Zawgyiဖြင့်ဖတ်ရန်

 







Credit: MM

Unicodeဖြင့်ဖတ်ရန်

 

ရင်ဖိုစရာကောက်ကြောင်းတွေနဲ့ကမ်းခြေမှာတွေ့မြင်ရတဲ့ ကင်မ်ကာဒီရှန်

 

ကင်မ်ကာဒီရှန် ကိုတော့ သူမရဲ့အမျိုးသားဖြစ်သူနဲ့နေထိုင်ရာကယ်လီဖိုးနီးယားမှာပဲ workout လုပ်တတ်သူလို့သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တော့ အသက် ၃၇ နှစ်အရက် စူပါစတား ကင်မ် ဟာ လော့စ်အိန်ဂျလိ က ကမ်းခြေတစ်ခုမှာတွေ့လိုက်ရပါတယ်။

ဆံပင်တွေကိုစုချည်ထားပြီး မီးခိုးရောင် ကိုယ်ကျပ်ဝတ်စုံနဲ့ မိန်းကလေးဘော်ဒါတွေအပါဝင် ကမ်းခြေမှာ yoga ပိုစ့်တွေ နဲ့တွေ့မြင်ခဲ့ရပါတယ်။ အနီးနားမှာတော့ သူတို့ကိုရိုက်ကူးနေတဲ့ကင်မရာတစ်ခုမှမတွေ့ရပေမယ့် သေချာတာက ကင်မ်နဲ့ သူမရဲ့ဘော်ဒါတွေဟာ Yoga လေ့ကျင့်မူတစ်ခုအတွက် ရောက်နေကြတာဖြစ်ပါတယ်

ကင်မ် အချိုးကျတဲ့ကိုယ်ခန္ဓာအချိုးအစားကြောင့် လူသိများပါတယ်။ သေးသွယ်တဲ့ခါး ၊ လက်မောင်းသားပြေပြစ်မူအပြင်၊ တင့်တယ်သော နောက်ပိုင်းအလှတို့ကြောင့် ကလေးသုံးယောက်တို့ရဲ့မိခင် ဆိုတာ ယုံနိုင်စရာမရှိသူ လို့မီဒီယာတွေကတင်စားကြပါတယ်။

များသောအားဖြင့် ကင်မ် ကို Yoga ကစားတာမတွေ့ရဖူးပါဘူး။ သူမက အလေးမခြင်းနဲ့ workout တွေအကြိမ်ကြိမ်လုပ်တာကိုပဲစိတ်ဝင်စားသူလို့သိထားခဲ့တာပါ။ ဒါပေမယ့် ဒီတစ်ပတ် ကယ်လီဖိုးနီးယား ကကမ်းခြေမှာတော့ ကင်မ် လဲ Yoga ကို စိတ်ဝင်စားသူတစ်ယောက်ဆိုတာ သက်သေပြလိုက်ပါပြီ။

အခုလို body အချိုးကျ မူကိုလဲ ကင်မ်က သူမရဲ့ trainer ကောင်းလို့လို့လဲ အင်စတာဂရမ်မှာ ဟစ်ကြွေးဖူးပါတယ်။ သူမရဲ့ trainer ရဲ့ သူမကိုအခုလို body ရအောင်ပြောင်းလဲပေးခဲ့သူဖြစ်ကြာင်း တစ်နှစ်ပတ်လုံး တစ်ပတ်မှာ ၆ ရက်လောက် အလေးမ နေခဲ့ရပြီး အစားအသောက်ပုံစံတွေလဲပြောင်းခဲ့ရကြောင်း ဒီနှစ် အစပိုင်းလောက်ကပြောခဲ့ဖူးပါတယ်။

လှပတဲ့ကိုယ်ခန္ဓာ တစ်ခုနောက်ကွယ်မှာ အချိန်နဲ့ကြိုစားမူ တွေရှိစမြဲပဲဖြစ်ပါတယ်နော်။

Credit: MM