ZawGyiျဖင့္ဖတ္ရန္

 

၈၇ ႏွစ္ အဘြားအိုအား အဓမၼျပဳက်င့္မႈျဖင့္ လူငယ္တဦးကို ဖမ္းဆီးအမႈဖြင့္
ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္၊ အုန္းတပင္ေက်း႐ြာအုပ္စု၊ ေအာင္လွေက်း႐ြာေန အသက္ ၈၇ ႏွစ္အ႐ြယ္ အဘြားအိုတဦးအား ေမလ ၁၂ ရက္ညက အဓမၼျပဳက်င့္ခဲ့တယ္ဆိုၿပီး တိုင္တန္းခ်က္အရ လူငယ္တဦးကို ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနတယ္လို႔ ရဲက ေျပာပါတယ္။

အဘြားအိုဟာ ေနအိမ္ကေန သားရွိရာ လယ္ထဲကို သြားေရာက္ထမင္းပို႔ၿပီး မိုးခ်ဳပ္လို႔ အိပ္ခဲ့ရာကေန အသက္ ၂၀ ခန႔္အ႐ြယ္ လူငယ္တဦးက အဓမၼျပဳက်င့္ခဲ့တာလို႔ အဘြားအိုကို ေဆး႐ုံပို႔ ကူညီေပးခဲ့တဲ့ လပြတၱာၿမိဳ႕ခံ ကိုဝင္းႏိုင္က ေျပာပါတယ္။

“၁၂ ရက္ေန႔ညက သားျဖစ္သူဆီကို ထမင္းသြားပို႔ရင္းနဲ႔ မိုးခ်ဳပ္ေတာ့ သားဆီမွာပဲ အိပ္လိုက္တာေပါ့ေနာ္။ သားက ညက်ေတာ့ မိုး႐ြာေတာ့ စာရင္းကိုင္နဲ႔အတူ ငါးထြက္လိုက္ၾကတာေပါ့။ အဲဒီညဘက္မွာ ကြင္းထဲ ဆိုေတာ့ေလ အဲလို အဓမၼျပဳက်င့္မႈ ျဖစ္တာေပါ့။”

ၿမိဳ႕သစ္ ၃ မိုင္ရဲစခန္းက ဒုရဲအုပ္ ေဌးဝင္းက ၁၃ ရက္ေန႔မွာ တိုင္ၾကားခ်က္ရလို႔ ၁၄ ရက္ေန႔က ခ်က္ႀကီး(ခ)ေအာင္ေဇာ္ၿဖိဳး ဆိုသူကို သြားေရာက္ဖမ္းဆီးခဲ့ၿပီး မုဒိမ္းမႈနဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔စခန္းက ပထမ သတင္းေပး တိုင္တန္းခ်က္အမွတ္ ပ အမွတ္ ၆၄/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ဥပေဒ ၃၇၆ နဲ႔ အမႈဖြင့္ထားပါတယ္။ အခု အမႈစစ္ေဆးေနဆဲ ကာလမို႔လို႔ အခ်က္အလက္ေတြပဲ ေျပာျပလို႔ရမယ္။ သူ႔အခြင့္အေရးလည္း ရွိေနတာကိုး။”

အဘြားအိုကေတာ့ နံ႐ိုးက်ိဳးသြားသလို သားအိမ္မွာလည္း ထိခိုက္သြားတဲ့အတြက္ လက္ရွိ လပြတၱာ ၃ မိုင္ ခုတင္ ၂၀၀ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတယ္လို႔ ကူညီေပးေနတဲ့ ေဒၚခင္ေအးေပ်ာ္က ေျပာပါတယ္။

“ဒီေကာင္ေလးကို မီးေရာင္နဲ႔ ျမင္တယ္တဲ့ အဘြားက ေျပာတယ္ေလ။ တႀကိမ္ ထြက္သြားၿပီး ေနာက္တႀကိမ္ သားမယားအျဖစ္ ျပန္လုပ္ျပန္ေရာ။ အဲဒီအဘြားကို ေရအိုင္ထဲ ဆြဲခ်တာတဲ့။ အခု နာလို႔ေလ။ နံ႐ိုးတေခ်ာင္း က်ိဳးသြားတယ္။ နာလို႔ ေဆး႐ုံျပန္တင္တာ။ ဆရာဝန္ အတည္ျပဳတာကေတာ့ သားအိမ္မွာလည္း ၈ ခ်က္ ကြဲသြားတယ္။ ဓာတ္မွန္႐ိုက္တယ္ေလ။ ဓာတ္မွန္႐ိုက္ၿပီးေတာ့ မိန္းမကိုယ္ကိုလည္း သူတို႔ စမ္းသပ္တယ္ေလ။”

ခ်က္ႀကီး(ခ)ေအာင္ေဇာ္ၿဖိဳးဟာ မူးယစ္ေဆးဝါး သုံးတယ္လို႔ ယူဆရၿပီး လြန္ခဲ့တဲ့ ေလး ငါးလကလည္း တျခားအမ်ိဳးသမီး တေယာက္ကို အလားတူ က်ဴးလြန္ခဲ့ဖူးတယ္လို႔လည္း ေဒၚခင္ေအးေပ်ာ္က ေျပာပါတယ္။

ကာယကံရွင္ အဘြားအိုကလည္း “ေရအိုင္ထဲ ဆြဲခ်ေတာ့ တိုင္ကို အတင္းဖက္ထားတာ။ မီးေရာင္ထြန္းလာေတာ့ တက္သြားတယ္။ အဲဒီ တာေဘာင္ဘက္ကို ထြက္ေျပးသြားတယ္။ အဲေကာင္ေလးကို တစ္ခါမဟုတ္ ႏွစ္ခါမဟုတ္ ဒီလူကို မသိဘဲေနမလား။ ေန႔တိုင္းလည္း တေန႔ ႏွစ္ခါ သုံးခါ အိမ္လာေနတယ္။”

အဘြားအိုကို သြားေရာက္ကူညီခဲ့တဲ့ ကိုဝင္းႏိုင္ကေတာ့ ဒီလိုအျဖစ္မ်ိဳး တခါမွ မၾကားဖူးတဲ့အတြက္ ဥပေဒအရ မွန္မွန္ကန္ကန္ အေရးယူေပးေစခ်င္တယ္လို႔ ေျပာပါတယ္။

“ဒါေတြက မျဖစ္သင့္တဲ့ကိစၥေတြ၊ ေနာက္တခုက ဒီလို အသက္အ႐ြယ္ေတြနဲ႔ ဒီလို ငယ္႐ြယ္တဲ့ ေယာက်္ားသားေတြနဲ႔ ဒါေတြက မျဖစ္သင့္တဲ့ကိစၥပါ။ က်ေနာ္တို႔ တခါမွ မၾကားဖူးဘူး။ ဒါဟာမ်ိဳးေတြက။ က်ေနာ္တို႔ကေတာ့ ဥပေဒအရပဲ ေဆာင္႐ြက္ေစခ်င္တာေပါ့ေနာ္။။”

ၿပီးခဲ့တဲ့ ဇန္နဝါရီလက တႏိုင္ငံလုံးမွာ ျဖစ္ပြားတဲ့ အမႈႀကီးေတြရဲ႕ ဆယ္မႈမွာ ၉ မႈေလာက္ဟာ လူသတ္မႈနဲ႔ မုဒိမ္းမႈေတြ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

မုဒိမ္းမႈ ၁၁၃ မႈ ျဖစ္ခဲ့ၿပီး ဧရာဝတီတိုင္းက ၂၄ မႈနဲ႔ အမ်ားဆုံး ျဖစ္ခဲ့တာပါ။ ရန္ကုန္တိုင္းမွာ ၂၃ မႈ၊ စစ္တိုင္းတိုင္းမွာေတာ့ ၁၆ မႈ ျဖစ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

Photo : Yu Yu

Creidt:DVB TV News

 

UniCodeဖြင့်ဖတ်ရန်

 

အဘွားအိုအား အဓမ္မပြုကျင့်သူ လူငယ်ကို ဖမ်းဆီး

 

၈၇ နှစ် အဘွားအိုအား အဓမ္မပြုကျင့်မှုဖြင့် လူငယ်တဦးကို ဖမ်းဆီးအမှုဖွင့်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ အောင်လှကျေးရွာနေ အသက် ၈၇ နှစ်အရွယ် အဘွားအိုတဦးအား မေလ ၁၂ ရက်ညက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး တိုင်တန်းချက်အရ လူငယ်တဦးကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။

အဘွားအိုဟာ နေအိမ်ကနေ သားရှိရာ လယ်ထဲကို သွားရောက်ထမင်းပို့ပြီး မိုးချုပ်လို့ အိပ်ခဲ့ရာကနေ အသက် ၂၀ ခန့်အရွယ် လူငယ်တဦးက အဓမ္မပြုကျင့်ခဲ့တာလို့ အဘွားအိုကို ဆေးရုံပို့ ကူညီပေးခဲ့တဲ့ လပွတ္တာမြို့ခံ ကိုဝင်းနိုင်က ပြောပါတယ်။

“၁၂ ရက်နေ့ညက သားဖြစ်သူဆီကို ထမင်းသွားပို့ရင်းနဲ့ မိုးချုပ်တော့ သားဆီမှာပဲ အိပ်လိုက်တာပေါ့နော်။ သားက ညကျတော့ မိုးရွာတော့ စာရင်းကိုင်နဲ့အတူ ငါးထွက်လိုက်ကြတာပေါ့။ အဲဒီညဘက်မှာ ကွင်းထဲ ဆိုတော့လေ အဲလို အဓမ္မပြုကျင့်မှု ဖြစ်တာပေါ့။”

မြို့သစ် ၃ မိုင်ရဲစခန်းက ဒုရဲအုပ် ဌေးဝင်းက ၁၃ ရက်နေ့မှာ တိုင်ကြားချက်ရလို့ ၁၄ ရက်နေ့က ချက်ကြီး(ခ)အောင်ဇော်ဖြိုး ဆိုသူကို သွားရောက်ဖမ်းဆီးခဲ့ပြီး မုဒိမ်းမှုနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့စခန်းက ပထမ သတင်းပေး တိုင်တန်းချက်အမှတ် ပ အမှတ် ၆၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ဥပဒေ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခု အမှုစစ်ဆေးနေဆဲ ကာလမို့လို့ အချက်အလက်တွေပဲ ပြောပြလို့ရမယ်။ သူ့အခွင့်အရေးလည်း ရှိနေတာကိုး။”

အဘွားအိုကတော့ နံရိုးကျိုးသွားသလို သားအိမ်မှာလည်း ထိခိုက်သွားတဲ့အတွက် လက်ရှိ လပွတ္တာ ၃ မိုင် ခုတင် ၂၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ကူညီပေးနေတဲ့ ဒေါ်ခင်အေးပျော်က ပြောပါတယ်။

“ဒီကောင်လေးကို မီးရောင်နဲ့ မြင်တယ်တဲ့ အဘွားက ပြောတယ်လေ။ တကြိမ် ထွက်သွားပြီး နောက်တကြိမ် သားမယားအဖြစ် ပြန်လုပ်ပြန်ရော။ အဲဒီအဘွားကို ရေအိုင်ထဲ ဆွဲချတာတဲ့။ အခု နာလို့လေ။ နံရိုးတချောင်း ကျိုးသွားတယ်။ နာလို့ ဆေးရုံပြန်တင်တာ။ ဆရာဝန် အတည်ပြုတာကတော့ သားအိမ်မှာလည်း ၈ ချက် ကွဲသွားတယ်။ ဓာတ်မှန်ရိုက်တယ်လေ။ ဓာတ်မှန်ရိုက်ပြီးတော့ မိန်းမကိုယ်ကိုလည်း သူတို့ စမ်းသပ်တယ်လေ။”

ချက်ကြီး(ခ)အောင်ဇော်ဖြိုးဟာ မူးယစ်ဆေးဝါး သုံးတယ်လို့ ယူဆရပြီး လွန်ခဲ့တဲ့ လေး ငါးလကလည်း တခြားအမျိုးသမီး တယောက်ကို အလားတူ ကျူးလွန်ခဲ့ဖူးတယ်လို့လည်း ဒေါ်ခင်အေးပျော်က ပြောပါတယ်။

ကာယကံရှင် အဘွားအိုကလည်း “ရေအိုင်ထဲ ဆွဲချတော့ တိုင်ကို အတင်းဖက်ထားတာ။ မီးရောင်ထွန်းလာတော့ တက်သွားတယ်။ အဲဒီ တာဘောင်ဘက်ကို ထွက်ပြေးသွားတယ်။ အဲကောင်လေးကို တစ်ခါမဟုတ် နှစ်ခါမဟုတ် ဒီလူကို မသိဘဲနေမလား။ နေ့တိုင်းလည်း တနေ့ နှစ်ခါ သုံးခါ အိမ်လာနေတယ်။”

အဘွားအိုကို သွားရောက်ကူညီခဲ့တဲ့ ကိုဝင်းနိုင်ကတော့ ဒီလိုအဖြစ်မျိုး တခါမှ မကြားဖူးတဲ့အတွက် ဥပဒေအရ မှန်မှန်ကန်ကန် အရေးယူပေးစေချင်တယ်လို့ ပြောပါတယ်။

“ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေ၊ နောက်တခုက ဒီလို အသက်အရွယ်တွေနဲ့ ဒီလို ငယ်ရွယ်တဲ့ ယောကျ်ားသားတွေနဲ့ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စပါ။ ကျနော်တို့ တခါမှ မကြားဖူးဘူး။ ဒါဟာမျိုးတွေက။ ကျနော်တို့ကတော့ ဥပဒေအရပဲ ဆောင်ရွက်စေချင်တာပေါ့နော်။။”

ပြီးခဲ့တဲ့ ဇန်နဝါရီလက တနိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ အမှုကြီးတွေရဲ့ ဆယ်မှုမှာ ၉ မှုလောက်ဟာ လူသတ်မှုနဲ့ မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မုဒိမ်းမှု ၁၁၃ မှု ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းက ၂၄ မှုနဲ့ အများဆုံး ဖြစ်ခဲ့တာပါ။ ရန်ကုန်တိုင်းမှာ ၂၃ မှု၊ စစ်တိုင်းတိုင်းမှာတော့ ၁၆ မှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Photo : Yu Yu

Creidt:DVB TV News