Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ဘက်ခမ်းကိုတွေ့လို့ အပျော်လွန်ပြီး အင်္ကျ ီလှစ်ပြခဲ့တဲ့ အမျိုးသမီးပရိသတ်တစ်ဦး
ဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက မီယာမီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြည့်ပါတီကို တက်ရောက်အားပေးခဲ့ပါတယ်။ သိပြီးကြတဲ့အတိုင်း အင်္ဂလန်က ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့အတွက်ကြောင့် အင်္ဂလန်ပရိသတ်တွေအနေနဲ့ စိတ်ပျက်လက်ပျက်ဖြစ်မိကြမှာ အမှန်ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားပွဲမစခင်မှာ ရောက်လာခဲ့တဲ့ ဒေးဗစ်ကတော့ အင်္ဂလန်အသင်းအတွက် မျှော်လင့်ချက်ထားခဲ့ပုံရပြီးြပြုံးရွှင်နေတာကိုေတွေ့ရ ပါတယ်။
အသက်(၄၃)နှစ်အရွယ် ဒေးဗစ်ဟာ မီယာမီပါတီကို ကားနဲ့လာတုန်း လမ်းမှာ မမျှော်လင့်တဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ ဒေးဗစ်တို့ ကားဘေးမှာ ဖြတ်မောင်းသွားတဲ့ ကားတစ်စီးပေါ်က အမျိုးသမီးတစ်ဦးဟာ ဒေးဗစ်ကို အမှတ်တမဲ့ တွေ့မြင်သွားခဲ့ပါတယ်။ သူမက ဒေးဗစ်ရဲ့ ပရိသတ်ဖြစ်ပြီး ကမ္ဘာကျော်တစ်ယောက်ကို အခုလိုတွေ့လိုက်တာကြောင့် အံ့သြသွားပုံလည်း ရပါလိမ့်မယ်။
တက်ကြွပျော်ရွှင်နေပုံရတဲ့ ထိုအမျိုးသမီးက ကားပြတင်းပေါက်ကနေ တစ်ပိုင်းထွက်ပြီး သူမရဲ့အင်္ကျ ီကိုလှစ်ပြခဲ့ပါတယ်။ ဗလာကျင်းနေတဲ့ သူမရဲ့ရင်အစုံကို စိတ်လိုလက်ရနဲ့ ဒေးဗစ်ကို ပြသခဲ့တာပါ။ ထိုအမျိုးသမီးက ဒေးဗစ်ရဲ့ အာရုံကို ဖမ်းယူနိုင်ဖို့ အခုလို ထူးထူးဆန်းဆန်း ပြုလုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ယူဆရပါတယ်
ထိုအမျိုးသမီးရဲ့အပြုအမူအပေါ် ဒေးဗစ်က ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာတော့ မမြင်ခဲ့ရပါဘူး။ ဒေးဗစ်ဟာ (၁၉)နှစ်အရွယ် ဘရွတ်ကလင်း၊ (၁၅)နှစ်အရွယ် ရိုမီယို၊ (၁၃)နှစ်အရွယ် ခရုဇ် နဲ့ (၇)နှစ်အရွယ် ဟာပါတို့ရဲ့ဖခင်ဖြစ်ပါတယ်။ ဇနီးသည်ဖြစ်သူ ဗစ်တိုးရီးယားနဲ့ သာယာတဲ့အိမ်ထောင်ရေးထူထောင်လာခဲ့တာ အနှစ်(၂၀)နီးနီးရှိနေပါပြီ။ ပန်းနုရောင်ရှပ်အင်္ကျ ီကိုအထဲက ခံပြီး နေဗီပြာရောင်နက်ခ်တိုင်နဲ့ မီးခိုးရောင်ကုတ်အင်္ကျ ီဝတ်ထားတဲ့ ဘက်ခမ်းဟာ သစ်လွင်ခန့်ညားနေခဲ့တာကိုလည်း တွေ့ရမှာပါ။
Credit:လင်းလင်း (ShweMom)