ZawGyiဖြင့်ဖတ်ရန်
Credit: Myanmarload
UniCodeဖြင့်ဖတ်ရန်
American’s Got Talentဒိုင်တွေကို လက်မြောက်သွားအောင် လုပ်သွားတဲ့ ရော်ကာမလေး
Courtney Hadwin ဆိုတဲ့ ကလေးမလေးဟာ အသက်(၁၃)နှစ်သာရှိသေးတဲ့Peterlee school ကျောင်းသူလေးပါ။ ဂီတကို ဝါသနာပါလွန်းလို့ ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ သီချင်းပြိုင်ပွဲတွေ ဝင်ဆိုဖြစ်ပါတယ်။
ဒီတပတ်ရဲ့ American’s Got Talent 2018 မှာ Golden Buzzser winnerကတော့ Courtney ဖြစ်ပါတယ်။ စင်ပေါ်တက်လာချင်းမှာ Courtney ဟာ သူမ ဖျော်ဖြေ ဖို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ခပ်ကုတ်ကုတ် နဲ့ စင်ပေါ်တက်လာပြီး ဒိုင်တွေကို မိတ်ဆက်အပြီးမှာတော့ သီချင်းစဆိုတဲ့ Performanceမှာကော အသံပါဝါမှာ လူတွေ အံံသြသွားရပါတယ်။ ဝတ်ထားတဲ့ ဖက်ရှင်လ်နဲ့ သူမ သီဆိုမဲ့ Rock သီချင်း ကတော့ တခြားစီပါပဲ။
ဒိုင်တွေကို (၃)မိနစ်ကျော် လေးအတွင်း မျက်လှည့်ပြလိုက်သလို အံ့သြသွားစေပါတယ်။American’s Got Talent 2018 မှာ ဆယ်ကျော်သက် အဆိုတော်တွေ အနေနဲ့ အသက်အငယ်ဆုံးနဲ့Golden Buzzser winnerရရှိသူကတော့ အသက်(၁၁)နှစ်သာရှိသေးတဲ့ Bianca Ryanဖြစ်ပြီး ခု (၁၃)နှစ်နဲ့ Golden Buzzser winnerထပ်ရရှိသူကတော့Courtney Hadwin ဖြစ်ပါတယ်။ ခုဆိုရင် သူမဟာနောက်ထပ်Live Round ကိုသီဆို ယှဉ်ပြိုင်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
Source: www.rollingstone.com ;
Credit: Myanmarload