ZawGyiျဖင့္ဖတ္ရန္

 

အိမ္ေထာင္ေရးဆိုတာမ်ိဳးက ေဘာလုံးအသင္းတစ္သင္းလိုပဲ

တစ္ေယာက္တည္း ကြင္းပတ္ကစားလို႔ မရႏိုင္ပါဘူး။

လင္နဲ႔ မယားအေပးအယူအခ်ိတ္အဆက္မိမွ သာယာေသာ အိမ္ေထာင္ေရးျဖစ္လာမွာပါ။

အိမ္ေထာင္ဦးစီးကလည္း ေငြေၾကးရွာေဖြေပး႐ုံနဲ႔ မလုံေလာက္သလို အိမ္ရွင္မကလည္း အိမ္မႈ႕ကိစၥ လုပ္ႏိုင္႐ုံနဲ႔ မျပည့္စုံပါဘူး။

အိမ္ေထာင္ဦးစီးတစ္ေယာက္ျပဳလုပ္သင့္ေသာ တာဝန္မ်ားမွာ….

(၁)အလုပ္တစ္ခုကို အတည္တက် လုပ္ပါ

(၂)အသုံးနဲ႔အျဖဳန္းကို နားလည္တတ္ပါေစ

(၃)မိသားစုအတြက္ တတ္ႏိုင္သမွ် အခ်ိန္ေပးပါ

(၄)အရက္ေသစာ၊ ေလာင္းကစား အေပ်ာ္အပါးမ်ားကို တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ပါ

(၅)သားသမီးမ်ားကို အခ်ိန္ရရင္ရသလို ေႏြးေထြးမႈေပးၿပီး ဆုံးမပါ

(၆)ကိုယ္က်င့္တရား ကို အတတ္ႏိုင္ဆုံး လုံၿခဳံေအာင္ထိန္းပါ

၇)ဘုရား တရား သံဃာ မိဘ ဆရာကို ႐ိုေသကိုးကြယ္ပါ

(၈)အသိပညာျမင့္မားေအာင္ စာဖတ္ပါ

(၉)အေကာင္းအဆိုးကို ခြဲျခားတတ္ဖို႔ လိုပါတယ္

(၁၀)အျမင္က်ယ္ၿပီး စိတ္သေဘာထား ျမင့္မားဖို႔လိုပါတယ္

(၁၁)ဇနီးသည္ကို ေလးစားတန္ဖိုးထားပါ (ကိုယ္ကိုယ္တိုင္ တန္ဖိုးထားမွသားသမီးႏွင့္ ပတ္ဝန္းက်င္က ေလးစားတန္ဖိုးထားမွာပါ)

(၁၂)အလုပ္ရဲ႕ဖိအားကို အိမ္မွာ မေပါက္ကြဲမိပါေစနဲ႔ေနာ္

(၁၃)တည္ၾကည္ေသာစကား ၊ ေႏြးေထြးေသာ အျပဳအမူနဲ႔ အိမ္ရွင္မရဲ႕ ေခြၽးကိုသုတ္ေပးပါ

(၁၄)အိမ္ရွင္မကို ႐ိုက္ႏွက္ျခင္း ႏွင့္ စကားၾကမ္းၾကမ္းေျပာဆိုျခင္း မျပဳလုပ္သင့္ပါ

အိမ္ေထာင္ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ ျဖစ္သလို သားသမီးမ်ားအတြက္ စံနမူနာ ပုဂၢိဳလ္ ျဖစ္ေသာေၾကာင့္ “ကိုယ္က်င့္တရား” လုံၿခဳံဖို႔ေတာ့ လိုတယ္။

အိမ္ရွင္မ ဆိုတာ အိမ္ကို ရွင္သန္ေအာင္ “မစ” သူျဖစ္သလို သားသမီးမ်ား၏ ဘဝကို တည့္မတ္ေအာင္ “မစ” ေပးႏိုင္ေသာ အေႏြးေထြးဆုံးရင္ခြင္တစ္ခုပါ။

အိမ္ရွင္မတစ္ေယာက္ ျပဳလုပ္သင့္ေသာ တာဝန္မ်ားမွာ

(၁)စည္းကမ္းရွိပါ

(၂)ႏွစ္ဖက္ေဆြမ်ိဳးေတြအေပၚ အတတ္ႏိုင္ဆုံး ၾကည့္ရႈ႕ေပးကမ္းပါ

(၃)ျဖစ္သလိုမေနသင့္သလို အလြန္အကြၽံ အလွအပမမက္ေမာသင့္ပါ

(၄)အေနအထိုင္ အေျပာအဆိုသတိထားပါ

(၅)ဝင္ေငြထြက္ေငြကို အသုံးခ်တတ္ပါေစ

(၆)သစၥာ တရားကို လက္ကိုင္ထားပါ

(၇)မယ္တစ္႐ြက္ မ႐ြက္ႏိုင္ရင္ေတာင္မွ ပလိုင္းေပါက္မျဖစ္ဖို႔အေရးႀကီးပါတယ္

(၈)ဘုရားတရားသံဃာ မိဘ ဆရာကို ကိုးကြယ္ယုံၾကည္ပါ

(၉)အိမ္လည္ျခင္း ၊ ခ်ဲထီစေသာ ေလာင္းကစားမ်ားကို ေရွာင္ၾကဥ္ပါ

(၁၀)ေဘးလူေျပာစကားထက္ ကိုယ့္လင္သားကို ယုံၾကည္မႈထားပါ

(၁၁)ကိုယ္လင္သားကို ေလးစားပါ(ကိုယ္ေလးစားမွ သားသမီးႏွင့္ ပတ္ဝန္းက်င္က ေလးစားမွာပါ)

(၁၂)လင္ေယာက်္ားအလုပ္ အဆင္ေျပသည္ျဖစ္ေစ ၊ မေျပသည္ျဖစ္ေစ ပုံမွန္အတိုင္း ေျပာဆိုဆက္ဆံပါ

(၁၃)ခ်ိဳသာေသာစကား ၊ ႏွစ္လိုဖြယ္အၿပဳံးနဲ႔ လင္ေယာက်္ားရဲ႕ ဘဝအေမာေတြကို ေျဖေဖ်ာက္ပါ

(၁၄)လင္ေယာက်္ားစိတ္ရႈပ္ေနတဲ့အခါ စကားကို သတိထားေျပာပါ

အိမ္ေထာင္ေရးမွာ အေရးအႀကီးဆုံးကေတာ့ “အတၱ”ေတြ ေလ်ာ့ခ်ၿပီး ခ်စ္ျခင္းထက္ ယုံၾကည္မႈ ၊

နားလည္မႈကို ခိုင္မာေအာင္တည္ေဆာက္ရတာမ်ိဳးပါ။

အတၱေတြ ေလ်ာ့ခ်ၿပီးသူ႔ဘက္ ကိုယ့္ဘက္မွ်တေအာင္ ၾကည့္႐ူခံစား

ေပးခဲ့ရင္ “သစၥာ”တရား ခိုင္မာလာၿပီး ေမတၱာတရား ေလးနက္လာပါလိမ့္မယ္။

ေပ်ာ္႐ႊင္စရာေကာင္းေသာ စံျပအိမ္ေထာင္ေရးျဖစ္လာဖို႔က

ႏွစ္ဦးစလုံးနဲ႔ သက္ဆိုင္ၿပီး ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးမွသာ ေပ်ာ္စရာဘဝတစ္ခု ျဖစ္လာပါလိမ့္မယ္။

Credit- Kurneair Zion Kz:-)

 

UniCodeဖြင့်ဖတ်ရန်

 

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး …

 

အိမ်ထောင်ရေးဆိုတာမျိုးက ဘောလုံးအသင်းတစ်သင်းလိုပဲ

တစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။

လင်နဲ့ မယားအပေးအယူအချိတ်အဆက်မိမှ သာယာသော အိမ်ထောင်ရေးဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှု့ကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သော တာဝန်များမှာ….

(၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ

(၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ

(၃)မိသားစုအတွက် တတ်နိုင်သမျှ အချိန်ပေးပါ

(၄)အရက်သေစာ၊ လောင်းကစား အပျော်အပါးများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ

(၅)သားသမီးများကို အချိန်ရရင်ရသလို နွေးထွေးမှုပေးပြီး ဆုံးမပါ

(၆)ကိုယ်ကျင့်တရား ကို အတတ်နိုင်ဆုံး လုံခြုံအောင်ထိန်းပါ

၇)ဘုရား တရား သံဃာ မိဘ ဆရာကို ရိုသေကိုးကွယ်ပါ

(၈)အသိပညာမြင့်မားအောင် စာဖတ်ပါ

(၉)အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်

(၁၀)အမြင်ကျယ်ပြီး စိတ်သဘောထား မြင့်မားဖို့လိုပါတယ်

(၁၁)ဇနီးသည်ကို လေးစားတန်ဖိုးထားပါ (ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှသားသမီးနှင့် ပတ်ဝန်းကျင်က လေးစားတန်ဖိုးထားမှာပါ)

(၁၂)အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်

(၁၃)တည်ကြည်သောစကား ၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ

(၁၄)အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့် စကားကြမ်းကြမ်းပြောဆိုခြင်း မပြုလုပ်သင့်ပါ

အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ ဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့် “ကိုယ်ကျင့်တရား” လုံခြုံဖို့တော့ လိုတယ်။

အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် “မစ” သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် “မစ” ပေးနိုင်သော အနွေးထွေးဆုံးရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ

(၁)စည်းကမ်းရှိပါ

(၂)နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိုင်ဆုံး ကြည့်ရှု့ပေးကမ်းပါ

(၃)ဖြစ်သလိုမနေသင့်သလို အလွန်အကျွံ အလှအပမမက်မောသင့်ပါ

(၄)အနေအထိုင် အပြောအဆိုသတိထားပါ

(၅)ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ

(၆)သစ္စာ တရားကို လက်ကိုင်ထားပါ

(၇)မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်

(၈)ဘုရားတရားသံဃာ မိဘ ဆရာကို ကိုးကွယ်ယုံကြည်ပါ

(၉)အိမ်လည်ခြင်း ၊ ချဲထီစသော လောင်းကစားများကို ရှောင်ကြဉ်ပါ

(၁၀)ဘေးလူပြောစကားထက် ကိုယ့်လင်သားကို ယုံကြည်မှုထားပါ

(၁၁)ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှ သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)

(၁၂)လင်ယောကျ်ားအလုပ် အဆင်ပြေသည်ဖြစ်စေ ၊ မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ

(၁၃)ချိုသာသောစကား ၊ နှစ်လိုဖွယ်အပြုံးနဲ့ လင်ယောကျ်ားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ

(၁၄)လင်ယောကျ်ားစိတ်ရှုပ်နေတဲ့အခါ စကားကို သတိထားပြောပါ

အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့ “အတ္တ”တွေ လျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု ၊

နားလည်မှုကို ခိုင်မာအောင်တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျော့ချပြီးသူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရူခံစား

ပေးခဲ့ရင် “သစ္စာ”တရား ခိုင်မာလာပြီး မေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေးဖြစ်လာဖို့က

နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ ပျော်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

Credit- Kurneair Zion Kz:-)