ZawGyiဖြင့်ဖတ်ရန်
UniCodeဖြင့်ဖတ်ရန်
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။
ကျန်းမာတော်မူကြပါစခင်ဗျာ။
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၁၄-၆-၂၀၁၈)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ် အော် တို့မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။ ရခိုင်ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်း ပေါ် ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါ တယ်။
အနောက်တောင် မုတ်သုံလေ အခြေအနေ။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအလွန်ကောင်း နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် မှ လှိုင်းကြီး နိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၇) ပေခန့် မှ (၁၁) ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ 22°C-26°C ခန့်၊ကျန်ဒေသတွေ မှာ 27°C – 32°C ခန့်အထိရှိနိုင် ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။
မြန်မာပြည်တ-ှမ်းလုံးတွင် မွန်းလွဲညနေပိုင်းတို့တွင် မျြးတိမ၄်တောင်ဖြစ်ပေါ်ရန်အလားအလာ ၄၅% မှ ၆၅% ခန့်အထိ ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသ ကြီး တို့မှာ နေရာကျဲကျဲ၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် နေရာစိပ်စိပ်၊ကျန်ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပါမယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ မိုးအားလျော့နည်းလာ နိုင်ပါတယ်။
Credit:ဒေါက်တာထွန်းလွင်