာ ၅၀ ခန႔္ကို အေျခခံတြက္ခ်က္မႈအရ အီရန္ကို ကမာၻ႔ႏိုင္ငံ ၁၃၆ ႏိုင္ငံမွာ နံပါတ္ ၁၃ အဆင့္ သတ္မွတ္ထားပါတယ္။

အၫႊန္းကိန္းမွာ နံပါတ္ ၁၆ အဆင့္ သတ္မွတ္ခံထားရတဲ့ အေမရိကန္ရဲ႕ မဟာမိတ္အဓိကလည္း ျဖစ္ေနတဲ့ အစၥေရးကေတာ့ အီရန္ကို န်ဴကလီးယားဒုံးလက္နက္ ၂၀၀ နဲ႔ ခ်ိန္႐ြယ္ထားတယ္လို႔ ေပါက္ၾကားသတင္းေတြ ရွိထားပါတယ္။

န်ဴကလီးယားနဲ႔ ပတ္သက္ရင္ ႏွစ္ႏိုင္ငံစလုံးဟာ ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး မေရမရာ အေနအထားပါ။ အီရန္ဟာ န်ဴကလီးယားလက္နက္ ထုတ္လုပ္တယ္ဆိုၿပီး အေမရိကန္ ဦးေဆာင္တဲ့ အေနာက္ႏိုင္ငံေတြက ဖိအားေပးတာကို အရပ္ဖက္သုံး န်ဴကလီးယားစြမ္းအင္စီမံကိန္းသာ ေဖာ္ေဆာင္ေနတာလို႔ ျငင္းဆန္ထားတဲ့ႏိုင္ငံပါတယ္။

ဒီအတြက္လည္း ၂၀၁၅ မွာ ကမာၻ႔အင္အားႀကီး ေျခာက္ႏိုင္ငံနဲ႔ န်ဴကလီးယားသေဘာတူညီမႈကို ခ်ဳပ္ဆိုထားပါတယ္။ ဒီသေဘာတူညီမႈဟာဆိုရင္လည္း အေမရိကန္ႏုတ္ထြက္သြားတာေၾကာင့္ အနာဂတ္မေရမရာ ရွိေနတာပဲ ျဖစ္ပါတယ္။
အစၥေရးရဲ႕ န်ဴကလီးယား မူဝါဒကေတာ့ ရွင္းပါတယ္။ ႏွစ္ဖက္ခြေပါလစီပါပဲ။ ႏိုင္ငံမွာ န်ဴကလီးယားလက္နက္သိုက္ ရွိေနမေနကို လူသိရွင္ၾကား ဝန္လည္းမခံသလို ျငင္းလည္းမျငင္းတဲ့ မူဝါဒပါပဲ။

ဒါေပမယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းျဖစ္ၿပီး ၾကယ္ေလးပြင့္အဆင့္ ဗိုလ္ခ်ဳပ္ႀကီး ေကာလင္းပိုဝဲလ္ရဲ႕ အီးေမးလ္ေပါက္ၾကားခ်က္မွာေတာ့ အစၥေရးဟာ န်ဴကလီးယားလက္နက္ ၂၀၀ ေလာက္ ပိုင္ဆိုင္ထားတယ္လို႔ ဆိုပါတယ္။ ႐ုရွဟက္ကာေတြရဲ႕ လက္ခ်က္ျဖစ္ဖြယ္ရွိတဲ့ ဒီအီးေမးလ္ေပါက္ၾကားမႈကေတာ့ ၂၀၁၆ ခုႏွစ္ ႏွစ္ေနာကပိုင္းမွာ ျဖစ္ပြားခဲ့တာပါပဲ။

အီရန္န်ဴကလီးယားသေဘာတူညီမႈဟာ အႏၲရာယ္ျဖစ္တဲ့အေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ကြန္ဂရက္မွာ မိန႔္ခြန္းေျပာခ်ိန္ ၂၀၁၅ မတ္လကာလအတြင္းက ပိုဝဲလ္ကေန အေမရိကန္ဒီမိုကရက္ပါတီ အလႉရွင္ ဂ်က္ဖရီလိဒ္ထံ ေပးပို႔တဲ့ အီးေမးလ္ပဲ ျဖစ္ပါတယ္။

အီရန္အစိုးရအေနနဲ႔ တတ္ႏိုင္လို႔ ထုတ္လုပ္ထားရင္ေတာင္ အက္တမ္ဗုံးတစ္လုံးသာ အသုံးျပဳႏိုင္မယ္လို႔ သံသယရွိေၾကာင္း ပိုဝဲလ္က ေရးသားပါတယ္။ “အစၥေရးမွာေတာ့ န်ဴကလီးယားလက္နက္ ၂၀၀ ရွိထားၿပီး အားလုံးကလည္း ပစ္မွတ္ထား အီရန္ကို ခ်ိန္ထားတာပါ။ က်ဳပ္တို႔ဆီမွာေတာ့ ေထာင္ေပါင္းမ်ားစြာ ရွိေနတယ္။”လို႔ ပိုဝဲလ္က ေရးသားထားတာပဲ ျဖစ္ပါတယ္။

ခုလတ္တေလာ အေရွ႕အလယ္ပိုင္း အခင္းအက်င္းဟာဆိုရင္ေတာ့ ဆီးရီးယားမွာ အီရန္နဲ႔ အစၥေရးတပ္ေတြ ထိေတြ႕မႈ၊ ဂါဇာက ဆႏၵျပမႈေတြမွာ အစၥေရးစစ္တပ္ရဲ႕ ပစ္ခတ္တာေၾကာင့္ ပါလက္စတိုင္းေတြ ေသဆုံးမႈ၊ ေဂ်႐ုဆလင္ဆီ အေမရိကန္သံ႐ုံးေ႐ႊ႕ေျပာင္းဖြင့္လွစ္မႈနဲ႔ တူရကီနဲ႔ အစၥေရး သံတမန္ေတြ အျပန္အလွန္ႏွင္ထုတ္မႈေတြနဲ႔အတူ ဘယ္လိုသမိုင္း ဆက္ေရးေနဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Rf; Times of Israel

Writer_ေမာင္သံဆင့္ ( Daily Hot News )

UniCodeဖြင့်ဖတ်ရန်

 

အီရန်ကို နျူးကလီးယားဒုံးကျည် ၂၀၀ နဲ့အဆင့်သင့် ချိန်ထားတဲ့ အစ္စရေး

 

ဆီးရီးယားက အီရန်တပ်တွေနဲ့ အစ္စရေးစစ်တပ်တွေရဲ့ ထိတွေ့ပစ်မှတ်မှုတွေနဲ့အတူ ရန်သူတော်ကြီးနှစ်ဦးရဲ့ အခြေအနေဟာ ခုကာလမှာ တင်းမာမှု မြင့်တက်နေပါတယ်။

အီရန်ဟာ စစ်အင်အားက ရန်ဖက်နိုင်ငံတွေထက် ပြောပလောက်အောင် မရှိပေမယ့် အရှေ့အလယ်ပိုင်းမှာတော့ အဓိကစစ်အင်အားကြီးနိုင်ငံအဖြစ်ကနေ တစ်ထစ်မှ မလျှော့တဲ့ နိုင်ငံပါပဲ။ သေနင်္ဂဗျူဟာအားဖြင့်လည်း အချိုးမညီဘဲ ထိုးစစ်ဗျူနဲ့ကို ပထမထားထားသလို ရေနံစီးဆင်းမှု ပိတ်ပစ်မှာကလည်း အီရန်ရဲ့ သေနင်္ဂဗျူဟာ တစ်ရပ်အဖြစ် ရှိနေပါတယ်။

Global Firepower ဆိုတဲ့ စစ်အင်အားအညွှန်းကိန်းမှာတော့ အကြောင်းချင်းရာ ၅၀ ခန့်ကို အခြေခံတွက်ချက်မှုအရ အီရန်ကို ကမ္ဘာ့နိုင်ငံ ၁၃၆ နိုင်ငံမှာ နံပါတ် ၁၃ အဆင့် သတ်မှတ်ထားပါတယ်။

အညွှန်းကိန်းမှာ နံပါတ် ၁၆ အဆင့် သတ်မှတ်ခံထားရတဲ့ အမေရိကန်ရဲ့ မဟာမိတ်အဓိကလည်း ဖြစ်နေတဲ့ အစ္စရေးကတော့ အီရန်ကို နျူကလီးယားဒုံးလက်နက် ၂၀၀ နဲ့ ချိန်ရွယ်ထားတယ်လို့ ပေါက်ကြားသတင်းတွေ ရှိထားပါတယ်။

နျူကလီးယားနဲ့ ပတ်သက်ရင် နှစ်နိုင်ငံစလုံးဟာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မရေမရာ အနေအထားပါ။ အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်တယ်ဆိုပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ဖိအားပေးတာကို အရပ်ဖက်သုံး နျူကလီးယားစွမ်းအင်စီမံကိန်းသာ ဖော်ဆောင်နေတာလို့ ငြင်းဆန်ထားတဲ့နိုင်ငံပါတယ်။

ဒီအတွက်လည်း ၂၀၁၅ မှာ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနဲ့ နျူကလီးယားသဘောတူညီမှုကို ချုပ်ဆိုထားပါတယ်။ ဒီသဘောတူညီမှုဟာဆိုရင်လည်း အမေရိကန်နုတ်ထွက်သွားတာကြောင့် အနာဂတ်မရေမရာ ရှိနေတာပဲ ဖြစ်ပါတယ်။
အစ္စရေးရဲ့ နျူကလီးယား မူဝါဒကတော့ ရှင်းပါတယ်။ နှစ်ဖက်ခွပေါလစီပါပဲ။ နိုင်ငံမှာ နျူကလီးယားလက်နက်သိုက် ရှိနေမနေကို လူသိရှင်ကြား ဝန်လည်းမခံသလို ငြင်းလည်းမငြင်းတဲ့ မူဝါဒပါပဲ။

ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ကောလင်းပိုဝဲလ်ရဲ့ အီးမေးလ်ပေါက်ကြားချက်မှာတော့ အစ္စရေးဟာ နျူကလီးယားလက်နက် ၂၀၀ လောက် ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ရုရှဟက်ကာတွေရဲ့ လက်ချက်ဖြစ်ဖွယ်ရှိတဲ့ ဒီအီးမေးလ်ပေါက်ကြားမှုကတော့ ၂၀၁၆ ခုနှစ် နှစ်နောကပိုင်းမှာ ဖြစ်ပွားခဲ့တာပါပဲ။

အီရန်နျူကလီးယားသဘောတူညီမှုဟာ အန္တရာယ်ဖြစ်တဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကွန်ဂရက်မှာ မိန့်ခွန်းပြောချိန် ၂၀၁၅ မတ်လကာလအတွင်းက ပိုဝဲလ်ကနေ အမေရိကန်ဒီမိုကရက်ပါတီ အလှူရှင် ဂျက်ဖရီလိဒ်ထံ ပေးပို့တဲ့ အီးမေးလ်ပဲ ဖြစ်ပါတယ်။

အီရန်အစိုးရအနေနဲ့ တတ်နိုင်လို့ ထုတ်လုပ်ထားရင်တောင် အက်တမ်ဗုံးတစ်လုံးသာ အသုံးပြုနိုင်မယ်လို့ သံသယရှိကြောင်း ပိုဝဲလ်က ရေးသားပါတယ်။ “အစ္စရေးမှာတော့ နျူကလီးယားလက်နက် ၂၀၀ ရှိထားပြီး အားလုံးကလည်း ပစ်မှတ်ထား အီရန်ကို ချိန်ထားတာပါ။ ကျုပ်တို့ဆီမှာတော့ ထောင်ပေါင်းများစွာ ရှိနေတယ်။”လို့ ပိုဝဲလ်က ရေးသားထားတာပဲ ဖြစ်ပါတယ်။

ခုလတ်တလော အရှေ့အလယ်ပိုင်း အခင်းအကျင်းဟာဆိုရင်တော့ ဆီးရီးယားမှာ အီရန်နဲ့ အစ္စရေးတပ်တွေ ထိတွေ့မှု၊ ဂါဇာက ဆန္ဒပြမှုတွေမှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်တာကြောင့် ပါလက်စတိုင်းတွေ သေဆုံးမှု၊ ဂျေရုဆလင်ဆီ အမေရိကန်သံရုံးရွှေ့ပြောင်းဖွင့်လှစ်မှုနဲ့ တူရကီနဲ့ အစ္စရေး သံတမန်တွေ အပြန်အလှန်နှင်ထုတ်မှုတွေနဲ့အတူ ဘယ်လိုသမိုင်း ဆက်ရေးနေဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Rf; Times of Israel

Writer_မောင်သံဆင့် ( Daily Hot News )