ZawGyiဖြင့်ဖတ်ရန်
1.မြို့ပြ လယ်သမားတွေ
UniCodeဖြင့်ဖတ်ရန်
အနာဂတ်မှာ ဖြစ်လာမယ့် လူသားတွေရဲ့အံအားသင့်ဖွယ် တီထွင်မှုများ
နည်းပညာနဲ့ ဒီဂျစ်တယ်ပိုင်းမှာ တိုးတက်လာတဲ့လူသားတွေဟာ မကြာမီအချိန်အတွင်းက အနာဂတ်ကာလမှာ ရူးသွပ်ဖွယ်ရာ တီထွင်မှုအချို့ကို လုပ်လာတော့မှာဖြစ်ပါတယ်။တဖက်က အသုံးဝင်သလို တဖက်က ဆိုးကျိုးတွေဖြစ်လာနိုင်မယ့် နည်းပညာကမ္ဘာကြီးမှာ သူတို့ ဘာတွေထပ်ထွင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
7.3D ပုံရိပ်နဲ့ အမျိုးသားတွေ
3D ပုံရိပ်နဲ့ အမျိုးသားတွေဟာ တကယ့်ယောကျ်ားလေးတွေမဟုတ်ပဲ ပရိုဂရမ်သီးသန့်သာဖြစ်ပြီး မိမိကို အဖော်လုပ်ပေးမယ့် တီထွင်မှုဖြစ်ပါတယ်။နောက်ပိုင်းအိမ်သစ်တွေမှာ ထည့်သွင်းမှုပြုလုပ်မှာ ဖြစ်ပြီး လက်တွဲဖော်နေရာမှာ စိတ်ခံစားမှုကို ဖြည့်တင်းပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။
6.လေပေါ်ပျံ အဆောက်အဦးတွေ
လေပေါ်ဥယျာဉ်ဆိုပြီး တချိန်က တီထွင်ခဲ့တာဖြစ်တဲ့အတွက် ဒါက သိပ်မထူးဆန်းတော့ပါဘူး။ဘာပဲဖြစ်ဖြစ် လူနေထူထပ်လာတဲ့အခါ ကမ္ဘာကြီးမှာ အလွှာတွေပိုများလာမှာဖြစ်သလို လူသားမျိုးနွယ်တည်တံ့ရေးအတွက် လူတွေကလဲ လုပ်ဆောင်သွားကြဦးမှာဖြစ်ပါတယ်။
5.အာကာသခရီးသွား လမ်းညွှန်
နိုင်ငံအတွင်း ခရီးလှည့်လည်သွားလာတာ၊ကမ္ဘာပတ်တာဟာ အနာဂတ်ကာလမှာ ထူးဆန်းတော့မှာ မဟုတ်ပါဘူး။အာကာသလမ်းညွှန်တွေ အာကာသခရီးသွားဝန်ဆောင်မှုတွေ ပေါ်လာမှာဖြစ်ပါတယ်။
4.ဒီဂျစ်တယ်ကြောင့် သေဆုံးမှုတွေ
အနာဂတ်မှာ ဒီဂျစ်တယ်ကြောင့် သေဆုံးမှုတွေ မြင့်တက်လာမှာဖြစ်ပါတယ်။လူတွေဟာ အင်တာနက် မသုံးစွဲရတဲ့ရက်တွေမှာ နေမကောင်းချင်သလို ဖြစ်လာမှာဖြစ်ပြီး Facebook တွေ Google တွေ ရုတ်တရက် ရပ်ဆိုင်းသွားရင် သေဆုံးသွားကြတော့မှာဖြစ်ပါတယ်။မသေဆုံးသည့်တိုင် ဦးနှောက်သေဆုံးသွားပြီး အရာအားလုံးလစ်ဟင်းသွားမှာဖြစ်ပါတယ်။
3.အာကာသက မိုင်းတွင်းများ
Bruce Willis ရဲ့ ဇာတ်လမ်းထဲက ကမ္ဘာကြီးကို ကယ်တင်မှုလို သယံဇာတရှားပါးမှုကြောင့် ကမ္ဘာအပြင်ကို ထွက်ပြီး မိုင်းတွင်းရှာဖွေမှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
2.သင်ကြားရေးလမ်းညွှန်တွေ
အဆိုးထဲက အကောင်းလို့ပြောလို့ရအောင် မိမိသင်ချင်တဲ့အရာတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို တတ်သည့်တိုင် သင်ယူနိုင်မယ့် အွန်လိုင်းပေါ်ကနေရာတွေ များပြားလာမှာဖြစ်ပါတယ်။ကိုယ်တိုင် ဝါသနာအရ သင်ယူမှုပုံစံဟာ လူတွေရဲ့ အရည်အချင်းကို အဆမတန်တိုးမြှင့်လာပြီး တီထွင်ဖန်တီးမှုပိုများတဲ့ ခေတ်သစ်လူသားတွေ ရောက်လာမှာဖြစ်ပါတယ်။
1.မြို့ပြ လယ်သမားတွေ
အနာဂတ်မှာ မြေယာရှားပါးပြီး လူဦးရေထူထပ်လာတဲ့အတွက် အိမ်တွေရဲ့ အပေါ်မှာ နောက်ဖေးလမ်းကြားနဲ့ လွတ်နိုင်မယ့် မြေနေရာမှန်သမျှမှာ စိုက်ခင်းတွေတိုးလာမှာဖြစ်ပါတယ်။အခုတောင် တရုတ်ဘက်မှာ စတင်လုပ်ဆောင်မှုတွေရှိနေပါပြီ။
Credit – Original Uploader