ZawGyiဖြင့်ဖတ်ရန်

 







source – Aye Myat Thu

Credit:Myanmarload

UniCodeဖြင့်ဖတ်ရန်

 

ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အလှလေးတွေကို ထုတ်ဖော်ပြသလာတဲ့ မမြတ်လေး

 

လက်ရှိအချိန်မှာဆိုရင် ပြည်သူချစ်အနုပညာရှင်မလေးတစ်ဦးဖြစ်တဲ့ မင်းသမီးအေးမြတ်သူ ကိုတော့ ပရိသတ်တွေချစ်ကြမယ်ထင်ပါတယ်။

သိပ်မကြာခင်ရက်ပိုင်းလေးအတွင်းမှာမှ မွေးနေ့ကြရောက်ထားတဲ့ မင်းသမီးလေးအေးမြတ်သူကတော့ မနေ့ဆိုရင်လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပုံရိပ်လေးတစ်ချို့ကို ဖြန့်ဝေပေးခဲ့တာတွေ့ရပါတယ်။
ထိုပုံလေးတွေကတော့ ယောဂ လေ့ကျင့်ခန်းပြုလုပ်နေတဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

၎င်းယောဂ ကျင့်စဉ်ဟာ ကျန်းမာရေးကိုသာမက ခန္ဓာကိုယ်အလှအတွက်ပါ ကောင်းမွန်လှတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် အမျိုးသမီးလေးတွေတိုင်းပြုလုပ်သင့်တဲ့ အရာတစ်ခုပါပဲ။

မင်းသမီးလေး အေးမြတ်သူဟာဆိုရင်လည်း ကျန်မာရေးလိုက်စားတဲ့ မိန်းမလှလေးတစ်ဦးဖြစ်တာကြောင့် ဒီလိုလေ့ကျင့်ခန်းတွေဟာ သူမပြုလုပ်နေကြ လေ့ကျင့်ခန်းတစ်ခုပါပဲ။

လတ်တလောမှာဆိုရင်လည်း အနုပညာအလုပ်တွေများစွာလုပ်ကိုင်နေပေမယ့် အားလပ်ချိန်လေးတွေမှာတော့ မိမိအတွက် အကျိုးရှိစေနိုင်တဲ့ လေ့ကျင့်ခန်းလေးတွေ အမြဲပြုလုပ်တတ်သူတစ်ဦးပဲဖြစ်ပါတယ်။

အလှအပဆိုတာကလည်း မင်းသမီးတစ်ယောက်အတွက် အင်မတန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် အခုလိုလေ့ကျင့်ခန်းတွေ ကျိုးစားလုပ်ကိုင်နေတဲ့ မမြတ်လေးကိုရော ပရိသတ်တွေအမြဲတမ်းချစ်နေကြမယ်မလား။

source – Aye Myat Thu

Credit:Myanmarload