ZawGyiဖြင့်ဖတ်ရန်

 



Photos – Thet Mon Myint

Credit : Myanmarload

UniCodeဖြင့်ဖတ်ရန်

 

အနုပညာရှင်များစွာ ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ Myanmar Idol Top 11

 

လက်ရှိ မြန်မာနိုင်ငံအတွင်းပြုလုပ်နေတဲ့ ပြိုင်ပွဲတွေထဲမှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ Myanmar Idol ပြိုင်ပွဲကို ပရိသတ်တွေလည်း ကြိုက်မယ်ထင်ပါတယ်။ အရည်ချင်းပြည့်ဂီတပညာရှင်များစွာကိုမွေးထုတ်ပေးခဲ့ပြီး လက်ရှိ ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ သူတွေများစွာရှိခဲ့တာ အတွေ့ပဲဖြစ်မယ်ထင်ပါတယ်။ Myanmar Idol Season 1 Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပြီး Myanmar Idol Season 2 မှာ ပရိသတ်အချစ်တော် သားငယ်ကရရှိခဲ့တာတွေ့ရပါတယ်။

လက်ရှိ Myanmar Idol Season 3 ကို စတင်ယှဉ်ပြိုင်နေပြီဖြစ်ပြီး ပရိသတ်တွေစိတ်ဝင်စားနေတဲ့ Top 11 ယှဉ်ပြိုင်မှုကို မကြာမီတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ မနေ့ညက ပရိသတ်အချစ်တော်မင်းသမီးချောလေးတွေဖြစ်တဲ့ သက်မွန်မြင့်၊ ဆုပန်ထွာနှင့် မေကဗျာတို့က အဆိုပါပြိုင်ပွဲကို သွားရောက်အားပေးခဲ့ကြကြောင်း သိရပါတယ်။
ပြိုင်ပွဲအရှိန်မြင့်လာသည်နှင့်အမျှ ပရိသတ်အားပေးမှုပိုမိုရရှိလာပြီဖြစ်တဲ့ အဆိုပါ Myanmar Idol ပြိုင်ပွဲကြီးကို ပရိသတ်အချစ်တော်အနုပညာရှင်များစွာကလည်း ပါဝင်အားပေးလျှက်ရှိတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးရေ အရှိန်အဟုန်မြှင့်လာပြီ ဖြစ်တဲ့ Myanmar Idol Season 3 မှာရော ပရိသတ်အကြိုက်အဆိုရှင်တွေ တွေ့ပြီလားဗျို့။

Photos – Thet Mon Myint

Credit : Myanmarload