ZawGyiျဖင့္ဖတ္ရန္

 

ေဖ့ဘြတ္ဆယ္လီဘရစ္တီ ညီညီေမာင္ ကို ပရိသတ္ေတြက သူရဲ႕ အခ်စ္ေရး နဲ႔ ပတ္သက္ၿပီး သတိျပဳမိလာခဲ့တာပါ။ မိန္းမလ်ာေတြရဲ႕ အခ်စ္အေပၚ အားေပးတဲ့သူေတြ ရွိသလို ေလွာင္ေျပာင္တဲ့သူေတြ ရွိေနေပမယ့္ ညီညီေမာင္ က ေၾကာက္႐ြံ႕ျခင္းအလ်ဥ္းမရွိဘဲ မီဒီယာေတြမွာ သူ႔ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ အႏုပညာေလာကမွာ က်င္လည္တဲ့သူျဖစ္တဲ့အတြက္ ညီညီေမာင္ ရဲ႕ ကိုယ္ေရးကိုယ္တာကို ပရိသတ္ေတြက အရမ္း စိတ္ဝင္တစားရွိခဲ့တာလည္း ျဖစ္ပါတယ္။

မီဒီယာေတြနဲ႔ အင္တာဗ်ဴးရင္လည္း ညီညီေမာင္က ေမးသမွ်အမွန္ ေျဖတတ္ၿပီး ေဖ့ဘြတ္ေပၚမွာ post ေတြနဲ႔လည္း အခ်စ္ေရး ကို လစ္ဟာျပေလ့ရွိပါတယ္။ စိတ္ေကာက္ေနတဲ့ ခင္ပြန္းျဖစ္သူနဲ႔ အဆင္ေျပၿပီလား လို႔ မီဒီယာေတြက အင္တာဗ်ဴးေတြမွာ ေမးရင္ ညီညီေမာင္ က

” သု တို႔ ႏွစ္ေယာက္မွာ ျပတ္လို႔မရတဲ့ဟာေတြလည္း အမ်ားႀကီးရွိတယ္။ ” လို႔ ပဲ ေျဖခဲ့တာျဖစ္တဲ့အတြက္ ပရိသတ္ေတြက ညီညီေမာင္ နဲ႔ Zippy တို႔ ႏွစ္ေယာက္ အဆင္ေျပၾကတယ္ လို႔ ထင္ခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ညီညီေမာင္က ေမ ၂၇ ရက္ က သူ နဲ႔ Zippy တို႔ ႏွစ္ေယာက္ လမ္းခြဲခဲ့ၿပီ ဆိုတဲ့ သတင္းကို ေၾကျငာခဲ့ပါတယ္။

” ကိုႀကီး အိမ္ျပန္မလာတာ ၄လရွီပါၿပီ။ ဖုန္းေရာေဖ့ဘုတ္ေရာဘေလာ့ထား လို႔ မက္ေဆ့ကေန ပဲ စိတ္စိုးေျပေအာင္ေခ်ာ့ခဲံပါတယ္။ သုသု ဘက္က အႀကီးမို႔ လူသိထားလို႔ အရွက္မကြဲ ခ်င္လို႔ သည္းညည္းခံေစာင့္ခဲ့ပါတယ္။ ” လို႔ သည္းခံေစာင့္ခဲ့ေၾကာင္း ေျပာပါတယ္။

ဆက္လက္ၿပီး ညီညီေမာင္ က သူ ဘာအတြက္ လမ္းခြဲရေၾကာင္း အခုလို ေျပာပါတယ္။

” သူ႔ရဲ႕ေဖာက္ျပန္တဲ့ ဒဏ္ေတြလဲ သုသု မခံႏိုင္ေတာ့ပါဘူး။ မေန႔ည ကိစၥ ပတ္သတ္ လို႔ ခြင့္မလြတ္ႏိုင္ေတာ့ပါဘူး။ ကိုႀကီးနဲ႔ ပတ္သတ္တဲ့ ကိစၥ မွန္သမွ် က်မ နဲ႔ မသက္ဆိုင္ေတာ့ပါေၾကာင္း သိေစအပ္ပါသည္။ က်မ ခ်စ္ပင္မဲ့ လည္း ေဖာက္ျပန္တဲ့ဒဏ္မခံႏိုင္လို႔ လမ္းခြဲ လိုက္ပါၿပီ။ ” လို႔ ညီညီေမာင္ ေဖ့ဘြတ္ေပၚမွာ ေရးတင္ခဲ့ပါတယ္။

ညီညီေမာင္ post ေပၚမွာ သူငယ္ခ်င္းေတြနဲ႔ ပရိသတ္ေတြက အားေပးစကား ေျပာခဲ့တာ ေတြ႕ရပါတယ္။

မၾကာေသးမီက အင္တာဗ်ဴးမွာလည္း ညီညီေမာင္ က သူ နဲ႔ ခင္ပြန္းျဖစ္သူ ဘာလို႔ ရန္ျဖစ္ရလဲ ဆိုတာကို သူမသိဘူး လို႔ ေျပာခဲ့တာပါ။ ပရိသတ္ေတြကလည္း ညီညီေမာင္ ကို ျပန္ အဆင္ေျပေစခ်င္ေနၾကပါတယ္။

Ref : Nyi Nyi Maung

Credit:Zan(Momolay)

UniCodeဖြင့်ဖတ်ရန်

 

ဖောက်ပြန်တဲ့ ဒဏ်ကိုမနိုင်တဲ့အတွက် ချစ်သူနဲ့လမ်းခွဲလိုက်တဲ့ ညီညီမောင်

 

ဖေ့ဘွတ်ဆယ်လီဘရစ်တီ ညီညီမောင် ကို ပရိသတ်တွေက သူရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး သတိပြုမိလာခဲ့တာပါ။ မိန်းမလျာတွေရဲ့ အချစ်အပေါ် အားပေးတဲ့သူတွေ ရှိသလို လှောင်ပြောင်တဲ့သူတွေ ရှိနေပေမယ့် ညီညီမောင် က ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ မီဒီယာတွေမှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ အနုပညာလောကမှာ ကျင်လည်တဲ့သူဖြစ်တဲ့အတွက် ညီညီမောင် ရဲ့ ကိုယ်ရေးကိုယ်တာကို ပရိသတ်တွေက အရမ်း စိတ်ဝင်တစားရှိခဲ့တာလည်း ဖြစ်ပါတယ်။

မီဒီယာတွေနဲ့ အင်တာဗျူးရင်လည်း ညီညီမောင်က မေးသမျှအမှန် ဖြေတတ်ပြီး ဖေ့ဘွတ်ပေါ်မှာ post တွေနဲ့လည်း အချစ်ရေး ကို လစ်ဟာပြလေ့ရှိပါတယ်။ စိတ်ကောက်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ အဆင်ပြေပြီလား လို့ မီဒီယာတွေက အင်တာဗျူးတွေမှာ မေးရင် ညီညီမောင် က

” သု တို့ နှစ်ယောက်မှာ ပြတ်လို့မရတဲ့ဟာတွေလည်း အများကြီးရှိတယ်။ ” လို့ ပဲ ဖြေခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေက ညီညီမောင် နဲ့ Zippy တို့ နှစ်ယောက် အဆင်ပြေကြတယ် လို့ ထင်ခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ညီညီမောင်က မေ ၂၇ ရက် က သူ နဲ့ Zippy တို့ နှစ်ယောက် လမ်းခွဲခဲ့ပြီ ဆိုတဲ့ သတင်းကို ကြေငြာခဲ့ပါတယ်။

” ကိုကြီး အိမ်ပြန်မလာတာ ၄လရှီပါပြီ။ ဖုန်းရောဖေ့ဘုတ်ရောဘလော့ထား လို့ မက်ဆေ့ကနေ ပဲ စိတ်စိုးပြေအောင်ချော့ခဲံပါတယ်။ သုသု ဘက်က အကြီးမို့ လူသိထားလို့ အရှက်မကွဲ ချင်လို့ သည်းညည်းခံစောင့်ခဲ့ပါတယ်။ ” လို့ သည်းခံစောင့်ခဲ့ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ညီညီမောင် က သူ ဘာအတွက် လမ်းခွဲရကြောင်း အခုလို ပြောပါတယ်။

” သူ့ရဲ့ဖောက်ပြန်တဲ့ ဒဏ်တွေလဲ သုသု မခံနိုင်တော့ပါဘူး။ မနေ့ည ကိစ္စ ပတ်သတ် လို့ ခွင့်မလွတ်နိုင်တော့ပါဘူး။ ကိုကြီးနဲ့ ပတ်သတ်တဲ့ ကိစ္စ မှန်သမျှ ကျမ နဲ့ မသက်ဆိုင်တော့ပါကြောင်း သိစေအပ်ပါသည်။ ကျမ ချစ်ပင်မဲ့ လည်း ဖောက်ပြန်တဲ့ဒဏ်မခံနိုင်လို့ လမ်းခွဲ လိုက်ပါပြီ။ ” လို့ ညီညီမောင် ဖေ့ဘွတ်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

ညီညီမောင် post ပေါ်မှာ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေက အားပေးစကား ပြောခဲ့တာ တွေ့ရပါတယ်။

မကြာသေးမီက အင်တာဗျူးမှာလည်း ညီညီမောင် က သူ နဲ့ ခင်ပွန်းဖြစ်သူ ဘာလို့ ရန်ဖြစ်ရလဲ ဆိုတာကို သူမသိဘူး လို့ ပြောခဲ့တာပါ။ ပရိသတ်တွေကလည်း ညီညီမောင် ကို ပြန် အဆင်ပြေစေချင်နေကြပါတယ်။

Ref : Nyi Nyi Maung

Credit:Zan(Momolay)