ZawGyiျဖင့္ဖတ္ရန္

 

၂၀၁၀ ခုႏွစ္အထိ ေျမာက္ကိုရီးယားႏွင့္ ျမန္မာႏိုင္ငံတို႔သည္ အာရွ၏ တဖက္စြန္းဆီမွ အထီးက်န္ႏိုင္ငံ ၂ ခုျဖစ္ခဲ့ၾကသည္။ သို႔ေသာ္ ေျမာက္ကိုရီးယားသည္ အထီးက်န္ အေမွာင္ထုအတြင္း က်န္ရစ္ခဲ့ၿပီး ျမန္မာႏိုင္ငံသည္ “႐ိုဟင္ဂ်ာ” ျပႆနာေၾကာင့္ ေဝဖန္မႈ မုန္တိုင္းမ်ား တိုက္ခံေနေသာ္လည္း ႏိုင္ငံတကာ အသိုင္းအဝန္း၏ အလင္းေရာင္ေအာက္သို႔ ေရာက္ရွိ တိုးတက္လာသည္။

ျမန္မာႏွင့္ေျမာက္ကိုရီးယား ၂ ႏိုင္ငံလုံးတြင္ ေနထိုင္ေလ့လာခဲ့သူ အဂၤလိပ္-အေမရိကန္ကျပား အင္ဒေရ အီဘရာဟင္မီယန္ Andray Abrahamian သည္ ” ေျမာက္ကိုရီးယားႏွင့္ ျမန္မာ (သို႔မဟုတ္) မတူညီေသာ လမ္းေၾကာင္းမ်ား” (McFarland, 2018) ကို ေရးသားခဲ့သူ အသက္ ၄၀ အ႐ြယ္ သုေတသီျဖစ္သည္။ သူသည္ ေျမာက္ကိုရီးယားႏိုင္ငံအေၾကာင္းကို လြန္စြာ စိတ္ဝင္စားလာခဲ့သည္။

“ေျမာက္ကိုရီးယားနဲ႔ပတ္သက္တဲ့ သတင္းေတြဟာ ဇာတ္လမ္း အျပည့္အစုံကို ေဖာ္ျပျခင္း မရွိဘူးလို႔ က်ေနာ္ခံစားမိၿပီး စစ္ကာလမွာ မီဒီယာေတြက ရန္ဘက္ႏိုင္ငံေတြကို ဘယ္လိုေရးသားေဖာ္ျပၾကတယ္ဆိုတာကို က်ေနာ္စိတ္ဝင္စားလာတယ္။ ဒါေၾကာင့္မို႔ က်ေနာ့္ရဲ႕ ပါရဂူဘြဲ႕စာတမ္းအတြက္ ဒီအေၾကာင္းကို ေလ့လာဖို႔ ဆုံးျဖတ္လိုက္တယ္” ဟု သူက ရွင္းျပသည္။

ေတာင္ကိုရီးယားႏိုင္ငံ အူလ္စန္တတၱသိုလ္တြင္ ပါရဂူဘြဲ႕အတြက္ ေလ့လာစဥ္အတြင္း သူသည္ ေျမာက္ကိုရီးယား စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေဆြးေႏြးပြဲမ်ား က်င္းပေပးေသာ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းတခုျဖစ္သည့္ Choson Exchange မွ အမႈေဆာင္ဒါ႐ိုက္တာ ေဂ်ာ့ဖ္စီး Geoff See ႏွင့္ေတြ႕ဆုံခဲ့ၿပီး ျပည္ပ အထူးသျဖင့္ စကၤာပူႏွင့္ တ႐ုတ္ႏိုင္ငံမ်ားတြင္ ဆက္လက္ပညာဆည္းပူးခဲ့သည္။ ထိုသို႔ေတြ႕ဆုံခဲ့ျခင္းေၾကာင့္ အီဘရာဟင္သည္ Choson Exchange တြင္ ၄ ႏွစ္ၾကာမွ် အမႈေဆာင္ဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ခဲ့ၿပီး ထိုကာလအတြင္း ေျမာက္ကိုရီးယားႏိုင္ငံသို႔ ၂၇ ႀကိမ္သြားေရာက္ခဲ့သည္။

၂၀၁၅ ခုႏွစ္တြင္မူ သူ၏ဇနီးက ျမန္မာႏိုင္ငံတြင္ သူ႔အတြက္ အလုပ္အကိုင္တခု စီစဥ္ေပးခဲ့ေသာေၾကာင့္ ထိုအစီအစဥ္အတိုင္း လုပ္ကိုင္ရန္ ဆုံးျဖတ္ခဲ့သည္။ “က်ေနာ္အရင္က ျမန္မာႏိုင္ငံကို တေခါက္ပဲ ေရာက္ဖူးေပမယ့္ ျမန္မာႏိုင္ငံဟာ အာရွက အျခားတခုတည္းေသာ အထီးက်န္ႏိုင္ငံျဖစ္ေနေတာ့ အာ႐ုံစိုက္မိေနခဲ့တယ္။ လူ႔အဖြဲ႕အစည္းတခု ပိုမို ပြင့္လင္းတဲ့ဖက္ကို ကူးေျပာင္းလာရင္ ဘာေတြျဖစ္မလဲဆိုတာကို က်ေနာ္ေလ့လာခ်င္ေနတာ” ဟု သူက ေျပာသည္။

သူသည္ ျမန္မာႏိုင္ငံ ရန္ကုန္ တကၠသိုလ္တြင္ သင္ၾကားပို႔ခ်ရင္း ကုမၸဏီမ်ားႏွင့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားအတြက္ အႀကံဉာဏ္မ်ားေပးေနသည္။

သူ အထူးျပဳေလ့လာခဲ့ေသာ ႏိုင္ငံ ၂ ႏိုင္ငံတြင္ ယခင္က တူညီေသာအခ်က္မ်ားစြာ ရွိသည္။ “ဒီ ၂ ႏိုင္ငံဟာ အရမ္းကို အထီးက်န္ေနခဲ့တုန္းက တႏိုင္ငံနဲ႔ တႏိုင္ငံဟာ မိတ္ဖက္ႏိုင္ငံေတြအျဖစ္ လိုလိုလားလား ထူေထာင္ဖို႔ ႀကိဳးစားၾကတယ္။ ၂ ႏိုင္ငံလုံးဟာ အေရးယူပိတ္ဆို႔မႈေတြ ၾကားမွာ ႐ုန္းကန္ေနရတယ္။ ၂ ႏိုင္ငံလုံးက တ႐ုတ္ႏိုင္ငံကို မွီခိုအားထားေနရၿပီး မိတ္ေဆြေတြ လိုအပ္ေနၾကတယ္” ဟု ရွင္းျပသည္။

စိမ္းလန္းစိုေျပေသာ အပူပိုင္းေဒသမွ ျမန္မာႏိုင္ငံက အစားအစာ ျပတ္လပ္ေနေသာ ေျမာက္ကိုရီးယားႏိုင္ငံအတြက္ ဆန္မ်ား တင္ပို႔ေပးၿပီး ေျမာက္ကိုရီးယားက ျမန္မာႏိုင္ငံအတြက္ လက္နက္မ်ား ျပန္တင္ပို႔ေပးသည္။ ျမန္မာႏိုင္ငံသည္ တ႐ုတ္၊ ႐ုရွား၊ အစၥေရးတို႔အျပင္ အျခားလက္နက္ေရာင္းခ်ေပးေသာႏိုင္ငံမ်ား လိုအပ္ေနသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာ စြမ္းရည္ကိုလည္း အသုံးခ်ၿပီး ျမန္မာႏိုင္ငံ၏ ၿမိဳ႕ေတာ္သစ္ ေနျပည္ေတာ္ကို ကူညီတည္ေဆာက္ေပးသည္။ ျမန္မာႏိုင္ငံ၏ ေျမေအာက္လႈိဏ္ေခါင္းကြန္ရက္အတြက္ ကြၽမ္းက်င္မႈမ်ားကို ပံ့ပိုးေပးသည္။

ျပည္တြင္းႏွင့္ ျပည္ပ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ား

အင္ဒေရ အီဘရာဟင္မီယန္ အဆိုအရ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာအသိုင္းအဝန္း၏ အလင္းေရာင္ေအာက္သို႔ ျပန္လည္ေရာက္ရွိလာၿပီး ေျမာက္ကိုရီးယားႏိုင္ငံ မေရာက္ရွိလာရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ထိုစစ္အစိုးရမ်ား ရင္ဆိုင္ေနရသည့္ လုံၿခဳံေရးအရ ၿခိမ္းေျခာက္မႈျခင္း မတူညီေသာေၾကာင့္ျဖစ္သည္။ လူမ်ိဳးစု ၁၀၀ ေက်ာ္ရွိၿပီး ယဥ္ေက်းမႈေပါင္းစုံ ေရာေႏွာေနသည့္ ျမန္မာႏိုင္ငံတြင္ လုံၿခဳံေရး ၿခိမ္းေျခာက္မႈသည္ ျပည္တြင္းၿခိမ္းေျခာက္မႈသာျဖစ္ၿပီး ကိုင္တြယ္စီမံႏိုင္ေသာ အေနအထားတြင္ ရွိသည္။ လူမ်ိဳးတမ်ိဳးတည္းသာ ရွိေသာ ေျမာက္ကိုရီးယားတြင္မူ လုံၿခဳံေရးအရ ၿခိမ္းေျခာက္မႈမွာ ျပည္ပၿခိမ္းေျခာက္မႈျဖစ္ၿပီး ကိုင္တြယ္စီမံရန္ မျဖစ္ႏိုင္ေသာ အေနအထားတြင္ ရွိေနသည္။

“ဒီ ၂ ႏိုင္ငံမွာ အဓိ ကြဲျပားျခားနားတာက ျဖစ္တည္ေရးဆိုင္ရာ လုံၿခဳံေရး အက်ပ္အတည္းပဲ။ ျမန္မာႏိုင္ငံမွာ လူမ်ိဳးစုလက္နက္ကိုင္ေတြနဲ႔ ကြန္ျမဴနစ္ပုန္ကန္မႈေတြက ႏိုင္ငံကို တစိတ္တပိုင္းစီျဖစ္သြားေအာင္ လုပ္ဖို႔ ႀကိဳးစားၾကတယ္။ သူတို႔ေတြက အရမ္းကို အင္အားႀကီးမားၿပီး ႏိုင္ငံကို တစစီျဖစ္သြားေအာင္လုပ္ဖို႔ တကယ္လည္း ႀကိဳးစားခဲ့ၾကတယ္။ ဒီလို စစ္ပြဲေတြမွာ အစုလိုက္အၿပဳံလိုက္ ေသေစႏိုင္တဲ့လက္နက္ေတြက အသုံးမဝင္ဘူး။ ျမန္မာစစ္အစိုးရအတြက္ ပုန္ကန္မႈ ႏွိမ္နင္းေရးက အဓိကပဲ” ဟု သူက ရွင္းျပသည္။

“သူတို႔က ပုန္ကန္မႈေတြ၊ အကြဲအၿပဲေတြကို ေသေသခ်ာခ်ာ ေလ့လာၾကည့္ရႈတယ္။ အထူးသျဖင့္ ၁၉၉၀ ခုႏွစ္ေတြမွာေပါ့။ ၿပီးေတာ့မွ ဒီမိုကေရစီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ျပႆနာဘက္ကို လွည့္ၿပီး အစီအစဥ္တခု ခ်မွတ္လာတယ္” ဟု ဆိုသည္။

လူမ်ိဳးစု ကြဲျပားျခင္းမရွိေသာ ေျမာက္ကိုရီးယားႏိုင္ငံ ရင္ဆိုင္ေနရေသာ ၿခိမ္းေျခာက္မႈမွာမူ အတိုင္းအဆ ကြဲျပားၿပီး ႀကီးမားလွသည္။ ပထမအခ်က္အေနျဖင့္ ၿပိဳင္ဘက္ေတာင္ကိုရီးယားႏိုင္ငံ ရွိေနၿပီး လူဦးေရ ၂ ဆ ပိုမိုမ်ားျပားကာ စီးပြားေရးအရ အဆ ၄၀ ပိုမိုႀကီးမားေနသည္။ ဒုတိယအခ်က္မွာ ေတာင္ပိုင္းသည္ ကမာၻ႔အင္အားအႀကီးဆုံး အေမရိကန္ႏိုင္ငံႏွင့္ မဟာမိတ္ျဖစ္ေနၿပီး အေမရိကန္က က်ဴးေက်ာ္ႏိုင္ရန္ အလားအလာ ရွိေနသည္။ အေမရိကန္သည္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ၁၉၅၀-၅၃ စစ္ပြဲကို ၿငိမ္းခ်မ္းေရးစာခ်ဳပ္ျဖင့္ အဆုံးမသတ္ဘဲ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ျဖင့္သာ အဆုံးသတ္ထားေသာေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ တရားဝင္ စစ္ျဖစ္ေနဆဲလည္း ျဖစ္သည္။

“သူ႔ရဲ႕ လုံၿခဳံေရးအက်ပ္အတည္းအတြက္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ တုံ႔ျပန္မႈက ညဴကလီးယားလက္နက္ျဖစ္ၿပီး ဒီညဴကလီးယားလက္နက္ေၾကာင့္ပဲ အထီးက်န္ျဖစ္ရတယ္။ သူတို႔က ဒီျပႆနာနဲ႔ ခြဲထုတ္လို႔မရ ျဖစ္ေနတယ္” ဟု သူက ေျပာသည္။

ႏိုင္ငံေရးေခါင္းေဆာင္မ်ား

ထိုႏိုင္ငံ ၂ ခုမွ လူတဦးစီေၾကာင့္ ႏိုင္ငံမ်ား၏ ကံၾကမၼာမ်ားလည္း ကြဲျပားရသည္။ ျမန္မာႏိုင္ငံတြင္ ေဒၚေအာင္ဆန္းစုၾကည္ရွိေနၿပီး ေျမာက္ကိုရီးယားႏိုင္ငံတြင္မူ ကင္ဂ်ဳံအြန္ ဟုေခၚေသာ ငယ္႐ြယ္သည့္ စစ္ဗိုလ္ခ်ဳပ္ရွိေနသည္။ ၎တို႔ ၂ ဦးစလုံးတို႔သည္ အမ်ိဳးသားေရး ဂုဏ္သိကၡာ လြန္စြာႀကီးမားေသာ ေဆြစဥ္မ်ိဳးဆက္မ်ားမွ လာၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ သမီးျဖစ္ၿပီး ကင္ဂ်ဳံအြန္သည္ ႏိုင္ငံတည္ေထာင္သူ ေခါင္းေဆာင္ႀကီး ကင္အီဆြန္း၏ ေျမးျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ျပည္တြင္းၿခိမ္းေျခာက္မႈကို ကိုင္တြယ္ႏိုင္ေသာအခါ စစ္အစိုးရသည္ ၎တို႔ အာ႐ုံစိုက္ရမည့္ နယ္ပယ္ကို ေျပာင္းႏိုင္ခဲ့သည္။ “ျမန္မာႏိုင္ငံ အထီးက်န္ျဖစ္ရတာက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီမိုကေရစီ လႈပ္ရွားမႈကို ဖိႏွိပ္လို႔ပါ။ အတိုက္အခံေတြကို ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ၿပီး သူဟာ တကယ့္ကို သူရဲေကာင္းႀကီးျဖစ္လာလို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ထိေတြ႕ဆက္ဆံေျဖရွင္းဖို႔ စစ္အစိုးရက စဥ္းစားရတယ္” ဟု အင္ဒေရ အီဘရာဟင္မီယန္က ေျပာသည္။

“ေဒၚေအာင္ဆန္းစုၾကည္ကို ျပည္ပထြက္သြားေအာင္လုပ္ဖို႔ သူတို႔ေတြ ႀကိဳစားခဲ့၊ ေမွ်ာ္လင့္ခဲ့ၾကတယ္။ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ခင္ပြန္း ၿဗိတိန္ႏိုင္ငံသား ဆုံးတာေတာင္ ျမန္မာႏိုင္ငံကို ျပန္လာခြင့္မရမွာစိုးလို႔ ႏိုင္ငံက ထြက္မသြားခဲ့ဘူး။ စစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကို ေပ်ာက္ကြယ္သြားေအာင္ မလုပ္ႏိုင္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္က ျပည္တြင္းမွာေရာ ျပည္ပမွာပါ လူထုေထာက္ခံမႈ အရမ္းမ်ားခဲ့တယ္။ သူ႔ကို လူေတြ ခ်စ္ခင္ၾကတာကို ေလွ်ာ့တြက္လို႔ မရေတာ့ဘူး” ဟု သူက ရွင္းျပသည္။

သူ၏ မ်ိဳး႐ိုးဂုဏ္ႏွင့္ လူထုေထာက္ခံမႈတို႔ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္သည္ အၿမဲတေစ ရွင္သန္ေနၿပီး အနည္းဆုံး တစိတ္တပိုင္းအားျဖင့္ ေပၚေပၚထင္ထင္ ရွိေနသည္။ ထို႔ေၾကာင့္ စစ္အစိုးရသည္ ေဒၚေအာင္ဆန္းစုၾကည္ကို ထိေတြ႕ဆက္ဆံေျဖရွင္းရန္မွတပါး အျခားနည္းလမ္းမရွိေတာ့ဘဲ ေနာက္ဆုံးတြင္ အာဏာစၾကၤန္အတြင္းသို႔ ဝင္ခြင့္ျပဳလိုက္ရသည္။

ေျမာက္ကိုရီးယားႏိုင္ငံ၏ အေျခအေနမွာ ဆန႔္က်င္ဖက္ျဖစ္ေနသည္။ အေတြးအေခၚအရ စည္းလုံးညီၫြတ္မႈအတြက္ အေျခခံကို ဖန္တီးေပးသည့္ လြန္စြာအေရးပါလွေသာ ႏိုင္ငံ တည္ေထာင္သည့္ မ်ိဳး႐ိုးဂုဏ္ပုဒ္ ရရွိထားသူမွာ စစ္အစိုးရကို အတိုက္အခံလုပ္ေနသူ မဟုတ္ဘဲ ႏိုင္ငံ၏ ေခါင္းေဆာင္ျဖစ္ေနသည္။ ထိုအာဏာကို ေလွ်ာ့တြက္မရႏိုင္ေပ။

“ေျမာက္ကိုရီးယားႏိုင္ငံဟာ လြန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္ကေလာက္ ညီၫြတ္ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိေတာ့ရင္ေတာင္မွ ဒီေန႔အထိ အလုပ္ျဖစ္ေနတဲ့ အေတြးအေခၚနဲ႔ တင္ျပခ်က္ကို ဖန္တီးထားႏိုင္ေသးတယ္။ အဲဒီဇာတ္လမ္းက ျပည္သူအမ်ားစုၾကားမွာ အလုပ္ျဖစ္ေနေသးတယ္။ ဒါမ်ိဳးက ျမန္မာႏိုင္ငံမွာ မရွိဘူး” ဟု သူက ဆိုသည္။

ထို႔အျပင္ ႏိုင္ငံေတာ္က အႀကီးအက်ယ္ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ ေျမာက္ကိုရီးယား အစိုးရသည္ ႏိုင္ငံကို ျပည္ပမွ မေလ့လာႏိုင္ေအာင္ အႀကီးအက်ယ္လုပ္ေဆာင္ႏိုင္ခဲ့သည္။ “ကပ္ဆိုက္ေနတဲ့ေနရာကို ခိုးဝင္ၿပီး သတင္းေရးသားေဖာ္ျပႏိုင္တဲ့ေနရာမွာလည္း ဒီ ၂ ႏိုင္ငံ မတူဘူး။ ေျမာက္ကိုရီးယားမွာ ဒါမ်ိဳးကို စိတ္ကူးေတာင္ယဥ္လို႔ မရေပမယ့္ ျမန္မာႏိုင္ငံမွာ ရတယ္” ဟု သူေျပာသည္။

ကင္ဂ်ဳံအြန္သည္သူ၏ မိသားစုတြင္ ၃ ဆက္ေျမာက္ အာဏာရသူျဖစ္ေသာေၾကာင့္ က်ယ္ျပန႔္ေသာ အေျခခံမ်ား ခ်မွတ္ထားၿပီးျဖစ္ကာ အျခားမည္သည့္ေခတ္သစ္ႏိုင္ငံတြင္မွ် မရွိေသာ ဖိႏွိပ္ေရး ယႏၲရားျဖင့္ သူ၏အာဏာကို ခိုင္မာေအာင္ လုပ္ေဆာင္ႏိုင္သည္။ ေျမာက္ကိုရီးယားႏိုင္ငံတြင္ မူဝါဒခ်မွတ္ေသာအဆင့္၊ ခ႐ိုင္အဆင့္၊ လမ္းမေပၚအဆင့္ အဆင့္တိုင္း အတိုက္အခံမရွိသလို ေတာေတာင္မ်ားအတြင္းတြင္လည္း အတိုက္အခံ မရွိေပ။ တ႐ုတ္ သို႔မဟုတ္ ေတာင္ကိုရီးယား သို႔မဟုတ္ ႐ုရွားႏိုင္ငံတို႔၏ နယ္ျခားေဒသမ်ားတြင္ စုၿပဳံခ်ထားေသာ ေပ်ာက္ၾကားတပ္ဖြဲ႕မ်ားလည္း မရွိပါ။

“ေျမာက္ကိုရီးယားမွာ အတိုက္အခံေခါင္းေဆာင္တေယာက္ ေပၚေပါက္လာဖို႔ဆိုတာ စဥ္းစားဖို႔ေတာင္ ခက္တယ္။ ထင္ထားတာထက္ ပိုၿပီး အေတြးအေခၚအရ ညီၫြတ္မႈ ရွိေနတယ္။ ဖိႏွိပ္ေရး ယႏၲရားကလည္း ထင္ထားတာထက္ ပိုၿပီး ၾသဇာႀကီးမားတယ္။ စနစ္ေျပာင္းဖို႔ ဖိအားေတြ မတိုးႏိုင္ေအာင္ လုပ္ထားတယ္” ဟု သူေျပာသည္။

ေဈးကြက္စီးပြားေရးႏွင့္ လူမႈအေျချပဳ အဖြဲ႕အစည္းမ်ား

သို႔ေသာ္ေျမာက္ကိုရီးယားသည္ သတင္းမ်ားတြင္ ေဖၚျပသကဲ့သို႔ စစ္ေအးတိုက္ပြဲအတြင္ က်န္ရစ္ေနသည့္ႏိုင္ငံမဟုတ္ေပ။ “အေျပာင္းအလဲအတြက္ ဖိအားကေတာ့ရွိေနမယ္လို႔က်ေနာ္ထင္တယ္။ စီးပြားေရး လုပ္ငန္းေတြ လုပ္လို႔ရေအာင္ တည္ၿငိမ္မႈလိုလားတဲ့ လူတန္းစားတခုကေတာ့ရွိေနမွာပဲ။ တ႐ုတ္ႏိုင္ငံမွာ ခံစားေနရတဲ့ စီးပြားေရးအရ လြတ္လပ္မႈကို သူတို႔လည္းျမင္မွာပဲေလ” ဟု အင္ဒေရ အီဘရာဟင္မီယန္က ေျပာသည္။

ထိုလူတန္းစားသည္ ေျမာက္ကိုရီးယားႏိုင္ငံတြင္ ဖူလုံမႈႏွင့္ အေရးယူပိတ္ဆို႔မႈကို ခံႏိုင္ေအာင္ လုပ္ေပးေနေသာ ေဈးကြက္ဝင္ စီးပြားေရးကို ဖန္တီးခဲ့သည့္ လုပ္ငန္းရွင္မ်ားမွ ေပါက္ဖြားလာမည္ျဖစ္သည္။ ၁၉၉၀ ခုႏွစ္မ်ားအလယ္တြင္ အငတ္ေဘးမ်ားႏွင့္ ဥေရာပ ကြန္ျမဴနစ္ဝါဒ က်ဆုံးမႈေၾကာင့္ ဆိုရွယ္လစ္ ကုန္စည္ျဖန႔္ခ်ိေရး စနစ္သည္ ပ်က္စီးသြားေသာ္လည္း အသက္ဆက္ေပးေသာ ေဈးမ်ားေပၚေပါက္လာကာ တ႐ုတ္ႏိုင္ငံမွ ေမွာင္ခိုတင္သြင္းလာေသာ အစားအစာႏွင့္ေဆးဝါးမ်ားကို ကုန္သြယ္ၾကသည္။

ထိုေမွာင္ခိုေဈးမ်ားမွတဆင့္ ေျမာက္ကိုရီးယားႏိုင္ငံသားအမ်ားစု၏ ေန႔စဥ္လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးေနသည့္ တႏိုင္ငံလုံး အတိုင္းအတာႏွင့္ က်ယ္ျပန႔္သည့္ ေဈးကြက္ ကြန္ယက္တခု ေပၚေပါက္လာခဲ့သည္။ ထိုေဈးကြက္ကြန္ရက္ေပၚေပါက္လာေၾကာင္းကို အခ်က္အလက္အမ်ားစုက ျပသေနသည္။ ထိုေဈးမ်ားသည္ ယခုအခါ ေျဗာင္က်က် လုပ္ကိုင္ေနၾကၿပီျဖစ္ေသာ္လည္း ႏိုင္ငံေတာ္က ႀကီးၾကပ္ေစာင့္ၾကည့္ေနသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ ထိုေဈးကြက္ ေပၚေပါက္လာျခင္းကို ခြင့္မျပဳလိုဘဲ ခြင့္ျပဳလိုက္ရသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ထိုေဈးမ်ားကို ၂၀၀၉ ခုႏွစ္က ေငြေၾကးစနစ္ျပဳျပင္ေျပာင္းလဲျခင္းျဖင့္ တႀကိမ္၊ ၂၀၁၁ ခုႏွစ္က ကင္ဂ်ဳံအီ ဈာပနအတြင္းကတႀကိမ္ ၿဖိဳခြင္းရန္ႀကိဳးစားေသာ္လည္း ေအာင္ျမင္ျခင္းမရွိေပ။ မည္သည့္ လူမႈအေျချပဳအဖြဲ႕အစည္းမွ်လည္း ေပၚေပါက္လာျခင္း မရွိေပ။ “လူမႈအေျချပဳအဖြဲ႕အစည္း တကယ္ကို မရွိတဲ့ ႏိုင္ငံဗ်” ဟု အီဘရာဟင္က ဆိုသည္။

ျမန္မာႏိုင္ငံတြင္မူ ထိုသို႔မဟုတ္ေပ။ “ ျမန္မာႏိုင္ငံက ၁၉၆၂ ကေန ၁၉၈၈ အထိ ဆိုရွယ္လစ္ႏိုင္ငံျဖစ္ခဲ့တယ္။ ေနာက္ေတာ့ ေၾကာက္စရာ အၾကမ္းဖက္မႈေတြျဖစ္ၿပီး ဆိုရွယ္လစ္ စမ္းသပ္မႈ အဆုံးသတ္သြားတယ္။ ေဈးကြက္ စီးပြားေရးျဖစ္လာတယ္။ လူမႈအေျချပဳအဖြဲ႕အစည္းေတြ ႏိုင္ငံေရးပါတီေတြ ေပၚေပါက္လာတယ္။ သူတို႔က ႏိုင္ငံေရးကို အေတာ္ျမန္ျမန္ ေခ်မႈန္းပစ္ေပမယ့္ လူမႈအေျချပဳအဖြဲ႕အစည္းေတြကို ခြင့္ျပဳခဲ့တယ္” ဟုလည္း ေျပာသည္။

ထိုအဖြဲ႕အစည္းမ်ား၏ အေစာပိုင္းပုံစံမွာ ေက်ာင္းမ်ား၊ က်န္းမာေရးလုပ္ငန္းေဆာင္႐ြက္ေသာ ေစတနာအဖြဲ႕မ်ားႏွင့္ ပုဂၢလိက ကုမၸဏီမ်ားျဖစ္ၿပီး ၎တို႔သည္ ဆက္သြယ္ေရးႏွင့္ ကြန္ရက္ဖြဲ႕စည္းေရးအတြက္ အေျခခံမ်ားျဖစ္လာၿပီး ေနာက္ပိုင္း ႏိုင္ငံေရးလႈပ္ရွားမႈမ်ားတြင္ ၾသဇာႀကီးမားလာၾကသည္။

ဆိုရွယ္လစ္စနစ္ က်ဆုံးသြားေသာ ျမန္မာႏိုင္ငံသည္ ႏိုင္ငံေရးအေျပာင္းအလဲႏွင့္ ေနာက္ဆုံးတြင္ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအတြက္ စံနမူနာ ျဖစ္လာသည္။ “သူတို႔ေတြက ဒီမိုကေရစီတပိုင္းစနစ္အတြက္ ဆယ္စုႏွစ္တခုေလာက္ ႀကိဳတင္ျပင္ဆင္ခဲ့တယ္။ ႐ုတ္တရက္ ထ လုပ္တာ မဟုတ္ဘူး။ ေျမာက္ကိုရီးယားႏိုင္ငံမွာ ဒီလို အုပ္ခ်ဳပ္ေရး စနစ္ေျပာင္းဖို႔ စီစဥ္တာ မရွိဘူး” ဟု သူရွင္းျပသည္။

အမ်ိဳးသားေရးဝါဒ ျပန္လည္ေခါင္းေထာင္လာျခင္း

ႏိုင္ငံတကာ အသိုင္းအဝန္းအေနျဖင့္ ၁၉၉၀ ခုႏွစ္မ်ားမွ စတင္ခဲ့သည့္ မၿပီးဆုံးႏိုင္ေသာ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားအတိုင္း ႐ုတ္တရက္ အေျပာင္းအလဲ၊ ၿပိဳကြဲမႈမ်ားကို မေမွ်ာ္လင့္သင့္ေၾကာင္း အီဘရာဟင္က သတိေပးသည္။ တ႐ုတ္ႏွင့္ ဗီယက္နမ္တို႔သည္ အေျခခံက်ေသာ စီးပြားေရး အေျပာင္းအလဲမ်ားကို ျပဳလုပ္ခဲ့ၿပီး ပါတီ၏ ထိန္းခ်ဳပ္မႈကို ဆက္လက္ထိန္းသိမ္းထားသည္။ သူသည္ ေျမာက္ကိုရီးယားကို ၁၉၇၄ ခုႏွစ္က တိန႔္ေရွာင္ဖိန္၏ တ႐ုတ္ႏိုင္ငံႏွင့္ တူေနသည္ဟု ျမင္သည္။

“ က်ေနာ္ ေျမာက္ကိုရီးယားတေယာက္နဲ႔ ေဘ့ဂ်င္းမွာ မိုးထိုးေနတဲ့ အေဆာက္အအုံေတြ၊ ေဘလ္ဘုတ္ႀကီးေတြ၊ ကားေတြကို ၾကည့္ၿပီး စကား ေျပာခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္ကဆိုရင္ ေဘဂ်င္းဟာ အခုလို ႏိုင္ငံတကာ ၿမိဳ႕ေတာ္ႀကီးျဖစ္လာမယ္လို႔ ဘယ္သူမွ ထင္မွာ မဟုတ္ဘူးလို႔ သူေျပာတယ္။ ေနာက္ၿပီးေတာ့ သူက ၿပဳံယမ္းဟာလည္း ေနာက္ ႏွစ္ ၂၀ ၾကာရင္ ဒီလိုပဲျဖစ္လာလိမ့္မယ္ လို႔ ဆက္ေျပာုတယ္။ က်ေနာ္တို႔ ပုန္ကန္မႈေတြ၊ တဆစ္ခ်ိဳးအေျပာင္းအလဲေတြကို လိုခ်င္ၾကတယ္။ ဒါေပမယ့္ ေျမာက္ကိုရီးယားေတြ လိုခ်င္တာက လက္ရွိဘဝပုံစံအတိုင္း ပိုမိုခ်မ္းသာႂကြယ္ဝခ်င္ၾကတာ” ဟု ဆိုသည္။

ကျပားျဖစ္ၿပီး ႏွစ္ႏိုင္ငံသားျဖစ္ေသာ အီဘရာဟင္က မ်ိဳးခ်စ္စိတ္ဓါတ္ႏွင့္ ပိုမိုျပင္းထန္ေသာ အမ်ိဳးသားေရးဝါဒတို႔ႏွင့္ပတ္သက္ၿပီး ျပင္ပလူ တဦး၏ အျမင္ျဖင့္ေျပာသည္။ သူျမင္ေတြ႕ရေသာ အရာမ်ားအတြက္ အံ့ၾသ တုန္လႈပ္ စိတ္ဖိစီးရသည္ဟု သူေျပာသည္။

“အမ်ိဳးသားေရးဝါဒဆိုတာ အံ့ၾသစရာႀကီးပါ။ ျပည္သူေတြဟာ မွားယြင္းအုပ္ခ်ဳပ္မႈတို႔ ဖိႏွိပ္မႈတို႔ ရွိေနတာေတာင္ သူတို႔ ႏိုင္ငံကို အရမ္းကို ခ်စ္ၾကတယ္။ လူေတြဟာ သူတို႔ကိုယ္သူတို႔နဲ႔ သူတို႔ႏိုင္ငံအေၾကာင္းကို ထင္ခ်င္ရာထင္ၿပီး ဦးတည္ရာမဲ့ ေလွ်ာက္သြားေနၾကတယ္။ တခါတခါ ခ်စ္ၾက ေထာက္ခံၾကတယ္၊ တခါတခါ စိတ္ပ်က္ၾက မုန္းတီးၾကနဲ႔” ဟု ေကာက္ခ်က္ခ်သည္။

ျမန္မာႏိုင္ငံတြင္လည္း လူမ်ိဳးေရး အေျချပဳ အမ်ိဳးသားေရးဝါဒသည္ အလားတူ ၾသဇာႀကီးမားေနဆဲျဖစ္သည္ဟု အီဘရာဟင္က ဆိုသည္။ အထူးသျဖင့္ လတ္တေလာတြင္ အမ်ားစုက ႐ိုဟင္ဂ်ာမ်ားကို ပစ္မွတ္ထားေနခ်ိန္တြင္ အမ်ိဳးသားေရးသည္ ၾသဇာႀကီးမားေနသည္ဟု သူက ဆိုသည္။

“လူမ်ိဳးတို႔၊ ႏိုင္ငံတို႔ ဆိုတာေတြက အေရးပါေနဆဲဆိုတာ အံ့ၾသစရာပဲ။ ဒါေတြက အေရးမပါေတာ့ဘူးလို႔ ထင္ခဲ့တာ။ သူတို႔ေတြ ဒီမိုကေရစီပဲ လိုခ်င္တယ္လို႔ က်ေနာ္တို႔ ထင္ခဲ့တာ။ လူမ်ိဳးေရး ဗဟိုျပဳ ဒီမိုကေရစီ ပုံစံအတြက္ က်ေနာ္တို႔ ျပင္ဆင္မထားခဲ့ၾကဘူး။ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူမ်ိဳးေရး ဗဟိုျပဳ အမ်ိဳးသားေရးဝါဒီလို႔ က်ေနာ္တို႔ မထင္ခ်င္ၾကဘူး” ဟု အီဘရာဟင္က ေျပာဆိုသည္။

credit- The Irrawaddy

 

UniCodeဖြင့်ဖတ်ရန်

 

မြန်မာနှင့် မြောက်ကိုရီးယားကို နှိုင်းယှဉ်လေ့လာခြင်း

 

၂၀၁၀ ခုနှစ်အထိ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် အာရှ၏ တဖက်စွန်းဆီမှ အထီးကျန်နိုင်ငံ ၂ ခုဖြစ်ခဲ့ကြသည်။ သို့သော် မြောက်ကိုရီးယားသည် အထီးကျန် အမှောင်ထုအတွင်း ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် “ရိုဟင်ဂျာ” ပြဿနာကြောင့် ဝေဖန်မှု မုန်တိုင်းများ တိုက်ခံနေသော်လည်း နိုင်ငံတကာ အသိုင်းအဝန်း၏ အလင်းရောင်အောက်သို့ ရောက်ရှိ တိုးတက်လာသည်။

မြန်မာနှင့်မြောက်ကိုရီးယား ၂ နိုင်ငံလုံးတွင် နေထိုင်လေ့လာခဲ့သူ အင်္ဂလိပ်-အမေရိကန်ကပြား အင်ဒရေ အီဘရာဟင်မီယန် Andray Abrahamian သည် ” မြောက်ကိုရီးယားနှင့် မြန်မာ (သို့မဟုတ်) မတူညီသော လမ်းကြောင်းများ” (McFarland, 2018) ကို ရေးသားခဲ့သူ အသက် ၄၀ အရွယ် သုတေသီဖြစ်သည်။ သူသည် မြောက်ကိုရီးယားနိုင်ငံအကြောင်းကို လွန်စွာ စိတ်ဝင်စားလာခဲ့သည်။

“မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ဇာတ်လမ်း အပြည့်အစုံကို ဖော်ပြခြင်း မရှိဘူးလို့ ကျနော်ခံစားမိပြီး စစ်ကာလမှာ မီဒီယာတွေက ရန်ဘက်နိုင်ငံတွေကို ဘယ်လိုရေးသားဖော်ပြကြတယ်ဆိုတာကို ကျနော်စိတ်ဝင်စားလာတယ်။ ဒါကြောင့်မို့ ကျနော့်ရဲ့ ပါရဂူဘွဲ့စာတမ်းအတွက် ဒီအကြောင်းကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်” ဟု သူက ရှင်းပြသည်။

တောင်ကိုရီးယားနိုင်ငံ အူလ်စန်တတ္တသိုလ်တွင် ပါရဂူဘွဲ့အတွက် လေ့လာစဉ်အတွင်း သူသည် မြောက်ကိုရီးယား စီးပွားရေးလုပ်ငန်းများအတွက် ဆွေးနွေးပွဲများ ကျင်းပပေးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် Choson Exchange မှ အမှုဆောင်ဒါရိုက်တာ ဂျော့ဖ်စီး Geoff See နှင့်တွေ့ဆုံခဲ့ပြီး ပြည်ပ အထူးသဖြင့် စင်္ကာပူနှင့် တရုတ်နိုင်ငံများတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ခြင်းကြောင့် အီဘရာဟင်သည် Choson Exchange တွင် ၄ နှစ်ကြာမျှ အမှုဆောင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး ထိုကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ၂၇ ကြိမ်သွားရောက်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင်မူ သူ၏ဇနီးက မြန်မာနိုင်ငံတွင် သူ့အတွက် အလုပ်အကိုင်တခု စီစဉ်ပေးခဲ့သောကြောင့် ထိုအစီအစဉ်အတိုင်း လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ “ကျနော်အရင်က မြန်မာနိုင်ငံကို တခေါက်ပဲ ရောက်ဖူးပေမယ့် မြန်မာနိုင်ငံဟာ အာရှက အခြားတခုတည်းသော အထီးကျန်နိုင်ငံဖြစ်နေတော့ အာရုံစိုက်မိနေခဲ့တယ်။ လူ့အဖွဲ့အစည်းတခု ပိုမို ပွင့်လင်းတဲ့ဖက်ကို ကူးပြောင်းလာရင် ဘာတွေဖြစ်မလဲဆိုတာကို ကျနော်လေ့လာချင်နေတာ” ဟု သူက ပြောသည်။

သူသည် မြန်မာနိုင်ငံ ရန်ကုန် တက္ကသိုလ်တွင် သင်ကြားပို့ချရင်း ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် အကြံဉာဏ်များပေးနေသည်။

သူ အထူးပြုလေ့လာခဲ့သော နိုင်ငံ ၂ နိုင်ငံတွင် ယခင်က တူညီသောအချက်များစွာ ရှိသည်။ “ဒီ ၂ နိုင်ငံဟာ အရမ်းကို အထီးကျန်နေခဲ့တုန်းက တနိုင်ငံနဲ့ တနိုင်ငံဟာ မိတ်ဖက်နိုင်ငံတွေအဖြစ် လိုလိုလားလား ထူထောင်ဖို့ ကြိုးစားကြတယ်။ ၂ နိုင်ငံလုံးဟာ အရေးယူပိတ်ဆို့မှုတွေ ကြားမှာ ရုန်းကန်နေရတယ်။ ၂ နိုင်ငံလုံးက တရုတ်နိုင်ငံကို မှီခိုအားထားနေရပြီး မိတ်ဆွေတွေ လိုအပ်နေကြတယ်” ဟု ရှင်းပြသည်။

စိမ်းလန်းစိုပြေသော အပူပိုင်းဒေသမှ မြန်မာနိုင်ငံက အစားအစာ ပြတ်လပ်နေသော မြောက်ကိုရီးယားနိုင်ငံအတွက် ဆန်များ တင်ပို့ပေးပြီး မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် လက်နက်များ ပြန်တင်ပို့ပေးသည်။ မြန်မာနိုင်ငံသည် တရုတ်၊ ရုရှား၊ အစ္စရေးတို့အပြင် အခြားလက်နက်ရောင်းချပေးသောနိုင်ငံများ လိုအပ်နေသည်။

မြောက်ကိုရီးယားနိုင်ငံသည် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စွမ်းရည်ကိုလည်း အသုံးချပြီး မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်ကို ကူညီတည်ဆောက်ပေးသည်။ မြန်မာနိုင်ငံ၏ မြေအောက်လှိုဏ်ခေါင်းကွန်ရက်အတွက် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးသည်။

ပြည်တွင်းနှင့် ပြည်ပ လုံခြုံရေးခြိမ်းခြောက်မှုများ

အင်ဒရေ အီဘရာဟင်မီယန် အဆိုအရ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝန်း၏ အလင်းရောင်အောက်သို့ ပြန်လည်ရောက်ရှိလာပြီး မြောက်ကိုရီးယားနိုင်ငံ မရောက်ရှိလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုစစ်အစိုးရများ ရင်ဆိုင်နေရသည့် လုံခြုံရေးအရ ခြိမ်းခြောက်မှုခြင်း မတူညီသောကြောင့်ဖြစ်သည်။ လူမျိုးစု ၁၀၀ ကျော်ရှိပြီး ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေသည့် မြန်မာနိုင်ငံတွင် လုံခြုံရေး ခြိမ်းခြောက်မှုသည် ပြည်တွင်းခြိမ်းခြောက်မှုသာဖြစ်ပြီး ကိုင်တွယ်စီမံနိုင်သော အနေအထားတွင် ရှိသည်။ လူမျိုးတမျိုးတည်းသာ ရှိသော မြောက်ကိုရီးယားတွင်မူ လုံခြုံရေးအရ ခြိမ်းခြောက်မှုမှာ ပြည်ပခြိမ်းခြောက်မှုဖြစ်ပြီး ကိုင်တွယ်စီမံရန် မဖြစ်နိုင်သော အနေအထားတွင် ရှိနေသည်။

“ဒီ ၂ နိုင်ငံမှာ အဓိ ကွဲပြားခြားနားတာက ဖြစ်တည်ရေးဆိုင်ရာ လုံခြုံရေး အကျပ်အတည်းပဲ။ မြန်မာနိုင်ငံမှာ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ကွန်မြူနစ်ပုန်ကန်မှုတွေက နိုင်ငံကို တစိတ်တပိုင်းစီဖြစ်သွားအောင် လုပ်ဖို့ ကြိုးစားကြတယ်။ သူတို့တွေက အရမ်းကို အင်အားကြီးမားပြီး နိုင်ငံကို တစစီဖြစ်သွားအောင်လုပ်ဖို့ တကယ်လည်း ကြိုးစားခဲ့ကြတယ်။ ဒီလို စစ်ပွဲတွေမှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေက အသုံးမဝင်ဘူး။ မြန်မာစစ်အစိုးရအတွက် ပုန်ကန်မှု နှိမ်နင်းရေးက အဓိကပဲ” ဟု သူက ရှင်းပြသည်။

“သူတို့က ပုန်ကန်မှုတွေ၊ အကွဲအပြဲတွေကို သေသေချာချာ လေ့လာကြည့်ရှုတယ်။ အထူးသဖြင့် ၁၉၉၀ ခုနှစ်တွေမှာပေါ့။ ပြီးတော့မှ ဒီမိုကရေစီနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြဿနာဘက်ကို လှည့်ပြီး အစီအစဉ်တခု ချမှတ်လာတယ်” ဟု ဆိုသည်။

လူမျိုးစု ကွဲပြားခြင်းမရှိသော မြောက်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုမှာမူ အတိုင်းအဆ ကွဲပြားပြီး ကြီးမားလှသည်။ ပထမအချက်အနေဖြင့် ပြိုင်ဘက်တောင်ကိုရီးယားနိုင်ငံ ရှိနေပြီး လူဦးရေ ၂ ဆ ပိုမိုများပြားကာ စီးပွားရေးအရ အဆ ၄၀ ပိုမိုကြီးမားနေသည်။ ဒုတိယအချက်မှာ တောင်ပိုင်းသည် ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်နိုင်ငံနှင့် မဟာမိတ်ဖြစ်နေပြီး အမေရိကန်က ကျူးကျော်နိုင်ရန် အလားအလာ ရှိနေသည်။ အမေရိကန်သည် မြောက်ကိုရီးယားနိုင်ငံနှင့် ၁၉၅၀-၅၃ စစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးမသတ်ဘဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့်သာ အဆုံးသတ်ထားသောကြောင့် မြောက်ကိုရီးယားနိုင်ငံနှင့် တရားဝင် စစ်ဖြစ်နေဆဲလည်း ဖြစ်သည်။

“သူ့ရဲ့ လုံခြုံရေးအကျပ်အတည်းအတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ တုံ့ပြန်မှုက ညူကလီးယားလက်နက်ဖြစ်ပြီး ဒီညူကလီးယားလက်နက်ကြောင့်ပဲ အထီးကျန်ဖြစ်ရတယ်။ သူတို့က ဒီပြဿနာနဲ့ ခွဲထုတ်လို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

နိုင်ငံရေးခေါင်းဆောင်များ

ထိုနိုင်ငံ ၂ ခုမှ လူတဦးစီကြောင့် နိုင်ငံများ၏ ကံကြမ္မာများလည်း ကွဲပြားရသည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီး မြောက်ကိုရီးယားနိုင်ငံတွင်မူ ကင်ဂျုံအွန် ဟုခေါ်သော ငယ်ရွယ်သည့် စစ်ဗိုလ်ချုပ်ရှိနေသည်။ ၎င်းတို့ ၂ ဦးစလုံးတို့သည် အမျိုးသားရေး ဂုဏ်သိက္ခာ လွန်စွာကြီးမားသော ဆွေစဉ်မျိုးဆက်များမှ လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး ကင်ဂျုံအွန်သည် နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ မြေးဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်သောအခါ စစ်အစိုးရသည် ၎င်းတို့ အာရုံစိုက်ရမည့် နယ်ပယ်ကို ပြောင်းနိုင်ခဲ့သည်။ “မြန်မာနိုင်ငံ အထီးကျန်ဖြစ်ရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်လို့ပါ။ အတိုက်အခံတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သူဟာ တကယ့်ကို သူရဲကောင်းကြီးဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံဖြေရှင်းဖို့ စစ်အစိုးရက စဉ်းစားရတယ်” ဟု အင်ဒရေ အီဘရာဟင်မီယန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပထွက်သွားအောင်လုပ်ဖို့ သူတို့တွေ ကြိုစားခဲ့၊ မျှော်လင့်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ခင်ပွန်း ဗြိတိန်နိုင်ငံသား ဆုံးတာတောင် မြန်မာနိုင်ငံကို ပြန်လာခွင့်မရမှာစိုးလို့ နိုင်ငံက ထွက်မသွားခဲ့ဘူး။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာရော ပြည်ပမှာပါ လူထုထောက်ခံမှု အရမ်းများခဲ့တယ်။ သူ့ကို လူတွေ ချစ်ခင်ကြတာကို လျှော့တွက်လို့ မရတော့ဘူး” ဟု သူက ရှင်းပြသည်။

သူ၏ မျိုးရိုးဂုဏ်နှင့် လူထုထောက်ခံမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမြဲတစေ ရှင်သန်နေပြီး အနည်းဆုံး တစိတ်တပိုင်းအားဖြင့် ပေါ်ပေါ်ထင်ထင် ရှိနေသည်။ ထို့ကြောင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံဖြေရှင်းရန်မှတပါး အခြားနည်းလမ်းမရှိတော့ဘဲ နောက်ဆုံးတွင် အာဏာစင်္ကြန်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အခြေအနေမှာ ဆန့်ကျင်ဖက်ဖြစ်နေသည်။ အတွေးအခေါ်အရ စည်းလုံးညီညွတ်မှုအတွက် အခြေခံကို ဖန်တီးပေးသည့် လွန်စွာအရေးပါလှသော နိုင်ငံ တည်ထောင်သည့် မျိုးရိုးဂုဏ်ပုဒ် ရရှိထားသူမှာ စစ်အစိုးရကို အတိုက်အခံလုပ်နေသူ မဟုတ်ဘဲ နိုင်ငံ၏ ခေါင်းဆောင်ဖြစ်နေသည်။ ထိုအာဏာကို လျှော့တွက်မရနိုင်ပေ။

“မြောက်ကိုရီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကလောက် ညီညွတ်ထိန်းချုပ်နိုင်စွမ်း မရှိတော့ရင်တောင်မှ ဒီနေ့အထိ အလုပ်ဖြစ်နေတဲ့ အတွေးအခေါ်နဲ့ တင်ပြချက်ကို ဖန်တီးထားနိုင်သေးတယ်။ အဲဒီဇာတ်လမ်းက ပြည်သူအများစုကြားမှာ အလုပ်ဖြစ်နေသေးတယ်။ ဒါမျိုးက မြန်မာနိုင်ငံမှာ မရှိဘူး” ဟု သူက ဆိုသည်။

ထို့အပြင် နိုင်ငံတော်က အကြီးအကျယ်ထိန်းချုပ်ထားခြင်းကြောင့် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံကို ပြည်ပမှ မလေ့လာနိုင်အောင် အကြီးအကျယ်လုပ်ဆောင်နိုင်ခဲ့သည်။ “ကပ်ဆိုက်နေတဲ့နေရာကို ခိုးဝင်ပြီး သတင်းရေးသားဖော်ပြနိုင်တဲ့နေရာမှာလည်း ဒီ ၂ နိုင်ငံ မတူဘူး။ မြောက်ကိုရီးယားမှာ ဒါမျိုးကို စိတ်ကူးတောင်ယဉ်လို့ မရပေမယ့် မြန်မာနိုင်ငံမှာ ရတယ်” ဟု သူပြောသည်။

ကင်ဂျုံအွန်သည်သူ၏ မိသားစုတွင် ၃ ဆက်မြောက် အာဏာရသူဖြစ်သောကြောင့် ကျယ်ပြန့်သော အခြေခံများ ချမှတ်ထားပြီးဖြစ်ကာ အခြားမည်သည့်ခေတ်သစ်နိုင်ငံတွင်မျှ မရှိသော ဖိနှိပ်ရေး ယန္တရားဖြင့် သူ၏အာဏာကို ခိုင်မာအောင် လုပ်ဆောင်နိုင်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် မူဝါဒချမှတ်သောအဆင့်၊ ခရိုင်အဆင့်၊ လမ်းမပေါ်အဆင့် အဆင့်တိုင်း အတိုက်အခံမရှိသလို တောတောင်များအတွင်းတွင်လည်း အတိုက်အခံ မရှိပေ။ တရုတ် သို့မဟုတ် တောင်ကိုရီးယား သို့မဟုတ် ရုရှားနိုင်ငံတို့၏ နယ်ခြားဒေသများတွင် စုပြုံချထားသော ပျောက်ကြားတပ်ဖွဲ့များလည်း မရှိပါ။

“မြောက်ကိုရီးယားမှာ အတိုက်အခံခေါင်းဆောင်တယောက် ပေါ်ပေါက်လာဖို့ဆိုတာ စဉ်းစားဖို့တောင် ခက်တယ်။ ထင်ထားတာထက် ပိုပြီး အတွေးအခေါ်အရ ညီညွတ်မှု ရှိနေတယ်။ ဖိနှိပ်ရေး ယန္တရားကလည်း ထင်ထားတာထက် ပိုပြီး သြဇာကြီးမားတယ်။ စနစ်ပြောင်းဖို့ ဖိအားတွေ မတိုးနိုင်အောင် လုပ်ထားတယ်” ဟု သူပြောသည်။

ဈေးကွက်စီးပွားရေးနှင့် လူမှုအခြေပြု အဖွဲ့အစည်းများ

သို့သော်မြောက်ကိုရီးယားသည် သတင်းများတွင် ဖေါ်ပြသကဲ့သို့ စစ်အေးတိုက်ပွဲအတွင် ကျန်ရစ်နေသည့်နိုင်ငံမဟုတ်ပေ။ “အပြောင်းအလဲအတွက် ဖိအားကတော့ရှိနေမယ်လို့ကျနော်ထင်တယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်လို့ရအောင် တည်ငြိမ်မှုလိုလားတဲ့ လူတန်းစားတခုကတော့ရှိနေမှာပဲ။ တရုတ်နိုင်ငံမှာ ခံစားနေရတဲ့ စီးပွားရေးအရ လွတ်လပ်မှုကို သူတို့လည်းမြင်မှာပဲလေ” ဟု အင်ဒရေ အီဘရာဟင်မီယန်က ပြောသည်။

ထိုလူတန်းစားသည် မြောက်ကိုရီးယားနိုင်ငံတွင် ဖူလုံမှုနှင့် အရေးယူပိတ်ဆို့မှုကို ခံနိုင်အောင် လုပ်ပေးနေသော ဈေးကွက်ဝင် စီးပွားရေးကို ဖန်တီးခဲ့သည့် လုပ်ငန်းရှင်များမှ ပေါက်ဖွားလာမည်ဖြစ်သည်။ ၁၉၉၀ ခုနှစ်များအလယ်တွင် အငတ်ဘေးများနှင့် ဥရောပ ကွန်မြူနစ်ဝါဒ ကျဆုံးမှုကြောင့် ဆိုရှယ်လစ် ကုန်စည်ဖြန့်ချိရေး စနစ်သည် ပျက်စီးသွားသော်လည်း အသက်ဆက်ပေးသော ဈေးများပေါ်ပေါက်လာကာ တရုတ်နိုင်ငံမှ မှောင်ခိုတင်သွင်းလာသော အစားအစာနှင့်ဆေးဝါးများကို ကုန်သွယ်ကြသည်။

ထိုမှောင်ခိုဈေးများမှတဆင့် မြောက်ကိုရီးယားနိုင်ငံသားအများစု၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် တနိုင်ငံလုံး အတိုင်းအတာနှင့် ကျယ်ပြန့်သည့် ဈေးကွက် ကွန်ယက်တခု ပေါ်ပေါက်လာခဲ့သည်။ ထိုဈေးကွက်ကွန်ရက်ပေါ်ပေါက်လာကြောင်းကို အချက်အလက်အများစုက ပြသနေသည်။ ထိုဈေးများသည် ယခုအခါ ဗြောင်ကျကျ လုပ်ကိုင်နေကြပြီဖြစ်သော်လည်း နိုင်ငံတော်က ကြီးကြပ်စောင့်ကြည့်နေသည်။

မြောက်ကိုရီးယားနိုင်ငံသည် ထိုဈေးကွက် ပေါ်ပေါက်လာခြင်းကို ခွင့်မပြုလိုဘဲ ခွင့်ပြုလိုက်ရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ထိုဈေးများကို ၂၀၀၉ ခုနှစ်က ငွေကြေးစနစ်ပြုပြင်ပြောင်းလဲခြင်းဖြင့် တကြိမ်၊ ၂၀၁၁ ခုနှစ်က ကင်ဂျုံအီ ဈာပနအတွင်းကတကြိမ် ဖြိုခွင်းရန်ကြိုးစားသော်လည်း အောင်မြင်ခြင်းမရှိပေ။ မည်သည့် လူမှုအခြေပြုအဖွဲ့အစည်းမျှလည်း ပေါ်ပေါက်လာခြင်း မရှိပေ။ “လူမှုအခြေပြုအဖွဲ့အစည်း တကယ်ကို မရှိတဲ့ နိုင်ငံဗျ” ဟု အီဘရာဟင်က ဆိုသည်။

မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်ပေ။ “ မြန်မာနိုင်ငံက ၁၉၆၂ ကနေ ၁၉၈၈ အထိ ဆိုရှယ်လစ်နိုင်ငံဖြစ်ခဲ့တယ်။ နောက်တော့ ကြောက်စရာ အကြမ်းဖက်မှုတွေဖြစ်ပြီး ဆိုရှယ်လစ် စမ်းသပ်မှု အဆုံးသတ်သွားတယ်။ ဈေးကွက် စီးပွားရေးဖြစ်လာတယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာတယ်။ သူတို့က နိုင်ငံရေးကို အတော်မြန်မြန် ချေမှုန်းပစ်ပေမယ့် လူမှုအခြေပြုအဖွဲ့အစည်းတွေကို ခွင့်ပြုခဲ့တယ်” ဟုလည်း ပြောသည်။

ထိုအဖွဲ့အစည်းများ၏ အစောပိုင်းပုံစံမှာ ကျောင်းများ၊ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်သော စေတနာအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့သည် ဆက်သွယ်ရေးနှင့် ကွန်ရက်ဖွဲ့စည်းရေးအတွက် အခြေခံများဖြစ်လာပြီး နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် သြဇာကြီးမားလာကြသည်။

ဆိုရှယ်လစ်စနစ် ကျဆုံးသွားသော မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲနှင့် နောက်ဆုံးတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စံနမူနာ ဖြစ်လာသည်။ “သူတို့တွေက ဒီမိုကရေစီတပိုင်းစနစ်အတွက် ဆယ်စုနှစ်တခုလောက် ကြိုတင်ပြင်ဆင်ခဲ့တယ်။ ရုတ်တရက် ထ လုပ်တာ မဟုတ်ဘူး။ မြောက်ကိုရီးယားနိုင်ငံမှာ ဒီလို အုပ်ချုပ်ရေး စနစ်ပြောင်းဖို့ စီစဉ်တာ မရှိဘူး” ဟု သူရှင်းပြသည်။

အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်လာခြင်း

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ၁၉၉၀ ခုနှစ်များမှ စတင်ခဲ့သည့် မပြီးဆုံးနိုင်သော ကြိုတင်ခန့်မှန်းချက်များအတိုင်း ရုတ်တရက် အပြောင်းအလဲ၊ ပြိုကွဲမှုများကို မမျှော်လင့်သင့်ကြောင်း အီဘရာဟင်က သတိပေးသည်။ တရုတ်နှင့် ဗီယက်နမ်တို့သည် အခြေခံကျသော စီးပွားရေး အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ပါတီ၏ ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။ သူသည် မြောက်ကိုရီးယားကို ၁၉၇၄ ခုနှစ်က တိန့်ရှောင်ဖိန်၏ တရုတ်နိုင်ငံနှင့် တူနေသည်ဟု မြင်သည်။

“ ကျနော် မြောက်ကိုရီးယားတယောက်နဲ့ ဘေ့ဂျင်းမှာ မိုးထိုးနေတဲ့ အဆောက်အအုံတွေ၊ ဘေလ်ဘုတ်ကြီးတွေ၊ ကားတွေကို ကြည့်ပြီး စကား ပြောခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် ဘေဂျင်းဟာ အခုလို နိုင်ငံတကာ မြို့တော်ကြီးဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူးလို့ သူပြောတယ်။ နောက်ပြီးတော့ သူက ပြုံယမ်းဟာလည်း နောက် နှစ် ၂၀ ကြာရင် ဒီလိုပဲဖြစ်လာလိမ့်မယ် လို့ ဆက်ပြောုတယ်။ ကျနော်တို့ ပုန်ကန်မှုတွေ၊ တဆစ်ချိုးအပြောင်းအလဲတွေကို လိုချင်ကြတယ်။ ဒါပေမယ့် မြောက်ကိုရီးယားတွေ လိုချင်တာက လက်ရှိဘဝပုံစံအတိုင်း ပိုမိုချမ်းသာကြွယ်ဝချင်ကြတာ” ဟု ဆိုသည်။

ကပြားဖြစ်ပြီး နှစ်နိုင်ငံသားဖြစ်သော အီဘရာဟင်က မျိုးချစ်စိတ်ဓါတ်နှင့် ပိုမိုပြင်းထန်သော အမျိုးသားရေးဝါဒတို့နှင့်ပတ်သက်ပြီး ပြင်ပလူ တဦး၏ အမြင်ဖြင့်ပြောသည်။ သူမြင်တွေ့ရသော အရာများအတွက် အံ့သြ တုန်လှုပ် စိတ်ဖိစီးရသည်ဟု သူပြောသည်။

“အမျိုးသားရေးဝါဒဆိုတာ အံ့သြစရာကြီးပါ။ ပြည်သူတွေဟာ မှားယွင်းအုပ်ချုပ်မှုတို့ ဖိနှိပ်မှုတို့ ရှိနေတာတောင် သူတို့ နိုင်ငံကို အရမ်းကို ချစ်ကြတယ်။ လူတွေဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့နိုင်ငံအကြောင်းကို ထင်ချင်ရာထင်ပြီး ဦးတည်ရာမဲ့ လျှောက်သွားနေကြတယ်။ တခါတခါ ချစ်ကြ ထောက်ခံကြတယ်၊ တခါတခါ စိတ်ပျက်ကြ မုန်းတီးကြနဲ့” ဟု ကောက်ချက်ချသည်။

မြန်မာနိုင်ငံတွင်လည်း လူမျိုးရေး အခြေပြု အမျိုးသားရေးဝါဒသည် အလားတူ သြဇာကြီးမားနေဆဲဖြစ်သည်ဟု အီဘရာဟင်က ဆိုသည်။ အထူးသဖြင့် လတ်တလောတွင် အများစုက ရိုဟင်ဂျာများကို ပစ်မှတ်ထားနေချိန်တွင် အမျိုးသားရေးသည် သြဇာကြီးမားနေသည်ဟု သူက ဆိုသည်။

“လူမျိုးတို့၊ နိုင်ငံတို့ ဆိုတာတွေက အရေးပါနေဆဲဆိုတာ အံ့သြစရာပဲ။ ဒါတွေက အရေးမပါတော့ဘူးလို့ ထင်ခဲ့တာ။ သူတို့တွေ ဒီမိုကရေစီပဲ လိုချင်တယ်လို့ ကျနော်တို့ ထင်ခဲ့တာ။ လူမျိုးရေး ဗဟိုပြု ဒီမိုကရေစီ ပုံစံအတွက် ကျနော်တို့ ပြင်ဆင်မထားခဲ့ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးရေး ဗဟိုပြု အမျိုးသားရေးဝါဒီလို့ ကျနော်တို့ မထင်ချင်ကြဘူး” ဟု အီဘရာဟင်က ပြောဆိုသည်။

credit- The Irrawaddy