ZawGyiဖြင့်ဖတ်ရန်

 







Credit:Shwemom

UniCodeဖြင့်ဖတ်ရန်

 

ချစ်သူသက်တမ်း(၉)နှစ်ပြည့်သွားတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

 

လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ဂီတလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲပါ။တွဲလာတဲ့ ချစ်သူသက်တမ်း ကလည်း ကြာခဲ့ပါပြီ။နှစ်ယောက်လုံးကလည်း Hip-Hop ဂီတလောကရဲ့ နာမည်ကြီး ရက်ပ်ပါတွေပါ။ဂီတလောက ထဲကို စတင်ဝင်ရောက်လာခဲ့တည်း သူတို့နှစ်ဦးကြားက ပတ်သက်မှုကို အတိအလင်းအသိပေးပြီး တွဲလာ တာ ဒီနေ့ အထိပါ။ မေလ (၁၇) ရက်နေ့လေးကတော့ သူတို့စုံတွဲရဲ့ ချစ်သူသက်တမ်း (၉) နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့လေး ပါ။
ချစ်သူသက်တမ်း(၉)နှစ်ပြည့်လေးမှာ စုံတွဲပုံ မတင်တာကြာပြီဖြစ်တဲ့ (၂)ယောက်လုံးက သူတို့ရဲ့ fb မှာ စုံတွဲ ပုံလေး တင်ခဲ့ပါတယ်။Bobby Soxer ရဲ့ fb မှာတော့ ..”I found a man stronger than anyone i know ..” ဆိုပြီး အဖြူရောင်ဝတ်စုံလေးနဲ့ သူတို့ရဲ့ စုံတွဲ ပုံကို တင်ခဲ့သလို ၊လွှမ်းပိုင်ရဲ့ fb မှာတော့ “ဘုရားတက်” ဆိုပြီး စုံတွဲ ပုံလေး တင်ထားပါတယ်။

သီချင်းတွေလည်း အတူသီဆို၊ဂီတအလုပ်တွေ အတူလုပ်လာတဲ့ သူတို့စုံတွဲဟာ နောက်ပိုင်းမှာတော့ သရုပ်ဆောင် အလုပ် တွေကိုပါ လုပ်လာတာ တွေ့ရပါတယ်။နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတာမျိုး မရှိသလို အနုပညာရှင်စုံတွဲဖြစ်တော့ အတူတူ တိုင်ပင်ဖြစ်တယ်။ပွဲငှားရင် အတူ ဖျော်ဖြေဖြစ်တယ်ဆိုပြီးMyanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေထားတာကိုတွေ့ရပါတယ်။ချစ်သူသက်တမ်း ရှစ်နှစ်ကျော်မှာတော့ နှစ်ယောက် သားပေါင်းပြီး High skool ဆိုတဲ့ Fashion ဆိုင်လေးကို ဒီဇင်ဘာ(၃)ရက်နေ့က ဖွင့်လှစ်ခဲ့ပါသေးတယ်။

(၉)နှစ်တာကာလပတ်လုံး တယောက်နဲ့တယောက်နားလည်မှူတွေ ယုံကြည်မှုတွေနဲ့အနုပညာအလုပ်တွေလက်တွဲလုပ်ကိုင်ရင်း relationshipတခုကို မပြိုလဲအောင် အကောင်းဆုံး တည်ဆောက်ထားနိုင်ခဲ့ပြီး လက်တွဲညီတဲ့ သူတို့စုံတွဲကို Idol Couple အဖြစ် ပရိသတ်တွေက အားကျနေကြပါတယ်။ Shwemom ပရိသတ်ကြီးလဲ ချစ်သူသက်တမ်း (၉) နှစ်ပြည့်သွားတဲ့ Hlwan Paing & Bobby Soxer ဆုတောင်းစကားလေးတွေပြောသွားကြဦးနော်….

from လွှမ်းပိုင်နဲ့ Bobby Soxer

Credit:Shwemom