ZawGyiျဖင့္ဖတ္ရန္

 

လွည္းကူးၿမိဳ႕နယ္ တပ္မေတာ္ အရာရွိတဦး၏ အိမ္၌ အိမ္အကူအျဖစ္ လုပ္ကိုင္ေနစဥ္ ႏွိပ္စက္ခံရသည့္ ဒဏ္ရာမ်ားႏွင့္ ေသဆုံးသြားသည့္ မကရင္မ အမႈတြင္ သံသယရွိတရားခံ အရာရွိကေတာ္ ေဒၚသိဂႌစုကို ေတာင္ပိုင္းခ႐ိုင္တရား႐ုံးတြင္ လူသတ္မႈ ပုဒ္မ ၃၀၂ျဖင့္ ယမန္ေန႔ ႐ုံးခ်ိန္းတြင္ အမႈစြဲတင္လိုက္သည္။

ယေန႔႐ုံးခ်ိန္းတြင္ ျပည္ေထာင္စု ဥပေဒဆိုင္ရာ အေထာက္အကူ ေပးေရး အဖြဲ႕မွ တာဝန္ေပးအပ္မႈျဖင့္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္ကေသဆုံးခဲ့သူ မကရင္မအမႈကို ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ေဒၚစန္းစန္းျမင့္က “ဒီေန႔ကေတာ့ တရားခံကို တရားစြဲတင္တဲ့ေန႔ေပါ့။ အန္တီကိုက်ေတာ့ ျပည္ေထာင္စုဥပေဒဆိုင္ရာ အေထာက္အကူေပးေရး အဖြဲ႕ကေနၿပီးေတာ့မွ by name နဲ႔တာဝန္ေပးတာေပါ့။ ျမန္မာႏိုင္ငံ ဥပေဒပညာရွင္မ်ားအသင္းကို ကိုယ္စားျပဳၿပီးေတာ့ အဲဒီကေန အန္တီကိုတာဝန္ေပးလို႔ ဒီအမႈကို လိုက္ပါေဆာင္႐ြက္တာ တရားလိုဘက္ကေန” ဟုဆိုသည္။

ဆက္လက္ၿပီး ေဒၚစန္းစန္းျမင့္က “ေနာက္႐ုံးခ်ိန္းမွာအန္တီက ပါဝါတင္မယ္။ အခုကပါဝါမတင္ရေသးေတာ့ အမႈတြဲေတြကို ေလ့လာခြင့္လည္း မရွိေသးဘူး ဒါဥပေဒအရပါ” ေျပာသည္။

လာမည့္ ၂၈ ရက္ေန႔တြင္ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုခဲ့ၿပီး သံသယရွိတရားခံဘက္မွ ေရွ႕ေနကလည္း ပါဝါတင္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုအမႈႏွင့္ပတ္သက္ၿပီး တြံေတးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ေက်ာ္ဇင္ဦးမွ ဦးေဆာင္၍ အမႈတြင္ ပါဝင္ကူညီေပးသူ ၅ ဦး တို႔မွ ဇြန္လ ၂ ရက္ေန႔တြင္ ဥပေဒဆိုင္ရာ အေထာက္အကူ ေပးႏိုင္ရန္အတြက္ ျပည္ေထာင္စု ဥပေဒဆိုင္ရာ အေထာက္အကူေပးေရး အဖြဲ႕သို႔ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူ အသက္ ၃၈ ႏွစ္အ႐ြယ္ မကရင္မမွာ လွည္းကူးၿမိဳ႕နယ္ အင္းတိုင္ သံခ်ပ္ကာတပ္ရင္း အရာရွိ ရိပ္သာရွိ တပ္မေတာ္ အရာရွိ တဦးေနအိမ္တြင္ အိမ္အကူ လုပ္ကိုင္ခဲ့သူျဖစ္ကာ ကေလး ၄ ဦး၏ မိခင္လည္း ျဖစ္သည္။

ေမလ ၁၉ ရက္၌ ခႏၶာကိုယ္ အႏွံ႔အျပား ဒဏ္ရာမ်ား ျဖင့္ မကရင္မကို တြံေတးၿမိဳ႕ နယ္ ခတၳိယ ေက်း႐ြာ အုပ္စု အုပၹိဳလ္ေက်း႐ြာရွိ ၎ေနအိမ္သို႔ တပ္မေတာ္ အရာရွိ၏ ဇနီး၊ ဥပေဒအရာရွိလည္းျဖစ္သည့္ ေဒၚသိဂႌစုက လာေရာက္ ပို႔ေဆာင္ခဲ့ၿပီး ေနာက္ထပ္ ၁ နာရီခန႔္ အၾကာတြင္ ေသဆုံးသြားျခင္း ျဖစ္သည္။

ကရင္မသည္ အူေပါက္ၿပီး ရက္အတန္ၾကာသည္ အထိ ေဆးကုသမႈကို ခံယူခြင့္ မရရွိျခင္း ေၾကာင့္ ေသဆုံးျခင္း ျဖစ္ကာ အူေပါက္သည့္ ေနရာအနီး အျပင္ဘက္ ဝမ္းဗိုက္ႏွင့္ ဦးေခါင္း အပါအဝင္ ခႏၶာကိုယ္ ျပင္ပ ၌လည္း တုံးေသာ ပစၥည္းတခုခုျဖင့္ ထိခိုက္မိေသာ ညိဳမဲစြဲဒဏ္ရာမ်ား၊ စုတ္ၿပဲဒဏ္ရာမ်ား ေတြ႕ရွိရေၾကာင္းလည္း အေလာင္းကို ရင္ခြဲစစ္ေဆးခဲ့သည့္ တြံေတးၿမိဳ႕နယ္ ကုသေရး ဦးစီးဌာနမႉး ေဒါက္တာ ေနဝင္းသြင္ က ဧရာဝတီသို႔ ေျပာ ၾကား ထားသည္။

မကရင္မ မေသဆုံးခင္ အခ်ိန္၌ ေဒၚသိဂႌစု၏ ႏွိပ္စက္မႈကို ခံရေၾကာင္း အိမ္နီးခ်င္းမ်ား၊ ေဒသခံမ်ားႏွင့္ ေက်း႐ြာလူႀကီး မ်ားကို ေဖာ္ထုတ္ ေျပာၾကားခဲ့ျခင္းေၾကာင့္ အုပၹိဳလ္ေက်း႐ြာရာအိမ္မႉး ဦးေအးေသာင္းက တရားလိုျပဳလုပ္ကာ ခေလာက္ ဂ်ိဳက္ရဲစခန္းတြင္ လူသတ္မႈ ပုဒ္မ ၃၀၂ ႏွင့္ ေမလ ၂၁ ရက္ က တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။

မကရင္မ, အရာရွိကေတာ္, အိမ္အကူ

Credit :Irrawaddy

 

UniCodeဖြင့်ဖတ်ရန်

 

အိမ်အကူမကရင်မ သေဆုံးမှု အရာရှိကတော်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုစွဲတင်

 

လှည်းကူးမြို့နယ် တပ်မတော် အရာရှိတဦး၏ အိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးသွားသည့် မကရင်မ အမှုတွင် သံသယရှိတရားခံ အရာရှိကတော် ဒေါ်သိင်္ဂီစုကို တောင်ပိုင်းခရိုင်တရားရုံးတွင် လူသတ်မှု ပုဒ်မ ၃၀၂ဖြင့် ယမန်နေ့ ရုံးချိန်းတွင် အမှုစွဲတင်လိုက်သည်။

ယနေ့ရုံးချိန်းတွင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး အဖွဲ့မှ တာဝန်ပေးအပ်မှုဖြင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကသေဆုံးခဲ့သူ မကရင်မအမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်စန်းစန်းမြင့်က “ဒီနေ့ကတော့ တရားခံကို တရားစွဲတင်တဲ့နေ့ပေါ့။ အန်တီကိုကျတော့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကနေပြီးတော့မှ by name နဲ့တာဝန်ပေးတာပေါ့။ မြန်မာနိုင်ငံ ဥပဒေပညာရှင်များအသင်းကို ကိုယ်စားပြုပြီးတော့ အဲဒီကနေ အန်တီကိုတာဝန်ပေးလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်တာ တရားလိုဘက်ကနေ” ဟုဆိုသည်။

ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့်က “နောက်ရုံးချိန်းမှာအန်တီက ပါဝါတင်မယ်။ အခုကပါဝါမတင်ရသေးတော့ အမှုတွဲတွေကို လေ့လာခွင့်လည်း မရှိသေးဘူး ဒါဥပဒေအရပါ” ပြောသည်။

လာမည့် ၂၈ ရက်နေ့တွင် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပြီး သံသယရှိတရားခံဘက်မှ ရှေ့နေကလည်း ပါဝါတင်မည်ဖြစ်ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးမှ ဦးဆောင်၍ အမှုတွင် ပါဝင်ကူညီပေးသူ ၅ ဦး တို့မှ ဇွန်လ ၂ ရက်နေ့တွင် ဥပဒေဆိုင်ရာ အထောက်အကူ ပေးနိုင်ရန်အတွက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အသက် ၃၈ နှစ်အရွယ် မကရင်မမှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။

မေလ ၁၉ ရက်၌ ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများ ဖြင့် မကရင်မကို တွံတေးမြို့ နယ် ခတ္ထိယ ကျေးရွာ အုပ်စု အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေအရာရှိလည်းဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ကရင်မသည် အူပေါက်ပြီး ရက်အတန်ကြာသည် အထိ ဆေးကုသမှုကို ခံယူခွင့် မရရှိခြင်း ကြောင့် သေဆုံးခြင်း ဖြစ်ကာ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ် ပြင်ပ ၌လည်း တုံးသော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများ တွေ့ရှိရကြောင်းလည်း အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က ဧရာဝတီသို့ ပြော ကြား ထားသည်။

မကရင်မ မသေဆုံးခင် အချိန်၌ ဒေါ်သိင်္ဂီစု၏ နှိပ်စက်မှုကို ခံရကြောင်း အိမ်နီးချင်းများ၊ ဒေသခံများနှင့် ကျေးရွာလူကြီး များကို ဖော်ထုတ် ပြောကြားခဲ့ခြင်းကြောင့် အုပ္ဖိုလ်ကျေးရွာရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ခလောက် ဂျိုက်ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ နှင့် မေလ ၂၁ ရက် က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မကရင်မ, အရာရှိကတော်, အိမ်အကူ

Credit :Irrawaddy