Zawgyiျဖင့္ဖတ္ရန္

 

မေလးရွားအသင္းႏွင့္ ျမန္မာအသင္းတို႔ ဇူလိုင္လ၁၄ရက္ ညေန ၆နာရီခြဲအခ်ိန္တြင္ ယွဥ္ၿပိဳင္ကစားၾကမည့္ ဗိုလ္လုပြဲစဥ္ကို ပရိသတ္မ်ားက ႐ုပ္သံမွ တိုက္႐ိုက္ျပသေပးရန္ ေတာင္းဆိုမႈမ်ားရွိေနၾကေသာ္လည္း အိမ္ရွင္အင္ဒိုနီးရွားမွ ႐ုပ္သံလိုင္းတြင္ျပသျခင္း ရွိမည္မဟုတ္ေသာေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနျဖင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးရန္ ခက္ခဲေနေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ မီဒီယာဒါ႐ိုက္ဦးေဇာ္မင္းထိုက္ကေျပာသည္။

အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပလ်က္ ရွိေနသာ ၂၀၁၈ အာဆီယံယူ-၁၉ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ ဆီမီးဖိုင္နယ္ပြဲစဥ္၌လက္ရွိခ်န္ပီယံ နာမည္ႀကီးထိုင္းအသင္းကို အႏိုင္ယူ၍ ေနာက္ဆုံးဗိုလ္လုပြဲသို႔ တက္ေရာက္လာခဲ့သည့္အတြက္ ပရိသတ္မ်ားက ဗိုလ္လုပြဲစဥ္အား ႐ုပ္သံမွတိုက္႐ိုက္ ၾကည့္ရႈလိုေနၾကျခင္းျဖစ္သည္။

ႏိုင္ငံတကာ၌ ျမန္မာအသင္းမ်ား သြားေရာက္ယွဥ္ၿပိဳင္သည့္ ၿပိဳင္ပြဲတစ္ခ်ိဳ႕တြင္ ႐ုပ္သံမွတိုက္႐ိုက္ျပသခဲ့ျခင္းမရွိခဲ့ေသာ္လည္း အုပ္စုတြင္းပြဲစဥ္မ်ား၌ ျမန္မာအသင္းရလဒ္ေကာင္းမ်ားရရွိခဲ့လွ်င္ ေနာက္တစ္ဆင့္ပြဲစဥ္မ်ားကို တိုက္႐ိုက္ျပသခဲ့မႈမ်ား ရွိခဲ့သည္။

ျမန္မာအသင္းသည္ ယူ-၁၉ အာဆီယံခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ၂၀၀၅ခုႏွစ္ေနာက္ပိုင္း ဗိုလ္လုပြဲသို႔ ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။ အိမ္ရွင္အင္ဒိုနီးရွားအသင္းကို ပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ယူ၍

ဗိုလ္လုပြဲသို႔ ေရာက္ရွိခဲ့ေသာ မေလးရွားအသင္းသည္ ႏွစ္ႏွစ္ဆက္ ဗိုလ္လုပြဲသို႔ တက္ေရာက္လာႏိုင္ျခင္း ျဖစ္သည္။

သို႔ေသာ္လည္း မေလးရွားအသင္းသည္ ဗိုလ္လုပြဲသို႔ ငါးႀကိမ္တက္ေရာက္ခဲ့ရာတြင္ ခ်န္ပီယံဆုဖလားကို တစ္ႀကိမ္မွ ရယူႏိုင္ျခင္းမရွိခဲ့ေပ။

ျမန္မာႏွင့္ မေလးရွားအသင္းတို႔ ဗိုလ္လုပြဲတြင္ ၂၀၀၃ႏွင့္ ၂၀၀၅တို႔တြင္ ႏွစ္ႀကိမ္ေတြ႕ဆုံးခဲ့ရာ၌ ျမန္မာအသင္းက ႏွစ္ႀကိမ္လုံး အႏိုင္ရရွိခဲ့သည္။ ယခုၿပိဳင္ပြဲတြင္ ျမန္မာႏွင့္မေလးရွားအသင္းတို႔သည္ အုပ္စုတြင္း၌ ေတြ႕ဆုံခဲ့ၿပီး မေလးရွားအသင္းက ၁-ဝဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။

Credit:မိုင္းေစာလြင္

Photo- MFF

Unicodeဖြင့်ဖတ်ရန်

 

ဗိုလ်လုပွဲနှင့် လွဲ ခဲ့ သည့် အိမ်ရှင် အင်ဒိုနီးရှား က ရုပ်သံလွင့်မည်မဟုတ် သဖြင့် ယူ-၁၉အသင်း ဗိုလ်လုပွဲစဉ်ကို တိုက်ရိုက်ပြရန် ခက်ခဲဟု ဆို

 

မလေးရှားအသင်းနှင့် မြန်မာအသင်းတို့ ဇူလိုင်လ၁၄ရက် ညနေ ၆နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားကြမည့် ဗိုလ်လုပွဲစဉ်ကို ပရိသတ်များက ရုပ်သံမှ တိုက်ရိုက်ပြသပေးရန် တောင်းဆိုမှုများရှိနေကြသော်လည်း အိမ်ရှင်အင်ဒိုနီးရှားမှ ရုပ်သံလိုင်း

တွင်ပြသခြင်း ရှိမည်မဟုတ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ခက်ခဲနေ

ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်
ဦးဇော်မင်းထိုက်ကပြောသည်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိနေသာ ၂၀၁၈ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်၌လက်ရှိချန်ပီယံ နာမည်ကြီးထိုင်းအသင်းကို အနိုင်ယူ၍ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည့်အတွက် ပရိသတ်များက ဗိုလ်လုပွဲစဉ်အား ရုပ်သံမှတိုက်ရိုက် ကြည့်ရှုလိုနေကြခြင်းဖြစ်သည်။

နိုင်ငံတကာ၌ မြန်မာအသင်းများ သွားရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ချို့တွင် ရုပ်သံမှတိုက်ရိုက်ပြသခဲ့ခြင်းမရှိခဲ့သော်လည်း အုပ်စုတွင်းပွဲစဉ်များ၌ မြန်မာအသင်းရလဒ်ကောင်းများရရှိခဲ့လျှင် နောက်တစ်ဆင့်ပွဲစဉ်များကို တိုက်ရိုက်ပြသခဲ့မှုများ ရှိခဲ့သည်။

မြန်မာအသင်းသည် ယူ-၁၉ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၀၅ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်အင်ဒိုနီးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူ၍

ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သော မလေးရှားအသင်းသည် နှစ်နှစ်ဆက် ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း မလေးရှားအသင်းသည် ဗိုလ်လုပွဲသို့ ငါးကြိမ်တက်ရောက်ခဲ့ရာတွင် ချန်ပီယံဆုဖလားကို တစ်ကြိမ်မှ ရယူနိုင်ခြင်းမရှိခဲ့ပေ။

မြန်မာနှင့် မလေးရှားအသင်းတို့ ဗိုလ်လုပွဲတွင် ၂၀၀၃နှင့် ၂၀၀၅တို့တွင် နှစ်ကြိမ်တွေ့ဆုံးခဲ့ရာ၌ မြန်မာအသင်းက နှစ်ကြိမ်လုံး အနိုင်ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် မြန်မာနှင့်မလေးရှားအသင်းတို့သည် အုပ်စုတွင်း၌ တွေ့ဆုံခဲ့ပြီး မလေးရှားအသင်းက ၁-ဝဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Credit:မိုင်းစောလွင်

Photo- MFF