ZawGyiျဖင့္ဖတ္ရန္

 

အသက္၁၁ႏွစ္နဲ႔ ၁၃ႏွစ္ၾကားသာရွိေသးတဲ့ ကေလးငယ္တစ္ဦးရဲ႕လုပ္ရပ္ဟာ လူႀကီးမ်ားကိုေတာင္ အံ့အားသင့္ေစခဲ့ …

အသက္ ၁၁ႏွစ္နဲ႔ ၁၃ႏွစ္ၾကားသာရွိေသးတဲ့ ယူနီေဖာင္းနဲ႔ ေက်ာင္းသားတစ္ေယာက္Waltham Abbey,Essex မွာ ဘဲေလးတစ္ေကာင္အား သနားၾကင္နာမႈမရွိ ရက္စက္စြာေျခေထာက္နဲ႔ ပိတ္ကန္ပစ္ခဲ့ပါတယ္။

အနီးနားရွိေတြ႕တဲ့လူမ်ားက ထိုကေလးေတြရဲ႕တာဝန္ရွိ လူႀကီးမ်ားကို လွမ္းေခၚဖို႔အေၾကာင္းၾကားခဲ့ၿပီး တိရစာၦန္ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုလည္း တိုင္ၾကားခဲ့ပါတယ္။ ထိုကေလးနဲ႔အတူအျခားကေလးႏွစ္ေယာက္လည္း အတူရွိေနတယ္လို႔ သိရပါတယ္။

ပန္းၿခံအေရွ႕မွာသြားမပစ္ခင္ ဘဲကို အႀကိမ္ေပါင္းမ်ားစြာ ေျခေထာက္နဲ႔ေဆာင့္ကန္ၿပီး ထားခဲ့တာျဖစ္ပါတယ္။ ထိုဘဲအေသကို အနီးနားမွ အိမ္ရွင္မ်ားေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

RSPCA မွ စစ္ေဆးသူ Rachel Smith က ” အျပစ္မရွိတဲ့ ဘဲကို ဒါတမင္သက္သက္ ႏွိပ္စက္ညႇင္းပန္းရာေရာက္ပါတယ္။ ဘဲရဲ႕ေခါင္းမွာေရာ ၊ လည္ပင္းမွာပါ ရစရာမရွိေအာင္ စုတ္ျပတ္သတ္သြားတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ဘယ္ေလာက္အားျပင္းတဲ့ အၾကမ္းဖက္မႈလည္း ဆိုတာ တိုင္းဆႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ကေလးတစ္ေယာက္အေနနဲ႔ တိရစာၦန္ေလးေတြအေပၚ သနားစာနာစိတ္မရွိပဲ ဒီလိုမ်ိဳး ရက္စက္တတ္ေနတာ ကေလးရဲ႕စိတ္အေျခအေနအတြက္လည္း စိုးရိမ္စရာေတြရွိႏိုင္တယ္ ” လို႔ ေျပာသြားပါတယ္။

ကေလးေတြနဲ႔သက္ဆိုင္ရာလူႀကီးေတြကိုပါ ေခၚ စကားေျပာၿပီး ထိုက္သင့္တဲ့အျပစ္ဒဏ္ေတာ့ခ်မွတ္သြားမယ္လို႔ သိရပါတယ္။

Credit:Buzzy

UniCodeဖြင့်ဖတ်ရန်

 

တိရစ္ဆာန်လေးအပေါ် သနားညှာတာမှုမရှိ သေသည်အထိခြေထောက်နဲ့ ပိတ်ကန်ခဲ့တဲ့ ကလေးငယ်ရဲ့စိတ်အခြေအနေစိုးရိမ်ရ

 

အသက်၁၁နှစ်နဲ့ ၁၃နှစ်ကြားသာရှိသေးတဲ့ ကလေးငယ်တစ်ဦးရဲ့လုပ်ရပ်ဟာ လူကြီးများကိုတောင် အံ့အားသင့်စေခဲ့ …

အသက် ၁၁နှစ်နဲ့ ၁၃နှစ်ကြားသာရှိသေးတဲ့ ယူနီဖောင်းနဲ့ ကျောင်းသားတစ်ယောက်Waltham Abbey,Essex မှာ ဘဲလေးတစ်ကောင်အား သနားကြင်နာမှုမရှိ ရက်စက်စွာခြေထောက်နဲ့ ပိတ်ကန်ပစ်ခဲ့ပါတယ်။

အနီးနားရှိတွေ့တဲ့လူများက ထိုကလေးတွေရဲ့တာဝန်ရှိ လူကြီးများကို လှမ်းခေါ်ဖို့အကြောင်းကြားခဲ့ပြီး တိရစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားခဲ့ပါတယ်။ ထိုကလေးနဲ့အတူအခြားကလေးနှစ်ယောက်လည်း အတူရှိနေတယ်လို့ သိရပါတယ်။

ပန်းခြံအရှေ့မှာသွားမပစ်ခင် ဘဲကို အကြိမ်ပေါင်းများစွာ ခြေထောက်နဲ့ဆောင့်ကန်ပြီး ထားခဲ့တာဖြစ်ပါတယ်။ ထိုဘဲအသေကို အနီးနားမှ အိမ်ရှင်များတွေ့ရှိခဲ့တာဖြစ်ပါတယ်။

RSPCA မှ စစ်ဆေးသူ Rachel Smith က ” အပြစ်မရှိတဲ့ ဘဲကို ဒါတမင်သက်သက် နှိပ်စက်ညှင်းပန်းရာရောက်ပါတယ်။ ဘဲရဲ့ခေါင်းမှာရော ၊ လည်ပင်းမှာပါ ရစရာမရှိအောင် စုတ်ပြတ်သတ်သွားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်အားပြင်းတဲ့ အကြမ်းဖက်မှုလည်း ဆိုတာ တိုင်းဆနိုင်ပါတယ်။ နောက်ပြီးတော့ ကလေးတစ်ယောက်အနေနဲ့ တိရစ္ဆာန်လေးတွေအပေါ် သနားစာနာစိတ်မရှိပဲ ဒီလိုမျိုး ရက်စက်တတ်နေတာ ကလေးရဲ့စိတ်အခြေအနေအတွက်လည်း စိုးရိမ်စရာတွေရှိနိုင်တယ် ” လို့ ပြောသွားပါတယ်။

ကလေးတွေနဲ့သက်ဆိုင်ရာလူကြီးတွေကိုပါ ခေါ် စကားပြောပြီး ထိုက်သင့်တဲ့အပြစ်ဒဏ်တော့ချမှတ်သွားမယ်လို့ သိရပါတယ်။

Credit:Buzzy