Zawgyiဖြင့်ဖတ်ရန်

 



ရှိုင်းလေး

Credit:MyanmarNote

Unicodeဖြင့်ဖတ်ရန်

 

ကောင်မလေးက သဝန်အရမ်းတိုတတ်တဲ့အတွက် အနောက်ကအမြဲလိုက်ဖြစ်တယ်ဆိုတဲ့ ဉာဏ်လင်းအောင်

 

တေးဆို ဉာဏ်လင်းအောင်ရဲ့ ချစ်သူကောင်မလေးက သဝန်အရမ်းတိုတတ်တဲ့အတွက် ကျွန်တော့်အနောက်က အမြဲလိုက်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

“ကျွန်တော့်ကောင်မလေးက ကျွန်တော့်ထက်ငယ်တယ်၊ ကျွန်တော့်ထက်(၈)နှစ်ငယ်တယ်၊ သူကနည်းနည်းစိတ်ဆတ်တယ်၊ ဂျစ်ကန်ကန်ဆန်တယ်၊ သူက သွားတက်ကလေးပါတယ်၊ တစ်ချိန်လုံးရယ်နေတယ်အဲ့ဒါလေးကို ကျွန်တော်သဘောကျခဲ့ပါတယ်။ သွားတက်မရှိရင် ကျွန်တော်ကြိုက်ခဲ့မှာမဟုတ်ဘူး။ကျွန်တော်က သွားတက်လေးကိုအရမ်းကြိုက်တာ၊ ကျွန်တော်သူနဲ့ပွဲတစ်ခုမှာတွေ့ခဲ့တာပါ။ ကျွန်တော်နဲ့ရည်းစားဖြစ်ပြီးကတည်းက ကျွန်တော့်ကို အရမ်းသဝန်တိုပြီး ကျွန်တော့်နောက်အမြဲလိုက်တယ်၊ သူက စိတ်မချလို့လေ”လို့ ပြောခဲ့ပါတယ်။
တေးဆိုဉာဏ်လင်းအောင်နဲ့ရည်းစားသက်တမ်းသုံးနှစ်မှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ တည်ဆောက်ထားသည့်အတွက် စကားများတာမျိုး၊ ရန်ဖြစ်တာမျိုးမရှိကြောင်းလည်း ပြောခဲ့ပါတယ်။ဉာဏ်လင်းအောင်သည် လက်ရှိတွင် သူ၏ တတိယမြောက်တစ်ကိုယ်တော် တေးစီးရီးဖြစ်သည့် တွန်းအား အမည်ရှိသော အခွေကို ဇူလိုင် ၂၁ ရက်တွင် Bo Bo Music Production မှ ထုတ်လုပ်ဖြန့်ချိသွားမည်ကြောင်း သိရှိရပါတယ်။
ယင်းအခွေထဲတွင် တေးသီချင်းစုစုပေါင်း (၆)ပုဒ်သာ ပါဝင်မည်ဖြစ်ပြီး တေးရေး သောမတ်<စ်>၊ ရယ်ဂျီ၊ အောင်ကိုမြင့်၊ ညီမင်းခိုင်၊ ဝေကြီးနှင့် ဒိုးပတ်တို့က ရေးသားထားကြပြီး iron cross band ဖြင့်တီးခတ်ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ရှိုင်းလေး

Credit:MyanmarNote